< Exodus 13 >
1 And Jehovah spoke to Moses, saying,
၁မောရှေ ကို ခေါ်၍ ဣသရေလ အမျိုးသား တို့တွင် အဦးဘွားသောသူ၊
2 Hallow unto me every firstborn, whatever breaketh open the womb among the children of Israel, of man and of cattle: it is mine.
၂လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ ၊ သားဦး အပေါင်း တို့ကို ငါ့ အဘို့ သန့်ရှင်း စေလော့။ ငါ့ ဥစ္စာဖြစ်ကြသည်ဟု မိန့် တော်မူ၏။
3 And Moses said to the people, Remember this day, in which ye came out from Egypt, out of the house of bondage; for with a powerful hand hath Jehovah brought you out from this; and nothing leavened shall be eaten.
၃မောရှေ ကလည်း ၊ သင်တို့သည် ကျွန် ခံနေရာ အဲဂုတ္တု ပြည်မှ ထွက် သွားသော ဤ နေ့ ရက်ကို အောက်မေ့ ကြလော့။ ထာဝရဘုရား သည် အားကြီး သောလက် တော်ဖြင့် သင် တို့ကို ထို ပြည်မှ နှုတ် ဆောင်တော်မူပြီ။ တဆေး ပါသောမုန့်ကို မ စား ရ။
4 Ye come out to-day, in the month Abib.
၄အဗိဗ လ ၊ ယနေ့ ၌ ပင် သင် တို့သည် ထွက် လာကြပြီ။
5 And it shall be when Jehovah hath brought thee into the land of the Canaanite and the Hittite and the Amorite and the Hivite and the Jebusite, which he swore to thy fathers to give thee, a land flowing with milk and honey, that thou shalt keep this service in this month.
၅သင် တို့အား ပေး ခြင်းငှာ ဘိုးဘေး များ၌ ထာဝရဘုရားကျိန်ဆို တော်မူသော ပြည်၊ ခါနနိ လူ၊ ဟိတ္တိ လူ၊ အာမောရိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့နေရာ တည်းဟူသောနို့ နှင့် ပျားရည် စီး သောပြည် သို့ ပို့ဆောင် တော်မူပြီးမှ ၊ ယခု လ တွင် သင်တို့သည် ဤ ဝတ် ကိုပြု ရကြမည်။
6 Seven days shalt thou eat unleavened bread; and in the seventh day is a feast to Jehovah.
၆ခုနစ် ရက် ပတ်လုံးတဆေး မပါသောမုန့်ကို စား ပြီးမှ ၊ ခုနစ် ရက်မြောက်သောနေ့ တွင် ၊ ထာဝရဘုရား အဘို့ ပွဲ ခံရကြမည်။
7 Unleavened bread shall be eaten the seven days; and leavened bread shall not be seen with thee, neither shall there be leaven seen with thee in all thy borders.
၇တဆေး မပါသောမုန့်ကို စား ရသောခုနစ် ရက် ပတ်လုံးသင် တို့၌ တဆေး ကို မ တွေ့ မမြင်ရ။ သင် တို့နေ သောအရပ်ရပ် တို့၌ လည်း မ တွေ့ မမြင်ရ။
8 And thou shalt inform thy son in that day, saying, It is because of what Jehovah did to me when I came out of Egypt.
၈ငါ တို့သည် အဲဂုတ္တု ပြည်မှ ထွက် သောကာလ ၊ ထာဝရဘုရား ပြု တော်မူသောကျေးဇူး တော်ကြောင့် ဤသို့ပြုရ၏ဟု ထို နေ့ ၌ သား မြေးတို့အား ကြား ပြောရမည်။
9 And it shall be for a sign to thee on thy hand, and for a memorial between thine eyes, that the law of Jehovah may be in thy mouth; for with a powerful hand hath Jehovah brought thee out of Egypt.
၉ထာဝရဘုရား ၏ တရား သည်၊ သင် ၏နှုတ် ၌ တည် မည်အကြောင်း ၊ ဤအရာသည် သင် ၏လက် ၌ လက္ခဏာ သက်သေ၊ သင် ၏မျက်စိ ကြား မှာ အောက်မေ့ ဘို့ရာဖြစ် ရမည်။ အားကြီး သောလက် တော်ဖြင့် ထာဝရဘုရား သည်၊ သင့် ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူပြီ။
10 And thou shalt keep this ordinance at its set time from year to year.
၁၀ထို့ကြောင့် စီရင်တော်မူသောဤ ထုံးစံ ကို၊ မိမိ အချိန် ၌ နှစ် စဉ်အတိုင်း စောင့် ရကြမည်။
11 And it shall be when Jehovah hath brought thee into the land of the Canaanites, as he hath sworn to thee and to thy fathers, and hath given it thee,
၁၁သင် တို့၌ ၎င်း ၊ ဘိုးဘေး ၌ ၎င်း၊ ကျိန်ဆို တော်မူသည်အတိုင်း ၊ ထာဝရဘုရား သည် သင် တို့ကို ပို့ဆောင် ၍ ၊ ထိုပြည်ကိုပေး သနားတော်မူသောအခါ၊
12 that thou shalt offer unto Jehovah all that breaketh open the womb, and every firstling that cometh of cattle which is thine: the males [shall be] Jehovah's.
၁၂သင်တို့၌ အဦး ဘွား သောသားအပေါင်း တို့နှင့် သင်တို့၌ရှိသောတိရစ္ဆာန် တို့၏ သားဦး အပေါင်း တို့ကို၊ ထာဝရဘုရား အဘို့ အသီးအခြားခွဲ ထားရကြမည်။ အထီး ရှိသမျှတို့သည်၊ ထာဝရဘုရား ၏ ဥစ္စာဖြစ် ရကြမည်။
13 And every firstling of an ass shalt thou ransom with a lamb; and if thou do not ransom it, thou shalt break its neck; and every firstborn of a man among thy sons shalt thou ransom.
၁၃မြည်း မ၌ အဦး ဘွားသော မြည်းသငယ်ကို၊ သိုးသငယ် နှင့် ရွေး ရမည်။ မ ရွေး လိုလျှင် ၊ မြည်း သငယ် လည်ပင်း ကို ချိုးရမည်။ လူသား တို့တွင် သားဦး အပေါင်း ကို ရွေး ရမည်။
14 And it shall be when thy son asketh thee in time to come, saying, What is this? that thou shalt say to him, With a powerful hand Jehovah brought us out from Egypt, out of the house of bondage.
၁၄နောင်ကာလ၌ သင် ၏သား ကလည်း၊ အဘယ်သို့ နည်းဟု မေးမြန်း လျှင်၊ သင်ကလည်း ကျွန် ခံနေရာ အဲဂုတ္တု ပြည်မှ ၊ ထာဝရဘုရား သည် အားကြီး သော လက် တော်ဖြင့် ငါ တို့ကို နှုတ်ဆောင် တော်မူ၏။
15 And it came to pass, when Pharaoh stubbornly refused to let us go, that Jehovah slew all the firstborn in the land of Egypt, both the firstborn of men and the firstborn of cattle: therefore I sacrifice to Jehovah all that breaketh open the womb — being males; and every firstborn of my children I ransom.
၁၅ဖာရော ဘုရင်သည်၊ ငါ တို့ကို အလွယ်တကူမ လွှတ် ဘဲနေသောအခါ ၊ အဲဂုတ္တု ပြည် ၌ လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ၊ သားဦး အပေါင်း တို့ကို ထာဝရဘုရား ကွပ်မျက် တော်မူ၏။ ထိုကြောင့် အဦး ဘွားသော တိရစ္ဆာန် အထီး ရှိသမျှ တို့ကို ထာဝရဘုရား အား ယဇ်ပူဇော် ရမည်။ ကိုယ် သား တို့တွင် သားဦး ကို ရွေး ရမည်ဟု ပြန်ဆို ရမည်။
16 And it shall be for a sign on thy hand, and for frontlets between thine eyes, for with a powerful hand Jehovah brought us forth out of Egypt.
၁၆ဤအရာသည်လည်း၊ သင် ၏လက္ခဏာ သက်သေ၊ သင် ၏မျက်စိ ကြား မှာ သင်းကျပ် ဖြစ် ရမည်။ အကြောင်းမူကား ၊ ထာဝရဘုရား သည် အားကြီး သောလက် တော်ဖြင့် ငါ တို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူပြီဟု လူ များတို့အား ပြောဆို လေ၏။
17 And it came to pass, when Pharaoh let the people go, that God did not lead them the way of the land of the Philistines, although that was near; for God said, That the people may not repent when they see conflict, and return to Egypt.
၁၇ဣသရေလလူ တို့ကို ဖာရော ဘုရင်လွှတ် သောနောက် ၊ ဖိလိတ္တိ ပြည် ကို ရှောက်သောလမ်း သည် ဖြောင့် သော်လည်း ၊ ထို လမ်းဖြင့် ဘုရား သခင်ဆောင် တော်မ မူ။ အကြောင်းမူကား ၊ သူ တို့သည် စစ်မှု ကို တွေ့မြင် သောအခါ စိတ်ပျက် ၍ ၊ အဲဂုတ္တု ပြည်သို့ ပြန်ကောင်းပြန် ကြလိမ့်မည်ဟု သိ တော်မူ၏။
18 And God led the people about, the way of the wilderness of the Red Sea; and the children of Israel went arrayed out of the land of Egypt.
၁၈ထိုကြောင့် ဘုရား သခင်သည်၊ သူ တို့ကို ဧဒုံ ပင်လယ် နားတော လမ်း ဖြင့် ဝိုင်း၍ ဆောင် တော်မူ၏။ ဣသရေလ အမျိုးသား တို့သည်၊ ခင်းကျင်းသော တပ် အစဉ်အတိုင်းအဲဂုတ္တု ပြည် မှ ထွက် သွားကြ၏။
19 And Moses took the bones of Joseph with him; for he had made the children of Israel swear an oath, saying, God will be sure to visit you; then ye shall carry my bones with you hence.
၁၉အထက်ကာလ၌ ယောသပ်က၊ အကယ်စင်စစ်ဘုရား သခင်သည် သင် တို့ကို အကြည့်အရှု ကြွလာ တော်မူမည်။ ကျွန်ုပ် အရိုး တို့ကို ဤ အရပ်မှ ယူ သွားရမည်ဟူ၍ဣသရေလ အမျိုးသား တို့ကို ကျပ်ကျပ်ကျိန်ဆို စေသောကြောင့် ၊ သူ ၏အရိုး တို့ကို မောရှေ သည် မိမိ ၌ ယူဆောင် လေ၏။
20 And they took their journey from Succoth, and encamped in Etham, at the end of the wilderness.
၂၀တဖန် သူတို့သည် သုကုတ် အရပ်မှ ထွက် သွား၍ တော အနား ၊ ဧသံ မြို့၌ စားခန်းချ ကြ၏။
21 And Jehovah went before their face by day in a pillar of a cloud, to lead them [in] the way; and by night in a pillar of fire, to give them light; so that they could go day and night.
၂၁သူ တို့သည် နေ့ ည သွား နိုင် အောင် ထာဝရဘုရား သည် နေ့ ၌ကား၊ လမ်း ပြ ဘို့ မိုဃ်းတိမ် တိုင် အားဖြင့် ၎င်း ၊ ညဉ့် ၌ကား၊ အလင်း ပေးဘို့ မီး တိုင် အားဖြင့် ၎င်း၊ သူ တို့ရှေ့ က ကြွ တော်မူ၏။
22 The pillar of the cloud did not remove [from] before the people by day, nor the pillar of fire by night.
၂၂နေ့ အချိန်၌ မိုဃ်းတိမ် တိုင် ၊ ညဉ့် အချိန်၌ မီး တိုင် ကို သူ တို့ရှေ့ မှ ရုပ်သိမ်း တော်မ မူ။