< Amos 7 >
1 Thus has the Lord God showed me; and, behold, a swarm of locusts coming from the east; and, behold, one caterpillar, king Gog.
၁တဖန် အရှင် ထာဝရဘုရား သည် ငါ့ အား ပြ တော်မူသောရူပါရုံဟူမူကား၊ ရှင်ဘုရင် ဆိုင်သော မြက်ပင် ကိုရိတ် ပြီးမှ ၊ နောက် မြက်ပင် ပေါက် စ ကာလ၌ ကျိုင်းကောင် တို့ကို ဖန်ဆင်း တော်မူ၏။
2 And it came to pass when he had finished devouring the grass of the land, that I said, Lord God, be merciful; who shall raise up Jacob? for he is small in number.
၂ထိုကျိုင်းကောင်တို့သည် တပြည်လုံး ၌ရှိ သောမြက်ပင် ကိုစား ၍ ကုန် ပြီးမှငါက၊ အိုအရှင် ထာဝရဘုရား ၊ အပြစ် မှ လွတ်တော်မူပါ။ ယာကုပ် သည် ငယ် သောကြောင့် ၊ အဘယ်သို့ ထ ရပါလိမ့်မည်နည်းဟု လျှောက် သော် ၊
3 Repent, O Lord, for this. And this shall not be, says the Lord.
၃ထာဝရဘုရား သည် နောင်တရ ၍၊ ဤသို့ မ ဖြစ် ရဟု မိန့် တော်မူ၏။
4 Thus has the Lord showed me; and, behold, the Lord called for judgement by fire, and it devoured the great deep, and devoured the Lord's portion.
၄တဖန် အရှင် ထာဝရဘုရား သည် ငါ့ အားပြ တော်မူသောရူပါရုံဟူမူကား ၊ မီး ဖြင့် ဒဏ်ပေး ခြင်းငှါ မီးကို ခေါ် တော်မူ၍၊ မဟာ သမုဒ္ဒရာ ကို မီးလောင် လေ၏။ ကုန်း ကိုလည်း လောင် လေ၏။
5 Then I said, O Lord, cease, I pray you: who shall raise up Jacob? for he is small in number. Repent, O Lord, for this.
၅ငါကလည်း၊ အိုအရှင် ထာဝရဘုရား ၊ ဆိုင်း တော်မူပါ။ ယာကုပ် သည် ငယ် သောကြောင့် အဘယ်သို့ ထ ရ ပါလိမ့်မည်နည်းဟု လျှောက် သော် ၊
6 This also shall not be, says the Lord.
၆အရှင် ထာဝရဘုရား သည် နောင်တရ ၍၊ ဤသို့ မ ဖြစ် ရဟု မိန့် တော်မူ၏။
7 Thus the Lord showed me; and behold, he stood upon a wall of adamant, and in his hand [was] an adamant.
၇တဖန် ပြ တော်မူသောရူပါရုံဟူမူကား၊ ချိန်ကြိုး ချ၍ လုပ်သော ကျောက်ရိုး ပေါ်မှာ ထာဝရ ဘုရားသည် ရပ် လျက်၊ လက် တော်၌ ချိန်ကြိုး ကို ကိုင်လျက်၊
8 And the Lord said to me, What see you, Amos? And I said, An adamant. And the Lord said to me, Behold, I appoint an adamant in the midst of my people Israel: I will not pass by them any more.
၈အာမုတ် ၊ သင် သည် အဘယ် အရာကို မြင် သနည်းဟုမေး တော်မူလျှင် ၊ ချိန်ကြိုး ကို မြင် ပါသည်ဟု လျှောက် သော် ၊ ဘုရား ရှင်က၊ ငါ ၏လူ ဣသရေလ အမျိုး အလယ် ၌ ချိန်ကြိုး ကို ငါ ချ မည်။ နောက် တဖန် သူ တို့ကို သည်း မ ခံ။
9 And the joyful altars shall be abolished, and the sacrifices of Israel shall be set aside; and I will rise up against the house of Jeroboam with the sword.
၉ဣဇာက် ၏မြင့်ရာ အရပ်တို့သည် လူဆိတ်ညံလျက် ၊ ဣသရေလ ၏ သန့်ရှင်း ရာအရပ်တို့သည် သုတ်သင် ပယ်ရှင်းလျက်ရှိကြလိမ့်မည်။ ယေရောဗောင် မင်းမျိုး ကိုလည်း ထား နှင့် ငါတိုက် မည်ဟု မိန့်တော်မူ၏။
10 Then Amasias the priest of Bethel sent to Jeroboam king of Israel, saying, Amos is forming conspiracies against you in the midst of the house of Israel: the land will be utterly unable to bear all his words.
၁၀ထိုအခါ ဗေသလ ယဇ်ပုရောဟိတ် အာမဇိ သည် ဣသရေလ ရှင်ဘုရင် ယေရောဗောင် ထံသို့ စေလွှတ် ၍၊ အာမုတ် သည် ဣသရေလ အမျိုး အလယ် တွင် ကိုယ်တော် တဘက် ၌ မကောင်း သောအကြံကို ကြံစည်ပါပြီ။ သူ ၏ စကား အလုံးစုံ တို့ကို ပြည် တော်သည် မ ခံ နိုင် ပါ။
11 For thus says Amos, Jeroboam shall die by the sword, and Israel shall be led away captive from his land.
၁၁ယေရောဗောင် သည် ထား ဖြင့် သေ ရလိမ့်မည်။ ဣသရေလ အမျိုးသားတို့သည် နေရင်းပြည် မှ ဆက်ဆက်နှင် သွားခြင်းကိုခံရကြလိမ့်မည်ဟု၊ အာမုတ် ဆို တတ်ပါသည်ဟု လျှောက်လေ၏။
12 And Amasias said to Amos, Go, seer, remove you into the land of Juda, and live there, and you shall prophesy there:
၁၂အာမုတ် ကို လည်း ခေါ် ၍၊ အိုပရောဖက် ၊ ယုဒ ပြည် သို့ ပြေး သွားလော့။ ထို ပြည်မှာ ပရောဖက် ပြု၍ အသက် မွေးလော့။
13 but you shall no longer prophesy at Bethel: for it is the king's sanctuary, and it is the royal house.
၁၃နောက် တဖန်ဗေသလ မြို့တဘက် ၌ ပရောဖက် မ ပြု နှင့်။ ရှင်ဘုရင် ၏ သန့်ရှင်း ရာဌာနတော် ဖြစ်၏။ နန်းတော် တည်ရာမြို့ လည်း ဖြစ်၏ဟု ဆိုလျှင်၊
14 And Amos answered, and said to Amasias, I was not a prophet, nor the son of a prophet; but I was a herdman, and a gatherer of sycamore fruits.
၁၄အာမုတ် က၊ ငါ သည် ပရောဖက် မ ဟုတ်၊ ပရောဖက် ၏သား လည်း မ ဟုတ်ဘဲ၊ နွား ကျောင်းသောသူ၊ သဖန်း သီးကို ဆွတ် သောသူဖြစ်စဉ်အခါ၊
15 And the Lord took me from the sheep, and the Lord said to me, Go, and prophesy to my people Israel.
၁၅ထာဝရဘုရား သည် နွား ကျောင်း ရာမှ ငါ့ ကို နှုတ်ယူ ၍၊ သင်သွား လော့။ ငါ ၏လူ ဣသရေလ အမျိုးတွင် ပရောဖက် ပြုလော့ဟု မိန့် တော်မူ၏။
16 And now hear the word of the Lord: You say, Prophesy not to Israel, and raise not a tumult against the house of Jacob.
၁၆သို့ဖြစ်၍ ၊ ထာဝရဘုရား ၏အမိန့် တော်ကို နားထောင် လော့။ ဣသရေလ အမျိုးတဘက် ၌ ပရောဖက် မ ပြုနှင့်၊ ဣဇာက် အမျိုး တဘက် ၌ မ မြွက် နှင့်ဟု သင် ဆို သော်၊
17 Therefore thus says the Lord; Your wife shall be a harlot in the city, and your sons and your daughters shall fall by the sword, and your land shall be measured with the line; and you shall die in an unclean land; and Israel shall be led captive out of his land. Thus has the Lord God showed me.
၁၇ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် ၏ မယား သည် ပြည်တန်ဆာ ဖြစ်လိမ့်မည်။ သင် ၏သား သမီး တို့သည် ထား ဖြင့် သေ ကြလိမ့်မည်။ သူတပါးတို့သည် သင် ၏မြေ ကို ကြိုးတန်း ချ၍ ဝေဖန် ကြလိမ့်မည်။ သင်သည် ညစ်ညူး သော ပြည် ၌ သေ ရလိမ့်မည်။ ဣသရေလ အမျိုးသည် နေရင်းပြည် မှ ဆက်ဆက်နှင် သွားခြင်းကို ခံရကြလိမ့်မည်ဟု၊ အာမဇိအား ဆင့်ဆိုလေ၏။