< Hosea 6 >
1 In their tribulation, they will arise early to me. Come, let us return to the Lord.
၁လာကြ။ ထာဝရဘုရားထံတော်သို့ ပြန်ကြ ကုန်အံ့။ ကိုယ်တော်သည် ကိုက်ဖြတ်သော်လည်း ပကတိ ဖြစ်စေတော်မူမည်။ ဒဏ်ခတ်သော်လည်း အနာကို စည်းတော်မူမည်။
2 For he has seized us, and he will heal us. He will strike, and he will cure us.
၂နှစ်ရက်လွန်ပြီးမှ ငါတို့ကို အသက်ရှင်စေ၍၊ သုံးရက်မြောက်သောနေ့၌ ထမြောက်စေတော်မူသဖြင့်၊ အထံတော်၌ ငါတို့သည် အသက်ရှင်ကြလိမ့်မည်။
3 He will revive us after two days; on the third day he will raise us up, and we will live in his sight. We will understand, and we will continue on, so that we may know the Lord. His landing place has been prepared like the first light of morning, and he will come to us like the early and the late rains of the land.
၃ပညာကိုလည်း ရကြလိမ့်မည်။ ထာဝရဘုရားကို သိခြင်းငှါ လိုက်ရှာကြလိမ့်မည်။ ထာဝရဘုရားကို သိခြင်း ငှါ လိုက်ရှာကြလိမ့်မည်။ ထွက်တော်မူချိန်သည် နံနက် ကဲ့သို့ ဖြစ်လိမ့်မည်။ ရွာသောမိုဃ်းနှင့် မြေအပေါ်သို့ ရွာသော နောက်မိုဃ်းကဲ့သို့ သက်ရောက်တော်မူလိမ့်မည်။
4 What am I to do with you, Ephraim? What am I to do with you, Judah? Your mercy is like the morning mist, and like the dew passing away in the morning.
၄အိုဧဖရိမ်၊ သင်၌ အဘယ်သို့ ငါပြုရမည်နည်း။ အိုယုဒ၊ သင်၌ အဘယ်သို့ ငါပြုရမည်နည်း။ သင်တို့ ကြည်ညိုသော စိတ်သည် နံနက်မိုဃ်းတိမ်ကဲ့သို့၎င်း၊ စောစောပျောက်တတ်သော နှင်းကဲ့သို့၎င်းဖြစ်၏။
5 Because of this, I have cut them with the prophets, I have slain them with the words of my mouth; and your opinions will depart like the light.
၅ထိုကြောင့် သူတို့ကို ပရောဖက်များအားဖြင့် ငါသည် အပိုင်းပိုင်းခုတ်ဖြတ်ရပြီ။ ငါ့နှုတ်ထွက်စကား အားဖြင့် သတ်ရပြီ။ ငါ့စီရင်ချက်တို့သည်လည်း ထွန်းလင်း သော အလင်းကဲ့သို့ ဖြစ်ကြပြီ။
6 For I desired mercy and not sacrifice, and knowledge of God more than holocausts.
၆ယဇ်ပူဇော်ခြင်း အကျင့်ထက် သနားခြင်း ကရုဏာအကျင့်ကို၎င်း၊ မီးရှို့ရာယဇ်ပူဇော်ခြင်းထက် ဘုရားသခင်နှင့် ကျွမ်းဝင်ခြင်းကို၎င်း ငါနှစ်သက်၏။
7 But they, like Adam, have transgressed the covenant; in this, they have been dishonest with me.
၇သူတို့သည် အာဒံကဲ့သို့ ပဋိညာဉ်ကို လွန်ကျူး ကြပြီ။ နေရင်းအရပ်၌ ငါ့သစ္စာကို ဖျက်ကြပြီ။
8 Gilead is a city that manufactures idols; it has been tripped up by family relations.
၈ဂိလဒ်မြို့သည် အဓမ္မပြုသော သူတို့နေရာ ဖြစ်၍၊ လူအသွေးနှင့် စွန်းသော ခြေရာများ၏။
9 And, like those who rob with skillful words, they, by conspiring with the priests, bring a death sentence to travelers on a pilgrimage from Shechem; for they have been performing evil deeds.
၉ထားပြအလုံးအရင်းသည် ခရီးသွားသော သူကို ချောင်း၍ ကြည့်သကဲ့သို့၊ ယဇ်ပုရောဟိတ် အပေါင်း အသင်းသည် ရှေခင်မြို့သို့သွားသော လမ်း၌ပင် အသက် ကို သတ်တတ်ကြ၏။
10 I have seen horrible things in the house of Israel; the fornications of Ephraim are there. Israel has been contaminated.
၁၀အကယ်စင်စစ် အဓမ္မအမှုကို ပြုတတ်ကြ၏။ ကြောက်မက်ဘွယ်သောအမှုကို ဣသ ရေလအမျိုး၌ ငါမြင်ပြီ။ ထိုအမျိုး၌ ဧဖရိမ်သည် မှားယွင်း တတ်၏။ ဣသရေလသည် ညစ်ညူးခြင်းရှိ၏။
11 But you, Judah, set a harvest for yourself, while I reverse the captivity of my people.
၁၁ထိုမှ တပါး အိုယုဒအမျိုး၊ သိမ်းသွားသော ငါ၏လူတို့ကို ငါဆောင်ခဲ့ပြန်သောအခါ၊ စပါး ရိတ်ရာကာလသည် သင့်အဖို့ ခန့်ထားလျက်ရှိ၏။