< Chronicles II 9 >

1 And the queen of Saba heard [of] the name of Solomon, and she came to Jerusalem with a very large force, to prove Solomon with hard questions, and [she had] camels bearing spices in abundance, and gold, and precious stones: and she came to Solomon, and told him all that was in her mind.
ရှေဘ ပြည်ကိုအစိုးရသောမိဖုရား သည် ရှောလမုန် ၏ သိတင်း ကိုကြား လျှင် ၊ နက်နဲ ခက်ခဲသော ပြဿနာအားဖြင့် သူ့ကိုစုံစမ်း ခြင်းငှါ ၊ နံ့သာမျိုး နှင့် များစွာ သောရွှေ ၊ အဘိုး ထိုက်သောကျောက် တို့ကို ဆောင် သောကုလားအုပ် များ၊ လိုက်သောသူများနှင့်တကွ ယေရုရှလင် မြို့သို့ လာ ၏။
2 And Solomon told her all her words; and there passed not a word from Solomon which he told her not.
ရှောလမုန် မင်းကြီးထံ တော်သို့ ရောက် သောအခါ ၊ မိမိ အလို ဆန္ဒရှိသမျှ ကို ဆွေးနွှေး မေးမြန်းလေ၏။ သူ မေးမြန်း သော ပြဿနာရှိသမျှ တို့ကို ရှောလမုန် သည် ဖြေ လေ၏။ နားမလည် ၍ မ ဖြေ နိုင်သော အရာတစုံတခုမျှ မရှိ။
3 And the queen of Saba saw the wisdom of Solomon, and the house which he had built,
ရှေဘ မိဖုရား သည် ရှောလမုန် ၏ ပညာ ကို၎င်း ၊ တည်ဆောက် သော အိမ် တော်ကို၎င်း၊
4 and the meat of the tables, and the sitting of his servants, and the standing of his ministers, and their raiment; and his cupbearers, and their apparel; and the whole burnt offerings which he offered up in the house of the Lord; then she was in ecstasy.
စားပွဲ တော်တန်ဆာ ကို၎င်း ၊ အမှု တော်စောင့်တို့နေရာ ထိုင်ရာကို၎င်း ၊ လုလင် တို့ခစား သည် အခြင်းအရာကို၎င်း ၊ သူ တို့ဝတ်သော အဝတ် တန်ဆာကို၎င်း ၊ ဝန်စာရေး များ နှင့် သူ တို့ဝတ်သောအဝတ် တန်ဆာကို၎င်း ၊ ထာဝရဘုရား ၏ အိမ် တော်၌မီးရှို့ရာ ယဇ်ပူဇော်ခြင်းကို၎င်းမြင်သောအခါ မိန်းမောတွေဝေလျက်ရှိ၍၊
5 And she said to the king, [It was] a true report which I heard in my land concerning your words, and concerning your wisdom.
ကိုယ်တော် ၏ အခြင်း အရာနှင့် ကိုယ်တော် ၏ ပညာ ကို အကျွန်ုပ် သည် ကိုယ်ပြည် ၌ ကြား ရသော သိတင်းစကား မှန် ပါ၏။
6 Yet I believed not the reports until I came, and my eyes saw: and, behold, the half of the abundance of your wisdom was not told me: you have exceeded the report which I heard.
သို့သော်လည်း ကိုယ်တိုင်ရောက် ၍ မ မြင် မှီ ထို စကား ကို မ ယုံ။ယခုမူကား၊ ကိုယ်တော် ပညာ ကျယ် ခြင်း အရာမှာ၊ အရင်ကြားရသောစကား သည် တဝက် ကိုမျှမ မှီ။ အကျွန်ုပ် ကြား ရသော သိတင်း ကို ကိုယ်တော်လွန်ကဲ ပါ၏။
7 Blessed [are] your men, blessed [are] these your servants, who stand before you continually, and hear your wisdom.
ရှေ့ တော်၌အစဉ် နေ ၍ ပညာ တော်ကို ကြား ရသော ကိုယ်တော် ၏လူ နှင့် ကိုယ်တော် ၏ကျွန် တို့သည် မင်္ဂလာ ရှိကြပါ၏။
8 Blessed be the Lord your God, who took pleasure in you, to set you upon his throne for a king, to the Lord your God: forasmuch as the Lord your God loved Israel to establish them for ever, therefore he has set you over them for a king to execute judgement and justice.
ကိုယ်တော် ကို နှစ်သက် ၍ ကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရား ကိုယ်စားတော်ရှင်ဘုရင် အရာနှင့် ရာဇ ပလ္လင် တော်ပေါ် မှာ တင် တော်မူသောကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေ သတည်း။ ကိုယ်တော် ၏ဘုရားသခင် သည် ဣသရေလ အမျိုးကို ချစ် ၍ အစဉ်အမြဲ တည်စေချင်သောကြောင့်၊ ဖြောင့်မတ် စွာ တရား စီရင်စေခြင်းငှါ ကိုယ်တော် ကို ဣသရေလရှင်ဘုရင် အရာ ၌ ခန့်ထား တော်မူပြီဟု ရှင်ဘုရင်အား ပြောဆို၍၊
9 And she gave the king a hundred and twenty talents of gold, and spices in very great abundance, and precious stones: and there were not [any where else] such spices as those which the queen of Saba gave king Solomon.
ရွှေ အခွက် တရာ နှစ်ဆယ် ၊ နံ့သာမျိုး အများ၊ ကျောက်မြတ် တို့ကို ဆက် လေ၏။ ရှေဘ မိဖုရား သည် ရှောလမုန် မင်းကြီး အား ဆက် သော နံ့သာမျိုး နှင့် တူသော နံ့သာမျိုးသည် မ ရှိ။
10 And the servants of Solomon and the servants of Chiram brought gold to Solomon out of Suphir, and pine timber, and precious stones.
၁၀ဩဖိရ မြို့မှ ရွှေ ကိုဆောင် ခဲ့သော ဟိရံ ကျွန်နှင့် ရှောလမုန် ကျွန် တို့သည်၊ အာလဂုံ သစ်သား များ၊ ကျောက် မြတ် များတို့ကိုလည်း ဆောင် ခဲ့ကြ၏။
11 And the king made of the pine timber steps to the house of the Lord, and to the king's house, and harps and lutes for the singers: and such were not seen before in the land of Juda.
၁၁ထိုအာလဂုံ သစ်သား ဖြင့် ရှင် ဘုရင်သည် ဗိမာန် တော် ပွတ်လုံးတန်း နှင့် နန်းတော် ပွတ်လုံးတန်းကို၎င်း၊ သီချင်း ဆိုသောသူဘို့ စောင်း နှင့် တယော တို့ကို၎င်း၊ လုပ် လေ၏။ ထိုသို့သော အာလဂုံသစ်သားသည် ယုဒ ပြည် ၌ တခါမျှ မပေါ် လာ။
12 And king Solomon gave to the queen of Saba all that she requested, besides all that she brought to king Solomon: and she returned to her [own] land.
၁၂ရှောလမုန် မင်းကြီး သည် ရှေဘ မိဖုရား ဆက် သည်အတွက် ပြန်ပေးသောလက်ဆောင်မှတပါး၊ မိဖုရား ၏ အလို ဆန္ဒပြည့်စုံစေခြင်းငှါ သူတောင်း သမျှ ကိုလည်း ပေး တော်မူ၏။ ထိုနောက်မှမိဖုရားသည် မိမိ ကျွန် တို့နှင့်တကွ မိမိ ပြည် သို့ ပြန် သွားလေ၏။
13 And the weight of the gold that was brought to Solomon in one year was six hundred and sixty-six talents of gold,
၁၃ရှောလမုန် ထံသို့ တနှစ် တနှစ်လျှင် ရောက် သော ရွှေ ချိန် ကား အခွက် ခြောက် ရာ ခြောက်ဆယ် ခြောက် ပိဿာဖြစ် သတည်း။
14 besides what the men who were regularly appointed and the merchants brought, and all the kings of Arabia and princes of the land: all brought gold and silver to king Solomon.
၁၄ထိုမှတပါး၊ ကုန်သည် များ၊ လှည်းသမားများ၊ အာရပ် မင်းကြီး ရှိသမျှ ၊ မြို့ဝန် များဆက် သော ရွှေ ရှိသေး ၏။
15 And king Solomon made two hundred shields of beaten gold: there were six hundred [shekels] of pure gold to one shield.
၁၅ရှောလမုန် မင်းကြီး သည် ရွှေ ခြောက် ပိဿာ စီဖြင့် ဒိုင်းကြီး နှစ်ရာ၊
16 And three hundred buckles of beaten gold: [the weight] of three hundred gold shekels went to one buckler: and the king placed them in the house of the forest of Lebanon.
၁၆သုံး ပိဿာ စီဖြင့် ဒိုင်း ငယ်သုံး ရာ တို့ကို ထု လုပ်၍၊ လေဗနုန် တော သစ်သားနှင့် တည်ဆောက်သော နန်းတော် ၌ ထား တော်မူ၏။
17 And the king made a great throne of ivory, and he gilded it with pure gold.
၁၇ရှင် ဘုရင်သည်လည်း ဆင်စွယ် ရာဇ ပလ္လင်ကြီး ကို လုပ် ၍ ရွှေ စင် နှင့် မွမ်းမံ လေ၏။
18 And [there were] six steps to the throne, riveted with gold, and elbows on either side of the seat of the throne, and two lions standing by the elbows:
၁၈လှေကား ခြောက် ထစ်နှင့် ရွှေ ဘိနပ် သည် ရာဇ ပလ္လင် တော်နှင့် တဆက် တည်းရှိ၏။ ထိုင် ရာတဘက် တချက်၌ မှီစရာလက်ရုံးတန်း နှင့် ပြည့်စုံ၍၊ လက်ရုံးတန်း အနား မှာ ခြင်္သေ့ နှစ် ကောင်ရပ် နေ၏။
19 and twelve lions standing there on the six steps on each side. There was not the like in any [other] kingdom.
၁၉လှေကား ခြောက် ထစ်အပေါ် တွင်၊ တဘက်တချက် ၌လည်း ခြင်္သေ့ တဆယ် နှစ် ကောင်ရပ် နေ၏။ ထိုသို့ သော ရာဇပလ္လင်သည် အဘယ် တိုင်း နိုင်ငံ၌မျှမ ရှိ။
20 And all king Solomon's vessels were of gold, and all the vessels of the house of the forest of Lebanon were covered with gold: silver was not thought anything of in the days of Solomon.
၂၀ရှောလမုန် မင်းကြီး သောက် သော ဖလား တော် ရှိသမျှ နှင့် လေဗနုန် နန်းတော် ၌ သုံးသောဖလားတော် ရှိသမျှတို့သည် ငွေဖလားမဟုတ်၊ ရွှေဖလားသက်သက်ဖြစ်၏။ ရှောလမုန် လက်ထက် ၌ ငွေ ကို အလျှင်းပမာဏ မပြုတတ်ကြ။
21 For a ship went for the king to Tharsis with the servants of Chiram: once every three years came vessels from Tharsis to the king, laden with gold, and silver, and ivory, and apes.
၂၁ရှင်ဘုရင် ၏သင်္ဘော သည် ဟိရံ မင်းကျွန် တို့နှင့် တာရှု မြို့သို့ သွား တတ်သဖြင့်၊ သုံး နှစ် တခါ တာရှု သင်္ဘော သည် ပြန်လာ ၍ ရွှေ ၊ ငွေ ၊ ဆင်စွယ် ၊ မျောက် များ၊ ဒေါင်း များကို ဆောင် ခဲ့၏။
22 And Solomon exceeded all [other] kings both in riches and wisdom.
၂၂ထိုသို့ ရှောလမုန် သည် မြေကြီး ပေါ်မှာရှိသမျှ သော ရှင် ဘုရင်တို့ထက် ပညာ နှင့် စည်းစိမ် အားဖြင့် လွန်ကဲ ၏။
23 And all the kings of the earth sought the presence of Solomon, to hear his wisdom, which God had put in his heart.
၂၃ရှောလမုန် ၏ နှလုံး ၌ ဘုရားသခင် သွင်းပေး တော်မူသော ပညာ ကို အတိုင်းတိုင်း အပြည်ပြည်ရှင် ဘုရင်တို့သည် ကြား ရအံ့သောငှါ ၊ မျက်နှာ တော်ကို ဖူး လာကြ၏။
24 And they brought every one his gifts, silver vessels and golden vessels, and raiment, myrrh and spices, horses and mules, a rate every year.
၂၄လာ သောသူအသီးအသီး တို့သည် ရွှေ ဖလား ၊ ငွေ ဖလား ၊ အဝတ် တန်ဆာ၊ စစ်တိုက် လက်နက်၊ နံ့သာမျိုး ၊ မြင်းလား တို့ကို နှစ် တိုင်းအခွန် ဆက်ရကြ၏။
25 And Solomon had four thousand mares for chariots, and twelve thousand horsemen; and he put them in the chariot cities, and with the king in Jerusalem.
၂၅ရှောလမုန် သည်လည်း ၊ ရထား တော်များနှင့် ထိုင်သောမြင်း တင်းကုပ် လေး ထောင် ၊ မြင်း စီးသူရဲ တသောင်း နှစ်ထောင်ရှိ ၏။ ရထား ထိန်းမြို့ တို့၌ ၎င်း၊ ယေရုရှလင် မြို့ အထံတော်၌ ၎င်း ထား ၏။
26 And he rules over all the kings from the river even to the land of the Philistines, and to the borders of Egypt.
၂၆မြစ် ကြီးမှစ၍ ဖိလိတ္တိ ပြည် နှင့် အဲဂုတ္တု ပြည်စွန်း တိုင်အောင် ရှိ သောရှင်ဘုရင် အပေါင်း တို့ကို အစိုးရ ၏။
27 And the king made gold and silver in Jerusalem as stones, and cedars as the sycamore trees in the plain for abundance.
၂၇ရှင် ဘုရင်သည် ယေရုရှလင် မြို့၌ ငွေ ကို ကျောက်ခဲ ကဲ့သို့ ၎င်း၊ အာရဇ် ပင်တို့ကို လွင်ပြင် ၌ ပေါက်သော သဖန်း ပင်ကဲ့သို့ ၎င်း များပြား စေ ၏။
28 And Solomon imported horses from Egypt, and from every [other] country.
၂၈ရှောလမုန် ထံသို့ မြင်း များကို အဲဂုတ္တ ပြည်အစ ရှိသောခပ်သိမ်း သော ပြည် မှ ဆောင် ခဲ့ကြ၏။
29 And the rest of the acts of Solomon, the first and the last, behold, these are written in the words of Nathan the prophet, and in the words of Achia the Selonite, and in the visions of Joel the seer concerning Jeroboam the son of Nabat.
၂၉ရှောလမုန် ပြုမူသော အမှု အရာကြွင်းလေသမျှ အစ ဆုံး တို့သည်၊ ပရောဖက် နာသန် ၏ကျမ်း ၊ ရှိလော မြို့သားအဟိယ ၏အနာဂတ္တိ ကျမ်း၊ နေဗတ် သား ယေရောဗောင် တဘက် ၌ ပရောဖက် ဣဒ္ဒေါ ၏ ဗျာဒိတ် ကျမ်း၌ ရေးထား လျက်ရှိ၏။
30 And Solomon reigned over all Israel forty years.
၃၀ရှောလမုန် သည် ယေရုရှလင် မြို့၌ နေ၍ ဣသရေလ နိုင်ငံလုံး ကို အနှစ် လေးဆယ် စိုးစံ ပြီးမှ၊
31 And Solomon fell asleep, and they buried him in the city of David his father: and Roboam his son reigned in his stead.
၃၁ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ခမည်းတော် ဒါဝိဒ် မြို့ ၌ သင်္ဂြိုလ် ခြင်းကိုခံ လေ၏။ သား တော် ရောဗောင် သည် ခမည်းတော်အရာ ၌ နန်း ထိုင်၏။

< Chronicles II 9 >