< Matthew 11 >

1 And it happened that, when Jesus had completed instructing his twelve disciples, he went away from there in order to teach and to preach in their cities.
ထိုသို့တစ်ကျိပ် နှစ်ပါးသောတပည့် တော်တို့ကို အကုန်အစင် မှာထား တော်မူပြီးလျှင် ၊ မြို့ ရွာများတို့၌ ဆုံးမ ဩဝါဒပေးခြင်းငှာ၎င်း ၊ သိတင်းကြားပြော ခြင်းငှာ၎င်း၊ ထို အရပ်မှ ကြွ တော်မူ၏။
2 Now when John had heard, in prison, about the works of Christ, sending two of his disciples, he said to him,
ခရစ်တော် ပြုတော်မူသောအမှု တို့ကို ယောဟန် သည်ထောင် ထဲမှာ ကြား သောအခါ၊ မိမိ တပည့် နှစ် ယောက်ကို စေလွှတ် ၍၊ ကိုယ်တော် သည် ကြွလာ သောသူ မှန် သလော။
3 “Are you he who is to come, or should we expect another?”
သို့မဟုတ် အခြား သောသူကိုမြော်လင့် ရပါမည်လောဟု မေးလျှောက် စေ၏။
4 And Jesus, responding, said to them: “Go and report to John what you have heard and seen.
ယေရှု ကလည်း ၊ သင်တို့သည် ကြား ရသမျှ မြင် ရသမျှတို့ကိုသွား ၍ ယောဟန် အား ကြားလျှောက် ကြလော့။
5 The blind see, the lame walk, the lepers are cleansed, the deaf hear, the dead rise again, the poor are evangelized.
မျက်စိ ကန်းသောသူတို့သည် မျက်စိမြင် ရကြ၏။ ခြေမစွမ်း သောသူတို့သည် လှမ်းသွား ရကြ၏။ နူနာစွဲ သောသူတို့သည် သန့်ရှင်း ခြင်းသို့ ရောက်ရကြ၏။ နားပင်း သောသူတို့သည် နားကြား ရကြ၏။ သေ သောသူ တို့သည် ထမြောက် ခြင်းသို့ရောက်ရကြ၏။ ဆင်းရဲသား တို့သည်လည်း ဝမ်းမြောက် စရာသိတင်းကို ကြားရ ကြ၏။
6 And blessed is he who has found no offense in me.”
ငါ့ ကြောင့် စိတ် မ ပျက်သောသူ သည် မင်္ဂလာ ရှိ ၏ဟု ပြန်ပြော တော်မူ၏။
7 Then, after they departed, Jesus began to speak to the crowds about John: “What did you go out to the desert to see? A reed shaken by the wind?
ထိုသူ တို့သည် သွား ကြသည်နောက် ယေရှု သည် ယောဟန် ကိုအကြောင်း ပြု၍ ပရိသတ် တို့အား ၊ သင်တို့သည် အဘယ် မည်သောအရာကို ကြည့်ရှုခြင်းငှာတော သို့ ထွက်သွား ကြသနည်း။ လေ လှုပ် သော ကျူပင် ကို ကြည့်ရှု ခြင်းငှာသွားသလော။
8 So what did you go out to see? A man in soft garments? Behold, those who are clothed in soft garments are in the houses of kings.
သို့မဟုတ် နူးညံ့ သောအဝတ်ကို ဝတ်ဆင် သောသူ ကို ကြည့်ရှုခြင်းငှာ သွား သလော။ နူးညံ့ သော အဝတ်ကို ဝတ်ဆင် သောသူ တို့သည် မင်း အိမ် ၌ နေ တတ်ကြ၏။
9 Then what did you go out to see? A prophet? Yes, I tell you, and more than a prophet.
ပရောဖက် ကို ကြည့်ရှုခြင်းငှာ သွား သလော။ မှန် ပေ၏။ ပရောဖက် ထက် ကြီးမြတ်သောသူလည်း ဖြစ် သည်ဟု ငါဆို ၏။
10 For this is he, of whom it is written: ‘Behold, I send my Angel before your face, who shall prepare your way before you.’
၁၀ကျမ်းစာ၌လာ သည်ကား၊ ကြည့်ရှု လော့။ သင် သွားရာလမ်း ကိုပြင် ရသောငါ ၏တမန် ကိုသင့် ရှေ့ ၌ငါ စေလွှတ် ၏ဟု ဆိုရာ၌ ထိုသူ ကိုဆိုလို သတည်း။
11 Amen I say to you, among those born of women, there has arisen no one greater than John the Baptist. Yet the least in the kingdom of heaven is greater than he.
၁၁ငါအမှန် ဆို သည်ကား၊ မိန်းမ မွေး သောသူတို့တွင် ဗတ္တိဇံ ဆရာယောဟန် ထက်ကြီးမြတ် သောသူ တစ်ယောက်မျှ မ ပေါ် မထွန်းသေး။ သို့သော်လည်း ကောင်းကင် နိုင်ငံ တော်တွင် အငယ်ဆုံး သောသူသည် ထိုသူ ထက် သာ၍ကြီးမြတ်၏။
12 But from the days of John the Baptist, even until now, the kingdom of heaven has endured violence, and the violent carry it away.
၁၂ဗတ္တိဇံ ဆရာယောဟန် လက်ထက် မှစ၍ ယခု တိုင်အောင် ကောင်းကင် နိုင်ငံ တော်ကို အနိုင် အထက်ပြုသော သူတို့သည်လည်း လုယူ ဝင်စား ရကြ၏။
13 For all the prophets and the law prophesied, even until John.
၁၃ယောဟန် မ ရောက်မှီတိုင်အောင်ပညတ္တိ ကျမ်း၊ အနာဂတ္တိ ကျမ်းရှိသမျှ တို့သည် ဆုံးမ ဩဝါဒပေးကြ၏။
14 And if you are willing to accept it, he is the Elijah, who is to come.
၁၄သင်တို့သည် ငါ့စကားကို နာခံ နိုင် လျှင် ၊ ဤသူ ကား လာ လတံ့သော ဧလိယ ဖြစ် သတည်း။
15 Whoever has ears to hear, let him hear.
၁၅ကြားစရာနား ရှိ သောသူ မည်သည်ကားကြား ပါစေ။
16 But to what shall I compare this generation? It is like children sitting in the marketplace,
၁၆ဤ လူမျိုး ကို အဘယ် ဥပမာနှင့် ပုံပြ ရအံ့နည်း။ ပွဲ သဘင်၌ ထိုင် နေသော သူငယ် တို့သည် မိမိသူငယ်ချင်း တို့အား အသံ ကိုလွှင့်၍၊
17 who, calling out to their companions, say: ‘We played music for you, and you did not dance. We lamented, and you did not mourn.’
၁၇ငါတို့သည်သာယာစွာ တီးမှုတ် သော်လည်း သင်တို့သည်မ က ကြ။ ညည်းတွား စွာ မြည်တမ်းသော်လည်း မ ငိုကြွေး ကြဟု ပြောဆို သောသူငယ်တို့နှင့် ဤလူမျိုးသည်တူလှ၏။
18 For John came neither eating nor drinking; and they say, ‘He has a demon.’
၁၈အကြောင်းမူကား ၊ ယောဟန် သည် မ စား မ သောက် ဘဲ လာ သည်ရှိသော်၊ သူတို့က ဤသူသည် နတ်ဆိုး စွဲ သောသူပါတကားဟု ဆို ကြ၏။
19 The Son of man came eating and drinking; and they say, ‘Behold, a man who eats voraciously and who drinks wine, a friend of tax collectors and sinners.’ But wisdom is justified by her sons.”
၁၉လူ သား သည် စား သောက် လျက် လာ သည်ရှိသော်၊ ဤ သူ သည် စားကြူး သောသူ၊ စပျစ်ရည်သောက်ကြူး သောသူပါတကား။ အခွန်ခံ သောသူနှင့် ဆိုး သောသူတို့ကို မိတ်ဆွေ ဖွဲ့သောသူပါတကားဟု ဆို ပြန်ကြ၏။ သို့သော်လည်း ပညာ တရားသည် မိမိသားတို့တွင် ကဲ့ရဲ့ ပြစ်တင်ခြင်းနှင့် လွတ်သည် ဟုမိန့်တော်မူ၏။
20 Then he began to rebuke the cities in which many of his miracles were accomplished, for they still had not repented.
၂၀ထိုအခါ များစွာ သောတန်ခိုး တော်ကို ပြ တော်မူသောမြို့ရွာတို့သည် နောင်တ မ ရသောကြောင့် ၊ ထိုမြို့ တို့ကို ဤသို့ကဲ့ရဲ့ ပြစ်တင်တော်မူ၏။
21 “Woe to you, Chorazin! Woe to you, Bethsaida! For if the miracles that were done in you had been done in Tyre and Sidon, they would have repented long ago in haircloth and ashes.
၂၁အိုခေါရာဇိန် မြို့၊ သင် သည် အမင်္ဂလာ ရှိ၏။ အိုဗက်ဇဲဒ မြို့၊ သင် သည် အမင်္ဂလာ ရှိ၏။ အကြောင်းမူကား ၊ သင် တို့တွင် ပြ သောတန်ခိုး ကို တုရု မြို့နှင့် ဇိဒုန် မြို့တို့တွင် ပြ ဘူးလျှင် ၊ ထိုမြို့ တို့သည် ရှေး ကာလ၌ လျှော်တေ အဝတ်ကို ဝတ်၍၊ ပြာ နှင့် လူးလျက်နောင်တရ ကြလိမ့်မည်။
22 Yet truly, I say to you, Tyre and Sidon shall be forgiven more than you, on the day of judgment.
၂၂ငါဆို သည်ကား၊ တရား ဆုံးဖြတ်သောနေ့ ၌ သင် တို့သည် တုရု မြို့နှင့် ဇိဒုန် မြို့ထက် သာ၍ ခံရ ကြလတံ့။
23 And you, Capernaum, would you be exalted all the way to heaven? You shall descend all the way to Hell. For if the miracles that were done in you had been done in Sodom, perhaps it would have remained, even to this day. (Hadēs g86)
၂၃အိုကပေရနောင် မြို့၊ သင် သည် မိုးဃ် ကောင်းကင်တိုင်အောင် မြှောက်စား ခြင်းကိုခံရသော်လည်း၊ မရဏာ နိုင်ငံတိုင်အောင် နှိမ့်ချ ခြင်းကိုခံရလတံ့။ အကြောင်းမူကား ၊ သင် ၌ ပြ သောတန်ခိုး ကို သောဒုံ မြို့၌ ပြု ဘူး လျှင် ၊ ထိုမြို့သည် ယခု တိုင်အောင် တည် ရာ၏။ (Hadēs g86)
24 Yet truly, I say to you, that the land of Sodom shall be forgiven more than you, on the day of judgment.”
၂၄ငါဆို သည်ကား၊ တရား ဆုံးဖြတ်သောနေ့ ၌ သင် သည် သောဒုံ မြို့ထက် သာ၍ ခံရ လတံ့ ဟု မိန့်တော်မူ၏။
25 At that time, Jesus responded and said: “I acknowledge you, Father, Lord of Heaven and earth, because you have hidden these things from the wise and the prudent, and have revealed them to little ones.
၂၅ထို အခါ ယေရှု က၊ ကောင်းကင် နှင့် မြေကြီး ကို အစိုးရတော်မူသောအဘ ၊ ကိုယ်တော်သည် ပညာ အလိမ္မာ နှင့် ပြည့်စုံသောသူတို့အား ဤအရာ များကို ထိမ်ဝှက် ကွယ်ထားလျက် သူငယ် တို့အား ဖော်ပြ တော်မူသည်ဖြစ်၍ ၊ ကျေးဇူး တော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။
26 Yes, Father, for this was pleasing before you.
၂၆ထိုသို့ အလို တော်ရှိ သောကြောင့် မှန် ပါ၏အဘ ။
27 All things have been delivered to me by my Father. And no one knows the Son except the Father, nor does anyone know the Father except the Son, and those to whom the Son is willing to reveal him.
၂၇ငါ ၏ခမည်းတော် သည် ခပ်သိမ်း သောအရာတို့ကို ငါ ၌အပ်ပေး တော်မူပြီး။ ခမည်းတော် မှတစ်ပါး အဘယ်သူ မျှသား တော်ကိုမ သိ ။ သား တော်နှင့် သား တော်သည် လင်း စေလို သော သူ မှတစ်ပါး အဘယ်သူ မျှခမည်းတော် ကိုမ သိ ။
28 Come to me, all you who labor and have been burdened, and I will refresh you.
၂၈ဝန်လေး ၍ ပင်ပန်း သော သူ အပေါင်း တို့၊ ငါ့ ထံသို့ လာ ကြလော့။ ငါ သည် ချမ်းသာ ပေးမည်။
29 Take my yoke upon you, and learn from me, for I am meek and humble of heart; and you shall find rest for your souls.
၂၉ငါ့ ထမ်းဘိုး ကို တင် ၍ ထမ်း ကြလော့။ ငါ့ ထံ၌ နည်းခံ ကြလော့။ ငါသည် နူးညံ့ သိမ်မွေ့နှိမ့်ချ သောစိတ် သဘောရှိ ၏။ သင် တို့စိတ် နှလုံးသည် သက်သာ ခြင်းကိုရ လိမ့်မည်။
30 For my yoke is sweet and my burden is light.”
၃၀အကြောင်းမူကား ၊ ငါ့ ထမ်းဘိုး သည် ထမ်းလွယ် ၏။ ငါ့ ဝန် လည်း ပေါ့ ၏ ဟု မိန့် တော်မူ၏။

< Matthew 11 >