< Numbers 5 >

1 And the Lord spoke to Moses, saying:
ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊
2 “Instruct the sons of Israel to cast out of the camp every leper, and those who have a flow of seed, and those who have been polluted because of the dead;
``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ကိုယ်​ရေ ပြား​ရော​ဂါ​စွဲ​သော​သူ​သို့​မ​ဟုတ်​ရိ​နာ​စွဲ သော​သူ၊ လူ​သေ​ကောင်​နှင့်​ထိ​မိ​သ​ဖြင့်​မ​သန့် စင်​သော​သူ​တို့​ကို စ​ခန်း​အ​ပြင်​သို့​နှင်​ထုတ် ရန်​ဆင့်​ဆို​လော့။-
3 cast out of the camp both male and female, lest they contaminate it while I am dwelling with you.”
ငါ​၏​လူ​မျိုး​တော်​နှင့်​အ​တူ​ငါ​ရှိ​ရာ​စ​ခန်း ကို​မ​ညစ်​ညူး​စေ​ရန် ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​မ​သန့်​စင်​သူ​တို့​ကို​စ​ခန်း​အ​ပြင်​သို့ နှင်​ထုတ်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
4 And the sons of Israel did so, and they cast them out, beyond the camp, just as the Lord had spoken to Moses.
ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မ​သန့်​စင် သူ​တို့​ကို​စ​ခန်း​အ​ပြင်​သို့​နှင်​ထုတ်​လိုက် ကြ​၏။
5 And the Lord spoke to Moses, saying:
ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​လိုက်​နာ​ရန် အောက်​ပါ​ညွှန်​ကြား​ချက်​များ ကို​မော​ရှေ​အား​ပေး​တော်​မူ​၏။ တစ်​စုံ​တစ်​ယောက် သည်​အ​ခြား​သူ​တစ်​ဦး​အား မ​တော်​မ​တ​ရား ပြု​၍​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​ကို ချိုး​ဖောက်​လျှင်၊-
6 “Say to the sons of Israel: A man or a woman, when they have done anything out of all the sins that often befall men, or if, by negligence, they have transgressed the commandment of the Lord, and so have committed an offense,
7 they shall confess their sin, and they shall restore the principle itself, plus a fifth part above it, to any against whom they have sinned.
ထို​သူ​သည်​မိ​မိ​၏​အ​ပြစ်​ကို​ဝန်​ချ​တောင်း​ပန် ၍ မ​တော်​မ​တ​ရား​ပြု​ခြင်း​ခံ​ရ​သူ​အား​လျော် ကြေး​အ​ပြည့်​အ​ပြင် နှစ်​ဆယ်​ရာ​ခိုင်​နှုန်း​ထပ် ဆောင်း​ပေး​ရ​မည်။-
8 But if there would be no one to receive it, they shall give it to the Lord, and it shall be for the priest, except for the ram, which is offered for expiation, in order to be a pleasing victim.
အ​ကယ်​၍​လျော်​ကြေး​လက်​ခံ​မည့်​သူ​သည် သေ​ဆုံး​၍​ဆွေ​မျိုး​သား​ချင်း​မ​ကျန်​ရစ်​လျှင် လျော်​ကြေး​ကို​ယဇ်​ပု​ရော​ဟိတ်​အ​တွက်​ထာ​ဝ​ရ ဘု​ရား​ထံ​ဆက်​သ​ရ​မည်။ အ​ပြစ်​ကူး​လွန်​သူ သည်​လျော်​ကြေး​အ​ပြင် သန့်​စင်​ခြင်း​ဝတ် အ​တွက်​သိုး​ထီး​ကို​လည်း​ပေး​ဆောင်​ရ မည်။-
9 Likewise, all the first-fruits, which the sons of Israel offer, belong to the priest,
ယဇ်​ပု​ရော​ဟိတ်​မှ​တစ်​ဆင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​က ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​သော အ​ထူး​အ​လှူ​ဒါ​န​ရှိ​သ​မျှ​ကို​ယဇ်​ပု​ရော ဟိတ်​ပိုင်​သည်။-
10 with whatever is offered by each one at the Sanctuary, and which is delivered into the hands of the priest; it shall be his.”
၁၀ယဇ်​ပု​ရော​ဟိတ်​သည်​မိ​မိ​အား​လှူ​သ​မျှ​တို့ ကို​ပိုင်​၏။
11 And the Lord spoke to Moses, saying:
၁၁ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား အောက်​ပါ​ညွှန်​ကြား ချက်​များ​ကို​ပေး​တော်​မူ​၏။ ခင်​ပွန်း​သည်​တစ်​ဦး သည်​မိ​မိ​၏​ဇ​နီး​သစ္စာ​ဖောက်​၍ အ​ခြား​ယောကျာ်း နှင့်​ပြစ်​မှား​ခဲ့​သည်​ဟု​ခင်​ပွန်း​သည်​က​မ​ယုံ သင်္ကာ​ဖြစ်​အံ့။ သို့​သော်​လည်း​ဇ​နီး​သည်​ထို အ​မှု​ကို​လျှို့​ဝှက်​ထား​၍​သော်​လည်း​ကောင်း၊ မျက်​မြင်​သက်​သေ​မ​ရှိ​၍​သော်​လည်း​ကောင်း၊ လက်​ပူး​လက်​ကြပ်​မ​မိ​၍​သော်​လည်း​ကောင်း ခင်​ပွန်း​က​အ​တိ​အ​ကျ​မ​စွပ်​စွဲ​နိုင်။ သို့ တည်း​မ​ဟုတ်​ဇ​နီး​သည်​အ​ခြား​သူ​တစ်​ဦး နှင့်​မ​ဖောက်​ပြန်​သော်​လည်း ခင်​ပွန်း​သည်​က မ​ယား​အား​မ​ယုံ​သင်္ကာ​ဖြစ်​အံ့။-
12 “Speak to the sons of Israel, and you shall say to them: The man whose wife will have gone astray, and, disdaining her husband,
၁၂
13 will have slept with another man, and if her husband cannot discover it, but the adultery is secret, and if it cannot be proved by witnesses, because she was not caught in the shameful act,
၁၃
14 if the spirit of jealousy stirs up the husband against his wife, who either has been polluted or is being assailed with a false suspicion,
၁၄
15 he shall bring her to the priest, and he shall offer an oblation for her, a tenth part of native barley meal. He shall not pour oil over it, nor shall he place frankincense on it, because it is a sacrifice for jealousy, or an oblation investigating adultery.
၁၅မည်​သို့​ပင်​ဖြစ်​စေ၊ ခင်​ပွန်း​သည်​ဇ​နီး​ကို​ယဇ် ပု​ရော​ဟိတ်​ထံ​သို့​ခေါ်​ဆောင်​သွား​ရ​မည်။ သူ သည်​ပူ​ဇော်​သ​ကာ​အ​ဖြစ် မု​ယော​မုန့်​ညက် နှစ်​ပေါင်​ကို​လည်း​ယူ​ခဲ့​ရ​မည်။ သို့​ရာ​တွင် ပူ​ဇော်​သကာ​သည်​မ​ယုံ​သင်္ကာ​သ​ဖြင့် အ​မှန် တ​ရား​ကို​ဖော်​ထုတ်​ရန်​ဖြစ်​သော​ကြောင့် သူ သည်​မုန့်​ညက်​ပေါ်​တွင်​သံ​လွင်​ဆီ​ကို​မ လောင်း​ရ၊ နံ့​သာ​ပေါင်း​ကို​လည်း​မ​တင်​ရ။
16 Therefore, the priest shall offer it, and he shall set it in the sight of the Lord.
၁၆ယဇ်​ပု​ရော​ဟိတ်​သည်​ထို​အ​မျိုး​သ​မီး​ကို ယဇ်​ပလ္လင်​ရှေ့​သို့​သွား​၍​ရပ်​နေ​စေ​ရ​မည်။-
17 And he shall take up holy water in an earthen vessel, and he shall cast a little earth from the pavement of the tabernacle into it.
၁၇သူ​သည်​မြေ​အိုး​တွင်​ရေ​သန့်​ကို​ထည့်​၍ ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တ​လင်း​မှ​မြေ မှုန့်​အ​နည်း​ငယ်​ကို​ယူ​ပြီး​လျှင် ထို​ရေ​အိုး ထဲ​သို့​ထည့်​ရ​မည်။-
18 And while the woman stands before the Lord, he shall uncover her head, and he shall place over her hands the sacrifice of recollection and oblation of jealousy. But he shall take hold of the most bitter waters, in which he has gathered curses with loathing.
၁၈ထို​နောက်​သူ​သည်​အ​မျိုး​သ​မီး​ဆံ​ပင်​ကို ဖြေ​၍ ပူ​ဇော်​သကာ​မုန့်​ညက်​ကို​သူ့​လက်​ထဲ သို့​ထည့်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်​ကျိန်​စာ သင့်​စေ​သော ရေ​ခါး​ပါ​ရှိ​သည့်​အိုး​ကို​လက် ထဲ​တွင်​ကိုင်​ထား​ရ​မည်။-
19 And he shall bind her by an oath, and he shall say: ‘If another man has not slept with you, and if you have not been polluted by forsaking the bed of your husband, these most bitter waters, into which I have gathered curses, shall not harm you.
၁၉ထို​နောက်​သူ​သည်​အ​မျိုး​သ​မီး​အား​ဤ​သို့ ကျိန်​စာ​တိုက်​ရ​မည်။ ``သင်​သည်​အ​ခြား​သော ယောကျာ်း​နှင့်​မ​ဖောက်​ပြန်​မ​ကူး​လွန်​ခဲ့​သည် ရှိ​သော် ဤ​သစ္စာ​ရေ​ကြောင့်​ကျ​ရောက်​မည့်​ဘေး ဒဏ်​နှင့်​ကင်း​လွတ်​ပါ​စေ​သား။-
20 But if you have turned away from your husband, and also have been defiled, and have lain together with another man,
၂၀သို့​သော်​သင်​သည်​သစ္စာ​ဖောက်​ခဲ့​လျှင်၊
21 these curses shall be thrown upon you: May the Lord turn you into a curse and an example among all his people. May he cause your thigh to rot, and may your abdomen swell up and burst out.
၂၁သင်​သည်​သင်​၏​လူ​မျိုး​အ​တွက်​အ​မင်္ဂ​လာ ဖြစ်​ပါ​စေ​သား။ သင်​၏​မိန်း​မ​အင်္ဂါ​တို့​သည် ခြောက်​ကပ်​လာ​၍ သင်​၏​ဝမ်း​ဗိုက်​သည်​ဖောင်း ပွ​လာ​လိမ့်​မည်။-
22 May the cursed waters enter into your stomach, and may your womb swell and your thigh rot.’ And the woman shall respond: ‘Amen, amen.’
၂၂ဤ​ရေ​သည်​သင်​၏​ဝမ်း​ထဲ​သို့​ရောက်​၍​ဝမ်း ဗိုက်​ကို​ဖောင်း​ပွ​လာ​စေ​လျက် သင်​၏​မိန်း​မ အင်္ဂါ​ကို​ခြောက်​ကပ်​စေ​လိမ့်​မည်။ ထို​အ​ခါ​အ​မျိုး​သ​မီး​က``ဤ​သစ္စာ​တည်​ပါ စေ​သော'' ဟု​ဝန်​ခံ​ရ​မည်။
23 And the priest shall write these curses in a little book, and then he shall erase them with the very bitter waters, into which he had gathered the curses,
၂၃ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည် ထို​ကျိန်​စာ​ကို ရေး​သား​၍​စာ​ကို​ရေ​ခါး​ထဲ​တွင်​ချေ​ဖျက် ရ​မည်။-
24 and he shall give it to her to drink. And when she has emptied it,
၂၄အ​မျိုး​သ​မီး​အား ပြင်း​ပြ​သော​ဝေ​ဒ​နာ ဖြစ်​စေ​နိုင်​မည့်​ရေ​ကို​မ​တိုက်​မီ၊-
25 the priest shall take from her hand the sacrifice of jealousy, and he shall elevate it before the Lord, and he shall impose it upon the altar. Yet only after he first
၂၅ယဇ်​ပု​ရော​ဟိတ်​သည် အ​မျိုး​သ​မီး​၏​လက်​ထဲ​မှ မုန့်​ညက်​ကို​ယူ​၍ ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ် ပြီး​လျှင် ယဇ်​ပလ္လင်​ပေါ်​သို့​တင်​ရ​မည်။-
26 takes a handful of the sacrifice from that which is offered, and burns it upon the altar, and then he may give the most bitter waters to the woman as a drink.
၂၆ထို​နောက်​သူ​သည်​မုန့်​ညက်​လက်​တစ်​ဆုပ်​စာ​မျှ​ကို ယူ​၍ ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ နောက် ဆုံး​တွင်​ယဇ်​ပု​ရော​ဟိတ်​သည် အ​မျိုး​သ​မီး​အား သစ္စာ​ရေ​ကို​သောက်​စေ​ရ​မည်။-
27 And when she drinks it, if she has been defiled, and, having despised her husband, is guilty of adultery, the curse shall pass through her, and as her belly swells up, her thigh shall decay, and the woman shall become a curse and an example to all the people.
၂၇အ​မျိုး​သ​မီး​သည်​အ​ခြား​ယောကျာ်း​နှင့်​ဖောက် ပြန်​ကူး​လွန်​ခဲ့​လျှင် သူ​သည်​ဝေ​ဒ​နာ​ပြင်း​ပြ စွာ​ခံ​ရ​၍ သူ​၏​ဝမ်း​ဗိုက်​သည်​ဖောင်း​ပွ​လာ​လျက် သူ​၏​မိန်း​မ​အင်္ဂါ​သည်​လည်း​ခြောက်​ကပ်​လာ​လိမ့် မည်။ သူ​သည်​မိ​မိ​လူ​မျိုး​အ​တွက်​အ​မင်္ဂ​လာ ဖြစ်​လိမ့်​မည်။-
28 But if she has not been defiled, she shall be unharmed and she shall bear children.
၂၈သို့​ရာ​တွင်​အ​မျိုး​သ​မီး​သည် ကူး​လွန်​မှု​မ​ရှိ ခဲ့​သော် ဘေး​မ​သင့်​ဘဲ​သား​သ​မီး​မွေး​ဖွား နိုင်​စွမ်း​ရှိ​လိမ့်​မည်။
29 This is the law for jealousy. If a woman has turned aside from her husband, and if she has been polluted,
၂၉အ​ဆို​ပါ​ပ​ညတ်​သည်​ကား​ခင်​ပွန်း​သည်​က မိ​မိ​ဇ​နီး​ဖောက်​ပြန်​သည်​ဟူ​၍​မ​ယုံ​သင်္ကာ ဖြစ်​သည့်​အ​ခါ​၌ လိုက်​နာ​ရ​သော​ပ​ညတ်​ဖြစ် သည်။ ယဇ်​ပု​ရော​ဟိတ်​သည် အ​မျိုး​သ​မီး​ကို ယဇ်​ပလ္လင်​ရှေ့​တွင်​ရပ်​စေ​၍ ဤ​ပ​ညတ်​အ​တိုင်း စစ်​ဆေး​စီ​ရင်​ရ​မည်။-
30 and if the husband, being stirred up by the spirit of jealousy, has brought her before the sight of the Lord, and the priest has acted toward her according to all that has been written:
၃၀
31 then the husband shall be without guilt, and she shall bear her iniquity.”
၃၁ခင်​ပွန်း​သည်​ပြစ်​မှု​ကင်း​စေ​ရ​မည်။ သို့​ရာ တွင်​ဇ​နီး​သည်​ပြစ်​မှု​ကူး​လွန်​လျှင် အ​ပြစ် အ​လျောက်​ဒဏ်​ခံ​စေ​ရ​မည်။

< Numbers 5 >