< Michaeas 1 >

1 And the word of the Lord came to Michaeas the son of Morasthi, in the days of Joatham, and Achaz, and Ezekias, kings of Juda, concerning what he saw regarding Samaria and Jerusalem.
ယု​ဒ​နိုင်​ငံ​တွင်​ယော​သံ​ဘု​ရင်၊ အာ​ခတ်​ဘု​ရင်၊ ဟေ​ဇ​ကိ​ဘု​ရင်​တို့​စိုး​စံ​သည့်​အ​ချိန်​ကာ​လ ၌ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရ​ရှ​မြို့​သား မိက္ခာ​အား​ဤ​သို့​ဗျာ​ဒိတ်​ပေး​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ရှ​မာ​ရိ​မြို့​နှင့် ယေ​ရု​ရှ​လင်​မြို့​တို့​နှင့်​စပ်​လျဉ်း​၍ အောက် ပါ​အ​ကြောင်း​အ​ရာ​များ​ကို​ဖော်​ပြ​တော် မူ​၏။
2 Hear [these] words, you people; and let the earth give heed, and all that are in it: and the Lord God shall be amongst you for a testimony, the Lord out of his holy habitation.
လူ​မျိုး​အ​ပေါင်း​တို့၊ကြား​နာ​ကြ​လော့။ ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​နား​ထောင် ကြ​လော့။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​တစ် ဘက်​မှ သက်​သေ​ခံ​တော်​မူ​မည်။ နား​ထောင်​ကြ​လော့၊ ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ဘုံ​ရှိ​ဗိ​မာန် တော်​မှ မိန့်​ကြား​တော်​မူ​၏။
3 For, behold, the Lord comes forth out of his place, and will come down, and will go upon the high places of the earth.
ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​ရာ​ဌာ​န တော်​မှ ကြွ​ဆင်း​လာ​၍၊တောင်​ထိပ်​များ​ပေါ်​တွင် စက်​တော်​ဖြန့်​တော်​မူ​မည်။
4 And the mountains shall be shaken under him, and the valleys shall melt like wax before the fire, and as water rushing down a declivity.
ထို​အ​ခါ​၌​တောင်​များ​သည်​မီး​နှင့်​တွေ့​သော ဖ​ယောင်း​ကဲ့​သို့​အ​ရည်​ပျော်​လိမ့်​မည်။ ထို​နောက်​တောင်​ကုန်း​မှ​တောင်​အောက်​သို့ ရေ​စီး​ဆင်း​သ​ကဲ့​သို့​ချိုင့်​ဝှမ်း​ထဲ​သို့​စီး​ဆင်း လိမ့်​မည်။
5 All these [calamities are] for the transgression of Jacob, and for the sin of the house of Israel. What is the transgression of Jacob? [is it] not Samaria? and what is the sin of the house of Juda? [is it] not Jerusalem?
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ပြစ် ကူး​လွန်​၍​ဘု​ရား​သ​ခင်​အား​ပုန်​ကန်​ကြ သော​ကြောင့် ဤ​အ​ဖြစ်​မျိုး​နှင့်​တွေ့​ကြုံ​ရ ကြ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ပုန်​ကန်​မှု​အ​တွက် မည်​သူ့​ကို​အ​ပြစ်​တင် ရ​ပါ​မည်​နည်း။ ရှ​မာ​ရိ​မြို့​တော်​မ​ဟုတ် လော။ ယု​ဒ​လူ​မျိုး​များ​ကိုး​ကွယ်​နေ​သည့် မြင့်​ရာ​အ​ရပ်​ကား​အ​ဘယ်​မှာ​နည်း။ ယေ​ရု​ရှ​လင်​မြို့​တော်​၌​မ​ဟုတ်​လော။-
6 Therefore I will make Samaria [as] a store-house of the fruits of the field, and [as] a planting of a vineyard: and I will utterly demolish her stones, and I will expose her foundations.
ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည် ရှ​မာ​ရိ​မြို့​ကို​ကွင်း​ပြင်​၌​မြို့​ပျက်​ကဲ့ သို့​လည်း​ကောင်း၊ စ​ပျစ်​ပင်​စိုက်​ရာ​အ​ရပ် ကဲ့​သို့​လည်း​ကောင်း​ဖြစ်​စေ​မည်။ ငါ​သည် မြို့​ပျက်​မှ​ကျောက်​တုံး​ကျောက်​ခဲ​တို့​ကို ချိုင့်​ဝှမ်း​ထဲ​သို့​သွန်​ချ​၍​မြို့​အောက်​ခြေ ကို​လှန်​ပစ်​မည်။-
7 And they shall cut in pieces all the graven images, and all that she has hired they shall burn with fire, and I will utterly destroy all her idols: because she has gathered of the hires of fornication, and of the hires of fornication has she amassed [wealth].
ရုပ်​တု​ရှိ​သ​မျှ​ကို​ကျိုး​ပဲ့​ကြေ​မွ​စေ​မည်။ ရုပ်​တု​တို့​အား​ပူ​ဇော်​သော​လက်​ဆောင်​ပစ္စည်း ရှိ​သ​မျှ​ကို​မီး​ရှို့​ဖျက်​ဆီး​မည်။ ရုပ်​တု​ရှိ သ​မျှ​ကို​အ​မှိုက်​ပုံ​ဖြစ်​စေ​မည်။ ရှ​မာ​ရိ မြို့​သည်​ဤ​အ​ရာ​များ​ကို​ရုပ်​တု​ကိုး​ကွယ် မှု​ဖြင့်​စု​ဆောင်း​ရ​ရှိ​၏။ ဘု​ရား​ကျောင်း ပြည့်​တန်​ဆာ​လုပ်​ငန်း​နှင့် ရန်​သူ​များ​သည် ယင်း​တို့​ကို​ကိုး​ကွယ်​ရန်​သိမ်း​ယူ​သွား ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
8 Therefore shall she lament and wail, she shall go barefooted, and [being] naked she shall make lamentation as [that] of serpents, and mourning as of the daughters of sirens.
ထို​အ​ခါ​မိက္ခာ​က``ထို​အ​တွက်​ကြောင့်​ငါ သည်​ငို​ကြွေး​မြည်​တမ်း​မည်။ ငါ​သည်​ဝမ်း နည်း​ကြောင်း​ပြ​ရန်​ဖိ​နပ်​မ​စီး၊ အ​ဝတ် အင်္ကျီ​မ​ဝတ်​ဆင်​ဘဲ​လှည့်​လည်​မည်။ ငါ သည်​ခွေး​အ​ကဲ့​သို့​အူ​၍​ငှက်​ကု​လား အုတ်​ကဲ့​သို့​ညည်း​ညူ​မည်။-
9 For her plague has become grievous; for it has come even to Juda; and has reached to the gate of my people, even to Jerusalem.
ရှ​မာ​ရိ​မြို့​၏​ဒဏ်​ရာ​ဒဏ်​ချက်​တို့​ကို​ကု​သ ၍​မ​ရ​နိုင်။ ယု​ဒ​ပြည်​သည်​လည်း​ထို​ကဲ့​သို့ သော​ကံ​ကြမ္မာ​နှင့်​တွေ့​ကြုံ​ရ​တော့​မည်။ ငါ ၏​အ​မျိုး​သား​တို့​နေ​ထိုင်​ရာ​ယေ​ရု​ရှ​လင် မြို့​တံ​ခါး​များ​သို့​ဘေး​အန္တ​ရာယ်​ဆိုက် ရောက်​လာ​သည်'' ဟု​ဆို​လေ​၏။
10 You that are in Geth, exalt not yourselves, and you Enakim, do not rebuild from [the ruins of] the house in derision: sprinkle dust [in the place of] your laughter.
၁၀ဂါ​သ​မြို့​ရှိ​ရန်​သူ​များ​အား​ငါ​တို့​စစ်​ရေး နိမ့်​သည့်​သ​တင်း​ကို​မ​ကြား​ပြော​နှင့်။ သင် တို့​ငို​ကြွေး​နေ​ခြင်း​ကို​သူ​တို့​မ​မြင်​စေ​နှင့်။ ဗေ​သော​ဖ​ရာ​မြို့​သား​တို့၊ စိတ်​ပျက်​အား လျော့​ကြောင်း​ပြ​ရန်​မြေ​မှုန့်​၌​လူး​လှိမ့်​နေ ကြ​လော့။-
11 The inhabitant of Sennaar, fairly inhabiting her cities, came not forth to mourn for the house next to her: she shall receive of you the stroke of grief.
၁၁ရှ​ဖိ​ရ​မြို့​သား​တို့၊ အ​ဝတ်​အ​ချည်း​စည်း ဖြင့်​အ​ရှက်​ကွဲ​လျက်​သုံ့​ပန်း​အ​ဖြစ်​ရောက် ကြ​လော့။ ဇာ​နန်​မြို့​သား​တို့​သည်​မြို့​ပြင် သို့​မ​ထွက်​ဝံ့​ကြ။ ဗေ​သ​ဇေ​လ​မြို့​သား တို့​ငို​ကြွေး​သံ​ကို​သင်​တို့​ကြား​ရ​သော အ​ခါ ထို​မြို့​တွင်​သင်​တို့​ခို​လှုံ​နိုင်​မည် မ​ဟုတ်​ကြောင်း​သိ​ရ​လိမ့်​မည်။-
12 Who has begun [to act] for good to her that dwells in sorrow? for calamities have come down from the Lord upon the gates of Jerusalem,
၁၂မာ​ရုတ်​မြို့​သား​တို့​သည်​လူး​လှိမ့်​လျက် ဝေ​ဒ​နာ​ခံ​နေ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား သည်​ယေ​ရု​ရှ​လင်​မြို့​အား ဘေး​ဒုက္ခ​ရောက် စေ​တော့​မည်​ဖြစ်​၍ ငါ​တို့​မြို့​သား​တို့​သည် စိတ်​တ​ထင့်​ထင့်​နှင့်​အ​ကူ​အ​ညီ​စောင့် မျှော်​နေ​ကြ​၏။-
13 [even] a sound of chariots and horsemen: the inhabitants of Lachis, she is the leader of sin to the daughter of Sion: for in you were found the transgressions of Israel.
၁၃လာ​ခိ​ရှ​မြို့​တွင်​နေ​ထိုင်​သူ​တို့၊ စစ်​ရ​ထား များ​ကို​မြင်း​က​ကြ​လော့။ သင်​တို့​သည် ဣ​သ​ရေ​လ​ပြည်​သူ​တို့​၏​စံ​န​မူ​နာ​ကို လိုက်​၍ အ​ပြစ်​ကူး​လွန်​ကြ​၏။ သင်​တို့ အ​ပြစ်​ကူး​လွန်​စေ​သ​ကဲ့​သို့ ယေ​ရု​ရှ​လင် မြို့​အား​လည်း​အ​ပြစ်​ကူး​လွန်​စေ​ကြ​၏။-
14 Therefore shall he cause men to be sent forth as far as the inheritance of Geth, [even] vain houses; they are become vanity to the kings of Israel;
၁၄ယု​ဒ​ပြည်​သား​တို့၊ မော​ရ​ရှက်​ဂါ​သ​မြို့​ကို လည်း​လက်​လွှတ်​လိုက်​ကြ​လော့။ ဣ​သ​ရေ​လ ဘု​ရင်​တို့​သည် အာ​ခ​ဇိပ်​မြို့​သား​တို့​ထံ​မှ အ​ကူ​အ​ညီ​ရ​လိမ့်​မည်​မ​ဟုတ်။
15 until they bring the heirs, O inhabitant of Lachis: the inheritance shall reach to Odollam, [even] the glory of the daughter of Israel.
၁၅မ​ရေ​ရှ​မြို့​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​၏​မြို့​ကို​ရန်​သူ့​လက်​သို့​အပ်​တော် မူ​မည်။ ဣ​သ​ရေ​လ​ခေါင်း​ဆောင်​များ​သည် အ​ဒု​လံ​ဥ​မင်​လှိုဏ်​ခေါင်း​သို့​ထွက်​ပြေး ပုန်း​အောင်း​ရ​လိမ့်​မည်။-
16 Shave your hair, and make yourself bald for your delicate children; increase your widowhood as an eagle; for [your people] are gone into captivity from you.
၁၆ယု​ဒ​ပြည်​သား​တို့၊ သင်​တို့​ချစ်​သော​သား သ​မီး​များ​အ​တွက်​ဝမ်း​နည်း​ပူ​ဆွေး​ကြောင်း ပြ​သည့်​အ​နေ​ဖြင့် သင်​တို့​၏​ဆံ​ပင်​ကို​ရိတ် ကြ​လော့။ သင်​တို့​၏​သား​သ​မီး​များ​ကို တိုင်း​တစ်​ပါး​သို့​သိမ်း​ယူ​သွား​ကြ​မည် ဖြစ်​သော​ကြောင့် သင်​တို့​၏​ဦး​ခေါင်း​ကို လင်း​တ​ငှက်​ခေါင်း​ကဲ့​သို့​ပြောင်​အောင် ရိတ်​ကြ​လော့။

< Michaeas 1 >