< Acts 24 >
1 And after five days came down the high priest Ananias, with the elders, and a certain orator called Tertullus, and laid their informations against Paul before the governor.
၁ထိုနောက် ငါး ရက် လွန် သောအခါ၊ ယဇ်ပုရောဟိတ် မင်း အာနနိ သည် တေရတုလု အမည်ရှိသောရှေ့နေ မှစ၍ ၊ လူ အကြီးအကဲတို့နှင့်တကွ ကဲသရိမြို့သို့ သွားကြသဖြင့်၊ ပေါလု ၏အကြောင်းကို မြို့ဝန်မင်း ထံ၌လျှောက် ထားကြ၏။
2 And he having been called, Tertullus began to accuse, saying, Seeing we enjoy great peace through thee, and that excellent measures are executed for this nation by thy forethought,
၂ပေါလု ကိုခေါ် ပြီးမှ ၊ တေရတုလု သည် အပြစ်တင် သော စကားကိုလျှောက်ဆို သည်မှာ၊ မြတ် တော်မူသောဖေလဇ် မင်းအကျွန်ုပ်တို့သည် ဘုန်းတော်ကို ခိုလှုံ၍ အလွန် ငြိမ်သက် စွာ နေ ရသဖြင့်၊ ကိုယ်တော် ကြည့်ရှု ပြုစု တော်မူခြင်း ကျေးဇူးတော်ကို ဤ လူမျိုး သည် ခံရ ပါ သည်ဖြစ်၍ ၊
3 we receive [it] always and everywhere, most excellent Felix, with all thankfulness.
၃အရပ်ရပ် တို့၌ အကျွန်ုပ်တို့သည် အစဉ်မပြတ် ကျေးဇူး တော်ကို အလွန်သိ တတ်သော စိတ်နှင့်ခံရပါ၏။
4 But that I may not too much intrude on thy time, I beseech thee to hear us briefly in thy kindness.
၄အကျွန်ုပ်သည် ကိုယ်တော် ကိုကြာမြင့် စွာ နှောင့်ရှက် ခြင်း အပြစ်နှင့်လွတ် ခြင်းငှာ ၊ အကျဉ်း အားဖြင့်လျှောက်သောစကားကို ဖြည်းညှင်း သောစိတ်တော်နှင့် နားထောင် တော်မူမည်အကြောင်း အသနား တော်ခံပါ၏။
5 For finding this man a pest, and moving sedition among all the Jews throughout the world, and a leader of the sect of the Nazaraeans;
၅နာဇရက် ဘာသာဝင် သူတို့တွင် အကြီး လုပ်၍ အရပ်ရပ် တို့၌ ယုဒ လူအပေါင်း တို့ကို ထ စေခြင်းငှာနှိုးဆော် သော ဤ လူ ဆိုး ကို အကျွန်ုပ်တို့သည် တွေ့ ကြပါပြီ။
6 who also attempted to profane the temple; whom we also had seized, [and would have judged according to our law;
၆သူ သည် ဗိမာန် တော်ကို ရှုတ်ချ ခြင်းငှာပြု ပါပြီ။ အကျွန်ုပ်တို့သည် သူ့ ကိုဘမ်းဆီး ၍ ၊ အကျွန်ုပ်တို့ တရား အတိုင်းစီရင်ခြင်းငှာအလိုရှိကြသည်တွင်၊
7 but Lysias, the chiliarch, coming up, took [him] away with great force out of our hands,
၇စစ်သူကြီးလုသိသည် စစ်သူရဲများနှင့်လာ၍ အကျွန်ုပ်တို့ လက်မှနှုတ်ပြီးလျှင်၊
8 having commanded his accusers to come to thee; ] of whom thou canst thyself, in examining [him], know the certainty of all these things of which we accuse him.
၈အမှုလုပ်သောသူတို့ကို ကိုယ်တော်ထံသို့သွားစေမည်အကြောင်း စီရင်ပါ၏။ ဤသူ ကို ကိုယ်တော် တိုင် စစ် တော်မူလျှင်၊ အကျွန်ုပ် တို့အပြစ်တင် သောအကြောင်း အရာများ ကို သေချာစွာ သိ နိုင် တော်မူမည်ဟု လျှောက်ထား၏။
9 And the Jews also joined in pressing the matter against [Paul], saying that these things were so.
၉ယုဒ လူတို့ကလည်း ၊ ဤ စကားမှန် ပါသည်ဟု ဝန်ခံ ကြ၏။
10 But Paul, the governor having beckoned to him to speak, answered, Knowing that for many years thou hast been judge to this nation, I answer readily as to the things which concern myself.
၁၀မြို့ဝန်မင်း သည် အမှတ်ပေး ၍၊ ပေါလု သည် လျှောက် ရသော အခွင့်ကိုရလျှင်၊ ကိုယ်တော် သည် ဤ လူမျိုး ကို တာရှည် စွာအုပ်စိုး တော်မူသည်ကို အကျွန်ုပ်သိ ၍၊ သာယာ သောစိတ်နှင့်ကိုယ် အပြစ် ဖြေရာစကား ကို လျှောက်ဝံ့ပါ၏။
11 As thou mayest know that there are not more than twelve days since I went up to worship at Jerusalem,
၁၁အကျွန်ုပ် သည် ကိုးကွယ် ခြင်းငှာ ယေရုရှလင် မြို့ သို့ တက်သွား ၍၊ ယခု တစ်ဆယ့်နှစ် ရက် သာရှိ သည်ကို ကိုယ်တော် သိ နိုင် တော်မူ၏။
12 and neither in the temple did they find me discoursing to any one, or making any tumultuous gathering together of the crowd, nor in the synagogues, nor in the city;
၁၂ဗိမာန် တော်၌ တစ်စုံတစ်ယောက် သောသူနှင့် အကျွန်ုပ် ဆွေးနွေး ငြင်းခုံသည်ကို သူတို့မ တွေ့ ကြပါ။ တရားစရပ် တို့၌ ၎င်း၊ မြို့ ထဲ၌၎င်း၊ လူ များကို မ ငြိမ်မသက်စေခြင်းငှာအကျွန်ုပ်နှိုးဆော် သည်ကို သူတို့မတွေ့ကြပါ။
13 neither can they make good the things of which they now accuse me.
၁၃ယခု တွင်အကျွန်ုပ် ကို အပြစ်တင် သောအမှု ၌ သက်သေမ ပြနိုင် ကြ ပါ။
14 But this I avow to thee, that in the way which they call sect, so I serve my fathers' God, believing all things which are written throughout the law, and in the prophets;
၁၄သို့သော်လည်းဒိဌိအယူ ဟူ၍သူတို့ခေါ် တတ် သော ဘာသာ အတိုင်း အကျွန်ုပ်သည် မိ စဉ်ဘဆက်ကိုးကွယ် သော ဘုရားသခင် ကို ကိုးကွယ်သည်ဟု ရှေ့တော်၌ အကျွန်ုပ်ဝန်ခံ ပါ၏။ ပညတ္တိ ကျမ်း၊ အနာဂတ္တိ ကျမ်းတို့၌ စီရင်ရေး ထားသမျှ တို့ကို အကျွန်ုပ်ယုံ ပါ၏။
15 having hope towards God, which they themselves also receive, that there is to be a resurrection both of just and unjust.
၁၅ဖြောင့်မတ် သောသူ၊ မ ဖြောင့်မတ်သော သူရှိသမျှတို့သည် သေခြင်းမှ ထမြောက် ကြလိမ့်မည်ဟူ၍၊ သူ တို့မြော်လင့် သည်နည်းတူ ၊ အကျွန်ုပ်လည်း ဘုရားသခင် ကို အမှီပြု ၍ မြော်လင့် ပါ၏။
16 For this cause I also exercise [myself] to have in everything a conscience without offence towards God and men.
၁၆ထိုကြောင့် ၊ ဘုရားသခင် ကိုပြစ်မှားပြီ၊ လူ တို့ကို ပြစ်မှားပြီဟု ကိုယ်စိတ်နှလုံးသည်ကိုယ်၌ အပြစ်တင် ခွင့်နှင့် အစဉ်ကင်းလွတ်မည်အကြောင်း အကျွန်ုပ် သည် ကြိုးစား အားထုတ်ပါ၏။
17 And after a lapse of many years I arrived, bringing alms to my nation, and offerings.
၁၇နှစ် ပေါင်းများစွာ လွန်သောအခါ၊ အမျိုးသား ချင်းတို့အား စွန့်ကြဲ ပေးကမ်းခြင်းအမှု၊ ဘုရားသခင်အား ပူဇော် သက္ကာပြုခြင်းအမှုနှင့် အကျွန်ုပ်ရောက်လာ သည် တွင် ၊
18 Whereupon they found me purified in the temple, with neither crowd nor tumult. But it was certain Jews from Asia,
၁၈ဗိမာန် တော်၌ လူ အစုအဝေးမ ရှိ၊ ရုန်းရင်းခတ် မျှမ ပြုဘဲ၊ စင်ကြယ် ခြင်းကိုပြုလျက်ရှိသည်ကို၊ အာရှိ ပြည်က လာသောယုဒ လူ အချို့ တို့သည် တွေ့ ကြပါ၏။
19 who ought to appear before thee and accuse, if they have anything against me;
၁၉ထိုသူ တို့သည် အကျွန်ုပ် အပြစ်တင် စရာရှိ လျှင် ၊ အထံ တော် သို့ကိုယ်တိုင်လာ ၍အပြစ်တင် အပ်ပါ၏။
20 or let these themselves say what wrong they found in me when I stood before the council,
၂၀သို့မဟုတ် အကျွန်ုပ် သည် လွှတ် အရာရှိတို့ ရှေ့ မှာ ရှိ သောအခါ၊ သေ သောသူတို့သည် ထမြောက် ခြင်း အကြောင်း နှင့်၊
21 [other] than concerning this one voice which I cried standing amongst them: I am judged this day by you touching [the] resurrection of [the] dead.
၂၁အကျွန်ုပ် သည် သင် တို့ရှေ့ ၌ ယနေ့ စစ်ကြော စီရင်ခြင်းကို ခံရ၏ဟုကြွေးကြော် သော စကား သံ တစ် ခွန်း ကိုထားလျှင်၊ အကျွန်ုပ်၌ အဘယ် အပြစ် ကို တွေ့ ကြသည် ကို ယခုရှိသောဤ သူတို့သည် ပြော ကြပါစေဟု ပေါလု လျှောက်၏။
22 And Felix, knowing accurately the things concerning the way, adjourned them, saying, When Lysias the chiliarch is come down I will determine your affair;
၂၂ဖေလဇ် မင်းကလည်း၊ စစ်သူကြီး လုသိ ရောက်လာ သောအခါ ၊ သင် တို့အမှုကို ငါစစ် ဦးမည်ဟု ထိုဘာသာ ကိုသာ၍ နားလည် သောသူဖြစ်လျက်၊ မစီရင် ဘဲ သူ တို့ကို လွှတ် လိုက်၏။
23 ordering the centurion to keep him, and that he should have freedom, and to hinder none of his friends to minister to him.
၂၃ပေါလု ကို အကျဉ်း မထားဘဲစောင့် ၍နေစေ။ သူ ၏အဆွေအမျိုးတို့သည် သူ့ ထံသို့လာ၍ လုပ်ကျွေး ကြစေဟု တပ်မှူး ကိုမှာထား ၏။
24 And after certain days, Felix having arrived with Drusilla his wife, who was a Jewess, he sent for Paul and heard him concerning the faith in Christ.
၂၄ထိုနောက် များမကြာ၊ ဖေလဇ် မင်းသည် ယုဒ အမျိုးဖြစ် သော မိမိ ခင်ပွန်း ဒြုသိလေ နှင့်တကွ လာ ပြီးလျှင်၊ ပေါလု ကိုခေါ် ၍ ခရစ်တော် ကို ယုံကြည် ခြင်းနှင့်ယှဉ် သောစကားကို နားထောင် လေ၏။
25 And as he reasoned concerning righteousness, and temperance, and the judgment about to come, Felix, being filled with fear, answered, Go for the present, and when I get an opportunity I will send for thee;
၂၅ပေါလု သည် ဖြောင့်မတ် ခြင်းတရားနှင့် ကာမဂုဏ် ချုပ်တည်းခြင်းတရားကို၎င်း ၊ နောက်ဖြစ် လတံ့သော စစ်ကြော စီရင်ခြင်းကို၎င်း ဟောပြော လျှင်၊ ဖေလဇ် မင်းသည် ကြောက်လန့် ခြင်းသို့ရောက်၍၊ ယခု သွား ဦးလော့။ နောက်မှအဆင်သင့်သောအခါငါခေါ် ဦးမည်ဟု ဆို ၏။
26 hoping at the same time that money would be given him by Paul: wherefore also he sent for him the oftener and communed with him.
၂၆ပေါလု သည် မိမိ လွတ်ရအောင် ငွေ ပေး မည်ဟု ထို မင်းသည်ထင်မှတ် လျက် ၊ မကြာမကြာ ပေါလု ကို ခေါ် ၍ သူ နှင့်စကား ပြောလေ၏။
27 But when two years were completed, Felix was relieved by Porcius Festus as his successor; and Felix, desirous to oblige the Jews, to acquire their favour, left Paul bound.
၂၇နှစ် နှစ်စေ့ သောအခါ ပေါကိ ဖေတ္တု သည် ဖေလဇ် မင်း၏အရာ ကို ရ သဖြင့်၊ ဖေလဇ် မင်းသည် ယုဒ လူတို့အား ကျေးဇူး ပြု လို သောစိတ်နှင့် ပေါလု ကို အကျဉ်း ထားရစ် စေ၏။