< Ecclesiastes 11 >
1 Cast thy bread upon the waters; for thou shalt find it after many days.
၁သင် ၏အစာ ကို ရေ ပေါ် မှာပစ် ချလော့။ ကာလ ကြာမြင့် မှ တဖန်တွေ့ လေဦးမည်။
2 Give a portion to seven, and also to eight; for thou knowest not what evil shall be upon the earth.
၂လူခုနစ် ယောက်မက၊ ရှစ် ယောက်တို့အား ဝေမျှ လော့။ မြေ ပေါ် မှာအဘယ် အမှု ရောက် မည်ကို သင်မ သိ။
3 If the clouds be full of rain, they empty themselves upon the earth; and if a tree fall toward the south, or toward the north, in the place where the tree falleth, there it shall be.
၃မိုဃ်းတိမ် တို့သည် မိုဃ်းရေနှင့်ပြည့် သောအခါ မြေ ပေါ် မှာရွာ တတ်၏။ သစ်ပင် သည် တောင် ဘက်သို့ လဲ သည်ဖြစ်စေ ၊ မြောက် ဘက်သို့ လဲသည်ဖြစ်စေ၊ လဲ သောအရပ် ၌ နေရာ ကျ၏။
4 He that observeth the wind will not sow; and he that regardeth the clouds will not reap.
၄လေ ကိုမှတ် တတ်သောသူသည်မျိုးစေ့ကိုမ ကြဲ။ မိုဃ်းတိမ် တို့ကို ပမာဏ ပြုတတ်သောသူသည် လည်း စပါး ကိုမ ရိတ်ရာ။
5 As thou knowest not what is the way of the spirit, how the bones [grow] in the womb of her that is with child, even so thou knowest not the work of God who maketh all.
၅နံဝိညာဉ် သွားရာလမ်း ကို၎င်း၊ ကိုယ်ဝန်ဆောင် သော မိန်းမဝမ်း ၌ အရိုး တို့သည် အဘယ်သို့ တိုးပွား သည်ကို၎င်း မ သိ နိုင်သကဲ့သို့ ၊ အလုံးစုံ တို့ကို ဖန်ဆင်း တော်မူသောဘုရား သခင်၏အမှုတော် တို့ကို မ သိ နိုင်။
6 In the morning sow thy seed, and in the evening withhold not thy hand; for thou knowest not which shall prosper, whether this or that, or whether they both shall be alike good.
၆နံနက် အချိန်၌ မျိုးစေ့ ကိုကြဲ လော့။ ညဦး အချိန်၌ လည်း မ ကြဲ ဘဲမနေနှင့်။ အကြောင်း မူကား၊ အဘယ် အရာ သည် အကျိုး ရှိမည်ကို၎င်း၊ နှစ်ပါး စလုံးတို့သည် အညီအမျှ အကျိုး ရှိမည်ကို၎င်းမ သိ နိုင်။
7 Now the light is sweet, and pleasant is it to the eyes to see the sun;
၇အကယ် စင်စစ်အလင်း သည်ချို ၏။ နေ ရောင်ခြည် ကိုမြင် ၍ ပျော် ပါးစရာရှိ၏။
8 but if a man live many years, [and] rejoice in them all, yet let him remember the days of darkness; for they shall be many: all that cometh is vanity.
၈သို့ရာတွင် ၊ လူ သည်အသက်တာ ရှည် ၍ အစဉ် ရွှင်လန်း သော်လည်း ၊ မှောင်မိုက် ကာလ ကို အောက်မေ့ ပါစေ။ ထိုကာလကြာမြင့် လိမ့်မည်။ ဖြစ် လတံ့သမျှ တို့သည် အနတ္တ သက်သက်ဖြစ်ကြ၏။
9 Rejoice, young man, in thy youth; and let thy heart cheer thee in the days of thy youth, and walk in the ways of thy heart, and in the sight of thine eyes; but know that for all these [things] God will bring thee into judgment.
၉အချင်းလူပျို ၊ အသက် ပျိုသောအခါ ပျော်မွေ့ လော့။ အသက် ပျိုစဉ် ကာလတွင် စိတ် ရွှင်လန်း ခြင်း ရှိလော့။ ကိုယ် အလို ရှိရာလမ်း နှင့် ၊ ကိုယ်ဉာဏ်ပြသော လမ်းသို့လိုက်လော့။ သို့ရာတွင် ၊ ထိုအမှုအလုံးစုံတို့ကို ဘုရား သခင်စစ်ကြော ၍ ၊ သင့် ကို အပြစ်ပေး တော်မူမည် ဟု အောက်မေ့ လော့။
10 Then remove discontent from thy heart, and put away evil from thy flesh; for childhood and youth are vanity.
၁၀သို့ဖြစ်၍ ၊ စိတ် ညှိုးငယ် ခြင်းအကြောင်း နှင့် ၊ ကိုယ် ဆင်းရဲ ခြင်းအကြောင်း ကို ပယ်ရှား လော့။ အသက် ငယ် ခြင်းအရာနှင့် အရွယ် ပျိုခြင်းအရာသည် အနတ္တ ဖြစ်၏။