< Zephaniah 1 >
1 The word of the Lord that came to Zephaniah the son of Cushi, the son of Gedaliah, the son of Amariah, the son of Hezekiah, in the days of Josiah the son of Amon, king of Judah.
၁ယုဒ ရှင်ဘုရင် အာမုန် သား ယောရှိ မင်းလက်ထက် ၊ ဟိဇကိ ၊ အာမရိ ၊ ဂေဒလိ တို့မှ ဆင်းသက်သော ကုရှိ ၏သား ဇေဖနိ သို့ ရောက် လာသော ထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား၊
2 While gathering, I will gather together all things from the face of the earth, says the Lord.
၂ပြည် တပြည်လုံး ၌ ရှိလေသမျှ တို့ကို အကုန်အစင် ငါသုတ်သင်ပယ်ရှင်း မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
3 I will gather man and cattle; I will gather the flying things of the air and the fish of the sea. And the impious will be a catastrophe. And I will disperse men before the face of the earth, says the Lord.
၃လူ နှင့် တိရစ္ဆာန် တို့ကို ပယ်ရှင်း မည်။ မိုဃ်း ကောင်းကင် ငှက် နှင့် ပင်လယ် ငါး တို့ကို၎င်း၊ အဓမ္မ လူတို့ နှင့်တကွ ပြစ်မှား စရာအကြောင်းတို့ကို၎င်းငါပယ်ရှင်းမည်။ မြေ တပြင်လုံး ၌ ရှိသောလူ သတ္တဝါတို့ကိုလည်း ငါ ပယ်ရှင်း မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
4 And I will extend my hand over Judah and over all the inhabitants of Jerusalem. And I will disperse from this place the remnant of Baal, and the names of the administrators along with the priests,
၄ယုဒ ပြည်သူ၊ ယေရုရှလင် မြို့ သားအပေါင်း တို့ကို ငါတိုက် ၍ ၊ ဤ အရပ် ၌ ကျန် ကြွင်းသော ဗာလ ဘုရား၏ တပည့်တို့နှင့် ယဇ် ပုရောဟိတ်အမျိုးမျိုးတို့ကို၎င်း ၊
5 and those who adore the military campaign over the ceiling of the sky, both those who adore and swear by the Lord, and those who swear by Melchom,
၅ကောင်းကင် တန်ဆာ များကို အိမ်မိုး ပေါ် မှာ ကိုးကွယ် သောသူ၊ ထာဝရဘုရား နှင့် မာလခံ ဘုရားကို တိုင်တည် လျက် ကျိန်ဆိုကိုးကွယ် သောသူတို့ ကို၎င်း ၊
6 both those who turn aside from following after the Lord, and those who have not sought the Lord, nor inquired about him.
၆ထာဝရဘုရား ၏နောက် တော်သို့ မလိုက်၊ ဆုတ် သွားသောသူ၊ ထာဝရဘုရား ကို မ ရှာဖွေ ၊ မ မေးမြန်း သောသူတို့ ကို၎င်း ငါပယ်ရှင်း မည်။
7 Be silent before the face of the Lord God. For the day of the Lord is near; for the Lord has prepared a victim, he has sanctified those he has called.
၇အရှင် ထာဝရဘုရား ၏ရှေ့ တော်၌ ငြိမ်ဝပ် စွာ နေကြလော့။ ထာဝရဘုရား ၏နေ့ နီး ပြီ။ ထာဝရဘုရား သည် မိမိယဇ် ပွဲတော်ကို ပြင်ဆင် ၍၊ ပွဲဝင် သောသူတို့ ကို သန့်ရှင်းစေတော်မူပြီ။
8 And this shall be: in the day of the victim of the Lord, I will visit upon the leaders, and upon the sons of the king, and upon all who have been clothed with strange garments.
၈ထာဝရဘုရား ပွဲခံတော်မူသောနေ့ ၌ မင်း များ၊ ဆွေ တော် မျိုးတော်များနှင့် ထူးခြားစွာ ဝတ် သောသူများ အပေါင်း တို့ကို ငါစစ်ကြော မည်။
9 And I will visit upon all who enter arrogantly over the threshold in that day, those who fill the house of the Lord their God with iniquity and deceit.
၉သူတပါး၏အိမ်တံခါးခုံ ကို ကျော် ၍ အနိုင်အထက် ပြုခြင်း၊ လှည့်စား ခြင်းအားဖြင့်ရသောဥစ္စာနှင့် မိမိ သခင် ၏ အိမ် ကို ပြည့် စေသောသူအပေါင်း တို့ကိုလည်း ထို နေ့ ၌ ငါစစ်ကြော မည်။
10 And this shall be in that day, says the Lord: the voice of an outcry from the fish gate, and a howling from the Second, and a great contrition from the hills.
၁၀ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို နေ့ ၌ ငါး တံခါးဝ မှာ အော်ဟစ် သံ ကို၎င်း ၊ ဒုတိယ မြို့၌ ငိုကြွေး မြည်တမ်းသံကို၎င်း ၊ တောင်ရိုး ၌ ပြင်း စွာချိုးဖျက် သံကို၎င်း ကြားရ၏။
11 Howl, inhabitants of the Pillar. All the people of Canaan have fallen silent. All were ruined who had been wrapped in silver.
၁၁မတ္တေရှ အရပ် သားတို့၊ ငိုကြွေး မြည်တမ်းကြလော့ ။ ကုန်သည် အပေါင်း တို့သည် ပြတ် ကြပြီ။ ငွေ ကို ဆောင် သောသူအပေါင်း တို့သည် ဆုံး ကြပြီ။
12 And this shall be in that time: I will scrutinize Jerusalem with lamps, and I will visit upon the men who have become stuck in the dregs, who say in their hearts, “The Lord will not do good, and he will not do evil.”
၁၂ထို ကာလ ၌ ငါသည် မီးခွက် ကို ကိုင်၍ ယေရုရှလင် မြို့ကို စစ်ကြောမည်။ ထာဝရဘုရား သည် ကျေးဇူး ကိုလည်း မ ပြု၊ အပြစ် ကိုလည်း မ ပေးဟု အောက်မေ့ လျက်၊ မိမိ တို့အနည် အဖတ်ပေါ် ၌ နေရာ ကျသောသူ တို့ ကို ငါစစ်ကြော မည်။
13 And their strength will be in plundering, and their houses in the desert. And they will build houses and not dwell in them, and they will plant vineyards and not drink their wine.
၁၃ထိုသူ တို့၏ဥစ္စာ ကို သူတပါးလုယူ ၍ ၊ သူ တို့၏ နေရာ သည် လူဆိတ်ညံ လျက် ရှိ လိမ့်မည်။ အိမ် ကို ဆောက် သော်လည်း မ နေ ရကြ။ စပျစ် ဥယျာဉ်ကို စိုက် သော်လည်း စပျစ်ရည် ကို မ သောက် ရကြ။
14 The great day of the Lord is near; it is near and exceedingly swift. The voice of the day of the Lord is bitter; the strong will be tested there.
၁၄ထာဝရဘုရား ၏နေ့ ကြီး နီး ပြီ။ နီး ပြီ။ အလျင်အမြန် လာ၏။ ထာဝရဘုရား ၏ နေ့ သိတင်း သည် နား၌ ခါး ၏။ ထိုနေ့၌ သူရဲ သည် အော်ဟစ် လိမ့်မည်။
15 That day is a day of wrath, a day of tribulation and anguish, a day of calamity and misery, a day of darkness and gloom, a day of clouds and whirlwinds,
၁၅ထို နေ့ သည် အမျက် ထွက်သောနေ့ ၊ ဆင်းရဲ ပူပန် ခြင်းကို ခံရသောနေ့ ၊ သုတ်သင် ပယ်ရှင်းဖျက်ဆီး ရာနေ့ ၊ အလင်း ကွယ်၍ မှောင်မိုက် သောနေ့ ၊ မိုဃ်းအုံ့ ၍ ထူထပ် သောမှောင်မိုက် ဖုံးလွှမ်းသောနေ့ ၊
16 a day of the trumpet and the trumpet blast over fortified cities and over exalted ramparts.
၁၆ခိုင်ခံ့ သောမြို့ ၊ မြင့် သောရဲတိုက် တို့တဘက် ၌ တံပိုး မှုတ်၍ ကြွေးကြော် ရာနေ့ ဖြစ်၏။
17 And I will trouble men, and they will walk like the blind, because they have sinned against the Lord. And their blood will be poured out like soil, and their bodies like manure.
၁၇သူတို့သည် ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ သူ တို့ကို ငါညှဉ်းဆဲ သဖြင့် မျက်စိ မမြင်သော သူကဲ့သို့ သွား ကြလိမ့်မည်။ သူ တို့အသွေး ကို မြေမှုန့် ကဲ့သို့ သွန်း ၍ အသား ကိုလည်း မစင် ကဲ့သို့ မှတ်ကြလိမ့်မည်။
18 Neither their silver, nor their gold, will be able to free them in the day of the wrath of the Lord. All the land will be devoured in the fire of his zeal, for with all speed, he will bring to consummation every inhabitant of the land.
၁၈ထာဝရဘုရား အမျက် ထွက်တော်မူသောနေ့ ၌ သူ တို့ရွှေ ငွေ သည် သူ တို့ကို မ ကယ်တင် နိုင် ရာ။ ဒေါသ အမျက်တော်မီး သည် တပြည်လုံး ကို လောင် လိမ့်မည်။ ပြည်သူ ပြည်သားအပေါင်း တို့ကို အလျင်အမြန် စီရင် ၍ အကုန်အစင် သုတ်သင်ပယ်ရှင်းတော်မူလိမ့်မည်။