< 2 Chronicles 16 >

1 In the thirty-sixth year of the reign of Asa, Baasha king of Israel came up against Judah, and built Ramah, in order to let none go out or come in to Asa king of Judah.
အာသ မင်းနန်းစံ သုံးဆယ် ခြောက် နှစ် တွင် ၊ ဣသရေလ ရှင်ဘုရင် ဗာရှာ သည် ယုဒ ပြည်သို့ စစ်ချီ ၍ ၊ ယုဒ ရှင်ဘုရင် အာသ ထံ သို့ အဘယ်သူ မျှမထွက်မဝင်စေခြင်းငှါ၊ ရာမ မြို့ကိုတည် ၏။
2 And Asa brought out silver and gold out of the treasures of the house of Jehovah and of the king's house, and sent to Ben-hadad king of Syria, who dwelt at Damascus, saying,
ထိုအခါ ဗိမာန် တော် ဘဏ္ဍာ နှင့် နန်းတော်ဘဏ္ဍာတည်းဟူသောရွှေ ငွေ ရှိသမျှကို၊ အာသ သည် ထုတ် ၍၊ ဒမာသက် မြို့၌ နေ သော ရှုရိ ရှင်ဘုရင် ဗင်္ဟာဒဒ် ထံသို့ ပေး လိုက်၍၊
3 There is a league between me and thee, and between my father and thy father: behold, I send thee silver and gold; go, break thy league with Baasha king of Israel, that he may depart from me.
ငါ သည်သင် နှင့် ၎င်း၊ ငါ့ ခမည်းတော် သည် သင့် ခမည်းတော် နှင့် ၎င်း၊ မိဿဟာယဖွဲ့ခြင်းရှိသည်ဖြစ်၍၊ ရွှေ ငွေ ကို ငါပေး လိုက်၏။ ဣသရေလ ရှင်ဘုရင် ဗာရှာ သည် ငါ့ ထံမှ ထွက် သွားစေခြင်းငှါ ၊ သူနှင့်ဖွဲ့သော မိဿဟာယကို ဖျက်၍လာ ပါဟု မှာလိုက်လေ၏။
4 And Ben-hadad hearkened to king Asa, and sent the captains of his forces against the cities of Israel; and they smote Ijon and Dan and Abelmaim, and all the store-magazines of the cities of Naphtali.
အာသ မင်းကြီး ၏ စကားကို ဗင်္ဟာဒဒ် သည် နားထောင် ၍ ၊ ဣသရေလ မြို့ ရွာတို့ကို စစ်ချီ စေခြင်းငှါ ၊ မိမိ ဗိုလ် များကို စေလွှတ် သဖြင့် ၊ သူတို့သည်ဣယုန် မြို့၊ ဒန် မြို့၊ အာဗေလမိမ် မြို့မှစ၍ ၊ နဿလိ ပြည်၌ရှိသမျှ သော ဘဏ္ဍာ မြို့ တို့ကို လုပ်ကြံ ကြ၏။
5 And it came to pass when Baasha heard of it, that he left off building Ramah, and let his work cease.
ထိုသိတင်းကို ဗာရှာ သည်ကြား သောအခါ ၊ ရာမ မြို့ကို လက်စမသတ်ဘဲ အလုပ် ကိုဖြတ် ၍နေ၏။
6 And king Asa took all Judah; and they carried away the stones and the timber from Ramah, with which Baasha had been building, and he built with them Geba and Mizpah.
ထိုအခါ အာသ မင်းကြီး သည် ယုဒ လူအပေါင်း ကို ခေါ် သဖြင့် ၊ ရာမ မြို့၌ ဗာရှာ မင်းသွင်း သော ကျောက် နှင့် သစ်သား ကိုယူ သွား၍၊ ဂေဘ မြို့နှင့် မိဇပါ မြို့ကိုတည် ၏။
7 And at that time Hanani the seer came to Asa king of Judah, and said unto him, Because thou hast relied on the king of Syria, and hast not relied on Jehovah thy God, therefore has the army of the king of Syria escaped out of thy hand.
ထိုအခါ ပရောဖက် ဟာနန် သည် ယုဒ ရှင်ဘုရင် အာသ ထံ သို့လာ ၍ ၊ မင်းကြီးသည် မိမိ ဘုရားသခင် ထာဝရဘုရား ကို မ ခိုလှုံ ၊ ရှုရိ ရှင်ဘုရင် ကို ခိုလှုံ သောကြောင့် ၊ ရှုရိ ရှင် ဘုရင်၏ ဗိုလ်ခြေ တို့သည် မင်းကြီး လက် မှ လွတ် သွားကြပြီ။
8 Were not the Ethiopians and the Libyans a huge army, with very many chariots and horsemen? but when thou didst rely on Jehovah, he delivered them into thy hand.
ကုရှ လူနှင့် လိဗု လူတို့သည် ရထား များ၊ မြင်းစီး သူရဲများနှင့်တကွ ၊ အားကြီး သော အလုံး အရင်းဖြစ် သည် မ ဟုတ်လော။သို့သော်လည်းမင်းကြီးသည် ထာဝရဘုရား ကို ခိုလှုံ သောကြောင့် ၊ ထိုအလုံးအရင်းကို မင်းကြီးလက် သို့ အပ်နှံ တော်မူပြီ။
9 For the eyes of Jehovah run to and fro through the whole earth, to shew himself strong in the behalf of those whose heart is perfect toward him. Herein thou hast done foolishly; for from henceforth thou shalt have wars.
ထာဝရဘုရား သည် စုံလင် သော စေတနာစိတ် ရှိသောသူ တို့ဘက် ၌၊ ခိုင်ခံ့ စွာ နေခြင်းငှါ ၊ မြေကြီး တပြင်လုံး ကို အနှံ့အပြား ကြည့်ရှု လျက် ရှိတော်မူ၏။ ဤ အမှု၌ မင်းကြီးသည် မိုက် စွာပြုပြီ။ ယခု မှစ၍ စစ်မှု ရှိ လိမ့်မည်ဟု ဆို၏။
10 And Asa was wroth with the seer, and put him in the prison; for he was enraged with him because of this. And Asa oppressed some of the people at the same time.
၁၀ထိုသို့ဆိုသောကြောင့် ၊ အာသ သည် ပရောဖက် ကို အမျက် ထွက်၍ ထောင် ထဲမှာ လှောင် ထား၏။ ထို ကာလ ၌ ပြည်သူ ပြည်သားအချို့တို့ကိုလည်း ညှဉ်းဆဲ ၏။
11 And behold the acts of Asa, first and last, behold, they are written in the book of the kings of Judah and Israel.
၁၁အာသ မင်းပြုမူသော အမှု အရာအစ အဆုံး တို့ သည်၊ ဣသရေလ ရာဇဝင် နှင့် ယုဒ ရာဇဝင်၌ ရေးထား လျက်ရှိ၏။
12 And Asa in the thirty-ninth year of his reign was diseased in his feet, until his disease was extremely great; yet in his disease he did not seek Jehovah, but the physicians.
၁၂နန်းစံ သုံးဆယ် ကိုး နှစ် တွင် ၊ ခြေ တော်၌ အနာ ရောဂါစွဲ ၍ ပြင်းစွာ ခံရသော်လည်း ၊ ထာဝရဘုရား ကို မ ဆည်းကပ် ၊ ဆေး သမားတို့ကိုသာ ဆည်းကပ်လေ၏။
13 And Asa slept with his fathers, and died in the one-and-fortieth year of his reign.
၁၃အာသ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ နန်းစံ လေးဆယ် တ နှစ် တွင် အနိစ္စ ရောက်သဖြင့်၊
14 And they buried him in his own sepulchre, which he had excavated for himself in the city of David, and laid him in a bed filled with spices, a mixture of divers kinds prepared by the perfumer's art; and they made a very great burning for him.
၁၄ဒါဝိဒ် မြို့ မှာ မိမိ အဘို့ မိမိ လုပ် နှင့်သော သင်္ချိုင်း ၌ ၊ ပြည်သားတို့သည် သင်္ဂြိုဟ် သောအခါ ၊ မွှေးကြိုင်သော နံ့သာမျိုးတို့ကို၊ ဆေးသမား အတတ်ဖြင့် ဘော် ၍ ၊ တလား၌ အပြည့်ထည့်ပြီးလျှင်၊ အလောင်း တော်ကို တင် ထားကြ၏။ အလွန် ကြီး သောမီးရှို့ ပွဲကိုလည်း ခံ ကြ၏။

< 2 Chronicles 16 >