< Chronicles II 16 >
1 And in the thirty-eighth year of the reign of Asa, the king of Israel went up against Juda, and built Rama, so as not to allow egress or ingress to Asa king of Juda.
၁အာသ မင်းနန်းစံ သုံးဆယ် ခြောက် နှစ် တွင် ၊ ဣသရေလ ရှင်ဘုရင် ဗာရှာ သည် ယုဒ ပြည်သို့ စစ်ချီ ၍ ၊ ယုဒ ရှင်ဘုရင် အာသ ထံ သို့ အဘယ်သူ မျှမထွက်မဝင်စေခြင်းငှါ၊ ရာမ မြို့ကိုတည် ၏။
2 And Asa took silver and gold out of the treasures of the house of the Lord, and of the king's house, and sent [them] to the son of Ader king of Syria, which lived in Damascus, saying,
၂ထိုအခါ ဗိမာန် တော် ဘဏ္ဍာ နှင့် နန်းတော်ဘဏ္ဍာတည်းဟူသောရွှေ ငွေ ရှိသမျှကို၊ အာသ သည် ထုတ် ၍၊ ဒမာသက် မြို့၌ နေ သော ရှုရိ ရှင်ဘုရင် ဗင်္ဟာဒဒ် ထံသို့ ပေး လိုက်၍၊
3 Make a covenant between me and you, and between my father and your father: behold, I have sent you gold and silver: come, and turn away from me Baasa king of Israel, and let him depart from me.
၃ငါ သည်သင် နှင့် ၎င်း၊ ငါ့ ခမည်းတော် သည် သင့် ခမည်းတော် နှင့် ၎င်း၊ မိဿဟာယဖွဲ့ခြင်းရှိသည်ဖြစ်၍၊ ရွှေ ငွေ ကို ငါပေး လိုက်၏။ ဣသရေလ ရှင်ဘုရင် ဗာရှာ သည် ငါ့ ထံမှ ထွက် သွားစေခြင်းငှါ ၊ သူနှင့်ဖွဲ့သော မိဿဟာယကို ဖျက်၍လာ ပါဟု မှာလိုက်လေ၏။
4 And the son of Ader listened to king Asa, and sent the captains of his host against the cities of Israel; and struck Aeon, and Dan, and Abelmain, and all the country round Nephthali.
၄အာသ မင်းကြီး ၏ စကားကို ဗင်္ဟာဒဒ် သည် နားထောင် ၍ ၊ ဣသရေလ မြို့ ရွာတို့ကို စစ်ချီ စေခြင်းငှါ ၊ မိမိ ဗိုလ် များကို စေလွှတ် သဖြင့် ၊ သူတို့သည်ဣယုန် မြို့၊ ဒန် မြို့၊ အာဗေလမိမ် မြို့မှစ၍ ၊ နဿလိ ပြည်၌ရှိသမျှ သော ဘဏ္ဍာ မြို့ တို့ကို လုပ်ကြံ ကြ၏။
5 And it came to pass when Baasa heard [it] he left off building Rama, and put a stop to his work:
၅ထိုသိတင်းကို ဗာရှာ သည်ကြား သောအခါ ၊ ရာမ မြို့ကို လက်စမသတ်ဘဲ အလုပ် ကိုဖြတ် ၍နေ၏။
6 then king Asa took all Juda, and took the stones of Rama, and its timber, [with] which Baasa [had] built; and he built with them Gabae and Maspha.
၆ထိုအခါ အာသ မင်းကြီး သည် ယုဒ လူအပေါင်း ကို ခေါ် သဖြင့် ၊ ရာမ မြို့၌ ဗာရှာ မင်းသွင်း သော ကျောက် နှင့် သစ်သား ကိုယူ သွား၍၊ ဂေဘ မြို့နှင့် မိဇပါ မြို့ကိုတည် ၏။
7 And at that time came Anani the prophet to Asa king of Juda, and said to him, Because you did trust on the king of Syria, and did not trust on the Lord your God, therefore the army of Syria is escaped out of your hand.
၇ထိုအခါ ပရောဖက် ဟာနန် သည် ယုဒ ရှင်ဘုရင် အာသ ထံ သို့လာ ၍ ၊ မင်းကြီးသည် မိမိ ဘုရားသခင် ထာဝရဘုရား ကို မ ခိုလှုံ ၊ ရှုရိ ရှင်ဘုရင် ကို ခိုလှုံ သောကြောင့် ၊ ရှုရိ ရှင် ဘုရင်၏ ဗိုလ်ခြေ တို့သည် မင်းကြီး လက် မှ လွတ် သွားကြပြီ။
8 Were not the Ethiopians and Libyans a great force, in courage, in horsemen, in great numbers? and did not He deliver them into your hands, because you trusted in the Lord?
၈ကုရှ လူနှင့် လိဗု လူတို့သည် ရထား များ၊ မြင်းစီး သူရဲများနှင့်တကွ ၊ အားကြီး သော အလုံး အရင်းဖြစ် သည် မ ဟုတ်လော။သို့သော်လည်းမင်းကြီးသည် ထာဝရဘုရား ကို ခိုလှုံ သောကြောင့် ၊ ထိုအလုံးအရင်းကို မင်းကြီးလက် သို့ အပ်နှံ တော်မူပြီ။
9 For the eyes of the Lord look upon all the earth, to strengthen every heart that is perfect towards him. In this you have done foolishly; henceforth there shall be war with you.
၉ထာဝရဘုရား သည် စုံလင် သော စေတနာစိတ် ရှိသောသူ တို့ဘက် ၌၊ ခိုင်ခံ့ စွာ နေခြင်းငှါ ၊ မြေကြီး တပြင်လုံး ကို အနှံ့အပြား ကြည့်ရှု လျက် ရှိတော်မူ၏။ ဤ အမှု၌ မင်းကြီးသည် မိုက် စွာပြုပြီ။ ယခု မှစ၍ စစ်မှု ရှိ လိမ့်မည်ဟု ဆို၏။
10 And Asa was angry with the prophet, and put him in prison, for he was angry at this: and Asa vexed some of the people at that time.
၁၀ထိုသို့ဆိုသောကြောင့် ၊ အာသ သည် ပရောဖက် ကို အမျက် ထွက်၍ ထောင် ထဲမှာ လှောင် ထား၏။ ထို ကာလ ၌ ပြည်သူ ပြည်သားအချို့တို့ကိုလည်း ညှဉ်းဆဲ ၏။
11 And, behold, the acts of Asa, the first and the last, [are] written in the book of the kings of Juda and Israel.
၁၁အာသ မင်းပြုမူသော အမှု အရာအစ အဆုံး တို့ သည်၊ ဣသရေလ ရာဇဝင် နှင့် ယုဒ ရာဇဝင်၌ ရေးထား လျက်ရှိ၏။
12 And Asa was diseased [in] his feet in the thirty-ninth year of his reign, until he was very ill: but in his disease he sought not to the Lord, but to the physicians.
၁၂နန်းစံ သုံးဆယ် ကိုး နှစ် တွင် ၊ ခြေ တော်၌ အနာ ရောဂါစွဲ ၍ ပြင်းစွာ ခံရသော်လည်း ၊ ထာဝရဘုရား ကို မ ဆည်းကပ် ၊ ဆေး သမားတို့ကိုသာ ဆည်းကပ်လေ၏။
13 And Asa slept with his fathers, and died in the forties year of his reign.
၁၃အာသ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ နန်းစံ လေးဆယ် တ နှစ် တွင် အနိစ္စ ရောက်သဖြင့်၊
14 And they buried him in the sepulchre which he had dug for himself in the city of David, and they laid him on a bed, and filled [it] with spices and [all] kinds of perfumes of the apothecaries; and they made for him a very great funeral.
၁၄ဒါဝိဒ် မြို့ မှာ မိမိ အဘို့ မိမိ လုပ် နှင့်သော သင်္ချိုင်း ၌ ၊ ပြည်သားတို့သည် သင်္ဂြိုဟ် သောအခါ ၊ မွှေးကြိုင်သော နံ့သာမျိုးတို့ကို၊ ဆေးသမား အတတ်ဖြင့် ဘော် ၍ ၊ တလား၌ အပြည့်ထည့်ပြီးလျှင်၊ အလောင်း တော်ကို တင် ထားကြ၏။ အလွန် ကြီး သောမီးရှို့ ပွဲကိုလည်း ခံ ကြ၏။