< Judges 19 >

1 And there was a Levite sojourning in the sides of mount Ephraim, and he took to himself a concubine from Bethleem Juda.
ဣသရေလ ရှင်ဘုရင် မ ရှိသည်ကာလ ၊ ဧဖရိမ် တောင် ခါးပန်း ၌ တည်းခို သော လေဝိ လူ တယောက်သည်၊ ယုဒ ခရိုင် ဗက်လင် မြို့သူမိန်းမ တယောက်ကို သိမ်းယူ ၏။
2 And his concubine departed from him, and went away from him to the house of her father to Bethleem Juda, and she was there four months.
ထိုမိန်းမသည် လင် ကို ပြစ်မှား ၍ ဗက်လင် မြို့ မိမိ အဘ အိမ် သို့ သွား သဖြင့် လေး လ နေ လေ၏။
3 And her husband rose up, and went after her to speak kindly to her, to recover her to himself; and he had his young man with him, and a pair of asses; and she brought him into the house of her father; and the father of the damsel saw him, and was well pleased to meet him.
လင် သည် သူ့ ကို ချော့မော့ ၍ ဆောင်ခဲ့ခြင်းငှါ ငယ်သား တယောက်နှင့် မြည်း နှစ် စီးပါ လျက် ထ သွား ၍ ရောက် သောအခါ၊ မယား ငယ်သည် မိမိ အဘ အိမ် ထဲသို့ ခေါ် သွင်း၍၊ အဘ သည် သမက် ကို တွေ့ မြင်လျှင် ဝမ်းမြောက် သောစိတ်ရှိ၍ သိမ်းဆည်း လေ၏။
4 And his father-in-law, the father of the damsel, constrained him, and he stayed with him for three days; and they ate and drank, and lodged there.
ထိုကြောင့် သမက်သည် စား သောက် လျက် ၊ အိပ် လျက်၊ သုံး ရက် ပတ်လုံးယောက္ခမ အိမ်၌ နေ ၏။
5 And it came to pass on the fourth day that they rose early, and he stood up to depart; and the father of the damsel said to his son-in-law, Strengthen thy heart with a morsel of bread, and afterwards ye shall go.
စတုတ္တ နေ့ ရက်နံနက် စောစော ထ၍ ထွက် သွားအံ့သောငှါ ပြင်ဆင် သောအခါ ၊ ယောက္ခမက၊ မုန့် အနည်းငယ် ကို စား၍ အား ဖြည့်ပြီးမှ သွား ကြပါဟု သမက် အား ဆို သည့်အတိုင်း၊
6 So they two sat down together and ate and drank: and the father of the damsel said to her husband, Tarry now the night, and let thy heart be merry.
နှစ် ယောက်လုံးထိုင် ၍ စား သောက် လျက် နေကြ၏။ ယောက္ခမကလည်း၊ သဘောကျ ပါတော့။ ယနေ့ညဉ့်ကိုလည်း လွန်စေသဖြင့် ပျော်မွေ့ လျက် နေ ပါတော့ဟု သမက် အား ဆို ပြန်၍၊
7 And the man rose up to depart; but his father-in-law constrained him, and he stayed and lodged there.
သမက် သည် သွား အံ့သောငှါ ထ သော်လည်း ၊ ယောက္ခမ သွေးဆောင် သဖြင့် သမက်သည် ထို အရပ်၌ အိပ် ပြန်လေ၏။
8 And he rose early in the morning on the fifth day to depart; and the father of the damsel said, Strengthen now thine heart, and quit thyself as a soldier till the day decline; and the two ate.
ပဉ္စမ နေ့ ရက်နံနက် စောစော သွား အံ့သောငှါ ထသောအခါ ၊ ယောက္ခမက၊ အား ဖြည့်ပါဦးတော့ဟု ဆို ၍ မွန်းလွဲ သည်တိုင်အောင် နှစ် ယောက်လုံး စားသောက် လျက်နေကြ၏။
9 And the man rose up to depart, he and his concubine, and his young man; but his father-in-law the father of the damsel said to him, Behold now, the day has declined toward evening; lodge here, an let thy heart rejoice; and ye shall rise early to-morrow for your journey, and thou shalt go to thy habitation.
ထိုသူသည် မယားငယ် နှင့် ငယ်သား ကို ခေါ်၍ သွား အံ့သောငှါ ထ ပြန်သောအခါ ၊ သူ ၏ ယောက္ခမ ဖြစ်သော ထိုမိန်းမ ၏ အဘ က၊ ကြည့် ပါ၊ မိုဃ်းချုပ် လုပြီ။ ယနေ့ညဉ့် ကိုလည်း လွန်စေပါတော့။ နေ့ အချိန် ကုန် လုပြီ။ ဤ အရပ်၌ အိပ် ၍ ပျော်မွေ့ လျက်နေပါတော့။ နက်ဖြန် နံနက်စောစော ထ၍ ကိုယ် နေရာ အရပ်သို့ သွား တော့ဟု ဆို သော်လည်း၊
10 But the man would not lodge there, but he arose and departed, and came to the part opposite Jebus, (this is Jerusalem, ) and [there was] with him a pair of asses saddled, and his concubine [was] with him.
၁၀သမက် သည် ထိုညဉ့် ကို မ လွန်စေဘဲ ထ သွား ၍ ကုန်းနှီး တင်သော မြည်း နှစ် စီးနှင့် မယားငယ် လည်း ပါ လျက် ယေရုရှလင် မြို့တည်းဟူသောယေဗုတ် မြို့အနီး သို့ ရောက် လေ၏။
11 And they came as far as Jebus: and the day had far advanced, and the young man said to his master, Come, I pray thee, and let us turn aside to this city of the Jebusites, and let us lodge in it.
၁၁ထိုမြို့ အနီး သို့ ရောက်သောအခါ ၊ မိုဃ်းချုပ် သောကြောင့်ငယ်သား က၊ နားထောင်ပါတော့။ ယေဗုသိ လူနေရာ ဤ မြို့ သို့ ဝင် ၍ အိပ် ကြကုန်အံ့ဟု သခင် အား ဆို သော်၊
12 And his master said to him, We will not turn aside to a strange city, where there is not one of the children of Israel, but we will pass on as far as Gabaa.
၁၂သခင် က၊ ဣသရေလ အမျိုးမ ဟုတ်၊ တပါး အမျိုးသားနေသောမြို့ သို့ မ ဝင် ၊ ဂိဗာ မြို့သို့ သွား ဦးမည်။
13 And he said to his young man, Come, and let us draw nigh to one of the places, and we will lodge in Gabaa or in Rama.
၁၃ဂိဗာ မြို့၊ ရာမ မြို့ အစရှိ သော တစုံတခု သောအရပ် ၌ ညဉ့် ကိုလွန်စေခြင်းငှါသွား ကြကုန်အံ့ဟု ငယ်သား အား ဆို လျက်၊
14 And they passed by and went on, and the sun went down upon them near to Gabaa, which is in Benjamin.
၁၄ခရီး သွားပြန်၍ ဗင်္ယာမိန် ခရိုင် ဂိဗာ မြို့အနီး သို့ ရောက်သောအခါ နေ ဝင် လေ၏။
15 And they turned aside thence to go in to lodge in Gabaa; and they went in, and sat down in the street of the city, and there was no one who conducted them into a house to lodge.
၁၅ဂိဗာ မြို့မှာ ညဉ့် ကို လွန်စေမည်အကြံနှင့် မြို့ ထဲသို့ဝင် ၍ အဘယ်သူ မျှ ဧည့် မခံသေးသောကြောင့် လမ်း မှာ ထိုင် နေ၏။
16 And behold, an old man came out of the field from his work in the evening; and the man was of mount Ephraim, and he sojourned in Gabaa, and the men of the place [were] sons of Benjamin.
၁၆ဂိဗာ မြို့သားတို့သည် ဗင်္ယာမိန် အမျိုးသားဖြစ်ကြ၏။ သို့ရာတွင်တည်းခို သော ဧဖရိမ် တောင် သား လူ အို တယောက်ရှိသည်ဖြစ်၍၊ ထိုသူ သည် ညဦး ယံ၌ လယ် လုပ် ရာမှ လာ စဉ်၊
17 And he lifted up his eyes, and saw a traveller in the street of the city; and the old man said to him, Whither goest thou, and whence comest thou?
၁၇မြော် ကြည့်၍ ၊ မြို့ လမ်း မှာ ဧည့်သည် တယောက် ရှိသည်ကိုမြင် လျှင် ၊ သင်သည် အဘယ် အရပ်သို့ သွား သနည်း၊ အဘယ် အရပ်က လာ သနည်းဟုမေး သော်၊
18 And he said to him, We are passing by from Bethleem Juda to the sides of mount Ephraim: I am from thence, and I went as far as Bethleem Juda, and I am going home, and there is no man to take me into his house.
၁၈ကျွန်ုပ် တို့သည် ယုဒ ခရိုင်ဗက်လင် မြို့မှ ဧဖရိမ် တောင် ခါးပန်း သို့ သွား ၏။ ကျွန်ုပ် သည် ဧဖရိမ်တောင် သားဖြစ်၏။ ဗက်လင် မြို့သို့ ခဏသွား ပြီးမှ ယခုထာဝရဘုရား ၏ အိမ် တော်သို့ သွား ၏။ အဘယ်သူ မျှ ဧည့် မခံသေး။
19 Yet is there straw and food for our asses, and bread and wine for me and my handmaid and the young man with thy servants; there is no want of anything.
၁၉သို့ရာတွင်မြည်း ဘို့ မြက် ခြောက်နှင့် အခြားကျွေး စရာရှိ ၏။ ကိုယ် နှင့် ကိုယ်တော် ကျွန်မ လိုက်လာသော ငယ်သား ဘို့ မုန့် နှင့် စပျစ်ရည် ရှိ ၏။ တစုံတခု မျှ မလို ပါဟု ပြောဆို ၏။
20 And the old man said, Peace [be] to thee; only be every want of thine upon me, only do thou by no means lodge in the street.
၂၀လူ အို ကလည်း ၊ သင် ၌ ချမ်းသာ ရှိပါစေသော။ သင် လို သမျှ သည် ငါ့ တာ ရှိစေတော့။ လမ်း မှာ ညဉ့် ကို မ လွန်စေနှင့်ဟုဆို လျက်
21 And he brought him into his house, and made room for his asses; and they washed their feet, and ate and drank.
၂၁၊မိမိ အိမ် သို့ ခေါ် သွင်း၍ မြည်း တို့ကို ကျွေး လေ၏။ သူတို့သည် ခြေ ကို ဆေး ၍ စား သောက် ကြ၏။
22 And they [were] comforting their heart, when, behold, the men of the city, sons of transgressors, compassed the house, knocking at the door: and they spoke to the old man the owner of the house, saying, Bring out the man who came into thy house, that we may know him.
၂၂ထိုသို့ ပျော်မွေ့ လျက်နေကြသောအခါ ၊ ထိုမြို့ သား အဓမ္မ လူ အချို့တို့သည် အိမ် ကို ဝိုင်း ၍ တံခါး ကို ရိုက် ကြ၏။ အိမ်ရှင် လူအို ကိုလည်းခေါ် ၍၊ သင့် အိမ် သို့ ဝင် သောယောက်ျား နှင့် ငါတို့သည် ဆက်ဆံ လိုသည်ဖြစ်၍ ၊ ထုတ် ခဲ့လော့ဟု ဆို ကြ၏။
23 And the master of the house came out to them, and said, Nay, brethren, do not ye wrong, I pray you, after this man has come into my house; do not ye this folly.
၂၃အိမ်ရှင် သည်လည်း ထွက် ၍ ၊ ညီအစ်ကို တို့၊ ဆိုး သောအမှုကို မ ပြုပါနှင့်။ ဤ သူ သည် အကျွန်ုပ် အိမ် ၌ တည်းခို သောသူဖြစ်၍ အဓမ္မ မ ပြု ကြပါနှင့်။
24 Behold my daughter a virgin, and the man's concubine: I will bring them out, and humble ye them, and do to them that which is good in your eyes; but to this man do not this folly.
၂၄အကျွန်ုပ် ၌ သမီး ကညာ ရှိပါ၏။ သူ ၏မယားငယ် လည်း ရှိပါ၏။ သူ တို့ကို ထုတ် ၍ ပေးပါမည်။ သူ တို့ကို ရှုတ်ချ ကြပါ။ အလို ရှိသည်အတိုင်း ပြု ကြပါ။ ဤ ယောက်ျား ၌ ဤ မျှလောက်ဆိုး သောအမှု ကို မ ပြု ပါနှင့်ဟု တောင်းပန် သော်လည်း၊
25 But the men would not consent to hearken to him; so the man laid hold of his concubine, and brought her out to them; and they knew her, and abused her all night till the morning, and let her go when the morning dawned.
၂၅သူတို့သည် နား မ ထောင်သောကြောင့် ၊ လေဝိလူ သည် မိမိ မယားငယ် ကို ထုတ် ၍အပ် သဖြင့် ၊ သူတို့သည် တညဉ့် လုံး အဓမ္မ ပြု၍ နံနက် တိုင်အောင် ရှုတ်ချ ပြီးမှ အာရုဏ် တက် မှ လွှတ် လိုက်ကြ၏။
26 And the woman came toward morning, and fell down at the door of the house where her husband was, until it was light.
၂၆အာရုဏ် တက်သောအခါ ၊ မိန်းမ သည် လာ ၍ မိမိ သခင် နေရာ အိမ် တံခါး ရှေ့မှာ မိုဃ်းလင်း သည် တိုင်အောင် လဲ နေ၏။
27 And her husband rose up in the morning, and opened the doors of the house, and went forth to go on his journey; and, behold, the woman his concubine had fallen down by the doors of the house, and her hands were on the threshold.
၂၇နံနက် အချိန်ရောက်မှ သူ ၏ သခင် သည် ထ ၍ အိမ် တံခါး ကို ဖွင့် သဖြင့် ၊ ခရီး သွား အံ့သောငှါ ထွက် သောအခါ ၊ မယားငယ် သည် အိမ် တံခါး ရှေ့မှာလဲ ၍ တံခါး ခုံကို လက် တင်လျက် ရှိသည် မြင် သော်၊
28 And he said to her, Rise, and let us go; and she answered not, for she was dead: and he took her upon his ass, and went to his place.
၂၈ထ လော့။ သွား ကြကုန်အံ့ဟု ဆို သော်လည်း သူသည် ပြန် မ ပြောဘဲနေ၏။ ထိုအခါ ယောက်ျားသည် သူ့ ကို မြည်း ပေါ် မှာ တင် သဖြင့် မိမိ နေရာ သို့ သွား လေ၏။
29 And he took his sword, and laid hold of his concubine, and divided her into twelve parts, and sent them to every coast of Israel.
၂၉မိမိ အိမ် သို့ ရောက် သောအခါ ထား ကိုယူ ၍ မယားငယ် အကောင်ကို အရိုး နှင့်တကွဆယ် နှစ် ပိုင်း ပိုင်း ၍ ဣသရေလ ပြည် တရှောက်လုံး သို့ ပေး လိုက်လေ၏။
30 And it was so, that every one who saw it said, [Such a day] as this has not happened nor has been seen from the day of the going up of the children of Israel out of the land of Egypt until this day: take ye counsel concerning it, and speak.
၃၀သိမြင် သောသူ အပေါင်း တို့က၊ ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တု ပြည် က ထွက် သောနေ့ မှစ၍ ယနေ့ တိုင်အောင် ဤ ကဲ့သို့ သောအမှုကို အဘယ်သူမျှမ ပြု၊ တခါမျှမ ဖြစ် စဖူး။ ဆင်ခြင် ၍ တိုင်ပင် စီရင် ကြလော့ဟု ပြောဆို ကြ၏။

< Judges 19 >