< Ecclesiastes 6 >
1 There is an evil which I have seen under the sun, and it is abundant with man:
၁လူ တို့တွင် အတွေ့များ ၍ ၊ နေ အောက် ၌ ငါမြင် ရသော အမှုဆိုး ဟူမူကား၊
2 a man to whom God shall give wealth, and substance, and honour, and he wants nothing for his soul of all things that he shall desire, yet God shall not give him power to eat of it, for a stranger shall devour it: this is vanity, and an evil infirmity.
၂အလို ဆန္ဒရှိသမျှ ပြေလောက်အောင် စည်းစိမ် ဥစ္စာ ဂုဏ် အသရေကို ဘုရား သခင်ပေး သော်လည်း ၊ ခံစားရသောအခွင့်ကိုပေး တော်မမူသောကြောင့်၊ ကိုယ်တိုင်မခံစားရ။ မ ဆိုင်သော သူတပါးဝင်၍ ခံစား ရသောအမှု သည် အနတ္တ အမှု၊ ဆိုး သောအမှု ဖြစ်၏။
3 If a man beget a hundred [children], and live many years, yea, however abundant the days of his years shall be, yet [if] his soul shall not be satisfied with good, and also he have no burial; I said, An untimely birth is better than he.
၃လူ သည် နှစ် ပေါင်းများစွာ အသက် ရှည်၍ ၊ သား တရာ ပင် ရှိငြား သော်လည်း၊ အလို ဆန္ဒမ ပြည့်စုံဘဲ၊ သင်္ဂြိုဟ် ခြင်းကို မ ခံရ ဘဲ သေသွားလျှင်၊ ထိုသူ ထက် ပျက် သောကိုယ်ဝန်သည်သာ၍မြတ် ၏။
4 For he came in vanity, and departs in darkness, and his name shall be covered in darkness.
၄အကြောင်း မူကား၊ ပျက်သော ကိုယ်ဝန်သည် အချည်းနှီး ပေါ် လာ၏။ မှောင်မိုက် ထဲ မှာ ထွက် သွား၏။ သူ့ အမည် ကား၊ မှောင်မိုက် နှင့် ဖုံးလွှမ်း လျက် ရှိလိမ့်မည်။
5 Moreover he has not seen the sun, nor known rest: there is [no more rest] to this one than another.
၅နေ ကိုလည်း မ မြင် ရ။ အဘယ်အရာကိုမျှမ သိ ရ။ သို့သော်လည်း ၊ အရင်ဆိုသောသူထက် သာ၍ချမ်းသာ ရ၏။
6 Though he has lived to the return of a thousand years, yet he has seen no good: do not all go to one place?
၆အကယ်၍ အရင်ဆိုသောသူသည် အနှစ် နှစ် ထောင် အသက်ရှင် သော်လည်း ၊ အကျိုး ကျေးဇူးမ ရှိ။ အလုံးစုံ တို့သည် တခု တည်းသောအရပ် သို့ သွား ရကြသည် မ ဟုတ်လော။
7 All the labour of a man is for his mouth, and yet the appetite shall not be satisfied.
၇လူ ကြိုးစား အားထုတ်သမျှ တို့၌ ဝမ်း ဘို့ သာ ကြိုးစားအားထုတ်သော်လည်း၊ စား ချင်သောစိတ် မ ပြေ နိုင်။
8 For [what] advantage has the wise man over the fool, since [even] the poor knows how to walk in the direction of life?
၈ပညာရှိ သောသူသည် မိုက် သောသူထက် အဘယ် ကျေးဇူး ရှိသနည်း။ အသက်ရှင် သောသူများရှေ့ မှာ ကျင့်ကြံ ပြုမူတတ်သော ဆင်းရဲသား ၏ အကျိုးကျေးဇူးကား အဘယ်သို့ နည်း။
9 The sight of the eyes is better than that which wanders in soul: this is also vanity, and waywardness of spirit.
၉ကိုယ်တိုင်တွေ့မြင် ခြင်း အကျိုး သည် လောဘ ပြန့်ပွား ခြင်း အကျိုးထက် သာ၍ကြီး၏။ ထို အမှုအရာ သည် အနတ္တ အမှု၊ လေ ကိုကျက်စား သောအမှုဖြစ်၏။
10 If anything has been, its name has already been called: and it is known what man is; neither can he contend with him who is stronger than he.
၁၀ရှိသမျှ သော အခြင်းအရာများကို မှတ်သား နှင့် ပြီ။ လူ ၏အခြင်းအရာ သက်သက်ဖြစ်သည်ကို သိ ရ၏။ လူ သည် မိမိ ထက် တန်ခိုး ကြီးသောသူနှင့် မ ပြိုင် နိုင် ရာ။
11 For there are many things which increase vanity.
၁၁အနတ္တ တိုးပွား စရာအကြောင်းများပြား သည် ဖြစ် ၍၊ လူ သည် အဘယ် ကျေးဇူး ရှိသနည်း။
12 What advantage has a man? for who knows [what is] good for a man in his life, [during] the number of the life of the days of his vanity? and he has spent them as a shadow; for who shall tell a man what shall be after him under the sun?
၁၂အရိပ် ကဲ့သို့ လွန် တတ်သော အနတ္တ အသက် ကာလ ပတ်လုံး၊ လူ ၌ ကျေးဇူး ပြုတတ်သော အရာ ကို အဘယ်သူ သိ နိုင်သနည်း။ နေ အောက် ၌ လူ နောက် မှာ ဖြစ် လတံ့သော အမှု အရာတို့ကိုလည်း၊ အဘယ်သူ ပြော နိုင်သနည်း။