< Colossians 2 >
1 For I would have you know what combat I have for you, and those in Laodicea, and as many as have not seen my face in flesh;
၁သင် တို့နှင့် လောဒိကိ မြို့သူမြို့သားတို့မှစ၍ ၊ ငါ့ မျက်နှာ ကို မ မြင် ဘူးသောသူ ရှိသမျှ တို့သည်။
2 to the end that their hearts may be encouraged, being united together in love, and unto all riches of the full assurance of understanding, to [the] full knowledge of the mystery of God;
၂မေတ္တာ ချင်းထုံးဖွဲ့ ၍၊ ခမည်းတော်ဘုရား နှင့် ခရစ်တော် ၏ နက်နဲ သောအရာကို နားလည် နိုင်သော ဝိစိကိစ္ဆာ နှင့် ကင်းစင်သော ဉာဏ် ၏စည်းစိမ် အပေါင်း နှင့် ပြည့်စုံ၍၊ စိတ်နှလုံး သက်သာ စေမည်အကြောင်း အဘယ်မျှလောက် ကြီးသော တိုက်လှန် ခြင်းကို ငါခံရ သည်ဟု သင် တို့သိ စေခြင်းငှာငါအလိုရှိ ၏။
3 in which are hid all the treasures of wisdom and of knowledge.
၃ထိုနက်နဲ သောအရာ၌ ပညာ ဘဏ္ဍာ ၊ ဉာဏ် ဘဏ္ဍာရှိသမျှ တို့သည် ဝှက်ထား လျက် ရှိ ကြ၏။
4 And I say this to the end that no one may delude you by persuasive speech.
၄အဘယ် မည်သောသူမျှ ဖြားယောင်း သောစကားအားဖြင့် သင် တို့ကို မလှည့်ဖြား စေခြင်းငှာ ၊ စကားကို ငါ ပြောဆို၏။
5 For if indeed in the flesh I am absent, yet I am with you in spirit, rejoicing and seeing your order, and the firmness of your faith in Christ.
၅ငါသည် ကိုယ်ခန္ဓာ အားဖြင့် သင်တို့နှင့် ကွာ ၍ နေသော်လည်း ၊ စိတ်ဝိညာဉ် အားဖြင့် သင် တို့နှင့်အတူ ရှိ သည်ဖြစ်၍၊ သင် တို့သည် လျောက်ပတ် စွာ စီရင်ပြုပြင်တတ်သည်ကို၎င်း ၊ ခရစ်တော် ၌ ခိုင်ခံ့ စွာ ယုံကြည် သည် ကို၎င်း မြင် လျှင် ဝမ်းမြောက်ခြင်း ရှိ၏။
6 As therefore ye have received the Christ, Jesus the Lord, walk in him,
၆ထို့ကြောင့် သင်တို့သည် သခင် ယေရှု ခရစ် ကို ခံယူ ပြီးသည်ဖြစ်၍၊ ထိုသခင် ၌ စိုက်ပျိုး ခြင်း၊ တည်ဆောက် ခြင်း ရှိလျက် ၊ နည်းဥပဒေသကို ခံပြီးသည်အတိုင်း ယုံကြည် ခြင်း၌ မြဲမြံ စွာစွဲလမ်းလျက် ၊
7 rooted and built up in him, and assured in the faith, even as ye have been taught, abounding in it with thanksgiving.
၇ကျေးဇူး တော်ကို ချီးမွမ်းခြင်းနှင့်တကွ ယုံကြည်ခြင်း တိုးပွား ပြည့်စုံလျက်၊ ထိုသခင် ၌ ကျင်လည် ကြလော့။
8 See that there be no one who shall lead you away as a prey through philosophy and vain deceit, according to the teaching of men, according to the elements of the world, and not according to Christ.
၈ခရစ်တော် ၏တရား ကို မ လိုက်၊ လူ အဆက်ဆက်ခံသော နည်း ဥပဒေသနှင့် လောကီ တရားနုကို လိုက် ၍၊ လောကီပညာ နှင့် အချည်းနှီး သောပရိယာယ် အားဖြင့် သင် တို့ကို အဘယ်သူ မျှမလုယူမဖျက်ဆီး စေခြင်းငှာသတိပြု ကြလော့။
9 For in him dwells all the fulness of the Godhead bodily;
၉အကြောင်းမူကား ၊ ဘုရားသခင် ၏ ဇာတိအဖြစ်တော်၏ ပြည့်စုံ ခြင်းအပေါင်း သည် ခရစ်တော် ၌ ကိုယ် ထင်ရှား၍ ကျိန်းဝပ် တော်မူ၏။။
10 and ye are complete in him, who is the head of all principality and authority,
၁၀အထွဋ်အမြတ် အာဏာစက် ရှိသမျှ ကို အုပ်စိုး တော်မူသော ထိုသခင် ၌ သင်တို့သည် စုံလင် ခြင်းရှိ ကြ၏။။
11 in whom also ye have been circumcised with circumcision not done by hand, in the putting off of the body of the flesh, in the circumcision of the Christ;
၁၁ခရစ်တော် ၏ အရေဖျားလှီး ခြင်းအားဖြင့် ဇာတိ ပကတိအပြစ်၏ ကိုယ် ကိုပယ်ရှင်း ၍၊ လက် ဖြင့်မလုပ်သော အရေဖျားလှီး ခြင်းကို ထိုသခင် ၌ သင်တို့သည် ခံကြသည်ဖြစ်၍၊
12 buried with him in baptism, in which ye have been also raised with [him] through faith of the working of God who raised him from among the dead.
၁၂ဗတ္တိဇံ အားဖြင့် ထိုသခင် နှင့်အတူသင်္ဂြိုဟ် ခြင်းကို ခံကြ၏။ ခရစ်တော် ကို သေ ခြင်းမှ ထမြောက် စေတော်မူသောဘုရားသခင် ၏ ပြုပြင်အားထုတ် တော်မူခြင်းကို ယုံကြည် သောအားဖြင့် ၊ ဗတ္တိဇံကိုခံ၍ ထိုသခင် နှင့်အတူ ထမြောက် ခြင်းသို့ ရောက်ကြ၏။။
13 And you, being dead in offences and in the uncircumcision of your flesh, he has quickened together with him, having forgiven us all the offences;
၁၃ဒုစရိုက် အပြစ်၌ ၎င်း၊ ဇာတိ ပကတိ၏ အရေဖျားလှီး ခြင်းကို မခံသောအဖြစ်၌၎င်း သေ လျက်ရှိ နေသော သင် တို့ကို ခရစ်တော် နှင့်အတူ အသက် ရှင်စေ၍၊ သင် တို့ အပြစ် ရှိသမျှ တို့ကို လွှတ် တော်မူ၏။။
14 having effaced the handwriting in ordinances which [stood out] against us, which was contrary to us, he has taken it also out of the way, having nailed it to the cross;
၁၄ငါ တို့နှင့်ဆန့်ကျင်ဘက် ဖြစ်သောဝိနည်း အထုံးအဖွဲ့ နှင့် စပ်ဆိုင်သောလက်မှတ်ကို ချေ ၍၊ လက်ဝါးကပ်တိုင် မှာ ရိုက် ထားလျက်၊ ငါ တို့စပ်ကြား ထဲက ပယ်ရှင်း တော်မူပြီ။။
15 having spoiled principalities and authorities, he made a show of them publicly, leading them in triumph by it.
၁၅အထွဋ်အမြတ် ၊ အာဏာစက် များကို လုယူ လျှင် ၊ ထင်ရှား စွာ ထုတ်ပြ ၍လက်ဝါးကပ်တိုင် တော်အားဖြင့် အောင်ပွဲ ကို ခံတော်မူပြီ။။
16 Let none therefore judge you in meat or in drink, or in matter of feast, or new moon, or sabbaths,
၁၆ထိုကြောင့် စား သောက် ခြင်းအမှု၊ ပွဲ နေ့၊ လ ဆန်းနေ့၊ ဥပုသ်နေ့ တို့ကို စောင့်ခြင်းအမှုတွင် သင် တို့ကို အဘယ်သူ မျှ မ စစ်ကြော မစီရင်စေနှင့်။။
17 which are a shadow of things to come; but the body [is] of Christ.
၁၇ထို အရာတို့သည် နောက်ဖြစ်လတံ့သော အရာတို့၏ အရိပ် ဖြစ် ကြ၏။ ကိုယ်မူကား ခရစ်တော် ၏ ကိုယ် ဖြစ်၏။။
18 Let no one fraudulently deprive you of your prize, doing his own will in humility and worship of angels, entering into things which he has not seen, vainly puffed up by the mind of his flesh,
၁၈ဦးခေါင်း တော်ကို အမှီ မ ပြု၊ ဇာတိ ပကတိ၏ စိတ် နှလုံးအချည်းနှီး ထောင်လွှား လျက်၊ မိမိ မသိ မမြင် သောအရာ ကို စူးစမ်း လျက်၊ စိတ် နှိမ့်ချခြင်း၌ ၎င်း၊ ကောင်းကင် တမန်ကို ကိုးကွယ် ခြင်း၌ ၎င်း မွေ့လျော် သောသူ တစ်စုံတစ်ယောက်မျှ သင် တို့ဆု ကို မ လုမယူစေနှင့်။။
19 and not holding fast the head, from whom all the body, ministered to and united together by the joints and bands, increases with the increase of God.
၁၉ဦးခေါင်း တော်မှ တစ်ကိုယ် လုံး သည် အဆစ် အပိုင်းအထုံးအဖွဲ့ များအားဖြင့် ၊ အားဖြည့် ၍ ထုံးဖွဲ့ လျက်၊ ဘုရားသခင် ၏ အလိုတော်နှင့်အညီ ကြီးပွား တတ်၏။။
20 If ye have died with Christ from the elements of the world, why as [if] alive in [the] world do ye subject yourselves to ordinances?
၂၀သင်တို့သည် ခရစ်တော် နှင့်အတူ သေ ၍ ၊ လောကီ တရားနု မှ စုတေ့ကြသည်မှန်လျှင်၊
21 Do not handle, do not taste, do not touch,
၂၁မ တို့ နှင့်၊ မ မြည်း နှင့်၊ မ ကိုင် နှင့်ဟူသော ပညတ်စကားကို လောကီ အသက် ရှင်သေးသကဲ့သို့ ၊ အဘယ်ကြောင့် နားထောင်ကြသနည်း။။
22 (things which are all for destruction in the using [of them]: ) according to the injunctions and teachings of men,
၂၂လူ တို့၏ ပညတ် ဩဝါဒ အတိုင်း စောင့်ရှောက် သော ထိုပညတ်ရှိသမျှ တို့သည် ပုပ်ပျက် စေခြင်းအကြောင်း ဖြစ် ကြ၏။။
23 (which have indeed an appearance of wisdom in voluntary worship, and humility, and harsh treatment of the body, not in a certain honour, ) to [the] satisfaction of the flesh.
၂၃ထိုသို့သောပညတ် တို့သည် ကိုယ် အသားကို ဝပြောစွာ ကျွေးမွေးခြင်းနှင့်မဆိုင်၊ ကိုယ်အလိုအလျောက်ကိုးကွယ် ခြင်း၊ စိတ် နှိမ့်ချခြင်း၊ ကိုယ် ကာယကို နှိပ်စက် ခြင်းနှင့်ဆိုင်၍ ၊ ပညာရှိ ယောင်ဆောင်ကြ၏။