< Jeremias 48 >
1 Now it came to pass in the seventh month that Ismael the son of Nathanias the son of Eleasa of the seed royal, came, and ten men with him, to Godolias to Massepha: and they ate bread there together.
၁မောဘပြည်ကိုရည်မှတ်၍အနန္တတန်ခိုးရှင် ထာဝရဘုရားမိန့်တော်မူသည်ကားဤသို့ တည်း။ ``နေဗောမြို့သူမြို့သားတို့အားကရုဏာ သက်ကြလော့။ သူတို့၏မြို့သည်ပျက်စီး၍သွားလေပြီ။ ကိရယသိမ်မြို့သည်ဖမ်းဆီးသိမ်းယူခြင်း ကိုခံ၍၊ ထိုမြို့၏ခံတပ်များသည်ဖြိုပျက်လျက် မြို့သူမြို့သားတို့သည်လည်းအရှက်ကွဲရ ကြ၏။
2 And Ismael rose up, and the ten men that were with him, and struck Godolias, whom the king of Babylon had appointed [governor] over the land,
၂မောဘပြည်၏ဘုန်းအသရေသည်ကွယ် ပျောက်၍ သွားလေပြီ။ ရန်သူတို့သည်ဟေရှဘုန်မြို့ကိုသိမ်းယူ၍ မောဘ နိုင်ငံကိုသုတ်သင်ဖျက်ဆီးရန်ကြံစည်လျက် ရှိ၏။ မာဒမေနမြို့သည်ဆိတ်ငြိမ်၍နေလိမ့်မည်။ စစ်သည်တပ်သားတို့သည်ထိုမြို့ကိုချီတက် တိုက်ခိုက်ကြလိမ့်မည်။
3 and all the Jews that were with him in Massepha, and all the Chaldeans that were found there.
၃ဟောရနိမ်မြို့သူမြို့သားတို့က`အကြမ်းဖက်မှု၊ သုတ်သင်ဖျက်ဆီးမှု' ဟုဟစ်အော်ကြ၏။
4 And it came to pass on the second day after he had struck Godolias, and no man knew [of it],
၄``မောဘပြည်သည်ပြိုပျက်၍သွားလေပြီ။ ကလေးသူငယ်တို့အော်ဟစ်သံကို နားထောင်ကြလော့။
5 that there came men from Sychem, and from Salem, and from Samaria, [even] eighty men, having their beards shaven, and their clothes tore, and beating their breasts, and [they had] manna and frankincense in their hands, to bring [them] into the house of the Lord.
၅လုဟိတ်တောင်ပေါ်သို့တက်ရာလမ်းတွင်သူတို့ ရှိုက်ကြီးငင်ကြီးငိုကြွေးသံကိုလည်းကောင်း၊ ဟောရနိမ်မြို့သို့ဆင်းရာလမ်းတွင်၊စိတ်ဒုက္ခ ရောက်၍ အော်ဟစ်သံများကိုလည်းကောင်းကြားကြလော့။
6 And Ismael went out to meet them; [and] they went on and wept: and he said to them, Come in to Godolias.
၆သူတို့က`သင်တို့အသက်ချမ်းသာရအောင် လျင်မြန်စွာပြေးကြလော့။ သဲကန္တာရမှမြည်းရိုင်းကဲ့သို့ပြေးကြလော့' ဟုဆိုကြ၏။
7 And it came to pass, when they had entered into the midst of the city, [that] he killed them [and cast them] into a pit.
၇``အို မောဘပြည်၊သင်သည်မိမိ၏အင်အားနှင့် စည်းစိမ်ချမ်းသာကိုအားကိုး၏။ သို့ရာတွင်ယခုသင်သည်နှိမ်နင်းခြင်းကိုခံ ရလိမ့်မည်။ သင်၏ဘုရားခေမုရှသည်လည်းသူ၏မင်း သားများ၊ ယဇ်ပုရောဟိတ်များနှင့်အတူပြည်နှင်ဒဏ် သင့်ရပေတော့အံ့။
8 But ten men were found there, and they said to Ismael, Slay us not: for we have treasures in the field, wheat and barley, honey and oil. So he passed by, and killed them not in the midst of their brethren.
၈အဘယ်မြို့မျှဆုံးပါးပျက်စီးမှုနှင့် ကင်းလွတ်လိမ့်မည်မဟုတ်။ ချိုင့်ဝှမ်းရော၊လွင်ပြင်ပါပျက်စီးလိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏။
9 Now the pit into which Ismael cast all whom he struck, is the great pit, which king Asa had made for fear of Baasa king of Israel: [even] this Ismael filled with slain men.
၉မောဘပြည်အတွက်သင်္ချိုင်းကမ္ပည်းကျောက်တိုင် စိုက်ထူကြလော့။ ထိုပြည်သည်မကြာမီပျက်စီးရလိမ့်မည်။ ထိုပြည်ရှိမြို့များသည်ပျက်စီး၍လူသူ ဆိတ်ငြိမ်ရာဖြစ်လိမ့်မည်။''
10 And Ismael brought back all the people that were left in Massepha, and the king's daughter, whom the captain of the guard had committed in charge to Godolias the son of Achicam: and he went away beyond the children of Ammon.
၁၀(ထာဝရဘုရား၏အမှုတော်ကိုစိတ်နှလုံး အကြွင်းမဲ့နှင့်မထမ်းဆောင်သူသည် ကျိန်ဆဲ ခြင်းကိုခံရပါစေသတည်း။ မိမိ၏ဋ္ဌားနှင့် ခုတ်၍မသတ်သောသူသည်ကျိန်ဆဲခြင်းကို ခံရပါစေသတည်း။)
11 And Joanan the son of Caree, and all the leaders of the host that were with him, heard of all the evil deeds which Ismael had done.
၁၁ထာဝရဘုရားက``မောဘပြည်သူတို့သည် အစဉ်ပင်ဘေးမဲ့လုံခြုံစွာနေခဲ့ရ၍အဘယ် အခါ၌မျှပြည်နှင်ဒဏ်မသင့်ခဲ့ဘူးပေ။ မောဘ ပြည်သည်အိုးတစ်လုံးမှတစ်လုံးသို့မပြောင်း၊ မွှေ နှောက်မှုလည်းမပြုဘဲအနည်ထိုင်ရန်ထားရှိ သဖြင့်အနံ့အရသာမပျက်၊ ကောင်းမြဲ ကောင်းလျက်နေသည့်စပျစ်ရည်နှင့်တူ၏။
12 And they brought all their army, and went to fight against him, and found him near much water in Gabaon.
၁၂``သို့ဖြစ်၍မောဘပြည်ကိုစပျစ်ရည်သဖွယ် သွန်မှောက်မည့်လူတို့အား ငါစေလွှတ်မည့်အချိန် ကာလကျရောက်လာလိမ့်မည်။ သူတို့သည်ထို ပြည်၏စပျစ်ရည်အိုးများကိုသွန်မှောက်ကာ အစိတ်စိတ်အမြွှာမြွှာခွဲပစ်ကြလိမ့်မည်။-
13 And it came to pass, when all the people that was with Ismael saw Joanan, and the leaders of the host that was with him,
၁၃ထိုအခါမိမိတို့ယုံကြည်ခဲ့ကြသောဗေသလ ဘုရားကို ဣသရေလအမျိုးသားတို့စိတ်ပျက် ကြသကဲ့သို့ မောဘပြည်သူတို့သည်မိမိတို့ ၏ခေမုရှဘုရားကိုလည်းစိတ်ပျက်ကြလိမ့် မည်။
14 that they returned to Joanan.
၁၄``မောဘပြည်သားတို့၊သင်တို့သည်အဘယ် ကြောင့် မိမိတို့ကိုယ်ကို၊အာဇာနည်များ၊စစ်ပြန် သူရဲကောင်းများဟုပြောဆိုကြသနည်း။
15 But Ismael escaped with eight men and went to the children of Ammon.
၁၅မောဘပြည်နှင့်မြို့တို့သည်ပျက်စီးကာ သူတို့၏လက်ရွေးစင်လူငယ်လူရွယ်တို့သည် အသတ်ခံရကြလေပြီ။ ငါသည်အနန္တတန်ခိုးရှင်ထာဝရဘုရား တည်းဟူသော ဘုရင်ဖြစ်တော်မူ၏။ ဤကားငါမြွက်ဟသည့်စကားဖြစ်၏။
16 And Joanan, and all the leaders of the host that were with him, took all the remnant of the people, whom he [had] brought back from Ismael, mighty men in war, and the women, and the other [property], and the eunuchs, whom they [had] brought back from Gabaon:
၁၆မောဘပြည်၏ကံကြမ္မာဆိုးသည်ချဉ်းကပ်လာလျက် ထိုပြည်ယိုယွင်းပျက်စီးရာကာလသည်၊မကြာမီ ရောက်ရှိလာတော့မည်။
17 and they departed, and lived in Gaberoch-amaa, that is by Bethleem, to go into Egypt, for fear of the Chaldeans:
၁၇``နီးနားပတ်ဝန်းကျင်တွင်နေထိုင်သူတို့၊ထို နိုင်ငံအတွက် ငိုကြွေးမြည်တမ်းကြလော့။ ထိုနိုင်ငံ၏ဂုဏ်သတင်းကိုသိရှိကြသူ အပေါင်းတို့ `တန်ခိုးကြီးမားသည့်ဤနိုင်ငံသည် ထီးကျိုးစည်ပေါက်ဖြစ်လျက် ယင်း၏ဘုန်းအသရေနှင့်တန်ခိုးအာဏာသည် ကွယ်ပျောက်သွားလေပြီ' ဟုပြောဆိုကြလော့။
18 for they were afraid of them, because Ismael had struck Godolias, whom the king of Babylon made [governor] in the land.
၁၈ဒိဘုန်မြို့တွင်နေထိုင်သူတို့၊ သင်တို့သည်ဂုဏ်အသရေရှိသည့်နေရာမှ သက်ဆင်း၍မြေမှုန့်ပေါ်တွင်ထိုင်ကြလော့။ မောဘပြည်ကိုပျက်ပြုန်းစေသောသူသည် ဤအရပ်သို့ရောက်ရှိလာကာသင်၏ခံတပ် များကို ဖြိုဖျက်လိုက်လေပြီ။
၁၉အာရော်မြို့တွင်နေထိုင်သူတို့၊လမ်းနံဘေး တွင်ရပ်၍ စောင့်နေပြီးလျှင် ထွက်ပြေးတိမ်းရှောင်ကြသူတို့အားဖြစ် ပျက်သည့် အချင်းအရာကိုမေးမြန်းလော့။
၂၀ထိုသူတို့က`မောဘပြည်ကျဆုံးလေပြီ။ ထိုပြည်အတွက်ငိုကြွေးကြလော့။ ယင်းသည်အရှက်ကွဲလေပြီ။ မောဘပြည်ပျက်သုဉ်း၍သွားကြောင်းကို အာနုန်မြစ်ရိုးတစ်လျှောက်တွင်ကြွေးကြော် ကြလော့' ဟုပြန်လည်ဖြေကြားကြလိမ့်မည်။
၂၁ဟောလုန်မြို့၊ ယဟာဇမြို့၊ မေဖတ်မြို့၊ ဒိဘုန်မြို့၊ နေဗောမြို့၊ ဗက်ဒိဗလသိမ်မြို့၊ ကိရယသိမ် မြို့၊ ဗက်ဂမုလမြို့၊ ဗက်မောင်မြို့၊ ကေရုတ်မြို့၊ ဗောဇရမြို့အစရှိသည့်ကုန်းပြင်မြို့ အပေါင်းတို့သည်အပြစ်ဒဏ်စီရင်တော်မူ ခြင်းကိုခံရကြလေပြီ။ ရပ်နီးရပ်ဝေးရှိ မောဘမြို့မှန်သမျှသည်အပြစ်ဒဏ်စီ ရင်တော်မူခြင်းကိုခံရကြလေပြီ။-
၂၅မောဘပြည်၏အာဏာတန်ခိုးသည်ပျောက် ကွယ်၍သွားလေပြီ။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟု မိန့်တော်မူ၏။
၂၆ထာဝရဘုရားက``မောဘပြည်သည်ငါထာဝရ ဘုရားအားပုန်ကန်ခဲ့သည်ဖြစ်၍ ထိုပြည်ကို ယစ်မူး၍နေစေကြလော့။ သူသည်မိမိ၏အန် ဖတ်တွင်လူးလှိမ့်၍နေလိမ့်မည်။ လူတို့သည် လည်းသူ့အားပြောင်လှောင်ကြလိမ့်မည်။-
၂၇အို မောဘပြည်၊ ဣသရေလပြည်သားတို့ အားအဘယ်သို့သင်ပြက်ရယ်ပြုခဲ့သည် ကိုအောက်မေ့သတိရလော့။ သင်သည်သူ တို့အားသူခိုး၊ ဋ္ဌားပြဂိုဏ်းနှင့်အတူဖမ်း ဆီးရမိသူများသဖွယ်ပြုကျင့်ခဲ့ပေ သည်။
၂၈``မောဘပြည်သူတို့၊ သင်တို့သည်မိမိတို့ ၏မြို့များမှထွက်ခွာပြီးလျှင် ကျောက်ကမ်း ပါးသို့သွားရောက်နေထိုင်ကြလော့။ လျှို မြောင်အကြားတွင်အသိုက်လုပ်တတ်သည့် ချိုးငှက်ကဲ့သို့ပြုကြလော့။-
၂၉မောဘပြည်သည်အလွန်မာနကြီး၏။ ပြည်သူ တို့သည်အဘယ်မျှစိတ်နေမြင့်၍၊ မောက်မာ ထောင်လွှားကာမာန်မာနကြီးကြကြောင်းကို လည်းကောင်း၊ အဘယ်မျှကိုယ်ကျိုးရှာတတ် ကြောင်းကိုလည်းကောင်းငါကြားသိတော် မူပြီ။-
၃၀သူတို့၏ကြွားဝါမှုများသည်အရာမရောက်။ သူတို့ပြုသောအရာများသည်လည်းတာရှည် မခံ။ သူတို့၏မောက်မာထောင်လွှားမှုကိုငါ ထာဝရဘုရားသိ၏။-
၃၁သို့ဖြစ်၍ငါသည်မောဘပြည်သူအပေါင်း တို့နှင့်ကိရဟရက်မြို့သူမြို့သားတို့ အတွက်မျက်ရည်ကျမည်။-
၃၂ယာဇာမြို့သူမြို့သားတို့အတွက်ငိုကြွေး သည်ထက်စိဗမာမြို့သူမြို့သားများ အတွက် ငါပို၍ငိုကြွေးမည်။ အို စိဗမာမြို့၊ သင်သည်ပင်လယ်သေကိုကျော်ဖြတ်၍ ယာဇာမြို့တိုင်အောင်ပျံ့နှံ့သွားသည့်စပျစ် ပင်နှင့်တူ၏။ သို့ရာတွင်ယခုအခါ၌သင် ၏နွေရာသီသစ်သီးဝလံများနှင့်စပျစ် ပင်များသည်အဖျက်အဆီးခံရကြလေ ပြီ။-
၃၃အသီးအနှံကြွယ်ဝသည့်မောဘပြည်မှ ရွှင်လန်းဝမ်းမြောက်မှုကိုရုပ်သိမ်းလိုက်လေ ပြီ။ စပျစ်သီးနယ်ရာကျင်းမှစပျစ်ရည် များယိုထွက်၍မလာတော့ပေ။ စပျစ်သီး ကိုနယ်၍ဝမ်းမြောက်စွာကြွေးကြော်မည့် သူလည်းတစ်ဦးတစ်ယောက်မျှမရှိတော့ပေ။
၃၄``ဟေရှဘုန်မြို့နှင့်ဧလာလေမြို့တို့မှ လူတို့ ငိုကြွေးကြသောအသံကိုယာဟတ်မြို့တိုင် အောင်ကြားရကြ၏။ ထိုအသံကိုဇောရမြို့ မှဟောရနိမ်မြို့နှင့်ကေလက်မြို့တို့မှပင် ကြားနိုင်လေသည်။ နိမရိမ်ချောင်းသည် လည်းခန်းခြောက်၍သွား၏။-
၃၅ငါသည်မောဘပြည်သားတို့အားတောင် ထိပ်များတွင်မီးရှို့ရာပူဇော်သကာများ ဆက်ကပ်မှုနှင့် မိမိတို့ဘုရားများအား ယဇ်ပူဇော်မှုကိုရပ်စဲစေမည်။ ဤကားငါ ထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏။
၃၆``မောဘပြည်သားများနှင့် ကိရဟရက်မြို့ သူမြို့သားများသည်မိမိတို့ပိုင်ဆိုင်သမျှ သောဥစ္စာပစ္စည်းများဆုံးရှုံးကုန်ကြပြီ ဖြစ်၍ ငါ၏စိတ်နှလုံးသည်မသာသီချင်း ကိုပြွေမှုတ်သူကဲ့သို့ထိုသူတို့၏အတွက် ငိုကြွေးမြည်တမ်းမည်။-
၃၇လူတိုင်းပင်ဆံမုတ်ဆိတ်ပယ်ကြလေပြီ။ သူ တို့သည်မိမိတို့၏လက်များကိုထိရှ၍ လျှော်တေကိုဝတ်ဆင်ထားကြ၏။-
၃၈မောဘပြည်အိမ်ခေါင်မိုးမှန်သမျှတို့အပေါ် ၌လည်းကောင်း၊ လူထုစည်းဝေးရာမြေကွက် လပ်မှန်သမျှတို့၌လည်းကောင်းငိုကြွေးမြည် တမ်းမှုမှတစ်ပါး အခြားအဘယ်အမှု အရာမျှမတွေ့ရကြ။ အဘယ်ကြောင့်ဆို သော်ငါသည်အသုံးမဝင်တော့သည့်အိုး ကိုခွဲသကဲ့သို့ မောဘပြည်ကိုခွဲလိုက်ပြီ ဖြစ်သောကြောင့်တည်း။ ဤကားငါထာဝရ ဘုရားမြွက်ဆိုသည့်စကားဖြစ်၏။-
၃၉မောဘပြည်သည်ကြေမွ၍သွားလေပြီ။ မောဘပြည်သည်ငိုကြွေးလျက်နေလေပြီ။ မောဘပြည်သည်အသရေပျက်လေပြီ။ ထို ပြည်သည်ယိုယွင်းပျက်စီးလျက်နေသဖြင့် နီးနားဝန်းကျင်မှလူမျိုးအပေါင်းတို့သည် ယင်းကိုပြက်ရယ်ပြုကြကုန်၏။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူသည်။
၄၀တောင်ပံများကိုဖြန့်၍ထားသည့်လင်းယုန် ငှက်ကဲ့သို့ရန်သူသည်မောဘပြည်ပေါ်သို့ ထိုးဆင်းလိမ့်မည်ဖြစ်ကြောင်းထာဝရ ဘုရားမိန့်ကြားခဲ့လေပြီ။-
၄၁မြို့များ၊ ခံတပ်များသည်အသိမ်းခံရကြ လိမ့်မည်။ ထိုနေ့၌မောဘစစ်သည်တော်တို့ သည်သားဖွားဝေဒနာခံရသောအမျိုး သမီးကဲ့သို့ကြောက်လန့်ကြလိမ့်မည်။-
၄၂မောဘပြည်သည်ငါ့အားပုန်ကန်ခဲ့သဖြင့် သုတ်သင်ဖျက်ဆီးခြင်းကိုခံရကာနိုင်ငံ တစ်ခုအနေဖြင့်တည်ရှိတော့မည်မဟုတ်။-
၄၃မောဘပြည်သူတို့အားထိတ်လန့်ဖွယ်ရာ များ၊ မြေတွင်းများနှင့်ထောင်ချောက်များသည် အသင့်စောင့်ဆိုင်းလျက်ရှိပေသည်။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏။-
၄၄ထိတ်လန့်ဖွယ်ရာကောင်းသည့်အရာမှလွတ် မြောက်ရန်ကြိုးစားသူသည်မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှတက်၍လာသောသူ သည်လည်းထောင်ချောက်များတွင်မိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်မောဘပြည်ကိုသုတ် သင်ဖျက်ဆီးရန်အချိန်ကိုငါသတ်မှတ် ထားပြီးဖြစ်သောကြောင့်တည်း။-
၄၅ခိုကိုးရာမဲ့ဒုက္ခသည်များသည်ဟေရှဘုန် မြို့တွင်ခိုလှုံရန်ကြိုးစားကြ၏။ သို့ရာတွင် အခါတစ်ပါးကရှိဟုန်မင်းနန်းစံခဲ့သည့် ဟေရှဘုန်မြို့သည်မီးဟုန်းဟုန်းထ၍နေ လေသည်။ မီးသည်စစ်မက်ဝါသနာပါသည့် မောဘပြည်သူတို့၏နယ်ခြားဒေသများနှင့် တောင်ထိပ်များကိုကျွမ်းလောင်စေလေပြီ။-
၄၆မောဘပြည်သူတို့အားကရုဏာသက်ကြ လော့။ ခေမုရှဘုရားကိုရှိခိုးဝတ်ပြုသူတို့ သည်သုတ်သင်ဖျက်ဆီးခြင်းကိုခံရကြ လေပြီ။ သူတို့၏သားသမီးများသည်လည်း သုံ့ပန်းအဖြစ်ခေါ်ဆောင်ခြင်းကိုခံရကြ လေပြီ။
၄၇သို့ရာတွင်နောင်လာလတ္တံ့သောကာလ၌ ထာဝရဘုရားသည် မောဘပြည်ကိုတစ်ဖန် ပြန်၍ကောင်းစားလာစေမည်။ ဤကားမောဘ ပြည်အပေါ်သို့ကျရောက်မည့်အဖြစ်အပျက် နှင့်ပတ်သက်၍ ထာဝရဘုရားမိန့်တော်မူ သောစကားများဖြစ်သတည်း။