< Esias 25 >
1 O Lord God, I will glorify you, I will sing to your name; for you have done wonderful things, [even] an ancient [and] faithful counsel. So be it.
၁အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်ကို မြှောက်စား ပါမည်။ နာမတော်ကို ချီးမွမ်းပါမည်။ အံ့ဘွယ်သော အ မှုတို့ကိုပြုတော်မူပြီ။ ရှေးအကြံတော်တို့သည် မရွေ့၊ သစ္စာ နှင့် မြဲမြံကြပါ၏။
2 For you have made cities a heap, [even] cities [made] strong that their foundations should not fall: the city of ungodly men shall not be built for ever.
၂မြို့ကိုအမှိုက်ပုံ၊ ခိုင်ခံ့သောမြို့ကို ဖြိုဖျက်ရာဖြစ် စေတော်မူပြီ။ တကျွန်းတနိုင်ငံသားတို့၏ နေရာဘုံဗိမာန် သည် မြို့မဖြစ်၊ နောက်တဖန် မတည်မဆောက် ရမည် အကြောင်းစီရင်တော်မူပြီ။
3 Therefore shall the poor people bless you, and cities of injured men shall bless you.
၃ထိုကြောင့်၊ အားကြီးသော လူမျိုးသည် ကိုယ်တော်ကို ချီး မွမ်းကြပါလိမ့်မည်။ ကြောက်မက်ဘွယ်သော လူမျိုးတို့၏ နေရာမြို့သည် ကိုယ်တော်ကို ကြောက်ရွံ့ပါလိမ့်မည်။
4 For you have been a helper to every lowly city, and a shelter to them that were disheartened by reason of poverty: you shall deliver them from wicked men: [you have been] a shelter of them that thirst, and a refreshing air to injured men.
၄ကိုယ်တော်သည် ဆင်းရဲသောသူတို့ ခိုလှုံရာ၊ ငတ်မွတ်သောသူအမှု ရောက်သည်ကာလ၌ ခိုလှုံရာဖြစ် တော်မူ၏။ ထရံကို တိုက်သော မိုဃ်းသက်မုန်တိုင်းကဲ့သို့၊ ကြောက်မက်ဘွယ်သောသူတို့၏ ဒေါသအမျက်ထွက် သောအခါ၊ မိုဃ်းသက်မုန်တိုင်း လွတ်ရာ၊ နေရောင်ကွယ် ကာရာ ဖြစ်တော်မူ၏။
5 [We were] as faint-hearted men thirsting in Sion, by reason of ungodly men to whom you did deliver us.
၅သွေ့ခြောက်သော အရပ်၌ နေအရှိန်ကိုကဲ့သို့၊တ ကျွန်းတနိုင်ငံတို့၏ အသံဗလံကို ငြိမ်းစေတော်မူလိမ့်မည်။ ထူထပ်သော မိုဃ်းတိမ်အားဖြင့် နေအရှိန် ပျောက်သကဲ့ သို့၊ ကြောက်မက်ဘွယ်သောသူတို့၏ သီချင်းသံပျောက် ရပါလိမ့်မည်။
6 And the Lord of hosts shall make [a feast] for all the nations: on this mount they shall drink gladness, they shall drink wine:
၆ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ ခဲဘွယ်စားဘွယ်ပွဲ၊ ဟောင်းသောစပျစ်ရည်ပွဲတည်းဟူ သော၊ ဆူသောခဲဘွယ်စားဘွယ်၊ ကောင်းမွန်စွာစစ်သော စပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဘို့ ဤတောင်ပေါ် မှာ စီရင်တော်မူလိမ့်မည်။
7 they shall anoint themselves with ointment in this mountain. Impart you all these things to the nations; for this is [God's] counsel upon all the nations.
၇လူခပ်သိမ်းတို့ကို ဖုံးသော မျက်နှာဖုံးကို၎င်း၊ ခပ်သိမ်းသော လူမျိုးတို့ကို ဖုံးလွှမ်းသော တင်းတိမ်ကို၎င်း၊ ဤတောင်ပေါ်မှာ ပယ်တော်မူလိမ့်မည်။
8 Death has prevailed and swallowed [men] up; but again the Lord God has taken away every tear from every face. He has taken away the reproach of [his] people from all the earth: for the mouth of the Lord has spoken it.
၈သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့် မည်။ အရှင်ထာဝရဘုရားသည်လည်း၊ ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကိုသုတ်တော်မူလိမ့်မည်။ ကိုယ် တော်၏လူတို့သည် ခံရသော ကဲ့ရဲ့ခြင်းကိုလည်း၊ မြေကြီး တပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု၊ ထာဝရဘုရား အမိန့်တော်ရှိ၏။
9 And in that day they shall say, behold our God in whom we have trusted, and he shall save us: this [is] the Lord; we have waited for him, and we have exulted, and will rejoice in our salvation.
၉ထိုကာလ၌ ကြည့်ရှုလော့။ ဤအရှင်ကား၊ ငါတို့ မြော်လင့်သော၊ ငါတို့၏ဘုရားသခင်တည်း။ ငါတို့ကို ကယ် တင်တော်မူလိမ့်မည်။ ဤအရှင်ကား၊ ငါတို့မြော်လင့်သော ထာဝရဘုရားတည်း။ ကယ်တင်တော်မူခြင်းကျေးဇူး ကြောင့်၊ ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့ဟုဆို ကြလိမ့်မည်။
10 God will give rest on this mountain, and the country of Moab shall be trodden down, as they tread the floor with waggons.
၁၀အကြောင်းမူကား၊ ထာဝရဘုရား၏ လက်တော် သည် ဤတောင်ပေါ်မှာ ငြိမ်းလိမ့်မည်။ ကောက်ရိုးသည် နောက်ချေးရွှံ့ပွက်၌ နှိပ်နင်းခြင်းကို ခံရသကဲ့သို့၊ မောဘ ပြည်သည် မိမိ၌ နှိပ်နင်းတော်မူခြင်းကိုခံရလိမ့်မည်။
11 And he shall spread forth his hands, even as he also brings down [man] to destroy [him]: and he shall bring low his pride [in regard to the thing] on which he has laid his hands.
၁၁ရေကူးသောသူသည် ရေကူးခြင်းငှါ လက်ကို ဆန့်သကဲ့သို့၊ မောဘပြည်အလယ်၌ လက်တော်ကို ဆန့် ၍၊ မောဘ၏မာနနှင့် လက်သတ္တိကို ချတော်မူလိမ့်မည်။
12 And he shall bring down the height of the refuge of the wall, and it shall come down even to the ground.
၁၂သင်တို့၏ မြို့ရိုးပြအိုး အထွဋ်ကို ဖြို၍၊ မြေတိုင် အောင် နှိမ့်သဖြင့်၊မြေမှုန့်ထဲမှာ ချတော်မူလိမ့်မည်။