< Ephesians 1 >
1 Paul, apostle of Jesus Christ by God's will, to the saints and faithful in Christ Jesus who are at Ephesus.
၁ဘုရားသခင် ၏အလို တော်အားဖြင့် ၊ ယေရှု ခရစ် ၏တမန်တော် ဖြစ်သော ငါပေါလု သည် ဧဖက် မြို့၌ နေ သော သန့်ရှင်း သူတည်းဟူသောယေရှု ခရစ် ကိုယုံကြည် သောသူတို့ကို ကြားလိုက်ပါ၏။
2 Grace to you and peace from God our Father, and [the] Lord Jesus Christ.
၂သခင် ယေရှု ခရစ် နှင့် ငါ တို့အဘ တည်းဟူသောဘုရားသခင် ထံ တော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ ရှိပါစေသော။
3 Blessed [be] the God and Father of our Lord Jesus Christ, who has blessed us with every spiritual blessing in the heavenlies in Christ;
၃ငါ တို့သည်ဘုရားသခင့် ရှေ့ တော်၌ မေတ္တာ အားဖြင့် သန့်ရှင်း လျက်၊ အပြစ် ကင်းလွတ်လျက် ဖြစ် မည် အကြောင်း၊
4 according as he has chosen us in him before [the] world's foundation, that we should be holy and blameless before him in love;
၄ဤကမ္ဘာ မ တည် မရှိမှီငါ တို့ကိုခရစ်တော် ၌ ရွေးကောက် တော်မူသည်နှင့်အညီ ။ ကောင်းကင် ဘုံနှင့် ဆိုင်သော အရာတို့၌ ခပ်သိမ်း သော ဓမ္မ မင်္ဂလာ တို့ကို ခရစ်တော် အားဖြင့် ငါ တို့အား ပေး သနားတော်မူသော ငါ တို့သခင် ယေရှု ခရစ် ၏ ခမည်းတော် ဘုရားသခင် သည် မင်္ဂလာ ရှိတော်မူစေသတည်း။
5 having marked us out beforehand for adoption through Jesus Christ to himself, according to the good pleasure of his will,
၅ထို ဘုရားသခင် သည် ချစ် တော်မူသောသားတော်ကြောင့် ၊ ငါ တို့အား ပေး တော်မူသောကျေးဇူး တော်၏ ဘုန်း အသရေကိုချီးမွမ်း စေခြင်းငှာ ၊
6 to [the] praise of [the] glory of his grace, wherein he has taken us into favour in the Beloved:
၆ငါ တို့သည် ယေရှု ခရစ် အားဖြင့် သား အရာကို ရမည်အကြောင်း ၊ အလို တော်ရှိသောစေတနာ အတိုင်း ရှေးမဆွက ခွဲခန့် မှတ်သားတော်မူ၏။
7 in whom we have redemption through his blood, the forgiveness of offences, according to the riches of his grace;
၇ခပ်သိမ်း သော သတိ ပညာ တော်နှင့် လျော် စွာငါ တို့၌ အတိုင်းထက်အလွန်များ လှစွာသော ကျေးဇူး တော်သည် ကြွယ်ဝ ပြည့်စုံသည်နှင့်အညီ ၊
8 which he has caused to abound towards us in all wisdom and intelligence,
၈ထိုသား တော်၏အသွေး အားဖြင့် အပြစ် လွှတ် တော်မူခြင်း တည်းဟူသောရွေးနှုတ် တော်မူခြင်း ကျေးဇူးကို ငါတို့သည်ခံရ ကြ၏။
9 having made known to us the mystery of his will, according to his good pleasure which he purposed in himself
၉ဘုရားသခင် သည် နှလုံး သွင်းတော်မူသော စေတနာ တော်နှင့် လျော်သောအလို တော်၏ နက်နဲ သော အရာကို ငါ တို့အား ပြ တော်မူ၏။
10 for [the] administration of the fulness of times; to head up all things in the Christ, the things in the heavens and the things upon the earth; in him,
၁၀ထိုနက်နဲသောအရာဟူမူကား၊ ကာလ အချိန်စေ့ စုံခြင်း၏ သာသနာ တွင် ကောင်းကင် ပေါ် ၊ မြေကြီး ပေါ်မှာ ရှိရှိသမျှ တို့ကိုပေါင်း ၍ ခရစ်တော် ၌ ချုပ်ခြာစေတော်မူလိမ့်သတည်း။
11 in whom we have also obtained an inheritance, being marked out beforehand according to the purpose of him who works all things according to the counsel of his own will,
၁၁မိမိ စေတနာ ၏အလို တော်သို့လိုက်၍ အလုံးစုံ တို့ကို စီရင်ပြုပြင် တော်မူတတ်သော သူ ၏ကြံစည် ခြင်းရှိသည်အတိုင်း ၊ ရှေးမဆွက ခွဲခန့် မှတ်သားတော်မူသည်နှင့်အညီ ၊ ငါတို့သည် ထိုခရစ်တော် အားဖြင့် အမွေခံ ဖြစ်ကြ၏။
12 that we should be to [the] praise of his glory who have pre-trusted in the Christ:
၁၂အကြောင်းမူကား ၊ ခရစ်တော် ကို မျှော်လင့် နှင့်သော ငါ တို့အားဖြင့်ဘုန်း တော်ကို ချီးမွမ်း စေခြင်း အကြောင်း ဖြစ် သတည်း။
13 in whom ye also [have trusted], having heard the word of the truth, the glad tidings of your salvation; in whom also, having believed, ye have been sealed with the Holy Spirit of promise,
၁၃သင် တို့သည်လည်း ကယ်တင် တော်မူခြင်းအကြောင်းနှင့်ယှဉ်သော ဧဝံဂေလိ တရားတည်းဟူသောသမ္မာတရား ကိုကြားနာ ၍ ထိုခရစ်တော် ကို ယုံကြည် ပြီးမှ၊ ဂတိ တော်နှင့်ယှဉ်သော သန့်ရှင်း သော ဝိညာဉ် တော်၏ တံဆိပ် ခတ်ခြင်းကို ခံရကြပြီ။
14 who is [the] earnest of our inheritance to the redemption of the acquired possession to [the] praise of his glory.
၁၄ပိုင်ထိုက် တော်မူသောသူ တို့သည် ဘုန်း တော်ကို ချီးမွမ်း ခြင်းအကြောင်း နှင့် ရွေးနှုတ် တော်မူခြင်းသို့ မရောက်မှီကာလပတ်လုံးထိုဝိညာဉ်တော်သည် ငါ တို့ အမွေ ၏ စားရန် ဖြစ် တော်မူ၏။
15 Wherefore I also, having heard of the faith in the Lord Jesus which [is] in you, and the love which [ye have] towards all the saints,
၁၅ထိုကြောင့် သင် တို့သည်သခင် ယေရှု ကို ယုံကြည် ခြင်းနှင့် သန့်ရှင်း သူအပေါင်း တို့ကို ချစ် ခြင်းအကြောင်း ကို ငါ သည်ကြား ပြီးလျှင်၊
16 do not cease giving thanks for you, making mention [of you] at my prayers,
၁၆သင်တို့ကိုအကြောင်းပြု၍ ကျေးဇူး တော်ကို အစဉ် မ ပြတ်ချီးမွမ်းလျက်၊ သင် တို့အဘို့ အလိုငှာ ဆုတောင်း ပဌနာပြု လျက်နေ၏။
17 that the God of our Lord Jesus Christ, the Father of glory, would give you [the] spirit of wisdom and revelation in the full knowledge of him,
၁၇ဆုတောင်းသောအချက်ဟူမူကား၊ ငါ တို့သခင် ယေရှု ခရစ် ၏ ဘုရားသခင် ဖြစ်တော်မူသောဘုန်းကြီး သော အဘ ခမည်းတော်သည် ကိုယ်တော် မြတ်ကို သိ ခြင်း အလိုငှာ ပညာ ကို၎င်း ၊ ထိုးထွင်း သောဉာဏ် ကို၎င်း၊ သင် တို့အား ပေး ပါမည်အကြောင်း ၊
18 being enlightened in the eyes of your heart, so that ye should know what is the hope of his calling, [and] what the riches of the glory of his inheritance in the saints,
၁၈ခေါ် တော်မူသောကြောင့် မြော်လင့် ရသောအရာကား အဘယ် အရာဖြစ် သည်ကို၎င်း၊ သန့်ရှင်း သူတို့ သည် ခံရသောအမွေ တော်၏ ဘုန်း စည်းစိမ် ကား အဘယ်မျှလောက်ကြီးသည်ကို၎င်း၊
19 and what the surpassing greatness of his power towards us who believe, according to the working of the might of his strength,
၁၉ယုံကြည် သောငါ တို့၌ ပြတော်မူသော အလွန် ကြီးလှ စွာသော တန်ခိုး တော်ကား အဘယ်မျှလောက်ကြီး သည်ကို၎င်း၊ သင် တို့သည်သိ စေခြင်းငှာ၊ သင် တို့၏ ဉာဏ် မျက်စိ ကို လင်း စေပါမည်အကြောင်း ဆုတောင်း ပဌနာပြု၏။
20 [in] which he wrought in the Christ [in] raising him from among [the] dead, and he set him down at his right hand in the heavenlies,
၂၀ထိုတန်ခိုးတော်ကား၊ ခရစ်တော် ကိုသေ ခြင်းမှ ထမြောက် စေတော်မူ၍ ခရစ်တော်၌ပြုပြင် သော မဟာ တန်ခိုး အာနုဘော်အရှိန်ကဲ့သို့ဖြစ်၏။
21 above every principality, and authority, and power, and dominion, and every name named, not only in this age, but also in that to come; (aiōn )
၂၁ခပ်သိမ်း သော အထွဋ်အမြတ် ၊ အာဏာစက် ၊ တန်ခိုး ၊ အစိုးရ ခြင်းမှစ၍ယခု ဘဝ နောင် ဘဝ၌ ခေါ်ဝေါ် သမုတ်သောဘွဲ့နာမ အလုံးစုံ တို့အထက်၊ ကောင်းကင် အရပ်၌ မိမိ လက်ျာ တော်ဘက်မှာ အလွန်မြင့်မြတ် သောနေရာကို ခရစ်တော်အား ပေး တော်မူ၍ ၊ (aiōn )
22 and has put all things under his feet, and gave him [to be] head over all things to the assembly,
၂၂ခြေဘဝါး တော်အောက် သို့ အလုံးစုံ တို့ကို ချထား သဖြင့် ၊ အသင်းတော် ဘို့ အလိုငှာ၊ သူ့ ကိုအလုံးစုံ တို့၏ အချုပ်အခြာ ဦးခေါင်း ဖြစ် စေတော်မူ၏။
23 which is his body, the fulness of him who fills all in all:
၂၃ထိုအသင်းတော်ကား၊ အလုံးစုံ တို့ကို အလုံးစုံ တို့နှင့် ပြည့်စုံ တော်မူသောသူ ၏ပြည့်စုံ ခြင်းတည်းဟူသောခရစ်တော် ၏ကိုယ် ဖြစ် သတည်း။