< Jezekiel 33 >
1 And the word of the Lord came to me, saying,
၁တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
2 Son of man, speak to the children of your people, and you shall say to them, On whatever land I shall bring a sword, and the people of the land take one man of them, and set him for their watchman:
၂အချင်းလူသား ၊ သင် ၏ အမျိုးသား ချင်းတို့ အား ဟောပြော ၍ ဆင့်ဆို ရမည်မှာ၊ ငါသည် တစုံတခုသောပြည် သို့ ထား ဘေးရောက် စေသောအခါ ၊ ပြည်သား တို့သည် ပြည်သားတယောက် ကို ယူ ၍ ကင်းစောင့် ထား ပြီးမှ ၊
3 and he shall see the sword coming upon the land, and blow the trumpet, and sound an alarm to the people;
၃ထိုသူသည် ထား ဘေးရောက် သည်ကို မြင် လျက် တံပိုး မှုတ် ၍ သတိပေး သော်လည်း ၊
4 and he that hears the sound of the trumpet shall hear [indeed], and [yet] not take heed, and the sword shall come upon him, and overtake him, his blood shall be upon his [own] head.
၄တစုံတယောက်သောသူသည် တံပိုး မှုတ်သံ ကို ကြား လျက်နှင့် အမှု မ ထား၊ ထား ဘေးရောက် ၍ သူ၏ အသက် ဆုံးလျှင်၊ ထိုသူသည် ကိုယ်အသက်ဆုံးသော အပြစ်ကို ကိုယ်တိုင်ခံရ မည်။
5 Because he heard the sound of the trumpet, and took no heed, his blood shall be upon him: but the other, because he took heed, has delivered his soul.
၅တံပိုး မှုတ်သံ ကိုကြား ၍ အမှု မ ထားသောကြောင့် ၊ ကိုယ်အသက် ဆုံးသောအပြစ်ကို ကိုယ်တိုင်ခံရ မည်။ အမှု ထားသောသူမူကား၊ ကိုယ် အသက် ကို ကယ်တင် လိမ့်မည်။
6 But if the watchman see the sword coming, and do not sound the trumpet, and the people do not watch; and the sword come, and take a soul from amongst them, that [soul] is taken because of its iniquity; but the blood [thereof] will I require at the watchman's hand.
၆သို့မဟုတ် ကင်းစောင့် ထားသောသူသည် ထား ဘေး ရောက် ကြောင်းကိုမြင် လျက် တံပိုး မ မှုတ် ၊ ပြည်သား တို့ အား သတိ မ ပေးသောကြောင့် ထား ဘေးရောက် ၍ တစုံတယောက်သောသူ အသက် ဆုံး လျှင်၊ ထိုသူသည် မိမိ အပြစ် ကြောင့် အသက် ဆုံးသော်လည်း ၊ သူ ၏အသက် ကို ကင်းစောင့် သောသူ၌ ငါတောင်း မည်။
7 And you, son of man, I have set you [as] a watchman to the house of Israel, and you shall hear a word from my mouth.
၇ထိုအတူ ၊ အချင်းလူသား ၊ သင့် ကိုဣသရေလ အမျိုး ၌ ကင်းစောင့် စေခြင်းငှါငါခန့်ထား သောကြောင့် ၊ သင်သည်ငါ ၏ နှုတ် ထွက်စကား ကို နားခံ ၍ သူ တို့ကို သတိပေး ရမည်။
8 When I say to the sinner, You shall surely die; [if] you speak not to warn the wicked from his way, the wicked himself shall die in his iniquity; but his blood will I require at your hand.
၈ငါ သည် လူဆိုး အား ၊ အိုလူဆိုး ၊ အကယ်စင်စစ်သင်သည် အသေ ခံရမည်ဟုဆို သောအခါ ဆိုး သောသူကို သူ ၏လမ်း မှ လွှဲစေခြင်းငှါသင်သည် သတိ မ ပေးလျှင် ၊ ထို လူဆိုး သည် မိမိ အပြစ် ကြောင့် အသက် ဆုံးလိမ့်မည်။ သို့ရာတွင် ၊ သူ ၏အသက် ကိုသင် ၌ ငါတောင်း မည်။
9 But if you forewarn the wicked of his way to turn from it, and he turn not from his way, he shall die in his ungodliness; but you have delivered your own soul.
၉သို့မဟုတ် ၊ လူဆိုး ကိုသူ ၏ လမ်း မှ လွှဲ စေခြင်းငှါ သင် သည် သတိပေး ၍ သူသည်မ လွှဲ ဘဲနေလျှင်၊ မိမိ အပြစ် ကြောင့် အသက် ဆုံးသော်လည်း ၊ သင် သည် ကိုယ် အသက် ကို ကယ်တင် ပြီ။
10 And you, son of man, say to the house of Israel; Thus have you spoken, saying, Our errors, and our iniquities weigh upon us, and we pine away in them, and how then shall we live?
၁၀သို့ဖြစ်၍ ၊ အချင်းလူသား ၊ ဣသရေလ အမျိုးသား တို့အား ဟောပြော ရမည်မှာ၊ ငါ တို့သည် ကိုယ်ပြုမိသော ဒုစရိုက် အပြစ် ကိုခံရသဖြင့် အားလျော့ သည်ဖြစ်၍ ၊ အဘယ်သို့ အသက်ရှင် နိုင်ပါမည်နည်းဟု သင်တို့ဆို ကြသော်၊
11 Say to them, Thus says the Lord; [As] I live, I desire not the death of the ungodly, as that the ungodly should turn from his way and live: turn you heartily from your way; for why will you die, O house of Israel?
၁၁အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက်ရှင် သည်အတိုင်း၊ ဆိုး သောသူသည် အသေခံ ခြင်းအမှုကို ငါနှစ်သက် သည်မ ဟုတ်။ ဆိုး သောသူသည် မိမိ ဆိုးသော လမ်း မှ လွှဲ ၍ အသက်ရှင် ခြင်းအမှုကိုသာ ငါနှစ်သက်၏။ အိုဣသရေလ အမျိုးသား တို့၊ သင် တို့လိုက် သောလမ်း ဆိုး မှ လွှဲ ကြလော့။ လွှဲ ကြလော့။ အဘယ်ကြောင့် အသေခံ လိုကြသနည်း။
12 Say to the children of your people, The righteousness of the righteous shall not deliver him, in the day wherein he errs: and the iniquity of the ungodly shall not harm him, in the day wherein he turns from his iniquity, but the righteous [erring] shall not be able to deliver himself.
၁၂သို့ဖြစ်၍ ၊ အချင်းလူသား ၊ သင် ၏အမျိုးသား ချင်းတို့အား ဟောပြော ရမည်မှာ၊ ဖြောင့်မတ် သောသူသည် ဖေါက်ပြန် လျှင်၊ အရင်ဖြောင့်မတ် ခြင်း အမှုသည် သူ့ ကို ကယ်တင် ရမည်မ ဟုတ်။ ဆိုး သောသူသည် ဆိုး သောအမှုကိုရှောင် လျှင်၊ အရင်ဆိုး သောအမှုကြောင့် ပျက်စီး ခြင်းသို့ ရောက်ရမည်မ ဟုတ်။ ဖြောင့်မတ် သောသူသည် ပြစ်မှား သောနေ့ ၌ အသက်ရှင် ရသောအခွင့် မ ရှိရ။
13 When I say to the righteous, [You shall live; and] he trusts in his righteousness, and shall commit iniquity, none of his righteousnesses shall be remembered; in his unrighteousness which he has wrought, in it shall he die.
၁၃ဖြောင့်မတ် သောသူသည် စင်စစ်အသက်ရှင် ရ လိမ့်မည်ဟု ငါ ဆို သော်လည်း ၊ သူ သည် မိမိ ဖြောင့်မတ် ခြင်းကို ကိုးစား ၍ ဒုစရိုက် ကိုပြု မိလျှင်၊ အရင်ဖြောင့်မတ် ခြင်း အမှုတစုံတခု ကိုမျှ မအောက်မေ့ ရ။ ပြု မိသော ဒုစရိုက် ကြောင့် အသေ ခံရလိမ့်မည်။
14 And when I say to the ungodly, You shall surely die; and he shall turn from his sin, and do judgement and justice,
၁၄တဖန် ဆိုး သောသူအား သင်သည် စင်စစ်အသေ ခံရလိမ့်မည်ဟု ငါ ဆို သော်လည်း ၊ ထိုသူသည် မိမိ ဒုစရိုက် ကို ရှောင် ၍ ၊ တရား သောအမှု၊ ဖြောင့်မတ် သောအမှုကို ပြု လျက်၊
15 and return the pledge, and repay that which he has robbed, [and] walk in the ordinances of life, so as to do no wrong; he shall surely live, and shall not die.
၁၅ပေါင် ထားသောဥစ္စာကို မ သိုထား၊ လုယူ သော ဥစ္စာကို ပြန် ပေးလျက်၊ အဓမ္မ အမှုကို မ ပြု ဘဲအသက်ရှင် ရာပညတ် တရားလမ်းသို့လိုက် လျှင်၊ အသေ မ ခံရဘဲ စင်စစ်အသက်ရှင် ရလိမ့်မည်။
16 None of his sins which he has committed shall be remembered: because he has wrought judgement and righteousness; by them shall he live.
၁၆ပြု မိသော ဒုစရိုက် အပြစ်တစုံတခု ကိုမျှ သူ ၌ မတင် ။ တရား သောအမှု၊ ဖြောင့်မတ် သောအမှုကို ပြု သောကြောင့်စင်စစ်အသက်ရှင် ရလိမ့်မည်။
17 Yet the children of your people will say, The way of the Lord is not straight: whereas this their way is not straight.
၁၇သို့သော်လည်း ၊ သင် ၏အမျိုးသား ချင်းတို့က၊ ထာဝရ ဘုရား စီရင်ချက် မ ဖြောင့် ဟု ဆို ကြသည်ဖြစ်၍ ၊ သူ တို့စီရင်ချက် မ ဖြောင့် ပါတကား။
18 When the righteous turns away from his righteousness, and shall commit iniquities, then shall he die in them.
၁၈ဖြောင့်မတ် သောသူသည် မိမိ ဖြောင့်မတ် ခြင်းကို စွန့် ၍ ဒုစရိုက် ကိုပြု မိလျှင် ၊ ထိုဒုစရိုက် အပြစ်ကြောင့် အသေ ခံရလိမ့်မည်။
19 And when the sinner turns from his iniquity, and shall do judgement and righteousness, he shall live by them.
၁၉ဆိုး သောသူမူကား၊ မိမိ ဒုစရိုက် ကိုရှောင် ၍ တရား သောအမှု၊ ဖြောင့်မတ် သောအမှုကို ပြု မိလျှင်၊ ထိုအမှု ကြောင့် အသက်ရှင် ရလိမ့်မည်။
20 And this is that which you said, The way of the Lord is [not] straight. I will judge you, O house of Israel, every one for his ways.
၂၀သို့သော်လည်း ၊ သင်တို့က၊ ထာဝရ ဘုရား စီရင်ချက် မ ဖြောင့် ဟု ဆို ကြသည်တကား။ အိုဣသရေလ အမျိုးသား တို့၊ သင် တို့အသီးသီး ပြု ကြသည်အတိုင်း ငါစီရင် မည်ဟုမိန့်တော်မူ၏။
21 And it came to pass in the tenth year of our captivity, in the twelfth month, on the fifth [day] of the month, [that] one that had escaped from Jerusalem came to me, saying, The city is taken.
၂၁သိမ်း သွားရာ သက္ကရာဇ် တဆယ် နှစ် ခု၊ ဒသမ လ ငါး ရက်နေ့တွင် ၊ ယေရုရှလင် မြို့မှ ပြေး ၍လွတ်သော သူတယောက်သည် ငါ့ ထံသို့ ရောက်လာ ၍၊ မြို့ ကိုလုပ်ကြံ ပြီ ဟု သိတင်း ကြားပြော၏။
22 Now the hand of the Lord had come upon me in the evening, before he came; and he opened my mouth, when he came to me in the morning: and my mouth was open, it was no longer kept closed.
၂၂ထိုသူမ ရောက် မှီ ညဦး မှစ၍သူရောက်သော နံနက် အချိန်တိုင်အောင် ၊ ထာဝရဘုရား သည် လက် တော် ကို ငါ့ အပေါ်၌ တင် ၍ ငါ့ နှုတ် ကိုဖွင့် တော်မူသဖြင့် ၊ ငါသည် စကား မပြောဘဲနေရသော အချိန်လွန်၍ ဟောပြောရ၏။
23 And the word of the Lord came to me, saying,
၂၃ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
24 Son of man, they that inhabit the desolate [places] on the land of Israel say, Abram was one, and he possessed the land: and we are more numerous; to us the land is given for a possession.
၂၄အချင်းလူသား ၊ ပျက်စီး သော ဣသရေလ ပြည် ၌ နေ သေးသောသူတို့ က၊ အာဗြဟံ သည် လူတဦးတည်း ဖြစ်သော်လည်း ဤပြည် ကို အမွေ ခံရ၏။ ငါ တို့မူကား အများ ဖြစ်ကြ၏။ ငါ တို့အမွေခံ စရာဘို့ ပေး တော်မူပြီဟု ဆို ကြသော်၊
၂၅သင်သည်အရှင် ထာဝရဘုရား ၏အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ သင်တို့သည် အသွေး နှင့်တကွအမဲသားကို စား လျက် ၊ ရုပ်တု တို့ကို ဖူးမြော် လျက်၊ လူအသက် ကိုလည်း သတ်လျက်နှင့်ပင်၊ ဤပြည် ကို ပိုင် ရကြမည်လော။
၂၆ထား ကို ခိုလှုံ လျက်၊ စက်ဆုပ် ဘွယ်သော အမှုကို ပြု လျက် ၊ အိမ်နီးချင်း မယား ကို ပြစ်မှား လျက်နှင့်ပင်၊ ဤပြည် ကို ပိုင် ရကြမည်လော။
27 Therefore say to them, Thus says the Lord God, [As] I live, surely they that are in the desolate places shall fall by swords and they that are in the open plain shall be given for food to the wild beasts of the field, and them that are in the fortified [cities] and them that are in the caves I will kill with pestilence.
၂၇တဖန်အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ ငါ အသက်ရှင် သည်အတိုင်း၊ ပျက်စီး သော အရပ်၌ နေသော သူတို့ သည် ထား ဖြင့် လဲ ၍ သေရ ကြလိမ့်မည်။ လွင်ပြင် ၌ ရှိသောသူတို့ ကို ငါသည်သားရဲ ၌ အပ် ၍ ကိုက်စား စေမည်။ ရဲတိုက် ဥမင် ၌ ရှိသော သူတို့ သည် ကာလနာ နှင့် သေ ရကြလိမ့်မည်။
28 And I will make the land desert, and the pride of her strength shall perish; and the mountains of Israel shall be made desolate by reason of no man passing through.
၂၈တပြည်လုံး ကို ငါသုတ်သင် ပယ်ရှင်းသဖြင့် ၊ သူ့ အစွမ်းသတ္တိ ၏ ဂုဏ် အသရေကုန် ၍၊ အဘယ်သူ မျှမရှောက် မသွားရအောင်၊ ဣသရေလ တောင် တို့သည် လူဆိတ်ညံ လျက် ရှိရကြလိမ့်မည်။
29 And they shall know that I am the Lord; and I will make their land desert, and it shall be made desolate because of all their abominations which they have wrought.
၂၉ပြည်သားတို့သည် ပြု မိသော စက်ဆုပ် ဘွယ် အမှုအလုံးစုံ တို့ကြောင့် ၊ ထိုပြည် ကို ငါ သုတ်သင် ပယ်ရှင်းသောအခါ ၊ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့သိ ရကြလိမ့်မည်။
30 And [as for] you, son of man, the children of your people are they that speak concerning you by the walls, and in the porches of the houses, and they talk one to another, saying, Let us come together, and let us hear the [words] that proceed from the Lord.
၃၀ထိုမှတပါး ၊ အချင်းလူသား ၊ သင် ၏အမျိုးသား ချင်းတို့က၊ ငါတို့သွား ကြကုန်အံ့။ ထာဝရဘုရား သည် အဘယ်သို့ ဗျာဒိတ် ပေးတော်မူသည်ကို ကြား ကြကုန်အံ့ဟု၊ ထရံ နား ၊ အိမ် တံခါး နားမှာ သင့် ကိုရည်မှတ် ၍ တယောက် ကိုတယောက်ပြော တတ်ကြ၏။
31 They approach you as a people comes together, and sit before you, and hear your words, but they will not do them: for [there is] falsehood in their mouth, and their heart [goes] after their pollutions.
၃၁ငါ၏လူ ကဲ့သို့ သင့် ထံသို့ လာ ၍ ၊ ငါ ၏လူ ကဲ့သို့သင့် ရှေ့မှာ ထိုင် လျက် ၊ သင် ၏စကား ကိုကြား သော်လည်း ၊ နား မ ထောင်ဘဲနေကြ၏။ အလွန်ချစ်ဘွယ် သော လက္ခဏာကို နှုတ် နှင့် ပြ သော်လည်း၊ စိတ်နှလုံး မူကား လောကီ ဥစ္စာကိုစွဲလမ်း လျက်ရှိ၏။
32 And you are to them as a sound of a sweet, well-tuned lute, and they will hear your words, but they will not do them.
၃၂သင် ၏စကား သည်၊ ကောင်းမွန် စွာတီး ၍ သာယာ သောအသံ နှင့် ပြည့်စုံသောသူဆိုသော၊ နှစ်သက် ဘွယ်သော သီချင်း ကဲ့သို့ သူ တို့၌ ဖြစ်၍ ၊ သူတို့သည် ကြား ရ သော်လည်း နား မ ထောင်တတ်ကြ။
33 But whenever it shall come [to pass], they will say, Behold, it is come: and they shall know that there was a prophet in the midst of them.
၃၃သို့ရာတွင် ၊ အမှုရောက် လိမ့်မည်။ အမှုရောက် သောအခါ သူ တို့တွင် ပရောဖက် ရှိ ဘူးသည်ကို သူတို့ သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။