< Chronicles II 13 >
1 In the eighteenth year of the reign of Jeroboam Abia began to reign over Juda.
၁ယေရောဗောင် မင်းကြီး နန်းစံ ဆယ်နှစ်နှစ်တွင် အဘိယ သည် ယေရုရှလင်မြို့၌မင်းပြု၍၊
2 He reigned three years in Jerusalem. And his mother's name [was] Maacha, daughter of Uriel of Gabaon. And there was war between Abia and Jeroboam.
၂ယုဒပြည်ကို သုံး နှစ် စိုးစံ ၏။ မယ်တော် ကား၊ ဂိဗာ မြို့သားဩရေလ ၏ သမီး မာခါ အမည်ရှိ၏။ အဘိယ နှင့် ယေရောဗောင် တို့သည် စစ်တိုက် သောအကြောင်းအရာဟူမူကား၊
3 And Abia set the battle in array with an army, with mighty men of war, [even] four hundred thousand mighty men: and Jeroboam set the battle in array against him with eight hundred thousand, [they were] mighty warriors of the host.
၃အဘိယ သည် ရွေးချယ် သော စစ် သူရဲကောင်း လေး သိန်းနှင့် စစ် ခင်းကျင်း ၏။ ယေရောဗောင် သည် ရွေးချယ် သောစစ် သူရဲကောင်းရှစ် သိန်းနှင့် စစ် ခင်းကျင်း ၏။
4 And Abia rose up from the mount Somoron, which is in mount Ephraim, and said, Hear you, Jeroboam, and all Israel:
၄အဘိယ သည် ဧဖရိမ် ခရိုင် ၊ ဇေမရိမ် တောင် ပေါ် မှာ ရပ် လျက် ၊ အိုယေရောဗောင် နှင့် ဣသရေလ လူ အပေါင်း တို့၊ နားထောင် ကြလော့။
5 [Is it] not for you to know that the Lord God of Israel has given a king over Israel for ever to David, and to his sons, by a covenant of salt?
၅ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား သည် ဆား နှင့် ယှဉ်သောပဋိညာဉ် အားဖြင့်၊ ဣသရေလ နိုင်ငံကို ဒါဝိဒ် နှင့် သား တော်မြေးတော်တို့၌ အစဉ် အိပ်တော်မူကြောင်းကို၊ သင် တို့သိမှတ် သင့်သည် မ ဟုတ်လော။
6 But Jeroboam the [son] of Nabat, the servant of Solomon [the son] of David, is risen up, and has revolted from his master:
၆သို့ရာတွင် ၊ ဒါဝိဒ် သား တော်ရှောလမုန် ၏ ကျွန် နေဗတ် သား ယေရောဗောင် သည်၊ မိမိ အရှင် ကို တစ်ဘက် ထ၍ပုန်ကန် လေပြီ။
7 and there are gathered to him pestilent men, transgressors, and he has risen up against Roboam the [son] of Solomon, while Roboam was young and fearful in heart, and he withstood him not.
၇ရှောလမုန် သား ရောဗောင် သည် အသက် ငယ်၍ သဘော နူးညံ့ သောကြောင့် ၊ မ ဆီးတား နိုင်သောအခါ၊ လျှပ်ပေါ် သောသူ ၊ အဓမ္မ လူတို့သည် ယေရောဗောင် ထံမှာ စုဝေး ၍၊ ရောဗောင် မင်းတစ်ဘက် ၌ ကိုယ်ကိုခိုင်ခံ့ စေကြ ၏။
8 And now you profess to resist the kingdom of the Lord in the hand of the sons of David; and you [are] a great multitude, and with you are golden calves, which Jeroboam made you for gods.
၈ယခု လည်း သင် တို့သည် ဒါဝိဒ် ၏သား မြေး၌ ရှိသောထာဝရဘုရား ၏ နိုင်ငံ တော်ကို ဆီးတား မည်ဟု ကြံစည် ကြသည်တကား၊ သင် တို့သည် များပြား ၍ သင် တို့ဘုရား အရာ ၌၊ ယေရောဗောင် လုပ် သော ရွှေ နွားသငယ် တို့လည်း ရှိကြ၏။
9 Did you not cast out the priests of the Lord, the sons of Aaron, and the Levites, and make to yourselves priests of the people of any [other] land? whoever came to consecrate himself with a calf of the heard and seven rams, he forthwith became a priest to that which is no god.
၉သင်တို့သည် ထာဝရဘုရား ခန့်ထားတော်မူသော ယဇ်ပုရောဟိတ် ၊ အာရုန် အမျိုး နှင့် လေဝိ အမျိုးသားတို့ကိုနှင်ထုတ် ၍၊ တပါးအမျိုးသားထုံးစံအတိုင်း၊ ကိုယ် အဘို့ ယဇ် ပုရောဟိတ်တို့ကို လုပ် ကြပြီမ ဟုတ်လော။ထိုသို့နှင့်အညီ၊ နွားသငယ် တကောင်နှင့် သိုး ခုနစ် ကောင် ကိုပေး ၍၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားခြင်းကိုခံ သော သူမည်သည်ကား၊ ဘုရား မ ဟုတ်သောသူထံ မှာ ယဇ်ပုရောဟိတ် ပြု ရသည်တကား။
10 But we have not forsaken the Lord our God, and his priests, the sons of Aaron, and the Levites, minister to the Lord; and in their daily courses
၁၀ငါ တို့မူကား ၊ ထာဝရဘုရား ကိုမ စွန့်။ထိုဘုရား သည် ငါ တို့၌ ဘုရားသခင် ဖြစ်တော်မူ၏။ ထာဝရဘုရား ၏ အမှု တော်ကို ထမ်းသောယဇ် ပုရောဟိတ်တို့သည် အာရုန် အမျိုး ဖြစ်ကြ၏။ လေဝိ သားတို့သည်လည်း ၊ မိမိတို့ အမှု ကို စောင့်နေကြ၏။
11 they sacrifice to the Lord whole burnt offering, morning and evening, and compound incense, and [set] the show bread on the pure table; and [there is] the golden candlestick, and the lamps for burning, to light in the evening: for we keep the charge of the Lord God of our fathers; but you have forsaken him.
၁၁ထာဝရဘုရား ရှေ့ တော်၌၊ မီးရှို့ ရာယဇ်နှင့် နံ့သာပေါင်း ကို နံနက် တိုင်း၊ ညဦး တိုင်းမီးရှို့ကြ၏။ သန့်ရှင်း သော စားပွဲ ပေါ် မှာ ရှေ့တော်မုန့် ကို၎င်း၊ ညဦး တိုင်းထွန်း စရာဘို့ ရွှေ မီးခုံ နှင့် မီးခွက် တို့ကို၎င်းပြင်ဆင်ကြ ၏။ ငါ တို့သည် ငါ တို့၏ဘုရားသခင် ထာဝရဘုရား ၏ အမှု တော်ကို စောင့် ကြ၏။ သင် တို့မူကား ၊ ထာဝရ ဘုရား ကို စွန့် ကြပြီ။
12 And, behold, the Lord and his priests are with us at our head, and the signal trumpets to sound an alarm over us. Children of Israel, fight not against the Lord God of our fathers; for you shall not prosper.
၁၂ဘုရားသခင် ကိုယ်တော်တိုင်သည်၊ ငါ တို့တွင် ဗိုလ် မင်းဖြစ်တော်မူ၏။ ဘုရားသခင် ၏ ယဇ် ပုရောဟိတ်တို့သည်လည်း ၊ တံပိုးမှုတ် လျက် သင် တို့တစ်ဘက် ၌ နှိုးဆော်ခြင်းငှါ၊ ငါတို့တွင်ရှိကြ၏။ အိုဣသရေလ အမျိုးသား တို့၊ ဘိုးဘေး တို့၏ဘုရားသခင် ထာဝရဘုရား တစ်ဘက် ၌ မ တိုက် ကြနှင့်။ တိုက်လျှင်ရှုံး ရကြလိမ့်မည်ဟု ပြောဆို၏။
13 Now Jeroboam had caused an ambush to come round upon him from behind: and he [himself] was before Juda, and the ambush behind.
၁၃ယေရောဗောင် သည် ယုဒ လူတို့နောက် ၌ မ ထင် မရှားတပ်ချီစေ၍၊ ကိုယ်တိုင်တဘက်၊ ချောင်း နေသောသူတဘက်၊ ယုဒတပ်ကိုဝိုင်း ကြ၏။
14 And Juda looked back, and, behold, the battle [was] against them before and behind: and they cried to the Lord, and the priests sounded with the trumpets.
၁၄ယုဒ လူတို့သည် ပြန် ကြည့်သောအခါ ၊ စစ်မှု ဝိုင်းမိသည်ကို မြင် လျှင် ၊ ထာဝရဘုရား အား ဟစ် ခေါ်၍ ၊ ယဇ် ပုရောဟိတ်တို့သည်လည်း တံပိုး မှုတ် ကြ၏။
15 And the men of Juda shouted: and it came to pass, when the men of Juda shouted, that the Lord struck Jeroboam and Israel before Abia and Juda.
၁၅တဖန် ယုဒ လူ တို့သည် ကြွေးကြော် သောအခါ ၊ ဘုရားသခင် သည် ယေရောဗောင် ကို အဘိယ နှင့် ယုဒ လူတို့ ရှေ့ မှာ ဒဏ်ခတ် တော်မူသဖြင့်၊
16 And the children of Israel fled from before Juda; and the Lord delivered them into their hands.
၁၆ဣသရေလ အမျိုးသား တို့သည် ပြေး ၍ ၊ သူ တို့ကို ယုဒ လူတို့လက် သို့ ဘုရားသခင် အပ် တော်မူ၏။
17 And Abia and his people struck them with a great slaughter: and there fell slain of Israel five hundred thousand mighty men.
၁၇အဘိယ နှင့် သူ ၏လူ တို့သည် ကြီးစွာ သော လုပ်ကြံ ခြင်းကိုပြု ၍ ၊ ရွေးချယ် သော ဣသရေလ လူ ငါး သိန်းလဲ သေ သဖြင့်၊
18 So the children of Israel were brought low in that day, and the children of Juda prevailed, because they trusted on the Lord God of their fathers.
၁၈ဣသရေလ အမျိုးသား တို့သည်၊ ထိုအခါရှုံး ၍ ၊ ယုဒ အမျိုးသား တို့သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို ခိုလှုံ သောကြောင့် နိုင် ကြ၏။
19 And Abia pursued after Jeroboam, and he took from him the cities, Baethel and her towns, and Jesyna and her towns, and Ephron and her towns.
၁၉အဘိယ သည် ယေရောဗောင် ကို လိုက် ၍ ၊ ဗေသလ မြို့ နှင့် ရွာ များ၊ ယေရှန မြို့နှင့် ရွာ များ၊ ဧဖရိမ် မြို့ နှင့် ရွာ များတို့ကို သူ့ လက်မှ နှုတ်ယူ လေ၏။
20 And Jeroboam did not recover strength again all the days of Abia: and the Lord struck him, and he died.
၂၀အဘိယ လက်ထက် ကာလပတ်လုံး၊ ယေရောဗောင် သည် နောက်တဖန် ခွန်အား ကို မ ရ ပြန်။ ထာဝရဘုရား ဒဏ်ခတ် တော်မူသဖြင့် သေ လေ၏။
21 But Abia strengthened himself, and took to himself fourteen wives, and he begot twenty-two sons, and sixteen daughters.
၂၁အဘိယ မူကား ခွန်အား တိုးပွါး၏။ မယား တဆယ် လေး ယောက်တို့ကိုယူ ၍ သား နှစ်ဆယ် နှစ် ယောက်နှင့် သမီး တဆယ် ခြောက်ယောက်တို့ကို မြင် ရ၏။
22 And the rest of the acts of Abia, and his deeds, and his sayings, are written in the book of the prophet Addo.
၂၂အဘိယ ပြုမူသောအမှု အရာ ကြွင်း လေသမျှတို့ နှင့် ကျင့်သောအကျင့် ၊ ပြောသောစကား များတို့သည်၊ ရာဇဝင် နှင့်ဆက်၍ ပရောဖက် ဣဒ္ဒေါ စီရင်သော စာ၌ ရေးထား လျက်ရှိ၏။