< Leviticus 7 >
1 And this [is] the law of the ram for the trespass-offering; it is most holy.
၁ဒုစရိုက် ဖြေသော ယဇ်ပူဇော်ခြင်းတရား ဟူမူကား ၊ အလွန်သန့်ရှင်း ပေ၏။
2 In the place where they slay the whole-burnt-offering, they shall slay the ram of the trespass-offering before the Lord, and he shall pour out the blood at the bottom of the altar round about.
၂မီး ရှို့ရာယဇ်ကောင်ကိုသတ် ရာအရပ် ၌ ဒုစရိုက် ဖြေသော ယဇ်ကောင်ကိုသတ် ၍ အသွေး ကို ယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း ရမည်။
3 And he shall offer all the fat from it; and the loins, and all the fat that covers the inwards, and all the fat that is upon the inwards,
၃အမြီး နှင့်တကွ အအူ ကို ဖုံး သောဆီဥ၊
4 and the two kidneys, and the fat that is upon them, that which is upon the thighs, and the caul upon the liver with the kidney, he shall take them away.
၄ခါး အတွင်းနား ၌ ရှိသော ကျောက်ကပ် နှစ် ခုနှင့် ကျောက်ကပ်ဆီဥ ၊ ကျောက်ကပ် နှင့်တကွ အသည်း ပေါ် ၌ရှိသောအမြှေး တည်းဟူသောဆီဥ ရှိသမျှ ကိုယူ ၍ ဆက် လျှင် ၊
5 And the priest shall offer them on the altar a burnt-offering to the Lord; it is for trespass.
၅ယဇ် ပုရောဟိတ်သည် ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့၍ ထာဝရဘုရား အား မီး ဖြင့် ပူဇော်သက္ကာပြုရမည်။ ဒုစရိုက် ဖြေရာယဇ် ဖြစ်သတည်း။
6 Every male of the priest shall eat them, in the holy place they shall eat them: they are most holy.
၆အသားကို ယဇ် ပုရောဟိတ်ယောက်ျား အပေါင်း တို့သည်၊ သန့်ရှင်း ရာဌာန ၌ စား ရကြမည်။ အလွန်သန့်ရှင်း ပေ၏။
7 As the sin-offering, so also [is] the trespass-offering. There is one law of them; the priest who shall make atonement with it, his it shall be.
၇အပြစ် ဖြေရာယဇ်၊ ဒုစရိုက် ဖြေရာယဇ်၏ တရား တပါး တည်းဖြစ်၍၊ ဒုစရိုက် အပြစ် ဖြေခြင်းကို ပြုသော ယဇ် ပုရောဟိတ်သည် ယူရမည်။
8 And [as for] the priest who offers a man's whole-burnt-offering, the skin of the whole-burnt-offering which he offers, shall be his.
၈လူ တစုံတယောက်ပြုသောမီး ရှို့ရာယဇ်ကို ပူဇော် သော ယဇ် ပုရောဟိတ်သည်၊ မိမိပူဇော် သော ယဇ် ကောင်အရေ ကိုယူရမည်။
9 And every sacrifice which shall be prepared in the oven, and every one which shall be prepared on the hearth, or on a frying-pan, it is the property of the priest that offers it; it shall be his.
၉မီးဖို ၌ ဖုတ် သော ဘောဇဉ်ပူဇော်သက္ကာ ၊ အိုး ကင်း၊ သံပြား ပူနှင့် လုပ် သော အရာရှိသမျှ ကို ပူဇော် သော ယဇ် ပုရောဟိတ်သည် ယူရမည်။
10 And every sacrifice made up with oil, or not made up [with oil], shall belong to the sons of Aaron, an equal portion to each.
၁၀ဆီ ထည့် သည်ဖြစ်စေ ၊ မ ထည့်သည်ဖြစ်စေ၊ ဘောဇဉ်ပူဇော်သက္ကာ ရှိသမျှ ကို အာရုန် ၏ သား အပေါင်း တို့သည် အညီအမျှ ယူရကြရမည်။
11 This [is] the law of the sacrifice of peace-offering, which they shall bring to the Lord.
၁၁ထာဝရဘုရား အား ပြုရသော မိဿဟာယ ယဇ် ပူဇော်ခြင်းတရား ဟူမူကား ၊
12 If a man should offer it for praise, then shall he bring, for the sacrifice of praise, loaves of fine flour made up with oil, and unleavened cakes anointed with oil, and fine flour kneaded with oil.
၁၂ကျေးဇူး တော်ဝန်ခံဘို့ ရာပူဇော် လျှင် ၊ ကျေးဇူး တော် ဝန်ခံရာယဇ်နှင့်တကွ ဆီ ရော သော တဆေး မဲ့ မုန့်ပြား ၊ ဆီ နှင့် လုပ် သော တဆေး မဲ့မုန့်ကြွပ် ၊ ဆီ ရော သော မုန့်ညက် နှင့် လုပ်၍ ကြော် သော မုန့်ပြား တို့ကို ပူဇော် ရမည်။
13 With leavened bread he shall offer his gifts, with the peace-offering of praise.
၁၃ထိုမုန့်ပြားမှတပါး၊ မိဿဟာယ ပူဇော်သက္ကာနှင့်ဆိုင်သော ကျေးဇူး တော်ဝန်ခံရာယဇ်နှင့်တကွ ၊ တဆေး ပါသောမုန့် ကိုလည်း ပူဇော် ရမည်။
14 And he shall bring one of all his gifts, a separate offering to the Lord: it shall belong to the priest who pours forth the blood of the peace-offering.
၁၄ပူဇော် သက္ကာရှိသမျှ အထဲ က မုန့်တလုံး ကို ထာဝရဘုရား အား ချီမြှောက်သော ပူဇော် သက္ကာပြု၍ ထိုမုန့်ကို မိဿဟာယ ယဇ် အသွေး ဖြန်း သောယဇ် ပုရောဟိတ် ယူ ရမည်။
15 And the flesh of the sacrifice of the peace-offering of praise shall be his, and it shall be eaten in the day in which it is offered: they shall not leave of it till the morning.
၁၅ကျေးဇူး တော်ဝန်ခံဘို့ရာပူဇော်သော မိဿဟာယ ယဇ်အသား ကို၊ ပူဇော် သောနေ့ ခြင်းတွင် စား ရမည်။ နံနက် တိုင်အောင် မ ကြွင်း စေရ။
16 And if it be a vow, or he offer his gift of his own will, on whatsoever day he shall offer his sacrifice, it shall be eaten, and on the morrow.
၁၆သို့မဟုတ် သစ္စာ ပြု၍ ယဇ် ပူဇော် သည်ဖြစ်စေ ၊ ကိုယ် အလိုအလျောက်ပူဇော်သည်ဖြစ်စေ၊ ပူဇော် သောနေ့ ခြင်းတွင် ၊ ယဇ် အသားကို စား ၍ အကြွင်း ကိုလည်း နက်ဖြန် နေ့စား ရမည်။
17 And that which is left of the flesh of the sacrifice till the third day, shall be consumed with fire.
၁၇ကြွင်း သေးသော အသား ကိုလည်း သန်ဘက် နေ့ ၌ မီး ရှို့ ရမည်။
18 And if he do at all eat of the flesh on the third day, it shall not be accepted for him that offers: it shall not be reckoned to him, it is pollution; and whatsoever soul shall eat of it, shall bear his iniquity.
၁၈မိဿဟာယ ယဇ် အသား အနည်းငယ်ကို၊ သန်ဘက် နေ့ ၌ စား မိလျှင် စိတ် တော်နှင့်မ တွေ့။ ပူဇော် သောသူ သည် အကျိုး ကိုမ ရ။ ရွံရှာ ဘွယ် ဖြစ် လိမ့်မည်။ စား သောသူ သည် ကိုယ် အပြစ် ကိုခံရ လိမ့်မည်။
19 And whatsoever flesh shall have touched any unclean thing, it shall not be eaten, it shall be consumed with fire; every one that is clean shall eat the flesh.
၁၉မ စင်ကြယ်သောအရာနှင့် ထိမိ သော ယဇ်သား ကို မ စား ရ။ မီး ရှို့ ရမည်။ စင်ကြယ် သောသူ တို့ သာလျှင် ထိုယဇ်သား ကို စား ရကြမည်။
20 And whatsoever soul shall eat of the flesh of the sacrifice of the peace-offering which is the Lord's, and his uncleanness be upon him, that soul shall perish from his people.
၂၀ထာဝရဘုရား နှင့် ဆိုင်သော မိဿဟာယ ယဇ်သား ကို အကြင် သူသည် မ စင်ကြယ်သော အပြစ်ရှိ လျက်နှင့် စား မိ၏။ ထို သူ ကို သူ ၏ အမျိုး မှ ပယ်ရှင်း ရမည်။
21 And whatsoever soul shall touch any unclean thing, either of the uncleanness of a man, or of unclean quadrupeds, or any unclean abominable thing, and shall eat of the flesh of the sacrifice of the peace-offering, which is the Lord's, that soul shall perish from his people.
၂၁အကြင်သူသည်လည်း၊ လူ ၌ မ စင်ကြယ်သော အရာ၊ မ စင်ကြယ်သောသား ၊ မ စင်ကြယ်သော ပိုးရွ အစ ရှိသော မ စင်ကြယ်သောအရာ တစုံ တခုကို ထိမိ ၍ ၊ ထာဝရဘုရား နှင့် ဆိုင်သော မိဿဟာယ ယဇ်သား ကို စား ၏။ ထို သူ ကို သူ ၏ အမျိုး မှ ပယ်ရှင်း ရမည်ဟု မိန့်တော်မူ၏။
22 And the Lord spoke to Moses, saying,
၂၂တဖန် မောရှေ အား ထာဝရဘုရား က၊
23 Speak to the children of Israel, saying, Ye shall eat no fat of oxen or sheep or goats.
၂၃သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင်တို့သည် သိုး ၊ ဆိတ် ၊ နွား ဆီဥ ကို အလျှင်း မ စား ရ။
24 And the fat of such animals as have died of themselves, or have been seized of beasts, may be employed for any work; but it shall not be eaten for food.
၂၄အလိုလို သေသော တိရစ္ဆာန်ဆီဥ ၊ သားရဲ ကိုက်၍ သေသော တိရစ္ဆာန်ဆီဥ ကို အခြားသို့ သုံး ရသော်လည်း၊ အလျှင်းမ စား ရ။
25 Every one that eats fat off the beasts, from which he will bring a burnt-offering to the Lord—that soul shall perish from his people.
၂၅အကြင်သူသည် ထာဝရဘုရား အား မီး ဖြင့် ပူဇော်သက္ကာပြု သော တိရစ္ဆာန် ဆီဥ ကို စား ၏။ ထိုသူ ကို သူ ၏ အမျိုး မှ ပယ်ရှင်း ရမည်။
26 Ye shall eat no blood in all your habitations, either of beasts or of birds.
၂၆သင် တို့သည် နေ လေ ရာရာ၌ ငှက် သွေး၊ သား သွေးမှစ၍ အသွေး မည်မျှကို မ စား ရ။
27 Every soul that shall eat blood, that soul shall perish from his people.
၂၇အကြင် သူသည် တစုံ တခုသောအသွေး ကို စား ၏။ ထို သူ ကို သူ ၏ အမျိုး မှ ပယ်ရှင်း ရမည်ဟု မိန့်တော်မူ၏။
28 And the Lord spoke to Moses, saying,
၂၈တဖန် မောရှေ အား ထာဝရဘုရား က၊
29 Thou shalt also speak to the children of Israel, saying, He that offers a sacrifice of peace-offering, shall bring his gift to the Lord also from the sacrifice of peace-offering.
၂၉သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ ထာဝရဘုရား အား မိဿဟာယ ယဇ် ကို ပူဇော် သောသူသည်၊ မိမိ ပူဇော် သော ယဇ်အထဲ က၊ ထာဝရဘုရား အား ဆက် ဘို့ရာဆောင် ခဲ့ရမည်။
30 His hands shall bring the burnt-offerings to the Lord; the fat which is on the breast and the lobe of the liver, he shall bring them, so as to set them for a gift before the Lord.
၃၀ထာဝရဘုရား ရှေ့ တော်၌ ရင်ပတ် ကိုချီလွှဲ ၍၊ ချီလွှဲ သော ပူဇော်သက္ကာ ပြုစေခြင်းငှါ ၊ ရင်ပတ် နှင့် ဆီဥ တည်းဟူသောမီး ဖြင့် ထာဝရဘုရား အား ပူဇော်သောအရာကို ကိုယ်တိုင် ဆောင် ခဲ့ရမည်။
31 And the priest shall offer the fat upon the altar, and the breast shall be Aaron's and his sons,
၃၁ယဇ် ပုရောဟိတ်သည်၊ ဆီဥ ကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့၍ ၊ ရင်ပတ် ကို အာရုန် နှင့် သူ ၏သား တို့သည် ယူရကြမည်။
32 and ye shall give the right shoulder for a choice piece to the priest of your sacrifices of peace-offering.
၃၂မိဿဟာယ ယဇ်ထဲက လက်ျာ ပခုံး ကို ချီမြှောက်သော ပူဇော် သက္ကာဘို့ ယဇ်ပုရောဟိတ် အား ပေး ရမည်။
33 He that offers the blood of the peace-offering, and the fat, of the sons of Aaron, his shall be the right shoulder for a portion.
၃၃မိဿဟာယ ယဇ် အသွေး နှင့် ဆီဥ ကို၊ အာရုန် ၏သား တို့တွင် ပူဇော် သောသူသည်၊ လက်ျာ ပခုံး ကို မိမိ အဘို့ ယူရမည်။
34 For I have taken the wave-breast and shoulder of separation from the children of Israel from the sacrifices of your peace-offerings, and I have given them to Aaron the priest and his sons, a perpetual ordinance [due] from the children of Israel.
၃၄ဣသရေလ အမျိုးသား တို့ပြုသောမိဿဟာယ ယဇ်များထဲက ချီလွှဲ သော ရင်ပတ် ၊ ချီမြှောက်သော ပခုံး ကို ငါနှုတ် ယူ၍ ဣသရေလ အမျိုးသား တို့တွင် ယဇ်ပုရောဟိတ် အာရုန် နှင့် သူ ၏သား တို့အား ထာဝရ ပညတ် တော်အားဖြင့် ငါပေး ပြီဟု မိန့်တော်မူ၏။
35 This is the anointing of Aaron, and the anointing of his sons, [their portion] of the burnt-offerings of the Lord, in the day in which he brought them forward to minister as priests to the Lord;
၃၅ထိုသို့ အာရုန် နှင့် သူ ၏သား တို့သည်၊ ထာဝရဘုရား ရှေ့တော်မှာ ယဇ် ပုရောဟိတ်အမှုကို ဆောင်ရွက် မည်အကြောင်း၊ သူတို့ကို ခန့် ထားသောနေ့ ၌ ၊ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာများထဲက ၊ သူတို့ခံရသောအဘို့ ဖြစ်၏။
36 as the Lord commanded to give to them in the day in which he anointed them of the sons of Israel, a perpetual statute through their generations.
၃၆ဣသရေလ အမျိုးသား တို့လက်မှ ထိုသို့သောအဘို့ကိုခံရမည်အကြောင်း၊ သူ တို့ကို ဘိသိက် ပေးတော်မူသောနေ့ ၌ ၊ ထာဝရဘုရား မှာ ထားတော်မူ၏။ သူ တို့အမျိုး အစဉ် အဆက် စောင့်ရသောပညတ် ဖြစ်သတည်း။
37 This [is] the law of the whole-burnt-offerings, and of sacrifice, and of sin-offering, and of offering for transgression, and of the sacrifice of consecration, and of the sacrifice of peace-offering;
၃၇ဤ ရွေ့ကား၊ ဣသရေလ အမျိုးသား တို့သည်၊ သိနာ တော ၌ ထာဝရဘုရား အား ပူဇော် သက္ကာပြုရမည် အကြောင်းမှာ ထားတော်မူသောနေ့ ၌ သိနာ တောင် ပေါ် မှာ ထာဝရဘုရား သည် မောရှေ အား ပေးတော်မူသောမီး ရှို့ရာယဇ်တရား ၊ ဘောဇဉ်ပူဇော်သက္ကာ တရား၊ အပြစ် ဖြေရာယဇ်တရား၊ ဒုစရိုက် ဖြေရာ ယဇ်တရား၊ အရာ ၌ ခန့်ထားရာ ယဇ်တရား၊
38 as the Lord commanded Moses in the mount Sina, in the day in which he commanded the children of Israel to offer their gifts before the Lord in the wilderness of Sina.
၃၈မိဿဟာယ ယဇ်တရား ဖြစ်သတည်းဟု မိန့် တော်မူ၏။