< Deuteronomy 18 >

1 The priests, the Levites, [and] the whole tribe of Levi, shall have no portion nor inheritance with Israel: Jehovah's offerings by fire, and his inheritance shall they eat,
လေဝိ သားယဇ်ပုရောဟိတ် အစရှိသော လေဝိ သားအပေါင်း တို့သည် ဣသရေလ အမျိုးသားတို့နှင့် ရော၍ အဘို့ မ ရှိ အမွေ မခံရဘဲ၊ ထာဝရဘုရား ၏ အမွေ တည်းဟူသော မီး ဖြင့်ပြုသောပူဇော်သက္ကာတို့ကို စား ရကြမည်။
2 but they shall have no inheritance among their brethren: Jehovah, he is their inheritance, as he hath said unto them.
ထို့ကြောင့် ၊ သူ တို့သည် ညီအစ်ကို များနှင့်အတူ အမွေ မ ခံ ရကြ။ ထာဝရဘုရား သည် အမိန့် တော်ရှိသည် အတိုင်း သူ တို့၏ အမွေ ဖြစ်တော်မူ၏။
3 And this shall be the priest's due from the people, from them that sacrifice a sacrifice, whether ox, or sheep: they shall give unto the priest the shoulder, and the jawbones, and the maw.
လူ တို့သည် ယဇ် ပူဇော်သောအခါ ၊ နွား ဖြစ်စေ ၊ သိုး ဖြစ်စေ ၊ ယဇ်ပုရောဟိတ် ခံရသောအဘို့ ပခုံး တဘက်၊ ပါး နှစ်ဘက်၊ အအူ များကို၎င်း၊
4 The firstfruits [also] of thy corn, of thy new wine, and of thine oil, and the firstfruits of the shearing of thy sheep, shalt thou give him;
အဦး သိမ်းသော စပါး ၊ စပျစ်ရည် ၊ ဆီ ၊ သိုး မွေး ကို၎င်း လှူ ရမည်။
5 for Jehovah thy God hath chosen him out of all thy tribes, that he may stand to serve in the name of Jehovah, he and his sons continually.
အကြောင်း မူကား၊ သူ မှစ၍သား စဉ်မြေးဆက် တို့သည် ထာဝရဘုရား အခွင့် နှင့် အမှု တော်ကို အစဉ် ဆောင်ရွက် စေခြင်းငှာ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ သင် ၏ အမျိုးအနွယ် အပေါင်း တို့တွင် သူ့ ကို ရွေးကောက် တော်မူပြီ။
6 And if the Levite shall come from one of thy gates out of all Israel, where he sojourneth, and shall come according to all the desire of his soul unto the place which Jehovah will choose,
ဣသရေလ မြို့ ရွာတို့၌ တည်းခို သော လေဝိ သား တစုံ တယောက်သည်၊ ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် ကို ကြည်ညိုသောစိတ် အားကြီး၍ ရောက် လာ လျှင်၊
7 and shall serve in the name of Jehovah his God, as all his brethren the Levites that stand there before Jehovah,
ထာဝရဘုရား ရှေ့ တော်၌ နေရာ ရသော ညီအစ်ကို လေဝိ သားအပေါင်း တို့နည်းတူ သူ ၏ဘုရား သခင်ထာဝရဘုရား အခွင့် နှင့် အမှုတော် ကို ဆောင်ရွက်ရမည်။
8 — they shall have like portions to eat, besides that which he hath sold of his patrimony.
သူ ၏အမွေကို ရောင်း ၍ရသောဥစ္စာ မှတပါး ၊ လေဝိသားများတို့နှင့်အတူအညီ အမျှခံရမည်။
9 When thou art come into the land which Jehovah thy God giveth thee, thou shalt not learn to do according to the abominations of those nations.
သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် သို့ သင် သည် ဝင်စား သောအခါ ၊ ထို ပြည်၌နေသော လူမျိုး တို့ပြုတတ်သော စက်ဆုပ် ရွံရှာဘွယ်အမှု တို့ကို ပြု ခြင်းငှာ မ သင် ရ။
10 There shall not be found among you he that maketh his son or his daughter to pass through the fire, that useth divination, that useth auguries, or an enchanter, or a sorcerer,
၁၀သင် တို့တွင် မိမိ သား သမီး ကို မီး ဖြင့် ပူဇော် သောသူ၊ ဖြစ် လတံ့သောအမှုကို ကိုယ်ဉာဏ်နှင့် ဟောပြောသောသူ၊ ကာလ ဗေဒင်ကို ကြည့်သောသူ၊ မ ကောင်းသော အတတ်ကို ပြုစုသောသူ၊
11 or a charmer, or one that inquireth of a spirit of Python, or a soothsayer, or one that consulteth the dead.
၁၁ပြုစား တတ်သောသူ၊ နတ်ဆိုး နှင့်ပေါင်းသောသူ၊ ဝိဇ္ဇာ အတတ်ကို ပြုစုသောသူ၊ လူသေ ကို မေးမြန်း သောသူ တစုံတယောက်မျှ မရှိရ။
12 For every one that doeth these things is an abomination to Jehovah, and because of these abominations Jehovah thy God doth dispossess them from before thee.
၁၂ထိုသို့ ပြု တတ်သောသူ အပေါင်း တို့ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။ ထို စက်ဆုပ် ရွံရှာဘွယ်သော အမှုများတို့ကြောင့် သင် ၏ ဘုရားသခင် ထာဝရဘုရား သည် ထို လူမျိုးတို့ကို သင့် ရှေ့ မှ နှင်ထုတ် တော်မူ၏။
13 Thou shalt be perfect with Jehovah thy God.
၁၃သင်သည်၊ သင် ၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ စုံလင် ခြင်းရှိ ရမည်။
14 For these nations, which thou shalt dispossess, hearkened unto those that use auguries, and that use divination; but as for thee, Jehovah thy God hath not suffered thee [to do] so.
၁၄သင် အစိုးရ အံ့သော လူမျိုး တို့သည်၊ ကာလ ဗေဒင်ကို ကြည့်သောသူ၊ ဖြစ်လတံ့သောအမှုကို ကိုယ် ဉာဏ်အားဖြင့်ဟောပြော သောသူတို့ စကားကို နားထောင် တတ်ကြ၏။ သင် မူကား ထိုသို့ ပြုရအောင် သင် ၏ ဘုရားသခင် ထာဝရဘုရား သည် အခွင့် ပေးတော်မ မူ။
15 Jehovah thy God will raise up unto thee a prophet from the midst of thee, of thy brethren, like unto me; unto him shall ye hearken;
၁၅သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ သင် ၏ အမျိုးသား ချင်းတို့အထဲ ၌ ငါ နှင့် တူသော ပရောဖက် တပါးကို သင့် အဘို့ ပေါ်ထွန်း စေတော်မူမည်။ ထို ပရောဖက်၏ စကားကို နားထောင် ရမည်။
16 according to all that thou desiredst of Jehovah thy God at Horeb on the day of the assembly, saying, Let me not hear again the voice of Jehovah my God, neither let me see this great fire any more, that I die not.
၁၆ဟောရပ် အရပ်တွင် စည်းဝေး ကြသောနေ့ ၌ သင်က၊ နောက် တဖန် အကျွန်ုပ် ဘုရားသခင် ထာဝရဘုရား ၏ စကားတော်အသံ ကို မ ကြား ရပါစေနှင့်။ ထို ကြီး စွာသော မီး ကို မ မြင် ရပါစေနှင့်။ အကျွန်ုပ်သေ မည် ကို စိုးရိမ် ပါသည်ဟု သင် ၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ တောင်းပန် သမျှ အတိုင်း၊
17 And Jehovah said unto me, They have well spoken that which they have spoken.
၁၇ထာဝရဘုရား က၊ သူတို့ စကား သည် လျောက်ပတ် ပေ၏။
18 A prophet will I raise up unto them from among their brethren, like unto thee, and will put my words in his mouth, and he shall speak unto them all that I shall command him.
၁၈သူ တို့အမျိုးသား ချင်းတို့အထဲ ၌ သင် နှင့် တူသော ပရောဖက် တပါးကို သူ တို့အဘို့ ငါပေါ်ထွန်း စေ၍ ၊ ထို ပရောဖက်နှုတ် ၌ ငါ့ စကား ကို ငါအပ် သဖြင့် ငါမှာထား သမျှ တို့ကို သူ တို့အား ဆင့်ဆို ရလိမ့်မည်။
19 And it shall come to pass that the man who hearkeneth not unto my words which he shall speak in my name, I will require it of him.
၁၉ထိုပရောဖက်သည် ငါ့ အခွင့် နှင့် ဟောပြော သော ငါ့ စကား တို့ကို အကြင်သူ သည် နား မ ထောင်ဘဲ နေအံ့၊ ထိုသူ ကို ငါ စစ်ကြော မည်။
20 But the prophet who shall presume to speak a word in my name that I have not commanded him to speak, or that shall speak in the name of other gods, that prophet shall die.
၂၀ငါမ မှာ ထားဘဲ ငါ့ အခွင့် ကို ဆောင်၍ ရဲရင့် စွာ ဟောပြော သော ပရောဖက် ၊ အခြား တပါးသော ဘုရား အခွင့် နှင့် ဟောပြော သော ပရောဖက် သည် အသေ သတ်ခြင်းကိုခံ ရမည်ဟု ငါ့အား မိန့် တော်မူ၏။
21 And if thou say in thy heart, How shall we know the word that Jehovah hath not spoken?
၂၁သင် ကလည်း ထာဝရဘုရား မိန့် တော်မူသည် မ မူသည်ကို ငါတို့သည် အဘယ် သို့သိ နိုင်သနည်းဟု တွေးတော လျှင်၊
22 When a prophet speaketh in the name of Jehovah, and the thing followeth not, nor cometh to pass, that is the word which Jehovah hath not spoken; the prophet hath spoken it presumptuously: be not afraid of him.
၂၂ပရောဖက် သည် ထာဝရဘုရား ၏ အခွင့် ကို ဆောင် ၍ ဟောပြော သည်အတိုင်း အမှုမ ဖြစ်၊ ဟောပြောသောစကား မ ပြည့်စုံ လျှင် ၊ ထို စကား ကို ထာဝရဘုရား မိန့် တော်မ မူ၊ ပရောဖက် သည် ရဲရင့် စွာဟောပြော ပြီ။ သူ့ ကို မ ကြောက် ရ။

< Deuteronomy 18 >