< Deuteronomy 25 >
1 And if there should be a dispute between men, and they should come forward to judgement, and [the judges] judge, and justify the righteous, and condemn the wicked:
၁လူ ချင်း အမှု ရှိ ၍ မင်း ထံ ၌ အစီရင်ခံလျက်၊ မင်းရှေ့မှာ တရားတွေ့ကြသောအခါ၊ ဖြောင့်မတ် သောသူကို အပြစ် လွတ်စေခြင်းငှာ ၎င်း ၊ ဆိုး သောသူကို အရှုံး ခံစေခြင်းငှာ၎င်း စီရင် ရမည်။
2 then it shall come to pass, if the unrighteous should be worthy of stripes, you shall lay him down before the judges, and they shall scourge him before them according to his iniquity.
၂ဆိုး သောသူသည် အရိုက် ခံထိုက်လျှင် ၊ တရား သူကြီး သည် ကိုယ် မျက်မှောက်၌ သူ့ကို ချ ၍ ၊ အပြစ် နှင့် အလျောက်မည် မျှသော ဒဏ်ချက်ဖြင့် ရိုက် စေရမည်။
3 And they shall scourge him with forty stripes in number, they shall not inflict more; for if you should scourge him [with] more stripes beyond these stripes, your brother will be disgraced before you.
၃သို့သော်လည်းဒဏ်ချက် လေးဆယ် ထက် မ လွန် စေရ။ လွန်၍ များစွာ သော ဒဏ်ချက် ဖြင့် ရိုက် လျှင် ၊ သင် ၏အမျိုးသား ချင်းသည် ယုတ်ညံ့ သောသူဖြစ် ဟန်ရှိ မည်ဟု စိုးရိမ်စရာရှိ၏။
4 You shall not muzzle the ox that treads out the corn.
၄စပါးနင်းနယ် သော နွား ၏နှုတ် ကို မ ချုပ်တည်းရ။
5 And if brethren should live together, and one of them should die, and should not have seed, the wife of the deceased shall not marry out [of the family] to a man not related: her husband's brother shall go in to her, and shall take her to himself for a wife, and shall dwell with her.
၅အတူ နေ သောညီအစ်ကို တို့ တွင် ၊ တစုံ တယောက်သောသူသည် သား မ ရှိဘဲသေ လျှင် ၊ သေ သောသူ ၏ မယား သည် အခြားတပါးသောလူစိမ်း နှင့် စုံဘက်ခြင်း ကို မ ပြု ရ။ သူ ၏လင် ညီသည် သူ့ ကို သိမ်းယူ ဆက်ဆံ၍ မရီး ၌ ပြု အပ်သောဝတ်ကို ပြုရမည်။
6 And it shall come to pass that the child which she shall bear, shall be named by the name of the deceased, and his name shall not be blotted out of Israel.
၆ဣသရေလ အမျိုး၌ အစ်ကို အမည် ကို မ ပျောက် စေခြင်းငှာ ၊ အဦး ဘွားသော သားသည် သေ သောဘကြီး ၏ အရိပ် အရာကို ခံ ရမည်။
7 And if the man should not be willing to take his brother's wife, then shall the woman go up to the gate to the elders, and she shall say, My husband's brother will not raise up the name of his brother in Israel, my husband's brother has refused.
၇ညီ သည် အစ်ကို မယားကို မ ယူ လို လျှင် ၊ မိန်းမ သည် အသက်ကြီး သူတို့ရှိရာ မြို့တံခါးဝ သို့ သွား ၍ ၊ ကျွန်မ ၏ လင် ညီသည် အစ်ကို အမည် ကို ဣသရေလ အမျိုး၌ မတည် စေလိုပါ။ သူပြု အပ်သောဝတ်ကို မ ပြုလို ပါဟု လျှောက် လျှင်၊
8 And the elders of his city shall call him, and speak to him; and if he stand and say, I will not take her:
၈မြို့ ၌ အသက်ကြီး သူတို့သည် ထိုသူ ကို ခေါ် ၍ မေးမြန်းရကြမည်။ သူကလည်း၊ ထိုမိန်းမ ကို အကျွန်ုပ် မ ယူ လို ပါဟုဆို ၍ ခိုင်မာ စွာနေလျှင်၊
9 then his brother's wife shall come forward before the elders, and shall loose one shoe from off his foot, and shall spit in his face, and shall answer and say, Thus shall they do to the man who will not build his brother's house in Israel.
၉သူ ၏မရီး သည် အသက်ကြီး သူတို့ရှေ့ မှာ သူ့ အပါးသို့ ချဉ်း ၍ သူ ၏ခြေနင်း ကို ချွတ် လျက် ၊ သူ ၏ မျက်နှာ ၌ တံထွေး ထွေးလျက် ၊ မိမိ အစ်ကို အိမ် ကို မ ဆောက် လိုသောသူ ၌ ဤသို့ ပြု သင့်သည်ဟု သူ့အား ပြန် ပြောရမည်။
10 And his name shall be called in Israel, The house of him that has had his shoe loosed.
၁၀နောက်မှ ၊ ထိုသူ ကို ခြေနင်း ချွတ် ရသောအမျိုး ဟူ၍ဣသရေလ အမျိုး၌ ခေါ်ဝေါ် သမုတ်ရမည်။
11 And if men should strive together, a man with his brother, and the wife of one of them should advance to rescue her husband out of the hand of him that smites him, and she should stretch forth her hand, and take hold of his private parts;
၁၁လူ ချင်းခိုက်ရန် ပြုကြစဉ်တွင်၊ တယောက် သောသူ ၏မယား သည် အပါးသို့ချဉ်း ၍ မိမိ လင် ကို ကူညီ လိုသောငှာ ခိုက်ရန် ပြုသောသူ ၏ ယောက်ျားတန်ဆာကို ကိုင်ဆွဲ မိလျှင်၊
12 you shall cut off her hand; your eye shall not spare her.
၁၂ထိုမိန်းမ လက် ကို ဖြတ် ရမည်။ သင် ၏ မျက်စိ သည် သူ့ကို မ သနား ရ။
13 You shall not have in your bag various weights, a great and a small.
၁၃သင့် အိတ် ၌ ကြီး သောအလေး ၊ ငယ် သောအလေး တည်းဟူသောခြားနားသော အလေးကို မ ရှိ စေရ။
14 You shall not have in your house various measures, a great and a small.
၁၄သင့် အိမ် ၌ ခြားနားသော ခြင် စရာတန်ဆာအကြီး အငယ် ကို မ ရှိ စေရ။
15 You shall have a true and just weight, and a true and just measure, that you may live long upon the land which the Lord your God gives you for an inheritance.
၁၅သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် ၌ သင် ၏အသက်တာ ရှည် မည်အကြောင်း ၊ မှန်ကန် သောအလေး ၊ မှန်ကန် သောခြင် စရာ တန်ဆာများကိုသာ သုံး ရမည်။
16 For every one that does this [is] an abomination to the Lord your God, even every one that does injustice.
၁၆အထက် ဆိုခဲ့ပြီးသော အမှုကို ပြု သောသူအပေါင်း တို့နှင့် မတရား သဖြင့် ပြု သောသူအပေါင်း တို့ကို၊ သင် ၏ဘုရားသခင် ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။
17 Remember what things Amalec did to you by the way, when you went forth out of the land of Egypt:
၁၇သင် သည် အဲဂုတ္တု ပြည်မှ ထွက် ၍ ခရီး သွားသောအခါ၊
18 how he withstood you in the way, and harassed your rear, [even] those that were weary behind you, and you did hunger and was weary; and he did not fear God.
၁၈သင် သည် အားကုန် ၍ မော လျက်နေစဉ်တွင်၊ သင့် နောက် ၌ လိုက်သောသူ၊ အားနည်း သောသူတို့ ကို အာမလက် အမျိုးသားတို့သည် လမ်း ၌ ဆီးကြို ၍ လုပ်ကြံ ကြောင်း ကို၎င်း ၊ ဘုရားသခင် ကို မ ကြောက်ရွံ့ ကြောင်းကို၎င်း ၊ အောက်မေ့ လော့။
19 And it shall come to pass whenever the Lord your God shall have given you rest from all your enemies round about you, in the land which the Lord your God gives you to inherit, you shall blot out the name of Amalec from under heaven, and shall not forget [to do it].
၁၉သို့ဖြစ်၍ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် အမွေခံ စရာဘို့ အပိုင် ပေး တော်မူသောပြည် ၌ သင့် ပတ်လည် ၌ နေသောရန်သူ အပေါင်း တို့၏ လက်မှ ကယ်လွှတ်၍ ချမ်းသာ ပေးတော်မူသောအခါ ၊ အာမလက် အမျိုးကို အောက်မေ့ စရာ မရှိစေခြင်းငှာ၊ ကောင်းကင် အောက် ၌ သုတ်သင် ပယ်ရှင်းရမည်။ ထိုအမှုကို မ မေ့ မလျော့ရ။