< Ecclesiastes 7 >
1 A [good] name is better than precious ointment, and the day of death than the day of one's birth.
၁ကောင်း သောအသရေ သည် နံ့သာ ဆီထက် သာ၍ကောင်း ၏။ သေ ရသောနေ့ သည်လည်း ဘွားမြင် သောနေ့ ထက် သာ၍ကောင်း၏။
2 It is better to go to the house of mourning than to go to the house of feasting: in that that is the end of all men, and the living taketh it to heart.
၂မသာ အိမ် သို့ သွား ခြင်းသည်၊ ပွဲခံ ရာအိမ် သို့ သွား ခြင်းထက် သာ၍ကောင်း ၏။ အကြောင်း မူကား၊ လူ ခပ်သိမ်း တို့သည် မသာအိမ်၌ လမ်း ဆုံးရကြ၏။ အသက်ရှင် လျက်ရှိသောသူတို့လည်း၊ အသင့်နှလုံး သွင်းမိ ကြလိမ့်မည်။
3 Vexation is better than laughter; for by the sadness of the countenance the heart is made better.
၃ပြုံး ရယ်ခြင်းထက် ဝမ်းနည်း ခြင်းသည်သာ၍ကောင်း ၏။ အကြောင်း မူကား၊ မျက်နှာ ညှိုးငယ် သော အားဖြင့် နှလုံး သာ၍ကောင်း တတ်၏။
4 The heart of the wise is in the house of mourning, but the heart of fools in the house of mirth.
၄ပညာရှိ သောသူတို့၏နှလုံး သည် မသာ အိမ် ၌ ရှိ၏။ မိုက် သောသူတို့၏ နှလုံး မူကား ၊ ပျော်မွေ့ ခြင်းပြုရာ အိမ် ၌ ရှိ၏။
5 It is better for a man to hear the rebuke of the wise, than to hear the song of fools.
၅လူမိုက် သီချင်း ဆိုသောစကားကို နားထောင် သည်ထက် ၊ ပညာရှိ ဆုံးမ သောစကားကို နားထောင် သော် သာ၍ကောင်း ၏။
6 For as the crackling of thorns under a pot, so is the laughter of the fool. This also is vanity.
၆အကြောင်း မူကား၊ မိုက် သောသူ၏ ရယ် ခြင်း သည် အိုး အောက် ၌ ဆူး ပင်ကိုလောင်သောအသံ နှင့် တူ၏။ ထို အမှုအရာသည်လည်း အနတ္တ ဖြစ်၏။
7 Surely oppression maketh a wise man mad, and a gift destroyeth the heart.
၇အကယ် စင်စစ်၊ ညှဉ်းဆဲ ခြင်းသည် ပညာ ရှိ သောသူကို ရူး စေတတ်၏။ တံစိုး သည်လည်း စိတ် နှလုံးကို ယိုယွင်း စေတတ်၏။
8 Better is the end of a thing than its beginning; better is a patient spirit than a proud spirit.
၈အမှု ၏အဆုံး သည် အစ ထက် သာ၍ကောင်း ၏။ သည်းခံ တတ်သော သဘော ရှိသောသူသည် မာန ကြီး သော သူထက် သာ၍ကောင်း ၏။
9 Be not hasty in thy spirit to be vexed; for vexation resteth in the bosom of fools.
၉အမျက် ထွက်သည်တိုင်အောင် စိတ် မ တိုနှင့်။ အမျက် သည် မိုက် သောသူ၏ စိတ်နှလုံး၌ နေရာ ကျတတ် ၏။
10 Say not, How is it that the former days were better than these? for thou dost not inquire wisely concerning this.
၁၀ရှေး ကာလ သည် ယခုကာလထက် အဘယ် ကြောင့်သာ၍ကောင်း သနည်းဟုမ မေး နှင့်။ ထိုသို့မေး လျှင်၊ ပညာ တရားအတိုင်း မေး သည်မ ဟုတ်။
11 Wisdom is as good as an inheritance, and profitable to them that see the sun.
၁၁ပညာ သည် အမွေ ဥစ္စာကဲ့သို့ ကောင်း ၍ ၊ နေ ကို မြင် သောသူတို့ အား ကျေးဇူး ပြုတတ်၏။
12 For wisdom is a defence [as] money is a defence; but the excellency of knowledge is, [that] wisdom maketh them that possess it to live.
၁၂အကြောင်း မူကား၊ ပညာ သည် ကွယ်ကာ တတ် ၏။ ငွေ သည်လည်း ကွယ်ကာ တတ်၏။ ပညာ အတတ် သည် အဘယ်သို့မြတ် သနည်းဟူမူကား၊ ပညာ အတတ်ကို ရ သောသူသည် အသက် ကိုလည်း ရတတ်၏။
13 Consider the work of God; for who can make straight what he hath made crooked?
၁၃ဘုရား သခင်၏ အမှု တော်ကိုဆင်ခြင် လော့။ ကောက် စေတော်မူသောအရာ ကိုအဘယ်သို့ ဖြောင့် စေ နိုင် သနည်း။
14 In the day of prosperity enjoy good, and in the day of adversity consider: God hath also set the one beside the other, to the end that man should find out nothing [of what shall be] after him.
၁၄ကောင်းစား သည်ကာလ ၌ ဝမ်းမြောက် လော့။ ဆင်းရဲ ခံရသည်ကာလ ၌ ဆင်ခြင် လော့။ လူ သည် မိမိ နောက် မှာဖြစ်လတ္တံသော အမှုအရာကိုသိမည်အကြောင်း၊ ဘုရား သခင်သည် ကောင်းစားခြင်းနှင့် ဆင်းရဲခြင်းကိုလည်း အလှည့်လှည့်ပေးတော်မူ၏။
15 All [this] have I seen in the days of my vanity: there is a righteous [man] that perisheth by his righteousness, and there is a wicked [man] that prolongeth [his days] by his wickedness.
၁၅ငါ သည် အချည်းနှီး နေသောကာလ ၌ ခပ်သိမ်း သောအရာတို့ကို တွေ့မြင်ပြီ။ ဖြောင့်မတ် သောသူသည်မိမိ ဖြောင့်မတ် ခြင်း၌ ဆုံးရှုံး ကြောင်းကို၎င်း ၊ အဓမ္မ လူ သည် မိမိ အဓမ္မ အမှု၌ အသက်ရှည် ကြောင်းကို၎င်းငါမြင် ၏။
16 Be not righteous overmuch; neither make thyself overwise: why shouldest thou destroy thyself?
၁၆လွန်ကျူး စွာ မ ဖြောင့်မတ် နှင့်။ လွန်ကျူး စွာ ပညာ မ ရှိနှင့်။ အဘယ် ကြောင့်ကိုယ်အကျိုး ကို ဖျက်ချင် သနည်း။
17 Be not overmuch wicked, neither be thou foolish: why shouldest thou die before thy time?
၁၇လွန်ကျူး စွာမ ဆိုးညစ် နှင့်။ မ မိုက် နှင့်။ အချိန် မ ရောက် မှီ အဘယ် ကြောင့်သေ ချင်သနည်း။
18 It is good that thou shouldest take hold of this; yea, also from that withdraw not thy hand: for he that feareth God cometh forth from them all.
၁၈ဤ စကားကို စွဲလန်း ကောင်း ၏။ လက် မ လွှတ် နှင့်။ ဘုရား သခင်ကို ကြောက်ရွံ့ သောသူသည် ခပ်သိမ်း သော အမှု ထဲက ထွက်မြောက် လိမ့်မည်။
19 Wisdom strengtheneth the wise more than ten mighty [men] that are in a city.
၁၉မြို့ ထဲ မှာနေ သောသူရဲတကျိပ် ထက် ပညာရှိ သောသူတယောက်သည် ပညာ အားဖြင့် သာ၍တန်ခိုး ကြီး၏။
20 Surely there is not a righteous man upon earth, that doeth good and sinneth not.
၂၀အပြစ် မ ပါဘဲ ကောင်း သောအကျင့်ကို ကျင့် သောသူ တော်ကောင်းတစုံ တယောက်မျှ မြေကြီး ပေါ် မှာ မ ရှိ။
21 Also give not heed unto all words that are spoken, lest thou hear thy servant curse thee.
၂၁သူတပါးပြောသမျှ သော စကား တို့ကို မ မှတ် နှင့်။ သို့ပြုလျှင်၊ ကိုယ် ကျွန် ကျိန်ဆဲ သောစကားကို ကြား လိမ့်မည်။
22 For also thine own heart knoweth that oftentimes thou thyself likewise hast cursed others.
၂၂သင်သည်ကိုယ်တိုင် သူတပါး တို့ကိုအဖန်ဖန် ကျိန်ဆဲ ကြောင်း ကို၊ ကိုယ် စိတ်နှလုံး ထဲမှာသိ ၏။
23 All this have I tried by wisdom: I said, I will be wise; but it was far from me.
၂၃ဤ အမှုအရာအလုံးစုံ တို့ကို ငါသည်ပညာ တရား အားဖြင့် စုံစမ်း ပြီ။ ပညာ နှင့်ငါပြည့်စုံမည်ဟုဆို သော်လည်း ၊ ပညာ သည် ငါ နှင့် ဝေး ၏။
24 Whatever hath been, is far off, and exceeding deep: who will find it out?
၂၄ဝေး သောအရာ ၊ အလွန်နက်နဲ သောအရာကို အဘယ်သူ ရှာ၍ တွေ့ နိုင်သနည်း။
25 I turned, I and my heart, to know, and to search, and to seek out wisdom and reason, and to know wickedness to be folly, and foolishness to be madness;
၂၅ပညာ တရားနှင့် အကျိုး အကြောင်းကို ရှာဖွေ စစ်ဆေး ၍ သိ နားလည်ခြင်းငှါ ၎င်း ၊ မိုက် စွာကျင့်ခြင်း၏ အပြစ်နှင့် ရူး ခြင်း၏အပြစ်ကို သိ နားလည်ခြင်းငှါ ၎င်း၊ ငါနှင့်ငါ့ နှလုံး သည် ဝိုင်း ညီ၍ ကြိုးစားလေပြီ။
26 and I found more bitter than death the woman whose heart is nets and snares, [and] whose hands are bands: whoso pleaseth God shall escape from her; but the sinner shall be caught by her.
၂၆ကျော့ကွင်း နှင့် ပိုက်ကွန် တို့ကို ကြံစည် ပြင်ဆင်၍ ကြိုးနှင့်ချည်နှောင် တတ်သော မိန်းမ သည်၊ သေ ခြင်းထက် သာ၍ခါး သည်ကို ငါ တွေ့ ပြီ။ ဘုရား သခင်စိတ် တွေ့ တော်မူသောသူသာလျှင်၊ ထိုမိန်းမ လက် နှင့် လွတ် လိမ့်မည်။ အပြစ် ပြုတတ်သောသူကိုကား ၊ ဘမ်းမိ လိမ့်မည်။
27 See this which I have found, saith the Preacher, [searching] one by one to find out the reason;
၂၇ဓမ္မဒေသနာဆရာ ဆို သည်ကား ၊ ငါ ရှာ ၍ မ တွေ့ သေး သောအရာ ကို တွေ့ အံ့သောငှါ၊ တခု နောက် တခု စစ်ဆေး ချင့်တွက်သောအခါ၊
28 which my soul yet seeketh, and I have not found: one man among a thousand have I found, but a woman among all those have I not found.
၂၈ယောက်ျား တထောင် တို့တွင် တယောက် ကို ငါတွေ့ ပြီ။ မိန်းမ တထောင်တို့တွင် တယောက်ကိုမျှ ငါမ တွေ့။
29 Only see this which I have found: that God made man upright, but they have sought out many devices.
၂၉ငါတွေ့ သောအရာ တခု တည်းဟူမူကား ၊ ဘုရား သခင် သည် လူ ကိုဖြောင့်မတ် အောင် ဖန်ဆင်း တော်မူသော်လည်း ၊ လူ တို့သည် များ ပြားသော အကြံအစည် တို့ကို ရှာဖွေ ကြံစည်ကြပြီ။