< Jezekiel 19 >
1 Moreover do thou take up a lamentation for the prince of Israel,
၁ထိုမှတပါး ၊ ဣသရေလ မင်းသား တို့အတွက် ငိုကြွေး မြည်တမ်းလျက်ပြော ရမည်မှာ၊
2 and say, Why is thy mother become a whelp in the midst of lions? in the midst of lions she has multiplied her whelps.
၂သင် ၏အမိ ကားအဘယ်သူ နည်း။ ခြင်္သေ့မ ဖြစ် ၏။ ခြင်္သေ့ တို့တွင် အိပ် လျက်နေ၍၊ ခြင်္သေ့ ပျိုတို့တွင် မိမိ သား တို့ကို ကျွေးမွေး ၏။
3 And one of her whelps sprang forth; he became a lion, and learned to take prey, he devoured men.
၃ကျွေးမွေး သောသား တကောင် သည် ခြင်္သေ့ ပျို ဖြစ် ၍၊ တော တိရစ္ဆာန်တို့ကိုဘမ်းဆီး ခြင်းငှါ ၊ သင်၏ လူ တို့ကိုလည်း ကိုက်စား တတ်၏။
4 And the nations heard a report of him; he was caught in their pit, and they brought him into the land of Egypt in chains.
၄လူမျိုး တို့သည် ကြား ၍ မြေတွင်း ၌ ထိုခြင်္သေ့ပျို ကို ဘမ်း ပြီးလျှင် ၊ သံကြိုး နှင့် ချည်နှောင်၍ အဲဂုတ္တု ပြည် သို့ ယူ သွားကြ၏။
5 And she saw that he was driven away from her, [and] her hope [of him] perished, and she took another of her whelps; she made him a lion.
၅သားဆုံးရှုံး ကြောင်း ကို အမိသည် မြင် ၍ စိတ်ပျက် သောအခါ၊ သား တကောင် ကို ယူ ပြန်၍ ခြင်္သေ့ ပျို ဖြစ်စေခြင်းငှါပြု သဖြင့်၊
6 And he went up and down in the midst of lions, he became a lion, and learned to take prey, he devoured men.
၆သူသည်လည်း ၊ ခြင်္သေ့ တို့နှင့်ပေါင်းဘော် ၍ ခြင်္သေ့ ပျိုဖြစ် လျက်၊ တော တိရစ္ဆာန်တို့ကို ဘမ်းဆီး ခြင်းငှါ ၊ သင်၏လူ တို့ကိုလည်း ကိုက်စား ၏။
7 And he prowled in his boldness and laid waste their cities, and made the land desolate, and the fullness of it, by the voice of his roaring.
၇သူ တို့ မုဆိုး များကိုသိ ၍ ၊ သူ တို့မြို့ များကို သုတ်သင် ပယ်ရှင်းလေ၏။ ဟောက် သောအသံ ကြောင့် ပြည် နှင့် ပြည် ၌ ရှိသမျှ တို့သည် ဆိတ်ညံ လျက်ရှိကြ၏။
8 Then the nations set upon him from the countries round about, and they spread their nets upon him: he was taken in their pit.
၈ထိုအခါ လူမျိုး တို့သည် ကျေးလက် အရပ်ရပ် တို့ က တိုက် လာ၍ ပိုက်ကွန် နှင့်ဝိုင်း ပြီးလျှင် ၊ မြေတွင်း ၌ ဘမ်း ကြ၏။
9 And they put him in chains and in a cage, [and] he came to the king of Babylon; and he cast him into prison, that his voice should not be heard on the mountains of Israel.
၉သံကြိုး နှင့် ချည်နှောင်လျက်ဗာဗုလုန် ရှင်ဘုရင် ထံသို့ ဆောင်သွား ၍၊ သူ ၏အသံ သည် ဣသရေလ တောင် ပေါ်မှာ နောက်တဖန် မ မြည် စေခြင်းငှါ နှောင်အိမ် ၌ လှောင် ထားကြ၏။
10 Thy mother was as a vine and as a blossom on a pomegranate tree, planted by water: her fruit and her shoot abounded by reason of much water.
၁၀သင် ၏အမိ သည် သင်နှင့်တူလျက်၊ ရေ နား မှာ စိုက်သော စပျစ် နွယ်ပင်ကဲ့သို့ ဖြစ်၏။ ရေ များ သောကြောင့် အခက်အလက် နှင့် ပြည့်စုံ၍၊ များစွာ သောအသီး ကို သီး တတ်၏။
11 And she became a rod for a tribe of princes, and was elevated in her bulk in the midst of [other] trees, and she saw her bulk in the multitude of her branches.
၁၁မင်း တို့အသုံးအဆောင်ရာဇလှံတံ ဘို့ ခိုင်ခံ့ သော တံဖျာ တို့နှင့် ပြည့်စုံ ၏။ ထူထပ် ၍များပြား သော အခက်အလက် တို့နှင့် အရပ် မြင့်၍ ထင်ရှား လေ၏။
12 But she was broken down in wrath, she was cast upon the ground, and the east wind dried up her choice [branches]: vengeance came upon them, and the rod of her strength was withered; fire consumed it.
၁၂သို့ရာတွင် ၊ ဒေါသ အရှိန်အားဖြင့် နှုတ် ၍ မြေ ပေါ်မှာ လှဲချ လေပြီ။ အရှေ့ လေ သည် တိုက်၍အသီး ကို ပိတ်ခြောက် စေ၏။ ခိုင်ခံ့ သောတံဖျာ တို့သည် ကျိုး ၍ သွေ့ခြောက် သဖြင့်၊ မီး လောင် ခြင်းကိုခံရကြပြီ။
13 And now they have planted her in the wilderness, in a dry land.
၁၃ယခု မူကား ရေမရှိ၊ သွေ့ခြောက် သောလွင်ပြင် အရပ်၌ စိုက် လျက်ရှိ၏။
14 And fire is gone out of a rod of her choice [boughs], and has devoured her; and there was no rod of strength in her. Her race is become a parable of lamentation, and it shall be for a lamentation.
၁၄အခက်အလက် တံဖျာတခု ထဲက မီး ထွက် ၍ အသီး ကို ကျွမ်းလောင် ပြီ။ အစိုးရ သောရာဇလှံတံ ဘို့ ခိုင်ခံ့ သောတံဖျာ တစုံတခု မျှမကျန်ကြွင်း ။ ဤရွေ့ကား ၊ ငိုကြွေး မြည်တမ်းခြင်း အကြောင်းဖြစ်၏။ ငိုကြွေး မြည်တမ်းစရာ အကြောင်း လည်း ဖြစ် လိမ့်မည်။