< Esther 3 >

1 And after this king Artaxerxes highly honoured Aman [son] of Amadathes, the Bugæan, and exalted him, and set his seat above all his friends.
ထို နောက်မှရှင်ဘုရင် အာရွှေရု သည်အာဂတ် အမျိုး၊ ဟမ္မေဒါသ သား ဟာမန် ကို ချီးမြှောက် ၍၊ အထံတော်၌ ရှိသော မှူးမတ် အပေါင်း တို့ထက် သာ၍မြင့်မြတ် သော နေရာ ကို ပေး တော်မူ၏။
2 And all in the palace did him obeisance, for so the king had given orders to do: but Mardochæus did not do him obeisance.
နန်းတော်တံခါး သို့ ရောက်သော ရှင်ဘုရင် ၏ ကျွန် အပေါင်း တို့သည်၊ အမိန့် တော်ရှိသည်အတိုင်း ဟာမန် ကို ဦးချ ရှိခိုးကြ၏။ မော်ဒကဲ မူကား ဦး မ ချ၊ ရှိ မ ခိုး။
3 And they in the king’s palace said to Mardochæus, Mardochæus, why dost thou transgress the commands of the king?
နန်းတော်တံခါး သို့ ရောက်သော ရှင်ဘုရင် ၏ ကျွန် တို့က၊ သင် သည် ရှင်ဘုရင် အမိန့် တော်ကို အဘယ်ကြောင့် ငြင်းဆန် သနည်းဟု နေ့တိုင်း မော်ဒကဲ အား မေးမြန်း သတိပေးသော်လည်း၊
4 [Thus] they spoke daily to him, but he hearkened not unto them; so they represented to Aman that Mardochæus resisted the commands of the king: and Mardochæus had shewn to them that he was a Jew.
မော်ဒကဲက၊ ငါသည် ယုဒ လူဖြစ် သည်ဟု ပြန်ပြော ၍၊ သူ တို့ စကားကို နား မ ထောင်သောကြောင့် ၊ သူတို့ သည် မော်ဒကဲ စကား တည်မည် မတည်မည်ကို သိ လို သောငှါ ၊ ဟာမန် အား ကြားပြော ကြ၏။
5 And when Aman understood that Mardochæus did not obeisance to him, he was greatly enraged,
ထိုသို့ မော်ဒကဲ သည် ဦး မ ချ၊ ရှိ မခိုးဘဲ နေ ကြောင်း ကို ဟာမန် သိမြင် သောအခါ ၊ အလွန်အမျက် ထွက် ၍ ၊
6 and took counsel to destroy utterly all the Jews who were under the rule of Artaxerxes.
သူတို့သည် မော်ဒကဲ အမျိုး ကို ဘော်ပြ သောကြောင့် ၊ မော်ဒကဲ တယောက် တည်းကို ကွပ်မျက် လျှင် ၊ စိတ်မပြေလောက်ဟု ဟာမန်သည် အောက်မေ့လျက်၊ မော်ဒကဲ အမျိုးသား ချင်းတည်းဟူသောအာရွှေရု နိုင်ငံ အရပ်ရပ် ၌ ရှိသော ယုဒ လူအပေါင်း တို့ကို ဖျက်ဆီး ခြင်းငှါ ရှာကြံ လေ၏။
7 And he made a decree in the twelfth year of the reign of Artaxerxes, and cast lots daily and monthly, to slay in one day the race of Mardochæus: and the lot fell on the fourteenth [day] of the month which is Adar.
ထိုကြောင့်အာရွှေရု နန်းစံဆယ် နှစ် နှစ် ၊ နိသန် အမည်ရှိသောပဌမ လ တွင် ၊ နေ့ ရက်အစဉ်၊ လ အစဉ် အတိုင်းလိုက်၍၊ အာဒါ အမည် ရှိသောဒွါဒသမ လ တိုင်အောင်၊ ဟာမန် ရှေ့ မှာ ပုရ စာရေးတံ ချကြ၏။
8 And he spoke to king Artaxerxes, saying, There is a nation scattered among the nations in all thy kingdom, and their laws differ from [those of] all the [other] nations; and they disobey the laws of the king; and it is not expedient for the king to let them alone.
တဖန် ဟာမန် သည် ရှင်ဘုရင် အာရွှေရု ထံ တော် သို့ဝင်၍၊ အခြားတပါး သော လူမျိုး အပေါင်း တို့နှင့် ကျင့် ရာ ထုံးတမ်းမ တူ၊ အရှင်မင်းကြီး စီရင် တော်မူချက်တို့ကို နား မ ထောင်၊ နိုင်ငံတော်အတွင်း၊ တိုင်းသူပြည်သားအမျိုးမျိုးတို့တွင် အရပ်ရပ်ကွဲပြားလျက်နေသောလူမျိုး တမျိုးရှိပါ၏။ ထိုအမျိုးကို အခွင့်ပေးတော်မူရာ၌ ကျေးဇူးတော်မရှိပါ။
9 If it seem good to the king, let him make a decree to destroy them: and I will remit into the king’s treasury ten thousand talents of silver.
ကိုယ်တော် သဘော တူလျှင် ထို အမျိုးကို ဖျက်ဆီး စေဟု အမိန့် ရှိတော်မူပါ။ ထိုအမှု ကို ဆောင်ရွက် သောသူတို့ သည် ဘဏ္ဍာ တော်တိုက်ထဲ သို့ ငွေ အခွက် တသိန်း ကို သွင်း စေခြင်းငှါ ၊ ကျွန်တော်အပ် ပေးပါမည် ဟု လျှောက်လေ၏။
10 And the king took off his ring, and gave it into the hands of Aman, to seal the decrees against the Jews.
၁၀ရှင်ဘုရင် ကလည်း ၊ ထိုငွေကို သင့်အားငါပေး၏။
11 And the king said to Aman, Keep the silver, and treat the nation as thou wilt.
၁၁ထိုလူမျိုး ကိုလည်း သင် သည် ပြု ချင်သမျှ ပြု ရသော အခွင့်ရှိစေခြင်းငှါ၊ သင် ၌ငါအပ် သည်ဟု လက်စွပ် တော်ကိုချွတ် ၍ ယုဒ အမျိုး၏ ရန်သူ ဖြစ်သော အာဂတ် အမျိုး ဟမ္မေဒါသ သား ဟာမန် အား ပေး တော်မူ၏။
12 So the king’s recorders were called in the first month, on the thirteenth [day], and they wrote as Aman commanded to the captains and governors in every province, from India even to Ethiopia, to a hundred and twenty-seven provinces; and to the rulers of the nations according to their [several] languages, in the name of king Artaxerxes.
၁၂ထိုအခါ ပဌမ လ တဆယ် သုံး ရက် နေ့တွင် ၊ စာရေး တော်ကြီးတို့ကို ခေါ် ၍ ကိုယ်စားတော်မင်း ၊ အပြည်ပြည်အုပ်သော မြို့ဝန်၊ အရပ်ရပ်စီရင်သော သူကြီးတို့ကို ဟာမန် မှာ ထားသမျှ အတိုင်း ၊ လူ အမျိုးမျိုးပြောသော စကား အသီးအသီးအားဖြင့် ရှင်ဘုရင် အာရွှေရု ၏ အမိန့် တော်ကို စာကိုရေး ၍ ၊ ရှင်ဘုရင် ၏ လက်စွပ် တော်နှင့် တံဆိပ် ခတ်လေ၏။
13 And [the message] was sent by posts throughout the kingdom of Artaxerxes, to destroy utterly the race of the Jews on the first day of the twelfth month, which is Adar, and to plunder their goods.
၁၃အာဒါ အမည်ရှိသောဒွါဒသမ လ တဆယ် သုံး ရက် တ နေ့ ခြင်းတွင် ၊ ယုဒ လူအကြီး အငယ် မိန်းမ ကလေး ရှိ ရှိသမျှတို့ကို သတ်ဖြတ် သုတ်သင် ပယ်ရှင်း ၍ ၊ သူ တို့ဥစ္စာ ကို လုယူ သိမ်းရုံးစေ ခြင်းငှါ၊ အမိန့်တော် စာ ကို စာပို့ လုလင်တို့ဖြင့် နိုင်ငံ တော်အပြည် ပြည်သို့ ပေး လိုက် လေ၏။
14 And the copies of the letters were published in every province; and an order was given to all the nations to be ready against that day.
၁၄ဤရွေ့ကား၊ လူ အမျိုးမျိုး တို့သည် ထို နေ့ ရက်တွင် အသင့် ရှိစေခြင်းငှါ ၊ အတိုင်း တိုင်းအပြည်ပြည်၌ ကြော်ငြာ ရ သော အမိန့်တော် စာ ချက်ဖြစ်သတည်း။
15 And the business was hastened, and [that] at Susa: and the king and Aman began to drink; but the city was troubled.
၁၅ရှုရှန် နန်းတော် ၌ ထိုအမိန့်တော်စာ ကို ကြော်ငြာ ပြီးမှ၊ ရှင်ဘုရင် စီရင် သည်အတိုင်း ၊ စာပို့ လုလင်တို့သည် အလျင် အမြန်ပြေး သွားကြ၏။ ရှင်ဘုရင် နှင့် ဟာမန် သည် စပျစ်ရည်သောက် ပွဲ၌ ထိုင် ၍၊ ရှုရှန် မြို့ တော်သည် ဆင်းရဲ ခြင်းသို့ ရောက်သတည်း။

< Esther 3 >