< Chronicles I 28 >
1 And David assembled all the chief [men] of Israel, the chief of the judges, and all the chief [men] of the courses [of attendance] on the person of the king, and the captains of thousands and hundreds, and the treasurers, and the lords of his substance, and of all the king's property, and of his sons, together with the eunuchs, and the mighty men, and the warriors of the army, at Jerusalem.
၁တဖန် ဒါဝိဒ် မင်းသည် ဣသရေလ မင်း များတည်းဟူသောအမျိုး အသီးအသီး ကို အုပ်သောမင်း ၊ အလှည့် လှည့်အမှု တော်ကို စောင့်သော တပ်မှူး ဗိုလ်မင်း၊ လူ တထောင် အုပ် ၊ တရာ အုပ် ၊ ရှင်ဘုရင် ၏ဘဏ္ဍာစိုး ၊ သား တော်၏ဘဏ္ဍာစိုး၊ ခွန်အား ရှိသောသူရဲ အကြီးအကဲ အရာရှိ အပေါင်း တို့ကို ယေရုရှလင် မြို့မှာ စုဝေး စေတော်မူ ၏။
2 And David stood in the midst of the assembly, and said, Hear me, my brethren, and my people: it was in my heart to build a house of rest for the ark of the covenant of the Lord, and a place for the feet of our Lord, and I prepared [materials] suitable for the building:
၂ထိုအခါ ဒါဝိဒ် မင်းကြီး သည်ရပ် ၍ ၊ ငါ့ ညီအစ်ကို ၊ ငါ့ လူ တို့ နားထောင် ကြလော့။ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ငြိမ်ဝပ် ရာ အိမ် တည်းဟူသောဘုရားသခင် ၏ ခြေ တော်တင်ရာခုံ ကို တည် လုပ်မည်ဟု ငါ အကြံ ရှိ၍ တည် လုပ်ခြင်းငှါ ပြင်ဆင် နှင့်ပြီ။
3 but God said, You shall not build me a house to call my name upon it, for you are a man of war, and have shed blood.
၃သို့ရာတွင် ဘုရားသခင် က သင် သည် စစ်တိုက် သောသူ ၊ လူအသက် ကိုသတ် သောသူဖြစ်၍ ၊ ငါ့ နာမ အဘို့ အိမ် တော်ကို မ တည် မဆောက်ရဟု မိန့် တော်မူ၏။
4 Yet the Lord God of Israel chose me out of the whole house of my father to be king over Israel for ever; and he chose Juda as the kingly [house], and out of the house of Juda [he chose] the house of my father; and amongst the sons of my father he preferred me, that I should be king over all Israel.
၄ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား သည် ငါ့ အဆွေအမျိုး များထဲက ငါ့ ကိုရွေးကောက် ၍ ဣသရေလ ရှင်ဘုရင် အရာ ၌ အမြဲ ချီးမြှောက်တော်မူ၏။ ယုဒ အမျိုးကို ရွေးကောက် ၍ အခြားသော အမျိုး တို့ကို အုပ်စိုးရသောအခွင့်ကိုပေး တော်မူ၏။ ယုဒ အမျိုး တွင် ငါ့ အဘ ၏ အိမ်ထောင် ကို၎င်း ၊ ငါ့ အဘ ၏သား တို့တွင် ငါ့ ကို၎င်း၊ နှစ်သက် ၍ဣသရေလ နိုင်ငံလုံး ကို စိုးစံ ရသောအခွင့်ကိုပေး တော်မူ၏။
5 And of all my sons, (for the Lord has given me many sons, ) he has chosen Solomon my son, to set him on the throne of the kingdom of the Lord over Israel.
၅ထာဝရဘုရား သည် ငါ့ အား များစွာ သော သား တို့ကိုပေး တော်မူသည်ဖြစ်၍ ၊ ငါ့ သား အပေါင်း တို့တွင် သား ရှောလမုန် ကို ရွေးကောက် ၍ ဣသရေလ အမျိုးကို အုပ်စိုးလျက်၊ ထာဝရဘုရား ၏ နိုင်ငံ တော်ရာဇ ပလ္လင် ပေါ် မှာထိုင် စေခြင်းငှါ ခန့်ထားတော်မူပြီ။
6 And God said to me, Solomon your son shall build my house and my court: for I have chosen him to be my son, and I will be to him a father.
၆ငါ့ အား လည်း သင့် သား ရှောလမုန် သည် ငါ့ အိမ် နှင့် ငါ့ တန်တိုင်း တို့ကို တည် ရမည်။ ငါသည်ထိုသူ ကို သား အရာ ၌ခန့်ထားခြင်းငှါရွေးကောက် ပြီ။ ငါ သည် သူ ၏ အဘ ဖြစ် မည်။
7 And I will establish his kingdom for ever, if he continue to keep my commandments, and my judgements, as [at] this day.
၇သူသည် ငါ စီရင် ချက်ပညတ် တရားတို့ကို ယနေ့ ကဲ့သို့ အမြဲ ကျင့် လျှင် သူ ၏နိုင်ငံ ကို ငါတည် စေမည်ဟု မိန့် တော်မူ၏။
8 And now [I charge you] before the whole assembly of the Lord, and in the audience of our God, keep and seek all the commandments of the Lord our God, that you may inherit the good land, and leave it for your sons to inherit after you for ever.
၈သို့ဖြစ်၍ သင်တို့သည် ဤကောင်း သော ပြည် ကို ပိုင် ၍ သင် တို့၏ သားမြေးအစဉ်အဆက် အမွေခံရာဘို့ ချန်ထားလိုသောငှါ၊ ထာဝရဘုရား ၏ပရိသတ် တည်းဟူသောဣသရေလ အမျိုးသားအပေါင်း တို့ရှေ့ ၌၎င်း ၊ ငါ တို့ဘုရားသခင့် အထံတော်၌ ၎င်း၊ သင် တို့ဘုရားသခင် ထာဝရဘုရား ၏ ပညတ် တော်ရှိသမျှ တို့ကိုရှာ ၍ စောင့်ရှောက် ကြလော့။
9 And now, [my] son Solomon, know the God of your fathers, and serve him with a perfect heart and willing soul: for the Lord searches all hearts, and knows every thought: if you seek him, he will be found of you; but if you should forsake him, he will forsake you for ever.
၉ငါ့ သား ရှောလမုန် ၊ သင့် အဘ ၏ဘုရားသခင် ကို သိ လော့။ စုံလင် သောနှလုံး ၊ ကြည်ညို သောစိတ် သဘောနှင့် ဝတ်ပြု လော့။ ထာဝရဘုရား သည် ခပ်သိမ်း သော စိတ် နှလုံးတို့ကို စစ်၍အကြံအစည် ရှိလေသမျှ တို့ကို သိတော်မူ၏။ ကိုယ်တော် ကို ရှာ လျှင် အတွေ့ ခံတော်မူမည်။ ကိုယ်တော် ကိုစွန့် လျှင် သင့် ကို အစဉ်အမြဲ စွန့် တော်မူမည်။
10 See now, for the Lord has chosen you to build him a house for a sanctuary, be strong and do [it].
၁၀သတိ ပြုလော့။ သန့်ရှင်း ရာဌာနအဘို့ အိမ် တော်ကို တည်ဆောက် စေခြင်းငှါ သင့် ကို ထာဝရဘုရား ရွေးကောက် တော်မူသောကြောင့် ၊ အားယူ ၍ တည်ဆောက် လော့ဟုမှာထားတော်မူ၏။
11 And David gave Solomon his son the plan of the temple, and its buildings, and its treasuries, and its upper chambers, and the inner store-rooms, and the place of the atonement,
၁၁ထိုအခါ အိမ်တော်ဦး ၊ အဆောင် ကြီး၊ ဘဏ္ဍာတိုက် ၊ အထက် ခန်း၊ အတွင်း ခန်း၊ သေတ္တာ တော်အဖုံး ထားရာ အခန်း ၏ ပုံကို၎င်း၊
12 and the plan which he had in his mind of the courts of the house of the Lord, and of all the chambers round about, [designed] for the treasuries of the house of God, and of the treasuries of the holy things, and of the chambers for resting:
၁၂ထာဝရဘုရား ၏အိမ် တော်တန်တိုင်း များ၊ ပတ်လည် ၌ ကာသောအခန်း များ၊ ဘုရားသခင် ၏ အိမ် တော် ဘဏ္ဍာတိုက် များ၊ ပူဇော် သောအရာသိုထား ရာ တိုက်များ တို့၏ ပုံကို၎င်း၊ မိမိ ကြံစည် သမျှ အတိုင်း ၊ ဒါဝိဒ် သည် သား တော်ရှောလမုန် အား အပ် တော်မူ၏။
13 and [the plan] of the courses of the priests and Levites, for all the work of the service of the house of the Lord, and of the stores of vessels for ministration of the service of the house of the Lord.
၁၃ယဇ်ပုရောဟိတ် ၊ လေဝိ သားသင်းဖွဲ့ ခြင်း၊ ထာဝရဘုရား ၏အိမ် တော်၌ အမှု တော်ကို ဆောင်ရွက် ခြင်း၊ ဆောင်ရွက် စရာ တန်ဆာ ရှိသမျှ တို့ကိုလည်း စီရင် တော်မူ၏။
14 And [he gave him] the account of their weight, both of gold and silver [vessels].
၁၄အမှု တော်အမျိုးမျိုး ကို ဆောင်ရွက်စရာ ရွှေ တန်ဆာ ရှိသမျှတို့အဘို့ ရွှေ ကို၎င်း၊ ငွေ တန်ဆာ ရှိသမျှ တို့ အဘို့ ငွေကို၎င်း ချိန် ၍ အပ်တော်မူ၏။
15 He gave him the weight of the candlesticks, and of the lamps.
၁၅ရွှေ မီးခုံ နှင့် ရွှေ မီးခွက် အသီးအသီးအဘို့ ၊ ငွေ မီးခုံ နှင့် ငွေမီးခွက် အသီးအသီးသုံးစရာရှိသည်အတိုင်း ရွှေငွေကိုချိန်၍ အပ်တော်မူ၏။
16 He gave him likewise the weight of the tables of show bread, of each table of gold, and likewise of the [tables of] silver:
၁၆ရှေ့ တော်မုန့်တင်စရာရွှေ စားပွဲ နှင့် ငွေ စားပွဲ အသီးအသီးအဘို့ ရွှေငွေကိုချိန်၍ အပ်တော်မူ၏။
17 also of the flesh hooks, and vessels for drink-offering, and golden bowls: and the weight of the gold and silver [articles], and censers, [and] bowls, according to the weight of each.
၁၇အမဲသား ချိတ်၊ အင်တုံ ၊ ဖလား များအဘို့ ရွှေ စင် ကို၎င်း၊ ရွှေ လင်ပန်း နှင့် ငွေ လင်ပန်း အသီးအသီးအဘို့ ရွှေငွေကို၎င်း၊ ချိန်၍အပ်တော်မူ၏။
18 And he showed him the weight [of the utensils] of the altar of incense, [which was] of pure gold, and the plan of the chariot of the cherubs that spread out their wings, and overshadowed the ark of the covenant of the Lord.
၁၈နံ့သာပေါင်း မီးရှို့ရာ ယဇ် ပလ္လင်အဘို့ ရွှေ စင် ကို၎င်း၊ အတောင်တို့ကို ဖြန့် ၍ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို လွှမ်းမိုး သော ခေရုဗိမ် ရထား တော်ပုံ အဘို့ ရွှေကို၎င်း၊ ချိန် ၍အပ်တော်မူ၏။
19 David gave all to Solomon in the Lord's handwriting, according to the knowledge given him of the work of the pattern.
၁၉ထိုပုံ များရှိသမျှ တို့ကို ရေး ထားသည်အတိုင်း ၊ နားလည် နိုင်သော ဉာဏ်ပညာကို ထာဝရဘုရား သည် ပေးတော်မူ၏။
20 And David said to Solomon his son, Be strong, and play the man, and do: fear not, neither be terrified; for the Lord my God [is] with you; he will not forsake you, and will not fail you, until you have finished all the work of the service of the house of the Lord. And behold the pattern of the temple, even his house, and its treasury, and the upper chambers, and the inner store-rooms, and the place of propitiation, and the plan of the house of the Lord.
၂၀သား တော်ရှောလမုန် အား လည်း၊ သင်သည် အားယူ ၍ ရဲရင့် သောစိတ် နှင့်လုပ်ဆောင် လော့။ မ စိုးရိမ် နှင့်။ စိတ် မ ပျက်နှင့်။ ငါ ၏ဘုရားသခင် ထာဝရ အရှင် ဘုရားသခင် သည် သင် နှင့်အတူ ရှိတော်မူလိမ့်မည်။ ထာဝရဘုရား ၏အိမ် တော်မှုကို ဆောင်ရွက်ရာဘို့ လုပ်ဆောင် ၍ လက်စ မ သတ်မှီတိုင်အောင်သင့် ကို စွန့် တော် မ မူ။ ပစ်ထားတော်မမူ။
21 And see, [here are] the courses of the priests and Levites for all the service of the house of the Lord, and [there shall be] with you [men] for every workmanship, and every one of ready skill in every are: also the chief men and all the people, [ready] for all your commands.
၂၁သင်းဖွဲ့ သောယဇ်ပုရောဟိတ် ၊ လေဝိ သားတို့ သည်လည်း ဘုရားသခင် ၏အိမ် တော်မှုကို ဆောင်ရွက် ရာဘို့ရှိကြ၏။ လိမ္မာ သော ဆရာသမား အမျိုးမျိုး တို့ သည်လည်း အရာရာ တို့ကို လုပ်ဆောင်စေဘို့ရှိကြ၏။ မင်း များနှင့် ပြည်သူ ပြည်သားများအပေါင်း တို့သည်လည်း သင့် လက်၌ရှိကြသည်ဟု မိန့် တော်မူ၏။