< Genesis 18 >
1 And God appeared to him by the oak of Mambre, as he sat by the door of his tent at noon.
၁ထာဝရဘုရား သည် မံရေ သပိတ် တောနား မှာ၊ အာဗြဟံ အား ထင်ရှား တော်မူသည် အကြောင်းအရာဟူမူကား ၊ နေ ပူ သောအချိန်တွင် အာဗြဟံသည် တဲ တံခါးဝ ၌ ထိုင် လျက်၊
2 And he lifted up his eyes and saw, and behold! three men stood before him; and having seen them he ran to meet them from the door of his tent, and did obeisance to the ground.
၂မြော် ကြည့် ၍ ၊ မိမိ ရှေ့ မှာ လူ သုံး ယောက် ရပ် နေကြသည်ကို မြင် သောအခါ ၊ ခရီးဦးကြိုပြု ခြင်းငှါ တဲ တံခါးဝ မှ ပြေး ၍ မြေ သို့ ဦးညွတ် ချလျက်၊
3 And he said, Lord, if indeed I have found grace in your sight, pass not by your servant.
၃အကျွန်ုပ်သခင် ၊ ရှေ့ တော်၌ အကျွန်ုပ်သည် မျက်နှာ ရလျှင် ကိုယ်တော် ကျွန် မှ လွန် ၍ မ သွားပါနှင့်။
4 Let water now be brought, and let them wash your feet, and do you refresh [yourselves] under the tree.
၄ရေ အနည်းငယ် ကို ယူ ခဲ့ပါရစေ။ ခြေ ကို ဆေး ပြီးလျှင် သစ်ပင် အောက် ၌ လျောင်း နေကြပါလော့။
5 And I will bring bread, and you shall eat, and after this you shall depart on your journey, on account of which [refreshment] you have turned aside to your servant. And he said, So do, as you have said.
၅မုန့် အနည်းငယ် ကိုလည်း ယူ ခဲ့ပါမည်။ အမောအပန်း ပြေသောအခါ သွား ကြပါလော့။ ထိုသို့ သော ကျေးဇူးတော်ကိုခံ စေခြင်းငှါ၊ ကိုယ်တော် ကျွန် ရှိရာသို့ ရောက် ပါပြီဟုဆို၏။ ထိုသူတို့ကလည်း ၊ ပြော သည်အတိုင်း ပြု ပါလော့ဟုဆို ကြ၏။
6 And Abraam hasted to the tent to Sarrha, and said to her, Hasten, and knead three measures of fine flour, and make cakes.
၆အာဗြဟံ သည်လည်း ၊ တဲ အတွင်း ၌ရှိသောစာရာ ဆီသို့ အလျင်အမြန် ဝင်ပြီးလျှင် ၊ ဂျုံမုန့်ညက် သုံး စလယ် ကို အသော့ ပြင်၍နယ် ပါ။ ပေါင်မုန့် ကို လုပ် ပါဟုဆို လေ၏။
7 And Abraam ran to the kine, and took a young calf, tender and good, and gave it to his servant, and he hasted to dress it.
၇တဖန် နွား စုသို့ ပြေး ၍ နုထွား ကောင်းမွန်သော နွားသငယ် ကို ယူခဲ့၍၊ လုလင် ၌ အပ် သဖြင့် မြန်မြန် ပြင်ဆင် စေ ၏။
8 And he took butter and milk, and the calf which he had dressed; and he set them before them, and they did eat, and he stood by them under the tree.
၈ထိုနောက် နို့ နှင့် နို့ဓမ်း ကို၎င်း၊ ပြင်ဆင် သော နွား သငယ် ကို၎င်း ယူ ၍၊ ထိုသူ တို့ရှေ့ ၌ ထည့် ပြီးလျှင် ၊ သစ်ပင် အောက် ၊ သူ တို့အနား မှာရပ် နေ၍ ၊ သူတို့သည် စား ကြ၏။
9 And he said to him, Where is Sarrha your wife? And he answered and said, Behold! in the tent.
၉ပြီး သောအခါ၊ သင် ၏ မယား စာရာ သည် အဘယ် မှာရှိသနည်းဟုမေး ကြလျှင်၊ တဲ အတွင်း ၌ ရှိပါသည်ဟု ပြန် ပြော၏။
10 And he said, I will return and come to you according to this period seasonably, and Sarrha your wife shall have a son; and Sarrha heard at the door of the tent, being behind him.
၁၀ထိုသူတို့တွင် တပါးကလည်း၊ ဘွားချိန်စေ့သောအခါ၊ ငါသည် သင့် ဆီသို့ ဆက်ဆက်ပြန်လာ ဦးမည်။ ထိုအခါ သင် ၏မယား စာရာ သည် သား ကို ရလိမ့်မည်ဟု ပြောဆို၏။ ထိုသို့ဆိုသောသူ ၏နောက် ၌ တံခါးဝ အနား မှာ၊ စာရာရှိသောကြောင့်ထိုစကားကိုကြား၏။
11 And Abraam and Sarrha were old, advanced in days, and the custom of women ceased with Sarrha.
၁၁ထိုအခါ အာဗြဟံ နှင့် စာရာ သည် အသက် အရွယ် ကြီးရင့်လှပြီ။ စာရာ သည် မိန်းမ တို့၌ ဥတုရောက် မြဲ ရှိသည့်အတိုင်း မ ရောက်ပြီ။
12 And Sarrha laughed in herself, saying, The thing has not as yet happened to me, even until now, and my lord is old.
၁၂ထိုကြောင့် စာရာ က၊ ငါ လည်းအို ပြီ၊ ငါ့ သခင် လည်း အို ပြီ၊ သို့ဖြစ်၍ငါ သည် ပျော်မွေ့ ခြင်းရှိလိမ့်မည် လောဟု ဆိုလျှက်၊ တိတ်ဆိတ်စွာ ရယ် လေ၏။
13 And the Lord said to Abraam, Why is it that Sarrha has laughed in herself, saying, Shall I then indeed bear? but I am grown old.
၁၃သင်၏မယားစာရာ က၊ အကယ်၍ငါ သည် အို ပြီး မှ၊ သားကို ဘွား လိမ့်မည်လောဟုဆို လျက် ၊ အဘယ်ကြောင့် ရယ် သနည်း။
14 Shall anything be impossible with the Lord? At this time I will return to you seasonably, and Sarrha shall have a son.
၁၄ထာဝရဘုရား မ တတ်နိုင်သောအမှု တစုံတခု ရှိသလော။ ချိန်းချက်သော ဘွားချိန် စေ့သောအခါ ၊ သင့် ဆီသို့ ငါပြန် လာ၍၊ စာရာ သည် သား ကို ရလိမ့်မည်ဟု ထာဝရဘုရား သည် အာဗြဟံ အား မိန့် တော်မူ၏။
15 But Sarrha denied, saying, I did not laugh, for she was afraid. And he said to her, Nay, but you did laugh.
၁၅စာရာ ကလည်း ကျွန်မမ ရယ် ပါဟု၊ ကြောက် ၍ ငြင်း လေ၏။ မဟုတ် ဘူး။ သင်ရယ် ပြီဟုမိန့် တော်မူ၏။
16 And the men having risen up from thence looked towards Sodom and Gomorrha. And Abraam went with them, attending them on their journey.
၁၆ထိုလူ တို့သည် ထို အရပ်က ထ ၍ သောဒုံ မြို့သို့ မျက်နှာ ပြုလျက် သွားကြ၏။ အာဗြဟံ သည်လည်း သူ တို့ ကို ပို့ ခြင်းငှါ လိုက် လေ၏။
17 And the Lord said, Shall I hide from Abraam my servant what things I intend to do?
၁၇ထာဝရဘုရား ကလည်း ၊ ငါ ပြု မည်အမှုကို အာဗြဟံ အား မဘော်မပြဘဲ ဝှက် ထားရမည်လော။
18 But Abraam shall become a great and populous nation, and in him shall all the nations of the earth be blest.
၁၈အာဗြဟံ သည် ကြီးမြတ် ၍ ၊ တန်ခိုး နှင့်ပြည့်စုံသော လူမျိုး ဖြစ် လိမ့်မည်။ လူမျိုး အပေါင်း တို့သည် သူ့ အားဖြင့် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်။
19 For I know that he will order his sons, and his house after him, and they will keep the ways of the Lord, to do justice and judgement, that the Lord may bring upon Abraam all things whatever he has spoken to him.
၁၉အကြောင်းမူကား ၊ သူ သည် မိမိ နောက် ၌ ဖြစ်သော သား များ၊ အိမ်သူ များတို့အား ပညတ် မည့်အရာကို ငါသိ၏။ သူတို့သည်လည်း ထာဝရဘုရား ၏ တရား လမ်းသို့ လိုက် ၍ ဟုတ်မှန် ဖြောင့်မတ် ကျင့် ကြ လိမ့်မည်။ သို့ဖြစ်၍ ဂတိတော် ရှိသည့်အတိုင်း ၊ ထာဝရဘုရား သည် အာဗြဟံ ၌ ပြုရသော အခွင့်ရှိလိမ့်မည်ဟု အကြံတော်ရှိ၏။
20 And the Lord said, The cry of Sodom and Gomorrha has been increased towards me, and their sins are very great.
၂၀တဖန် ထာဝရဘုရား က၊ သောဒုံ မြို့၊ ဂေါမောရ မြို့၌ ကြွေးကြော် သော အသံသည်ကြီး၍၊ အလွန် အပြစ် လေးသောကြောင့်၊
21 I will therefore go down and see, if they completely correspond with the cry which comes to me, and if not, that I may know.
၂၁ယခု ငါသွား ၍ ငါ့ ရှေ့သို့ရောက် ခဲ့ပြီးသော ကြွေးကြော် ခြင်းရှိသည်အတိုင်း ၊ သူတို့သည် အမှန်ပြုသည် မ ပြုသည်ကို ငါကြည့်ရှု မည်။ မ ပြု လျှင် မပြုကြောင်း ကို ငါသိ မည် ဟု မိန့် တော်မူ၏။
22 And the men having departed thence, came to Sodom; and Abraam was still standing before the Lord.
၂၂ထိုသူတို့သည် ထို အရပ်မှ မျက်နှာလှည့် ၍ သောဒုံ မြို့သို့ သွား ကြ၏။ အာဗြံဟံ မူကား ၊ ထာဝရဘုရား ရှေ့တော်၌ ရပ် နေလျက်ရှိ သေး၏။
23 And Abraam drew near and said, Wouldest you destroy the righteous with the wicked, and shall the righteous be as the wicked?
၂၃ထိုအခါ အာဗြဟံ ချဉ်းကပ် ၍ ၊ ကိုယ်တော်သည် ဖြောင့်မတ် သောသူတို့ ကို၊ မတရား သောသူတို့ နှင့်တကွ ဖျက်ဆီး တော်မူမည်လော။
24 Should there be fifty righteous in the city, will you destroy them? will you not spare the whole place for the sake of the fifty righteous, if they be in it?
၂၄ထိုမြို့ တွင် ဖြောင့်မတ် သောသူငါး ဆယ်ရှိ လျှင် ၊ ဖျက်ဆီး တော်မူမည်လော။ ဖြောင့်မတ် သောသူ ငါး ဆယ်ပါသောမြို့ကို သူ တို့အတွက် မ နှမြော ဘဲ ဖျက်ဆီးတော်မူ မည်လော။
25 By no means shall you do as this thing [is] so as to destroy the righteous with the wicked, so the righteous shall be as the wicked: by no means. You that judge the whole earth, shall you not do right?
၂၅ထိုသို့ ပြု ၍ ဖြောင့်မတ် သောသူတို့ ကို မတရား သောသူတို့ နှင့်တကွ ကွပ်မျက် ခြင်းအမှုသည် ကိုယ်တော် နှင့် ဝေး ပါစေသတည်း။ ဖြောင့်မတ် သောသူတို့ ကို မတရား သောသူတို့ကဲ့သို့ ခံ စေသောအမှု သည် ကိုယ်တော် နှင့် ဝေး ပါစေသတည်း၊ မြေကြီး လုံး ကို စီရင် တော်မူသောသခင်သည်၊ တရား သဖြင့် ပြု တော်မူမည် မ ဟုတ်လောဟု လျောက် ဆို၏။
26 And the Lord said, If there should be in Sodom fifty righteous in the city, I will spare the whole city, and the whole place for their sakes.
၂၆ထာဝရဘုရား ကလည်း ၊ သောဒုံ မြို့၌ ဖြောင့်မတ် သောသူငါး ဆယ်ကို ငါတွေ့ လျှင် ၊ သူ တို့အတွက် ထိုအရပ် လုံး ကို ငါနှမြော မည်ဟု မိန့် တော်မူ၏။
27 And Abraam answered and said, Now I have begun to speak to my Lord, and I am earth and ashes.
၂၇တဖန် အာဗြဟံ က၊ အကျွန်ုပ် သည် မြေ မှုန့်နှင့် ပြာ သက်သက်ဖြစ်သော်လည်း ၊ ဘုရား ရှင်ကို ယခု လျှောက် မည်ဟု အားထုတ် ပါ၏။
28 But if the fifty righteous should be diminished to forty-five, will you destroy the whole city because of the five [lacking]? And he said, I will not destroy it, if I should find there forty-five.
၂၈ဖြောင့်မတ် သောသူ ငါး ဆယ်တို့တွင် ငါး ယောက်မ ပြည့်လျှင် ၊ ထိုငါး ယောက်မပြည့်သော အတွက်ကြောင့်၊ ထိုမြို့ လုံး ကို ဖျက်ဆီး တော်မူမည်လောဟု မေးလျှောက်ပြန်သော်၊ ထို မြို့၌ လေး ဆယ့်ငါး ယောက်ကို ငါတွေ့ လျှင် ၊ ငါမ ဖျက်ဆီး ဟု မိန့် တော်မူ၏။
29 And he continued to speak to him still, and said, But if there should be found there forty? And he said, I will not destroy it for the forty's sake.
၂၉တဖန် တုံ၊ ထိုမြို့၌ လေး ဆယ်ကိုတွေ့ကောင်းတွေ့ တော်မူလိမ့်မည်ဟု လျှောက် ဆိုပြန်လျှင် ၊ ထိုလေး ဆယ်အတွက် ငါမ ပြု ဘဲနေမည်ဟု မိန့် တော်မူ၏။
30 And he said, Will there be anything [against me], Lord, if I shall speak? but if there be found there thirty? And he said, I will not destroy it for the thirty's sake.
၃၀တဖန် တုံ၊ အိုဘုရား ရှင်၊ စိတ် ရှိတော်မ မူပါနှင့်၊ အကျွန်ုပ် လျှောက် ပါရစေ။ ထို မြို့၌သုံး ဆယ်ကို တွေ့ ကောင်းတွေ့ တော်မူလိမ့်မည်ဟု လျှောက် ဆိုပြန်လျှင် ၊ ထို မြို့၌ သုံး ဆယ်ကိုငါတွေ့ လျှင် ၊ ငါမ ပြု ဟုမိန့် တော်မူ၏။
31 And he said, Since I am able to speak to the Lord, what if there should be found there twenty? And he said, I will not destroy it, if I should find there twenty.
၃၁တဖန်တုံ ၊ အကျွန်ုပ်သည် ထာဝရ ဘုရားကို ယခု လျှောက် မည်ဟု အားထုတ် ပါ၏။ ထို မြို့၌ နှစ် ဆယ်ကို တွေ့ကောင်းတွေ့ တော်မူလိမ့်မည်ဟု လျှောက် ဆိုပြန်လျှင် ၊ နှစ် ဆယ်အတွက် ငါမ ဖျက်ဆီး ဘဲနေမည်ဟု မိန့် တော်မူ၏။
32 And he said, Will there be anything [against me], Lord, if I speak yet once? but if there should be found there ten? And he said, I will not destroy it for the ten's sake.
၃၂အိုဘုရား ရှင်၊ စိတ် ရှိတော်မ မူပါနှင့်။ သည် တကြိမ် အကျွန်ုပ်လျှောက် ပါရစေဦး။ ထို မြို့၌ တ ဆယ်ကို တွေ့ကောင်းတွေ့ တော်မူလိမ့်မည်ဟု လျှောက် ဆိုပြန်လျှင် ၊ တ ဆယ်အတွက် ငါမ ဖျက်ဆီး ဘဲနေမည်ဟု မိန့် တော်မူ၏။
33 And the Lord departed, when he left off speaking to Abraam, and Abraam returned to his place.
၃၃ထာဝရဘုရား သည် အာဗြံဟံ နှင့် နှုတ်ဆက် ခြင်း အမှုကုန်စင် ပြီးမှကြွ သွားတော်မူ၏။ အာဗြံဟံ သည် လည်း မိမိ နေရာ အရပ်သို့ ပြန် လေ၏။