< Nehemiah 6 >

1 Now it came to pass, when Sanaballat, and Tobias, and Gesam the Arabian, and the rest of our enemies, heard that I had built the wall, and [that] there was no opening left therein; ([but] hitherto I had not set up the doors on the gates; )
ထိုအခါ မြို့တံခါး တို့ကို မ ထူ ထောင်သေးသော်လည်း ၊ မြို့ရိုး တည် ၍ လုံကြောင်းကို သမ္ဘာလတ် ၊ တောဘိ ၊ အာရပ် လူ ဂေရှင် မှစ၍ကြွင်း သော ရန်သူ တို့သည် သိတင်းကြား သောအခါ၊
2 that Sanaballat and Gesam sent to me, saying, Come and let us meet together in the villages in the plain of Ono. But they [were] plotting to do me mischief.
သမ္ဘာလတ် နှင့် ဂေရှင် တို့က လာ ပါ။ ဩနော ချိုင့် တွင် ခေဖိရိမ် ရွာ မှာ တွေ့ ကြကုန်အံ့ဟု မကောင်း သော အကြံ ရှိ၍ ငါ့ ကို မှာ လိုက်ကြ၏။
3 So I sent messengers to them, saying, I am doing a great work, and I shall not be able to come down, lest the work should cease: as soon as I shall have finished it, I will come down to you.
ငါကလည်း၊ ငါ သည်ကြီး သောအမှု ကို ဆောင်ရွက် ရသောကြောင့်မ ဆင်း မလာနိုင်။။ ထိုအမှုကို မဆောင်ရွက် ဘဲ သင် တို့ရှိရာသို့ ဆင်း သွား၍ ၊ အဘယ် ကြောင့်အမှု ပြတ် ရမည်နည်းဟု တမန် တို့ကို စေလွှတ် ၍ ပြန်ပြော ၏။
4 And they sent to me [again] to this effect; and I sent them [word] accordingly.
ထိုသို့ လေး ကြိမ် တိုင်အောင်မှာ လိုက်၍ ၊ ငါသည် လည်း ယခင်ကဲ့သို့ ပြန်ပြော ၏။
5 Then Sanaballat sent his servant to me with an open letter in his hand.
နောက်ပဉ္စမ အကြိမ် ၌ သမ္ဘာလတ် သည် ယခင် ကဲ့သို့ မိမိ ကျွန် ကို စေလွှတ် ၍ ၊ ကျွန်တွင် တံဆိပ် မခတ် သောစာ ပါ၏။
6 And in it was written, It has been reported amongst the Gentiles that you and the Jews are planning to revolt: therefore you are building the wall, and you will be a king to them.
စာချက်ဟူမူကား၊ သင် နှင့် ယုဒ လူတို့သည် ပုန်ကန် မည်အကြံ ရှိသည်ဟု လူ အမျိုးမျိုးပြောဆိုကြ၏။ ဂေရှင် လည်း သက်သေခံ ၏။ ထို စကား နှင့်အညီ သင် သည် ယုဒရှင်ဘုရင် ဖြစ် လိုသောငှါ ၊ မြို့ရိုး ကို တည် ၏။
7 And moreover you has appointed prophets to yourself, that you might dwell in Jerusalem as a king over Juda: and now these words will be reported to the king. Now then, come, let us take counsel together.
ယုဒ ပြည်၌ ရှင်ဘုရင် ရှိသည်ဟု သင့် ကို ရည်ဆောင်၍ ယေရုရှလင် မြို့၌ ဟောပြော ရသော ပရောဖက် တို့ကို သင် ခန့်ထားပြီ။ ထို စကား အတိုင်း ရှင်ဘုရင် အား ကြား လျှောက်ရမည်။ သို့ဖြစ်၍ လာ ပါ။ တိုင်ပင် ကြကုန်အံ့ဟု စာ၌ပါသတည်း။
8 And I sent to him, saying, It has not happened according to these words, [even] as you say, for you frame them falsely out of your heart.
ငါကလည်း၊ သင် ပြော သော စကား တခွန်းမျှ မ မှန် ၊ ကိုယ် စိတ် ထဲ မှာ အချည်းနှီးထင်တတ်သည်ချည်းဟု စေလွှတ် ၍ ပြန်ပြော ၏။
9 For all were trying to alarm us, saying, Their hands shall be weakened from this work, and it shall not be done. Now therefore I have strengthened my hands.
အကြောင်း မူကား၊ သူတို့က ထိုအလုပ် ကို လက်စ မ သတ်နိုင်အောင် သူတို့သည် အားလျော့ ကြ လိမ့်မည်ဟု ဆို လျက် ငါ တို့ကို ခြိမ်းချောက် ကြ၏။ သို့ရာတွင် ထိုစကားကြောင့် ငါ သာ၍အားရှိ ၏။
10 And I came into the house of Semei the son of Dalaia the Son of Metabeel, and he was shut up; and he said, Let us assemble together in the house of God, in the midst of it, and let us shut the doors of it; for they are coming by night to kill you.
၁၀ထိုအခါ မဟေတဗေလ သား ဖြစ်သော ဒေလာယ ၏သား ရှေမာယ သည်၊ ပုန်းရှောင် လျက်နေသောအိမ် သို့ ငါ သွား လျှင်၊ သူကဘုရား သခင်၏ အိမ် တော် အတွင်း ခန်းထဲ မှာ ငါတို့သည် စုဝေး ၍ ၊ ဗိမာန် တော် တံခါး တို့ကို ပိတ် ထားကြကုန်အံ့။ ကိုယ်တော် ကိုသတ် အံ့သောငှါ လာ ကြလိမ့်မည်။ ယနေ့ညဉ့် ၌ပင် လာ ကြလိမ့်မည်ဟု ဆို ၏။
11 And I said, Who is the man that shall enter into the house, that he may live?
၁၁ငါကလည်း၊ ငါ ကဲ့သို့ သောသူ သည် ပြေး ရမည် လော။ ငါ နှင့် တူသောသူသည် အသက် ချမ်းသာခြင်းငှါ ဗိမာန် တော်ထဲ သို့ ဝင် ရမည်လော။ ငါမ ဝင် ဟု ပြန်ပြော ၏။
12 And I observed, and, behold, God had not sent him, for the prophecy was a fable [devised] against me:
၁၂ထိုသူ ကို ဘုရား သခင်စေလွှတ် တော်မ မူ။ တောဘိ နှင့် သမ္ဘာလတ် ငှါး သောကြောင့် ၊ ထိုသို့ ငါ့ တစ်ဘက် ၌ ဟောပြော သည်ကို ငါရိပ်မိ ၏။
13 and Tobias and Sanaballat had hired against me a multitude, that I might be frightened, and do this, and sin, and become to them an ill name, that they might reproach me.
၁၃သူတို့သည်ငါ့ ကို ကဲ့ရဲ့ စရာအကြောင်း ရှိစေ လျက်၊ ငါကြောက် ၍ ထိုသို့ ပြု သဖြင့်၊ ပြစ်မှား စေခြင်းငှါ ထိုသူ ကို ငှါး ကြ၏။
14 Remember, O God, Tobias and Sanaballat, according to these their deeds, and the prophetess Noadia, and the rest of the prophets who tried to alarm me.
၁၄အို အကျွန်ုပ် ဘုရား သခင်၊ ထိုသို့ ပြု တတ်သော တောဘိ နှင့် သမ္ဘာလတ် ကို ၎င်း၊ နောဒိ အမည်ရှိသောပရောဖက် မမှစ၍အကျွန်ုပ် ကို ခြိမ်းချောက် သော ပရောဖက် တို့ကို၎င်းမှတ် တော်မူပါ။
15 So the wall was finished on the twenty-fifth day of the [month] Elul, in fifty-two days.
၁၅အရက် ငါး ဆယ်နှစ် ရက် ကြာမှ ဧလုလလ နှစ် ဆယ်ငါး ရက်နေ့တွင် မြို့ရိုး ကို လက်စသတ် ကြ၏။
16 And it came to pass, when all our enemies heard [of it], that all the nations round about us feared, and great alarm fell upon them, and they knew that it was of our God that this work should be finished.
၁၆ထိုသိတင်းကို ရန်သူ တို့သည်ကြား ၍ ၊ ပတ်လည် ဝန်းကျင်၌နေသော တပါးအမျိုးသား အပေါင်း တို့သည် မြို့ရိုးကို မြင် သောအခါ ၊ ရှက် ကြောက်ခြင်းသို့ ရောက်ကြ ၏။ အကြောင်း မူကား၊ ထို အမှု သည် ငါ တို့၏ ဘုရား သခင့် အခွင့်နှင့်ပြီး ကြောင်း ကို ရိပ်မိ ကြ၏။
17 And in those days letters came to Tobias from many nobles of Juda, and those of Tobias came to them.
၁၇ထို ကာလ တွင် ၊ ယုဒ မှူးမတ် တို့သည် များစွာ သော မေတ္တာစာ ကို တောဘိ ထံ သို့ ပေးလိုက်၍၊ တောဘိ ပြန်ပေးသော စာအများကိုလည်း ရကြ၏။
18 For many in Juda were bound to him by oath, because he was son-in-law of Sechenias the son of Herae; and Jonan his son had taken the daughter of Mesulam the son of Barachia to wife.
၁၈တောဘိသည် အာရာ သား ရှေကနိ ၏ သမက် ဖြစ်သောကြောင့် ၎င်း၊ သူ ၏သား ယောဟနန် သည် ဗေရခိ သား မေရှုလံ သမီး နှင့် စုံဘက် သောကြောင့်၎င်း၊ ယုဒ လူ အများ တို့သည် တောဘိထံ ၌ သစ္စာ ကိုခံကြပြီ။
19 And they reported his words to me, and carried out my words to him: and Tobias sent letters to terrify me.
၁၉သူတို့သည် တောဘိပြုသောအမှုကောင်း တို့ကို ငါ့ အား ပြန်ပြော ကြ၏။ ငါ့ စကား ကိုလည်း သူ့ အား ပြန် ပြောကြ၏။ သူသည်လည်း ငါ ကြောက် စေခြင်းငှါ စာ ပေး လိုက်လေ၏။

< Nehemiah 6 >