< Isaiah 38 >
1 In those days Hezekiah became ill and was near death. And so, Isaiah, the son of Amoz, the prophet, entered to him, and he said to him: “Thus says the Lord: Put your house in order, for you shall die, and you shall not live.”
၁ထို ကာလ အခါ ဟေဇကိ မင်းသည် သေ နာ စွဲ သဖြင့် ၊ အာမုတ် သား ပရောဖက် ဟေရှာယ သည် လာ ၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကိုယ် အိမ် အမှုကို စီရင် လော့။ သင် သည် အသက် မ ရှင်၊ သေ ရမည်ဟု အမိန့် တော်ကို ပြန် လေ၏။
2 And Hezekiah turned his face toward the wall, and he prayed to the Lord.
၂ဟေဇကိ မင်းသည်လည်း ထရံ သို့ မျက်နှာ လှည့် ၍ ၊ အို ထာဝရဘုရား ၊ အကျွန်ုပ်သည် ရှေ့ တော်၌ သစ္စာ စောင့် လျက်၊
3 And he said: “I beg you, Lord, I beseech you, to remember how I walked before you in truth and with a whole heart, and that I have done what is good in your sight.” And Hezekiah wept with a great weeping.
၃စုံလင် သော စိတ် နှလုံးနှင့် ကျင့်၍၊ နှစ်သက်တော်မူသည်အတိုင်း ပြု ကြောင်းကို အောက်မေ့ တော်မူ ပါ၊ အကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန် ငိုကြွေး လျက်၊ ထာဝရဘုရား ကို ဆုတောင်း လေ၏။
4 And the word of the Lord came to Isaiah, saying:
၄တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဟေရှာယ သို့ ရောက် ၍၊
5 “Go and say to Hezekiah: Thus says the Lord, the God of David, your father: I have heard your prayer, and I have seen your tears. Behold, I will add fifteen years to your days.
၅သင်သည် ဟေဇကိမင်း ထံသို့ သွား ပြီးလျှင်၊ သင့် အဘ ဒါဝိဒ် ၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူ သည်ကား ၊ သင် ၏ ပဌနာ စကားကို ငါကြား ပြီ။ သင် ၏ မျက်ရည် ကိုလည်း ငါမြင် ပြီ။ သင် ၏ အသက် ၌ တဆယ် ငါး နှစ် ကို ငါ ဆက် ၍ ပေးမည်။
6 And I will rescue you and this city from the hand of the king of the Assyrians, and I will protect it.
၆သင် နှင့် ဤ မြို့ ကို အာရှုရိ ရှင်ဘုရင် လက် မှ ငါ ကယ်လွှတ် မည်။ ဤ မြို့ ကို ငါ ကွယ်ကာ စောင့်မမည် အရာကို ပြော လော့ဟု မိန့် တော်မူ၏။
7 And this will be a sign for you from the Lord, that the Lord will do this word, which he has spoken:
၇ဟေရှာယက၊ ထာဝရဘုရား အမိန့် တော်ရှိသည် အတိုင်း ပြု တော်မူမည်ဟု ထာဝရဘုရား သည် သင့် အား ပေး တော်မူသော လက္ခဏာ သက်သေဟူမူကား၊
8 Behold, I will cause the shadow of the lines, which has now descended on the sundial of Ahaz, to move in reverse for ten lines.” And so, the sun moved backward by ten lines, through the degrees by which it had descended.
၈ကြည့်ရှု လော့။ အာခတ် ၏နေတိုင်း နာရီပေါ် မှာ ရွေ့ သော အရိပ် ကို ဆယ်ချက်ပြန် စေမည်ဟု ဆို၏။ ဆိုသည်အတိုင်း ဆယ် ချက်ရွေ့ ပြီးသော အရိပ်သည် ဆယ် ချက်ပြန် လေ၏။
9 The writing of Hezekiah, the king of Judah, after he had fallen ill and had recovered from his sickness:
၉ယုဒ မင်းကြီး ဟေဇကိ သည် အနာ မှ ထမြောက် ၍ ရေးထားသော စာ ဟူမူကား၊
10 “I said: In the middle of my days, I will go to the gates of Hell. So I sought the remainder of my years. (Sheol )
၁၀ငါ သည် ငြိမ်သက် စွာ နေစဉ်အခါ၊ မရဏာ နိုင်ငံတံခါး သို့ ဝင် ရပါသည်တကား။ ငါ ၌ ကြွင်း သော နှစ် များ ကို ငါ ရှုံး ပြီဟု ငါဆို သတည်း။ (Sheol )
11 I said: I will not see the Lord God in the land of the living. I will no longer behold man, nor the habitation of rest.
၁၁အသက်ရှင် သောသူတို့ ၏ နေရာ ၌ ၊ ထာဝရဘုရား ကို ငါမ မြင် ရ။ ငြိမ်း ရာအရပ်သား တို့နှင့် ပေါင်းဘော် ရသဖြင့်၊ နောက် တဖန် လူ တို့ကို မ မြင် ရ။
12 My longevity has been taken away; it has been folded up and taken from me, like the tent of a shepherd. My life has been cut off, as if by a weaver. While I was still beginning, he cut me off. From morning until evening, you have marked out my limits.
၁၂သိုးထိန်း တဲ ကဲ့သို့ ငါ နေသောအိမ် ကို နှုတ် ပယ် ၍၊ အခြားတပါးသို့ ဆောင်သွားပြီ။ ရက်ကန်းသည် ပြုသကဲ့သို့ ငါ့ အသက် သည် လိပ် လျက်ရှိ၍၊ ရက်ကန်း စင် မှ ငါ့ ကို ပယ် ဖြတ်တော်မူလိမ့်မည်။ တနေ့ခြင်းတွင် ငါ့ကို ဆုံး စေတော်မူလိမ့်မည်ဟု ငါဆို သတည်း။
13 I hoped, even until morning. Like a lion, so has he crushed all my bones. From morning until evening, you have marked my limits.
၁၃ငါ့ အရိုး ရှိသမျှတို့ကို ချိုး တော်မူသည် ဖြစ်၍၊ ငါသည် ခြင်္သေ့ ဟောက်သကဲ့သို့ နံနက် တိုင်အောင် မြည်ရ ၏။ တနေ့ခြင်းတွင် ငါ့ ကို ဆုံး စေတော်မူလိမ့်မည်ဟု ငါဆိုသတည်း။
14 I will cry out, like a young swallow. I will meditate, like a dove. My eyes have been weakened by gazing upward. O Lord, I suffer violence! Answer in my favor.
၁၄ငါသည် တီတီတွတ် နှင့် ဇရက်ကဲ့သို့မြည်၍ ချိုး ကဲ့သို့ ညည်း တွန်ရ၏။ ငါ့ မျက်စိ တို့သည် မျှော်ကြည့်၍ အား လျော့ကြပြီ။ အိုဘုရား ရှင်၊ ညှဉ်းဆဲခြင်းကို ခံရသောအကျွန်ုပ် ဘက်၌ နေ တော်မူပါ။
15 What can I say, or what would he answer me, since he himself has done this? I will acknowledge to you all my years, in the bitterness of my soul.
၁၅အဘယ်သို့ ငါပြော ရမည်နည်း။ ငါ့ အား ဂတိ ပေးတော်မူပြီ။ ဂတိတော်အတိုင်းလည်း ပြု တော်မူပြီ။ ငါ ၌ ကျန်ကြွင်းသော နှစ် စဉ်ကာလပတ်လုံး ၊ ငါ သည် စိတ် ဆင်းရဲ ခြင်းကို အောက်မေ့၍၊ ဖြည်းဖြည်းသွား ပါမည်။
16 O Lord, if such is life, and if the life of my spirit is of such a kind, may you correct me and may you cause me to live.
၁၆အို ဘုရား ရှင်၊ ထိုသို့သောအားဖြင့် အသက်ရှင်ရပါ၏။ ထိုအရာ ရှိသမျှ တို့၌ အကျွန်ုပ် ဝိညာဉ် ၏ အသက် တည်ရပါ၏။ ကိုယ်တော်သည် အကျွန်ုပ် အနာ ရောဂါကို ငြိမ်းစေ ၍ ၊ အကျွန်ုပ် အသက်ကို ရှင် စေတော်မူ၏။
17 Behold, in peace my bitterness is most bitter. But you have rescued my soul, so that it would not perish. You have cast all my sins behind your back.
၁၇အကျွန်ုပ် ခံရသောဝေဒနာ သည် ငြိမ်းပါပြီ။ အကျွန်ုပ် ၏ ဝိညာဉ် ကို သနား ၍၊ ဖျက်ဆီးရာ တွင်း ထဲက နှုတ်ယူတော်မူပြီ။ အကျွန်ုပ် အပြစ် ရှိသမျှ တို့ကို နောက် တော်သို့ ပစ် လိုက်တော်မူပြီ။
18 For Hell will not confess to you, and death will not praise you. Those who descend into the pit will not hope for your truth. (Sheol )
၁၈အကယ်စင်စစ်မရဏာ နိုင်ငံသည် ဂုဏ်တော်ကို မ ချီးမွမ်း ရပါ။ သေ နေသောသူသည် ဂုဏ်တော်ကို ထောမနာသီချင်း မဆိုရပါ။ တွင်း ထဲသို့ ဆင်း သောသူသည် သစ္စာ တော်ကို မ မြော်လင့် ရပါ။ (Sheol )
19 The living, the living, these will give praise to you, as I also do this day! The father will make the truth known to the sons.
၁၉အသက် ရှင်သောသူ၊ အသက် ရှင်သော သူသာ လျှင်၊ ယနေ့ အကျွန်ုပ် ပြုသကဲ့သို့ ၊ ဂုဏ်တော်ကို ချီးမွမ်း ရပါလိမ့်မည်။ အဘ သည် သား တို့အား သစ္စာ တော်ကို ဘော်ပြ ရပါလိမ့်မည်။
20 O Lord, save me! And we will sing our psalms, all the days of our life, in the house of the Lord.”
၂၀ထာဝရဘုရား သည် ငါ့ ကို ကယ်တင် တော်မူပြီ။ ထိုကြောင့်၊ ငါတို့သည် တသက် လုံး ဗိမာန် တော်၌ စောင်း တီး ၍ သီချင်းဆိုကြလိမ့်သတည်း။
21 Now Isaiah had ordered them to take a paste of figs, and to spread it like plaster over the wound, so that he would be healed.
၂၁ဟေရှာယ ကလည်း၊ သင်္ဘော သဖန်းသီးအလုံး အထွေးကိုယူ၍ နယ် ပြီးမှ ၊ အနာ ကို အုံ ကြလော့။ ထိုသို့ ပြုလျှင် မင်းကြီးသည် သက်သာ ရလိမ့်မည်ဟု ဆို လေ၏။
22 And Hezekiah said, “What will be the sign that I may go up to the house of the Lord?”
၂၂ဟေဇကိ မင်းကလည်း၊ ငါသည် ဗိမာန် တော်သို့ တက် လိမ့်မည်ဆိုသော်၊ အဘယ် လက္ခဏာ သက်သေရှိ သနည်းဟုမေး ၏။