< Genesis 7 >
1 And the Lord God said to Noe, Enter thou and all thy family into the ark, for thee have I seen righteous before me in this generation.
၁ထိုနောက် ၊ ထာဝရဘုရား သခင်သည် နောဧ ကို တဖန် မိန့် တော်မူပြန်သည်ကား၊ ဤ ကာလ အမျိုးတွင် သင် သည် ငါ့ ရှေ့ ၌ ဖြောင့်မတ် ကြောင်းကို ငါသိမြင် သည် ဖြစ်၍၊ သင် ၏အိမ်သူ အိမ်သားအပေါင်း တို့နှင့်တကွ ၊ သင်္ဘော ထဲ သို့ ဝင် ကြလော့။
2 And of the clean cattle take in to thee sevens, male and female, and of the unclean cattle pairs male and female.
၂မြေကြီး ပေါ် မှာ တိရစ္ဆာန်အမျိုး မပျက်ဆက်နွယ်စေခြင်းငှါ ၊ စင်ကြယ် သော သား မျိုး၊ တမျိုးတမျိုးတွင် အထီး အမ ခုနစ် စုံစီ၊ မ စင်ကြယ် သော သား မျိုး၊ တမျိုး တမျိုးတွင်လည်း အထီး အမ နှစ် စုံစီ၊
3 And of clean flying creatures of the sky sevens, male and female, and of all unclean flying creatures pairs, male and female, to maintain seed on all the earth.
၃မိုဃ်းကောင်းကင် ငှက် ၊ တမျိုးမျိုးတွင်လည်း အထီး အမ ခုနစ် စုံစီ၊ အသီးသီး တို့ကို သိမ်းယူ ရမည်။
4 For yet seven days [having passed] I bring rain upon the earth forty days and forty nights, and I will blot out every offspring which I have made from the face of all the earth.
၄အကြောင်းမူကား ၊ ယနေ့ မှစ၍ ခုနစ်ရက်စေ့လျှင်၊ အရက် လေးဆယ် ပတ်လုံးမြေကြီး ပေါ် သို့ မိုဃ်း ရွာ စေမည်။ ငါဖန်ဆင်း သော သတ္တဝါ အပေါင်း တို့ကို၊ မြေကြီး မျက်နှာ ပေါ် မှ ငါပယ်ရှင်း မည်ဟု၊ ထာဝရဘုရား မှာထားတော်မူ၏။
5 And Noe [did] all things whatever the Lord God commanded him.
၅မှာ ထားတော်မူသည်အတိုင်း လည်း နောဧ ပြု လေ၏။
6 And Noe was six hundred years old when the flood of water was upon the earth.
၆မြေကြီး ကို ရေ လွှမ်းမိုး သောအခါ နောဧ သည် အသက် ခြောက် ရာ ရှိ သတည်း။
7 And then went in Noe and his sons and his wife, and his sons' wives with him into the ark, because of the water of the flood.
၇ရေ လွှမ်းမိုး ခြင်းဘေးကြောင့် ၊ နောဧ သည် မိမိ သား ၊ မယား ၊ ချွေးမ များနှင့်တကွ ၊ သင်္ဘော ထဲသို့ ဝင် ၍
8 And of clean flying creatures and of unclean flying creatures, and of clean cattle and of unclean cattle, and of all things that creep upon the earth,
၈ဘုရား သခင်မှာ ထားတော်မူသည့်အတိုင်း စင်ကြယ် သောသား ၊ မ စင်ကြယ် သောသား ၊ ငှက် များနှင့် မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန်များအထဲ က၊
9 pairs went in to Noe into the ark, male and female, as God commanded Noe.
၉အထီး အမ အစုံ တို့သည်၊ နောဧ နှင့်အတူသင်္ဘော ထဲသို့ ဝင် ကြ၏။
10 And it came to pass after the seven days that the water of the flood came upon the earth.
၁၀ခုနစ် ရက် စေ့သောအခါ ၊ လွှမ်းမိုး အပ်သော ရေ သည် မြေ ပေါ် ၌ ပေါ် လာ၏။
11 In the six hundredth year of the life of Noe, in the second month, on the twenty-seventh day of the month, on this day all the fountains of the abyss were broken up, and the flood-gates of heaven were opened.
၁၁နောဧ အသက် ခြောက် ရာ စေ့သောနှစ် ၊ ဒုတိယ လ ၊ ဆယ် ခုနစ် ရက် နေ့တွင် ၊ ကြီးစွာ သော နက်နဲ ရာ ရေ ပေါက်ရေတွင်းတို့၏ အဆီး အတားရှိသမျှ ကို ပယ်ရှင်း၍၊ မိုဃ်း ကောင်းကင်ပြွန်ဝ များကို ဖွင့် သဖြင့်၊
12 And the rain was upon the earth forty days and forty nights.
၁၂အရက်လေး ဆယ်ပတ်လုံးမြေကြီး ပေါ် မှာ မိုဃ်း ရွာ လေ၏။
13 On that very day entered Noe, Sem, Cham, Japheth, the sons of Noe, and the wife of Noe, and the three wives of his sons with him into the ark.
၁၃ထို နေ့ ရက်တွင် ၊ နောဧ နှင့် မိမိ မယား မှစ၍ ရှေမ ၊ ဟာမ ၊ ယာဖက် တည်းဟူသောနောဧ သား သုံးယောက်၊ ချွေးမ သုံး ယောက်တို့သည် သင်္ဘော ထဲ သို့ ဝင် ကြ၏။
14 And all the wild beasts after their kind, and all cattle after their kind, and every reptile moving itself on the earth after its kind, and every flying bird after its kind,
၁၄သားရဲ မျိုး ၊ သားယဉ် မျိုး ၊ မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန် မျိုး ၊ ပျံ တတ်သော ကြက် ငှက် မျိုး၊
15 went in to Noe into the ark, pairs, male and female of all flesh in which is the breath of life.
၁၅အသက် ရှင်သော တိရစ္ဆာန် အမျိုးအမျိုးအပေါင်း တို့အထဲက ၊ အထီးအမအစုံ တို့သည်၊ နောဧ နှင့်အတူသင်္ဘော ထဲသို့ ဝင် ကြလေ၏။
16 And they that entered went in male and female of all flesh, as God commanded Noe, and the Lord God shut the ark outside of him.
၁၆ထိုသို့နောဧကို ဘုရား သခင်မှာ ထားတော်မူသည်အတိုင်း ဝင် သောတိရစ္ဆာန်တို့သည်၊ ခပ်သိမ်း သော တိရစ္ဆာန် တို့အထဲက ၊ အထီး အမ စုံလျက်ဝင် ကြ၏။ ထာဝရဘုရား သည်လည်း နောဧ ကို အထဲမှာ ပိတ် ထားတော်မူ၏။
17 And the flood was upon the earth forty days and forty nights, and the water abounded greatly and bore up the ark, and it was lifted on high from off the earth.
၁၇ရေ လွှမ်းမိုးခြင်းသည် အရက် လေး ဆယ်ပတ်လုံးမြေကြီး ပေါ် မှာ အစဉ်အတိုင်းတိုးတက် ၍ သင်္ဘော ကို မြေ မှ ခွါ လျက် ဆောင်ယူ လေ၏။
18 And the water prevailed and abounded exceedingly upon the earth, and the ark was borne upon the water.
၁၈တဖန် ရေ သည်အားကြီး၍ မြေကြီး ပေါ် မှာ အလွန် တိုးတက် သဖြင့် ၊ သင်္ဘော သည် ရေ မျက်နှာ ပေါ် ၌ မျော လျက်နေလေ၏။
19 And the water prevailed exceedingly upon the earth, and covered all the high mountains which were under heaven.
၁၉နောက်တဖန်ရေ သည် မြေကြီး ပေါ် မှာ အလွန် အားကြီး သဖြင့် မိုဃ်း ကောင်းကင်အောက် ၌ ရှိသမျှ သော တောင် ကြီး အပေါင်း တို့သည် မြုပ် ကြ၏။
20 Fifteen cubits upwards was the water raised, and it covered all the high mountains.
၂၀ရေမြုပ်သောတောင် တို့ အထက် ၌ လွှမ်း တတ်သော ရေ သည် ဆယ့် ငါး တောင် ရှိသတည်း။
21 And there died all flesh that moved upon the earth, of flying creatures and cattle, and of wild beasts, and every reptile moving upon the earth, and every man.
၂၁မြေ ပေါ် မှာ လှုပ်ရှားတတ်သော တိရစ္ဆာန် မျိုးတည်းဟူသောငှက် ၊ သားယဉ် ၊ သားရဲ ၊ မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန်အပေါင်း တို့နှင့် လူ အပေါင်း တို့သည် သေ ကြကုန်၏။
22 And all things which have the breath of life, and whatever was on the dry land, died.
၂၂အသက် ရှု လျက် ကုန်း ပေါ် မှာ ရှိလေသမျှ တို့သည် သေ ကြကုန်၏။
23 And [God] blotted out every offspring which was upon the face of the earth, both man and beast, and reptiles, and birds of the sky, and they were blotted out from the earth, and Noe was left alone, and those with him in the ark.
၂၃မြေ မျက်နှာ ပေါ် ၌ ရှိသောလူ ဖြစ်စေ ၊ သား ဖြစ်စေ တွား တတ်သော အရာဖြစ်စေ ၊ မိုဃ်း ကောင်းကင်ငှက် ဖြစ်စေ၊ အသက် ရှင်သော အရာရှိ ရှိသမျှတို့ကို မြေကြီး ပေါ်က ပယ်ရှင်း တော်မူ၍ ၊ ပျက်စီး ကွယ်ပျောက်ခြင်းသို့ ရောက်ကြကုန်၏။ နောဧ မှစ၍ နောဧနှင့်အတူ သင်္ဘော ထဲ ၌ရှိသော သူတို့ သာ ကျန် ကြွင်းကြလေ၏။
24 And the water was raised over the earth an hundred and fifty days.
၂၄ရေ သည်လည်း မြေကြီး ပေါ် မှာ ရက် ပေါင်း တရာ့ ငါး ဆယ်ပတ်လုံးအား ကြီးစွာတည်လေ၏။