< 2 Chronicles 1 >
1 And Solomon the son of David was strengthened in his kingdom, and Jehovah his God was with him and magnified him exceedingly.
၁ဒါဝိဒ် ၏သား တော်ရှောလမုန် သည်၊ မိမိ ဘုရားသခင် ထာဝရဘုရား မစတော်မူခြင်း၊ အလွန်ချီးမြှောက် တော်မူခြင်းကျေးဇူးကြောင့်၊ မိမိအာဏာတော် တည်ကြည် မြဲမြံသောအခါ၊
2 And Solomon spoke to all Israel, to the captains of thousands and of hundreds, and to the judges, and to all the princes of all Israel, the chief fathers;
၂လူတထောင် အုပ်၊ တရာ အုပ်၊ တရားသူကြီး ၊ ဣသရေလ မင်း အပေါင်း တို့နှင့် အဆွေအမျိုးသူကြီး အစ ရှိသောဣသရေလ အမျိုးသားအပေါင်း တို့ကို ခေါ် ၍၊
3 and Solomon, and all the congregation with him, went to the high place at Gibeon; for there was God's tent of meeting which Moses the servant of Jehovah had made in the wilderness.
၃တော ၌ ထာဝရဘုရား ၏ကျွန် မောရှေ လုပ် ခဲ့ သော ဘုရားသခင် ၏ပရိသတ် စည်းဝေးရာ တဲ တော်သည် ဂိဗောင် မြို့တွင် မြင့် သောအရပ်၌ ရှိသည်ဖြစ်၍ထို အရပ် သို့ ပရိသတ် အပေါင်း တို့နှင့်အတူ သွား တော်မူ၏။
4 But the ark of God had David brought up from Kirjath-jearim to the [place] that David had prepared for it; for he had spread a tent for it at Jerusalem.
၄ဘုရားသခင် ၏ သေတ္တာ တော်ကို ကား ဒါဝိဒ် ပြင်ဆင် သောအရပ်၊ ယေရုရှလင် မြို့၌ ဆောက် နှင့် သောတဲ သို့ ကိရယတ်ယာရိမ် မြို့မှ ဆောင် ခဲ့သော်လည်း၊
5 And the brazen altar that Bezaleel the son of Uri, the son of Hur, had made, was there before the tabernacle of Jehovah; and Solomon and the congregation sought unto it.
၅ဟုရ သား ဖြစ်သော ဥရိ ၏သား ဗေဇလေလ လုပ် ခဲ့သော ကြေးဝါ ယဇ် ပလ္လင်ကို ထာဝရဘုရား ၏ တဲ တော်ရှေ့ မှာထား သောကြောင့်၊ ရှောလမုန် နှင့် ပရိသတ် တို့သည် ထိုယဇ်ပလ္လင်သို့ သွားကြ၏။
6 And Solomon offered there upon the brazen altar before Jehovah which was at the tent of meeting; and he offered up a thousand burnt-offerings upon it.
၆ထိုသို့ ပရိသတ်စည်းဝေး ရာတဲ တော်ရှေ့ ၊ ထာဝရဘုရား ရှေ့ တော်၌ရှိသောကြေးဝါ ယဇ် ပလ္လင်သို့ ရှောလမုန် ရောက် ၍ ထိုပလ္လင် ပေါ် မှာ မီးရှို့ ရာယဇ်တထောင် ကို ပူဇော် လေ၏။
7 In that night God appeared to Solomon, and said to him, Ask what I shall give thee.
၇ထို ညဉ့် တွင် ဘုရားသခင် သည် ရှောလမုန် အား ထင်ရှား လျက် ၊ ငါပေး ရမည့်ဆုကို တောင်း လော့ဟု မိန့် တော်မူ၏။
8 And Solomon said to God, Thou hast shewn unto David my father great loving-kindness, and hast made me king in his stead.
၈ရှောလမုန် ကလည်း ၊ ကိုယ်တော် သည် အကျွန်ုပ် အဘ ဒါဝိဒ် ၌ များစွာ သော ကျေးဇူး ကိုပြု တော်မူပြီ။ အဘ အရာ ၌လည်း အကျွန်ုပ် ကို နန်းထိုင် စေတော်မူပြီ။
9 Now, Jehovah Elohim, let thy word unto David my father be firm; for thou hast made me king over a people numerous as the dust of the earth.
၉ယခု မှာ အိုထာဝရ အရှင်ဘုရားသခင် ၊ မြေမှုန့် များသကဲ့သို့ အရေအတွက်အားဖြင့်များပြား သော လူ တို့၏ ရှင် ဘုရင်အရာ၌ အကျွန်ုပ် ကို ချီးမြှောက်တော်မူသောကြောင့် အဘ ဒါဝိဒ် ၌ ထားသော ဂတိတော် ကို တည် စေတော်မူပါ။
10 Give me now wisdom and knowledge, that I may go out and come in before this people; for who can judge this thy great people?
၁၀အကျွန်ုပ် သည် ဤ လူ တို့ရှေ့ မှာထွက် ဝင်နိုင် မည်အကြောင်း ဉာဏ် ပညာ ကို ပေး သနားတော်မူပါ။ ဤ မျှလောက်များစွာ သော ကိုယ်တော် ၏ လူ တို့ကို အဘယ်သူ သည် ကိုယ်အလိုအလျောက်တရား စီရင်နိုင်ပါမည်နည်းဟု တောင်း လျှောက်၏။
11 And God said to Solomon, Because this was in thy heart, and thou hast not asked riches, wealth, or honour, nor the life of them that hate thee, neither yet hast asked long life; but hast asked for thyself wisdom and knowledge, that thou mayest judge my people, over whom I have made thee king:
၁၁ဘုရားသခင် ကလည်း ၊ သင်သည် ထိုသို့အောက်မေ့ ၍ စည်းစိမ် ဥစ္စာ ဂုဏ် အသရေကို မတောင်း၊ ရန်သူ တို့ ၏ အသက် ကိုလည်း မ တောင်း ၊ တာရှည် သော အသက် ကိုလည်း မ တောင်း ၊ ငါခန့်ထား၍ သင်အစိုး ရသောငါ ၏ လူမျိုး ကို တရားစီရင်ခြင်းငှါတတ်နိုင်သော ဉာဏ် ပညာ ကိုသာ ကိုယ် အဘို့ တောင်း သောကြောင့် ၊ ဉာဏ် ပညာကို ငါပေး ၏။
12 wisdom and knowledge are granted unto thee; and I will give thee riches and wealth and honour, such as none of the kings have had that have been before thee, neither shall any after thee have the like.
၁၂ထိုမှတပါး သင့် ရှေ့ မှာဖြစ် ဘူးသော ရှင်ဘုရင်နှင့် သင့် နောက် ၌ ဖြစ် လတံ့ သော ရှင်ဘုရင် တယောက်မျှ မမှီနိုင်မည်အကြောင်း၊ စည်းစိမ် ဥစ္စာ ၊ ဂုဏ် အသရေကိုလည်း ငါပေး မည်ဟု မိန့်တော်မူ၏။
13 Then Solomon came back [from] the high place at Gibeon to Jerusalem, from before the tent of meeting, and reigned over Israel.
၁၃ထိုအခါ ရှောလမုန် သည် ဂိဗောင် မြို့တွင် မြင့် သောအရပ်၌ ရှိသောပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ မှ သည် ယေရုရှလင် မြို့သို့ ပြန် သွား၍ ၊ ဣသရေလ ပြည်ကို အုပ်စိုး လျက်နေတော်မူ၏။
14 And Solomon gathered chariots and horsemen; and he had a thousand four hundred chariots and twelve thousand horsemen; and he placed them in the chariot-cities, and with the king at Jerusalem.
၁၄ထိုနောက် ရှောလမုန် သည် ရထား များ၊ မြင်းစီး သူရဲများကို ဆည်းဖူး ၍ ၊ ရထား တထောင် နှင့် လေး ရာ ၊ မြင်းစီး သူရဲတသောင်း နှစ် ထောင်ရှိ ၏။ ရထား ထိန်းမြို့ တို့ ၌ ၎င်း၊ ယေရုရှလင် မြို့ အထံတော်၌ ၎င်း ထား ၏။
15 And the king made silver and gold in Jerusalem as stones, and cedars made he as the sycamores that are in the lowland for abundance.
၁၅ရှင် ဘုရင်သည် ယေရုရှလင် မြို့၌ ရွှေ ငွေ ကို ကျောက်ခဲ ကဲ့သို့ ၎င်း ၊ အာရဇ် ပင်တို့ကို လွင်ပြင် ၌ ပေါက် သော သဖန်း ပင်ကဲ့သို့ ၎င်း၊ များပြား စေ ၏။
16 And the exportation of horses that Solomon had was from Egypt: a caravan of the king's merchants fetched a drove [of horses], at a price.
၁၆ရှောလမုန် ထံသို့ မြင်း များကို အဲဂုတ္တု ပြည်၊ ကော မြို့မှ ဆောင် ခဲ့ရ၏။ ရှင်ဘုရင် ကုန်သည် တို့သည် အဘိုး ပေးလျက် ၊ ကော မြို့၌ ခံယူ ရကြ၏။
17 And they fetched up and brought forth out of Egypt a chariot for six hundred [shekels] of silver, and a horse for a hundred and fifty; and so they brought [them] by their means, for all the kings of the Hittites and for the kings of Syria.
၁၇အဲဂုတ္တု ပြည်မှ ရထား တခုကိုငွေ ခြောက် ပိဿာ နှင့် ၎င်း၊ မြင်း တစီးကို တပိဿာ ငါးဆယ် နှင့် ၎င်း ရောင်းမြဲရှိ၏။ ထိုသို့ ဟိတ္တိ မင်းကြီး နှင့် ၊ ရှုရိ မင်းကြီး အပေါင်း တို့သည် အဲဂုတ္တု ရထားနှင့် မြင်းတို့ကိုရတတ်ကြ၏။