< Psalms 52 >
1 Unto the end. The understanding of David. When Doeg the Edomite came and reported to Saul, David went to the house of Ahimelech. Why do you glory in malice, you who are powerful in iniquity?
၁အားကြီးသော အချင်းလူ၊ သင်သည်သူ့အကျိုး ကို ဖျက်ခြင်းအမှု၌ အဘယ်ကြောင့် ဝါကြွားသနည်း။ ဘုရားသခင်၏ ကရုဏာတော်သည် အစဉ်မပြတ် တည်၏။
2 All day long your tongue thinks up injustice. Like a sharp razor, you have wrought deceit.
၂သင်၏လျှာသည် ထက်သောသင်တုန်းကဲ့သို့ လှည့်စားသဖြင့်၊ သူ့အကျိုးကို ဖျက်ခြင်းအမှုကို ပြုစု တတ်၏။
3 You have loved malice above goodness, and iniquity more than speaking righteousness.
၃သင်သည် သုစရိုက်ထက်ဒုစရိုက်ကို၎င်း၊ ဖြောင့် မတ်သောစကား ထက်မုသာစကားကို၎င်း သာ၍ နှစ်သက်တတ်၏။
4 You have loved all precipitous words, you deceitful tongue.
၄အိုလှည့်စားတတ်သောလျှာ၊ သင်သည် ပျက်စီး သော စကားရှိသမျှတို့ကို နှစ်သက်တတ်၏။
5 Because of this, God will destroy you in the end. He will pull you up, and he will remove you from your tabernacle and your root from the land of the living.
၅အကယ်စင်စစ် ဘုရားသခင်သည် သင့်ကို အစဉ်အမြဲ ချိုးဖျက်ပယ်ရှင်းလျက်၊ သင်၏နေရာထဲက နှင်ထုတ်၍၊ အသက်ရှင်သောသူတို့၏ နေရာထဲက နှုတ်ပစ်တော်မူမည်။
6 The just will see and be afraid, and they will laugh over him, and say:
၆ဖြောင့်မတ်သော သူတို့သည်မြင်၍ ကြောက်ရွံ့ ကြလိမ့်မည်။
7 “Behold the man who did not set God as his helper. But he hoped in the multitude of his riches, and so he prevailed in his emptiness.”
၇ဘုရားသခင်ကိုမခိုလှုံ၊ မိမိဥစ္စာကြွယ်ဝခြင်း၌ ကိုးစား၍၊ မိမိဒုစရိုက်၌ခိုင်ခံ့သော သူကို ကြည့်ပါဟူ၍ သူ၌ရယ်ကြလိမ့်မည်။
8 But I, like a fruitful olive tree in the house of God, have hoped in the mercy of God unto eternity, and forever and ever.
၈ငါမူကား၊ ဘုရားသခင်၏အိမ်တော်၌ စိမ်းလန်း သောသံလွင်ပင်ကဲ့သို့ဖြစ်၍၊ ဘုရားသခင်၏ ကရုဏာ တော်၌ ကာလအစဉ်အမြဲကိုးစားမည်။
9 I will confess to you forever, because you have accomplished it. And I will wait on your name, for it is good in the sight of your saints.
၉ကိုယ်တော်စီရင်တော်မူသောကြောင့်၊ အကျွန်ုပ် သည် ကိုယ်တော်ကို ကာလအစဉ်အမြဲ ချီးမွမ်းပါမည်။ ကောင်းမြတ်တော်မူသောကြောင့်၊ ကိုယ်တော်၏သန့်ရှင်း သူတို့ရှေ့မှာ နာမတော်ကို မြော်လင့်ပါမည်။ ဒါဝိဒ်သည် အဟိမလက်အိမ်သို့ရောက်ကြောင်းကို ဧဒုံအမျိုးသား ဒေါဂသည် ရှောလုထံသို့လာ၍ လျှောက်သောအခါ စပ်ဆိုသော ဆာလံ။