< Kings III 5 >
1 And Chiram king of Tyre sent his servants to anoint Solomon in the room of David his father, because Chiram always loved David.
၁ရှောလမုန် ကို ခမည်းတော် အရာ ၌ ဘိသိက် ပေး ကြောင်း ကို တုရု မင်းကြီး ဟိရံ သည် ကြား လျှင် ၊ ဒါဝိဒ် နှင့် အစဉ် မိတ်ဆွေ ဖွဲ့သောသူဖြစ်၍ ၊ မိမိ ကျွန် တို့ကို စေလွှတ် လေ၏။
2 And Solomon sent to Chiram, saying,
၂တဖန် ရှောလမုန် သည်လည်း၊ ဟိရံ ထံသို့ စေလွှတ် လျက်၊
3 You knew my father David, that he could not build a house to the name of the Lord my God because of the wars that compassed him about, until the Lord put them under the soles of his feet.
၃ငါ့ အဘ ဒါဝိဒ် သည် အရပ်ရပ်၌ စစ်တိုက် ရ သောကြောင့် ၊ ထာဝရဘုရား သည် ရန်သူတို့ကို အဘခြေဘဝါး တော်အောက် သို့ နှိမ့်ချ တော်မမူမှီတိုင်အောင် ၊ မိမိ ဘုရား သခင်ထာဝရဘုရား ၏ နာမ တော်အဘို့ အိမ် တော်ကို မ တည် မဆောက်ရဟု မင်းကြီးသိ ၏။
4 And now the Lord my God has given me rest round about; there is no one plotting against [me], and there is no evil trespass [against me].
၄ယခု မူကား ၊ ငါ ၏ဘုရား သခင်ထာဝရဘုရား သည် အရပ်ရပ် ၌ ငြိမ်ဝပ် မည်အကြောင်းစီရင်တော်မူသဖြင့်၊ ရန်ဘက် ပြုသောသူ၊ ဆီးတား သောသူ မ ရှိသည် ဖြစ်၍၊
5 And, behold, I intend to build a house to the name of the Lord my God, as the Lord God spoke to my father David, saying, Your son whom I will set on your throne in your place, he shall build a house to my name.
၅ထာဝရဘုရား က၊ ငါ့ အဘ ဒါဝိဒ် အား သင့် ကိုယ်စား သင် ၏ရာဇ ပလ္လင်ပေါ် မှာ ငါတင် သော သင် ၏ သား သည် ငါ့ နာမ အဘို့ အိမ် ကို တည်ဆောက် ရမည်ဟု မိန့် တော်မူသည်အတိုင်း ၊ ငါ ၏ဘုရား သခင်ထာဝရဘုရား ၏ နာမ တော်အဘို့ အိမ် တော်ကို တည်ဆောက် မည်ဟု ငါ အကြံ ရှိ၏။
6 And now command, and let [men] cut wood for me out of Libanus: and, behold, my servants [shall be] with your servants, and I will give you the wages of your service, according to all that you shall say, because you know that we have no one skilled in cutting timber like the Sidonians.
၆မင်းကြီး၏ ကျွန်တို့သည် ငါ့ အဘို့ လေဗနုန် တောင်ပေါ် မှာ အာရဇ် ပင်တို့ကို ခုတ်လှဲ စေခြင်းငှါ စီရင် ပါ။ ငါ့ ကျွန် တို့သည် မင်းကြီး ကျွန် တို့နှင့် ဝိုင်း၍ လုပ်ကိုင် ကြလိမ့်မည်။ မင်းကြီးစီရင် သည်အတိုင်း ၊ မင်းကြီး ၏ ကျွန် တို့အား အခ ကိုပေး ပါမည်။ ဇိဒုန် အမျိုးသားတို့သည် သစ် ခုတ် တတ် သကဲ့သို့ ငါ တို့တွင် အဘယ်သူ မျှမခုတ်တတ် သည်ကို မင်းကြီး သိ သည်ဟု မှာလိုက်လေ၏။
7 And it came to pass, as soon as Chiram heard the words of Solomon, that he rejoiced greatly, and said, Blessed [be] God today, who has given to David a wise son over this numerous people.
၇ရှောလမုန် မင်း၏စကား ကို ဟိရံ မင်းသည် ကြား လျှင် အလွန် ဝမ်းမြောက် ၍ ၊ ထို လူမျိုး ကြီး ကို အစိုးရသောသား ကို ဒါဝိဒ် အား ပေး တော်မူသော ထာဝရဘုရား သည် ယနေ့ မင်္ဂလာ ရှိတော်မူစေသတည်းဟု ဆို လျက်၊
8 And he sent to Solomon, saying, I have listened concerning all that you have sent to me for: I will do all your will: [as for] timber of cedar and fir,
၈မင်းကြီးမှာ လိုက်သော အမှု ကို ငါဆင်ခြင် ပြီ။ အာရဇ် သစ်သား ၊ ထင်ရူး သစ်သား လို သမျှ ကို ပေး ပါမည်။
9 my servants shall bring them down from Libanus to the sea: I will form them [into] rafts, [and bring them] to the place which you shall send to me [about]; and I will land them there, and you shall take [them] up: and you shall do my will, in giving bread to my household.
၉ငါ့ ကျွန် တို့သည် လေဗနုန် တောင်မှ ပင်လယ် သို့ ချ ပြီးလျှင် ၊ ဘောင် လုပ်၍ မင်းကြီးစီရင် သော အရပ် သို့ ပင်လယ် လမ်းဖြင့် ဆောင် ခဲ့၍ ၊ ထို အရပ်၌အပ် သဖြင့် မင်းကြီး ခံယူ ရမည်။ မင်းကြီး သည်လည်း ၊ ငါ ၏နန်းတော် သားစားစရာ ရိက္ခါကိုပေး ၍ ငါ့ အလို ကိုလည်း ပြည့်စုံ စေရမည်ဟု ရှောလမုန် ထံသို့ လူကိုစေလွှတ် ၍ ပြန်ပြော ၏။
10 So Chiram gave to Solomon cedars, and fir trees, and all his desire.
၁၀ထိုသို့ ဟိရံ သည် ရှောလမုန် အလို ရှိသမျှ သော အာရဇ် သစ်သား ၊ ထင်းရူး သစ်သား ကိုပေး ၏။
11 And Solomon gave to Chiram twenty thousand measures of wheat as food for his house, and twenty thousand baths of beaten oil thus Solomon gave to Chiram yearly.
၁၁ရှောလမုန် သည်လည်း ၊ ဟိရံ ၏နန်းတော် သား များ စားစရာ ဘို့ တနှစ် တနှစ်လျှင် ဂျုံ ဆန်ကောရ နှစ် သောင်း၊ စစ် ပြီးသော ဆီ ကောရ နှစ် ဆယ်ကိုပေး ၏။
12 And the Lord gave wisdom to Solomon as he promised him; and there was peace between Chiram and Solomon, and they made a covenant between them.
၁၂ထာဝရဘုရား သည်လည်း ၊ ဂတိ တော်ရှိသည် အတိုင်း ၊ ရှောလမုန် အား ပညာ ကိုပေး တော်မူ၏။ ဟိရံ မင်းနှင့် ရှောလမုန် မင်းနှစ် ပါးတို့သည် စစ်တိုက် ခြင်း မရှိ။ မိဿဟာယ ဖွဲ့ ကြ၏။
13 And the king raised a levy out of all Israel, and the levy was thirty thousand men.
၁၃ရှောလမုန် မင်းကြီး သည်လည်း ၊ ဣသရေလ လူ အပေါင်း တို့တွင် လူ သုံး သောင်းတို့ကို ခွဲခန့် ၍၊
14 And he sent them to Libanus, ten thousand taking turn every month: they were a month in Libanus and two months at home: and Adoniram [was] over the levy.
၁၄အလှည့် အလှည့်တလ လျှင်တသောင်း စီ၊ လေဗနုန် တောင်သို့ စေလွှတ် သဖြင့် ၊ ထိုလူတို့သည် လေဗနုန် တောင် ပေါ် မှာတလ ၊ ကိုယ် နေရာ အရပ်၌ နှစ် လ နေ ရကြ၏။ ထိုလူ တို့ကို အဒေါနိရံ အုပ်ရ၏။
15 And Solomon had seventy thousand bearers of burdens, and eighty thousand hewers of stone in the mountain;
၁၅ထမ်းရွက် သောသူခုနစ် သောင်း၊ တောင်ရိုး ပေါ် မှာ သစ်ခုတ် သောသူရှစ် သောင်းတို့ကိုလည်း စေခိုင်းတော်မူ ၍၊
16 besides the rulers that were appointed over the works of Solomon, [there were] three thousand six hundred masters who wrought in the works.
၁၆အုပ်ချုပ် သောမင်း အရာရှိမှတပါး လုပ်ဆောင် သောသူတို့ ကို စီရင် သောသူ သုံး ထောင် သုံး ရာ ရှိ၏။
17 [And the king commanded and they ] [brought great stones, precious stones for the foundation of the house, and unhewn stones. ]
၁၇ရှင်ဘုရင် ၏ အမိန့် တော်အတိုင်း အိမ် တော် တိုက်မြစ် အဘို့ ကြီး သောကျောက် ၊ အဘိုး ထိုက်သော ကျောက် ၊ ဆစ် ပြီးသောကျောက် တို့ကို ဆောင် ခဲ့ကြ၏။
18 And they prepared the stones and the timber [during] three years.
၁၈ထိုသို့ ရှောလမုန် မင်း၏ လက်သမား တို့နှင့် ဟိရံ မင်း၏လက်သမား တို့သည် ဂေဗာလ အမျိုးသားတို့ နှင့်တကွ ၊ အိမ် တော်ကို တည်ဆောက် စရာဘို့ သစ်သား များ၊ ကျောက် များတို့ကို ပြင်ဆင် ကြ၏။