< Chronicles I 11 >
1 And all Israel came to David in Chebron, saying, Behold, we [are] thy bones and thy flesh.
၁ထိုအခါ ဣသရေလ အမျိုးသားအပေါင်း တို့ သည် ဒါဝိဒ် ရှိရာ ဟေဗြုန် မြို့၌ စည်းဝေး ၍၊ ကျွန်တော် တို့သည် ကိုယ်တော် အရိုး ၊ ကိုယ်တော် အသား ဖြစ်ကြပါ ၏။
2 And heretofore when Saul was king, thou wast he that led Israel in and out, and the Lord of Israel said to thee, Thou shalt feed my people Israel, and thou shalt be for a ruler over Israel.
၂အထက် က ရှောလု သည် ရှင်ဘုရင် ဖြစ် သောအခါ ၊ ကိုယ်တော် သည် ဣသရေလ အမျိုးကို ဆောင်သွား လျက် ၊ သွင်း ပြန်လျက် နေတော်မူပြီ။ ကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရား ကလည်း၊ သင် သည်ငါ ၏လူ ဣသရေလ အမျိုးကိုလုပ်ကျွေး အုပ်စိုး ရမည်ဟု ကိုယ်တော် အား မိန့် တော်မူပြီဟု လျှောက်ဆိုကြ၏။
3 And all the elders of Israel came to the king to Chebron; and king David made a covenant with them in Chebron before the Lord: and they anointed David to be king over Israel, according to the word of the Lord by Samuel.
၃ထိုသို့ ဣသရေလ အမျိုးအသက်ကြီး သူအပေါင်း တို့သည် ရှင်ဘုရင် ရှိရာ ဟေဗြုန် မြို့သို့ ရောက် လာလျှင် ၊ ဒါဝိဒ် သည် ဟေဗြုန် မြို့၊ ထာဝရဘုရား ရှေ့ တော်မှာ သူ တို့ နှင့် မိဿဟာယ ဖွဲ့ ၍ ၊ ရှမွေလ အားဖြင့် ထာဝရဘုရား ဗျာဒိတ် ထားတော်မူသည်နှင့်အညီ ၊ သူတို့သည် ဒါဝိဒ် ကို ဘိသိတ် ပေး၍ ဣသရေလ ရှင်ဘုရင် အရာ ၌ ချီးမြှောက်ကြ၏။
4 And the king and his men went to Jerusalem, this [is] Jebus; and there the Jebusites the inhabitants of the land said to David,
၄တဖန် ဒါဝိဒ် သည် ဣသရေလ လူအပေါင်း တို့ကို ခေါ်၍၊ ပြည်သားရင်း ယေဗုသိ လူတို့နေ ရာ ယေဗုတ် မြို့ တည်းဟူသော ယေရုရှလင် မြို့သို့သွား လျှင်၊
5 Thou shalt not enter in hither. But he took the strong hold of Sion: this [is] the city of David.
၅ယေဗုတ် မြို့သား တို့က၊ သင်သည် ဤ မြို့သို့ မ ဝင် ရဟု ဆို ကြသော်လည်း ၊ ဒါဝိဒ် သည် ဒါဝိဒ် မြို့ တည်းဟူသော ဇိအုန် ရဲတိုက် ကို တိုက်ယူ လေ၏။
6 And David said, Whoever first smites the Jebusite, even he shall be chief and captain. And Joab the son of Saruia went up first, and became chief.
၆ဒါဝိဒ် ကလည်း၊ ယေဗုသိ လူတို့ကို အဦး လုပ်ကြံ သောသူသည် ဗိုလ်ချုပ် ဖြစ် စေဟု အမိန့် တော်ရှိသည် အတိုင်း ၊ ဇေရုယာ သား ယွာဘ သည် အဦး တက် ၍ ဗိုလ်ချုပ် အရာကိုခံရ ၏။
7 And David dwelt in the strong hold; therefore he called it the city of David.
၇ထိုနောက် ဒါဝိဒ် သည်ရဲတိုက် ၌ နေ သောကြောင့် ၊ ဒါဝိဒ် မြို့ ဟူသောအမည်ဖြင့် သမုတ် ကြ၏။
8 And he fortified the city round about.
၈မိလ္လော အရပ်နှင့်တကွမြို့ ပတ်လည် ၌ တည်ဆောက် ပြီးမှ ကျန်ကြွင်း သောမြို့ ကိုယွာဘ ပြုပြင် လေ၏။
9 And David continued to increase, and the Lord Almighty [was] with him.
၉ဒါဝိဒ် သည် တိုးပွား ၍ အားကြီး သဖြင့် ၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် သူ နှင့်အတူ ရှိတော်မူ၏။
10 And these [are] the chiefs of the mighty men, whom David had, who strengthened [themselves] with him in his kingdom, with all Israel, to make him king, according to the word of the Lord concerning Israel.
၁၀ဣသရေလ အမျိုး၌ ထာဝရဘုရား ၏ အမိန့် တော်အတိုင်း ၊ ဒါဝိဒ်ကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ ဣသရေလ အမျိုးအပေါင်း တို့နှင့် ဝိုင်း၍ ဒါဝိဒ် မင်း ဘက် မှာ ကြိုးစား အားထုတ်သော အမှုတော်ထမ်းသူရဲ ကြီး တို့၏ စာရင်းဟူမူကား၊
11 And this [is] the list of the mighty [men] of David; Jesebada, son of Achaman, first of the thirty: he drew his sword once against three hundred whom he slew at one time.
၁၁ဟခမောနိ အမျိုး ယာရှောဗံ သည် ဗိုလ်ချုပ် ဖြစ် ၏။ ထိုသူ သည် လှံ ကိုကိုင် လျက်၊ လူသုံး ရာ ကို တခါတည်း တိုက်၍ လုပ်ကြံ လေ၏။
12 And after him Eleazar son of Dodai, the Achochite: he was among the three mighty men.
၁၂သူ့ နောက် မှာ အဟောဟိ အမျိုးဒေါဒေါ သား ဧလာဇာ သည် ဒါဝိဒ် နှင့်အတူ ပါ ၊ သဒမ္မိမ် မြို့သို့ လိုက်သော သူရဲ သုံး ယောက် အဝင်ဖြစ်၏။
13 He was with David in Phasodamin, and the Philistines were gathered there to battle, and [there was] a portion of the field full of barley; and the people fled before the Philistines.
၁၃ဖိလိတ္တိ လူတို့သည် စစ်တိုက် ခြင်းငှါ မုယော စပါးစိုက်သော လယ်ကွက် ၌ စုဝေး ၍ ဣသရေလလူ တို့ သည် ရန်သူရှေ့ မှာ ပြေး ကြသော်လည်း၊
14 And he stood in the midst of the portion, and rescued it, and smote the Philistines; and the Lord wrought a great deliverance.
၁၄ထိုသူတို့သည် လယ်ကွက် အလယ် ၌ ရပ် ၍ စောင့်မ လျက် ဖိလိတ္တိ လူတို့ကိုလုပ်ကြံ သောအခါ ၊ ထာဝရဘုရား သည် ကြီးစွာ သော အောင် ခြင်းအားဖြင့်သူတို့ကို ကယ်တင် တော်မူ၏။
15 And three of the thirty chiefs went down to the rock to David, to the cave of Odollam, and the camp of the Philistines [was] in the giants' valley.
၁၅ဗိုလ် စုအဝင်သုံး ယောက်တို့သည် ဒါဝိဒ် ရှိရာ ကျောက် ကြား၊ အဒုလံ ဥမင် သို့ ဆင်းသွား ၍ ၊ ဖိလိတ္တိ လူတို့ သည် ရေဖိမ် ချိုင့် ၌ တပ်ချ လျက် ရှိကြ၏။
16 And David [was] then in the hold, and the garrison of the Philistines [was] then in Bethleem.
၁၆ထိုအခါ ဒါဝိဒ် သည် ရဲတိုက် တွင် နေ၍ ၊ ဖိလိတ္တိ လူတို့သည် ဗက်လင် မြို့၌ လည်း တပ်ချကြ၏။
17 And David longed, and said, Who will give me water to drink of the well of Bethleem, that is in the gate?
၁၇ဒါဝိဒ် ကလည်း တစုံတယောက် သောသူသည် ဗက်လင် မြို့တံခါး နား မှာရှိသော ရေတွင်း ထဲက ရေ ကို ခပ် ၍ ငါ့ အားပေး ပါစေသောဟု တောင့်တ သောစိတ်နှင့် ဆို သော်၊
18 And the three broke through the camp of the Philistines, and they drew water out of the well that was in Bethleem, which was in the gate, and they took it, and came to David: but David would not drink it, and poured it out to the Lord, and said,
၁၈ထိုသူသုံး ယောက်တို့သည် ဖိလိတ္တိ တပ် ကိုဖျက် ၍ ၊ ဗက်လင် မြို့ တံခါး နား မှာရှိသော ရေတွင်း ထဲက ရေ ကို ခပ်ယူ ပြီးလျှင် ဒါဝိဒ် ထံ တော်သို့ဆောင် ခဲ့ကြ၏။ သို့သော်လည်း ဒါဝိဒ် သည် မ သောက် ဘဲ ထာဝရဘုရား ရှေ့ တော်၌ သွန်း လျက်၊
19 God forbid that I should do this thing: shall I drink the blood of these men with their lives? for with [the peril of] their lives they brought it. So he would not drink it. These things did the three mighty [men].
၁၉ဤ ရေကို သောက်သောအမှုသည် ငါ နှင့် ဝေး ပါစေသော။ ကိုယ် အသက် ကို မနှမြောဘဲသွားသောသူ တို့၏ အသွေး ကို ငါသောက် ရမည်လော။ သူတို့သည် ကိုယ် အသက် ကို စွန့်စား၍ ဤရေကိုဆောင် ခဲ့ကြ ပြီဟုဆိုလျက် မ သောက် ဘဲနေ၏။ ထိုသူရဲ သုံး ယောက်တို့သည် ထိုသို့ သော အမှုတို့ကိုပြု ကြ၏။
20 And Abisa the brother of Joab, he was chief of three: he drew his sword against three hundred slain at one time, and he had a name among the [second] three.
၂၀ယွာဘ ညီ အဘိရှဲ သည်လည်း သူရဲသုံး ယောက် တွင် အကြီး ဖြစ် ၏။ သူ သည် လှံ ကိုကိုင် ၍ လူသုံး ရာ တို့ကို တိုက်ဖျက်လုပ်ကြံ သောကြောင့်၊ သူရဲသုံး ယောက် အဝင် နေရာရသတည်း။
21 He was more famous than the two [others] of the three, and he was chief [over] them; yet he reached not to the [first] three.
၂၁သူရဲသုံး ယောက်တွင် နှစ် ယောက်ထက်သာ၍မြတ် သောကြောင့်ဗိုလ်ချုပ် အရာကိုရ ၏။ သို့သော်လည်း ပဌမသူရဲသုံး ယောက်တို့ကို မ မှီ။
22 And Banaia the son of Jodae was the son of a mighty man: many [were] his acts for Cabasael: he smote two lion-like men of Moab, and he went down and smote a lion in a pit on a snowy day.
၂၂အထူးသဖြင့် ပြုဘူးသောကပ်ဇေလ မြို့သား၊ သူရဲ ယောယဒ ၏သား ဗေနာယ သည်လည်း ခြင်္သေ့ နှင့် တူသော မောဘ လူနှစ် ယောက်ကိုသတ် ၏။ ဆောင်း ကာလ ၌ လည်း၊ အခြားသို့သွား ၍ မြေတွင်း ၌ ရှိသောခြင်္သေ့ ကိုသတ် ၏။
23 And he smote an Egyptian, a wonderful man five cubits [high]; and in the hand of the Egyptian [there was] a spear like a weavers' beam; and Banaia went down to him with a staff, and took the spear out of the Egyptian's hand, and slew him with his own spear.
၂၃အရပ်ငါး တောင် မြင့်သော အဲဂုတ္တု လူ ကိုလည်း သတ် ၏။ အဲဂုတ္တု လူသည် ရက်ကန်း လက်လိပ်နှင့်အမျှ ကြီးသော လှံ ကိုကိုင်သော်လည်း ၊ ဗေနာယသည် တောင်ဝေး ကိုသာ ကိုင်လျက်သွား ၍ ၊ အဲဂုတ္တု လူလက် မှ လှံ ကို လုယူ ပြီးလျှင် ထိုလှံ နှင့် သူ့ ကိုသတ် ၏။
24 These things did Banaia son of Jodae, and his name [was] among the three mighties.
၂၄ထိုသို့ သော အမှုတို့ကို ယောယဒ သား ဗေနာယ သည် ပြု ၍ သူရဲ သုံး ယောက်အဝင် နေရာကိုရ၏။
25 He was distinguished beyond the thirty, yet he reached not to the [first] three: and David set him over his family.
၂၅ဗိုလ်များထက် သာ၍မြတ် သော်လည်း ပဌမ သူရဲသုံး ယောက်တို့ကိုမ မှီ။ ဒါဝိဒ် သည် အတွင်းဝန် ချုပ် အရာကို လည်း ပေး ၏။
26 And the mighty [men] of the forces [were], Asael the brother of Joab, Eleanan the son of Dodoe of Bethleem,
၂၆ယွာဘ ညီ အာသဟေလ သည်လည်း ဗိုလ် စုအဝင်ဖြစ်၏။ ထိုအတူ၊ ဗက်လင် မြို့နေ၊ ဒေါဒေါ ၏သား ဧလဟာနန်၊
27 Samaoth the Arorite, Chelles the Phelonite,
၂၇ဟေရောဒိ အမျိုး ရှမ္မ ၊ ဖာလတိ အမျိုး ဟေလက်၊
28 Ora the son of Ekkis the Thecoite, Abiezer the Anathothite,
၂၈တေကော အမျိုး ဣကေရှ ၏သား ဣရ ၊ အနေသောသိ အမျိုး အဗျေဇာ၊
29 Sobochai the Usathite, Eli the Achonite,
၂၉ဟုရှသိ အမျိုးသိဗေကဲ ၊ အဟောဟိ အမျိုး ဣလဲ ၊
30 Marai the Netophathite, Chthaod the son of Nooza the Netophathite,
၃၀နေတောဖာသိ အမျိုး မဟာရဲ ၊ နေတောဖာသိ အမျိုး ဗာန ၏သား ဟေလက်၊
31 Airi the son of Rebie of the hill of Benjamin, Banaias the Pharathonite,
၃၁ဗင်္ယာမိန် အမျိုး ၊ ဂိဗာ မြို့နေ၊ ရိဘဲ ၏သား ဣတ္တဲ ၊ ပိရသောနိ အမျိုး ဗေနာယ ၊
32 Uri of Nachali Gaas, Abiel the Garabaethite,
၃၂ဂါရှ ချိုင့် သားဟုရဲ ၊ အာဗသိ အမျိုးအဗျေလ၊
33 Azbon the Baromite, Eliaba the Salabonite,
၃၃ဗာဟုမိ အမျိုးအာဇမာဝက် ၊ ရှာလဗောနိ အမျိုး ဧလျာဘ၊
34 the son of Asam the Gizonite, Jonathan the son of Sola the Ararite,
၃၄ဂိဇောနိ အမျိုးယာရှင် ၏သား တို့တွင် ယောနသန် ၊ ဟာရရိ အမျိုး ရှမ္မ၊
35 Achim the son of Achar the Ararite, Elphat the son of Thyrophar
၃၅ဟာရရိ အမျိုးရှာရ ၏ သား အဟိအံ ၊ ဥရ ၏သား ဧလိဖလ၊
36 the Mechorathrite, Achia the Phellonite,
၃၆မေခေရသိ အမျိုးဟေဖာ ၊ ပေလောနိ အမျိုး အဟိယ ၊
37 Esere the Charmadaite, Naarai the son of Azobai,
၃၇ကရမေလ အမျိုးဟေဇရဲ ၊ ဧဇဗဲ ၏သား နာရဲ၊
38 Joel the son of Nathan, Mebaal son of Agari,
၃၈နာသန် ၏ညီ ယောလ ၊ ဟဂ္ဂေရိ ၏သား မိဗဟာ၊
39 Sele the son of Ammoni, Nachor the Berothite, armour-bearer to the son of Saruia,
၃၉အမ္မုန် အမျိုးဇေလက် ၊ ဇေရုယာ သား ယွာဘ ၏ လက်နက် ဆောင် လုလင်၊ ဗေရောသိ အမျိုး နဟာရဲ ၊
40 Ira the Jethrite, Gaber the Jethrite,
၄၀ဣသရိ အမျိုး ဣရ ၊ ဣသရိ အမျိုးဂါရက်၊
41 Uria the Chettite, Zabet son of Achaia,
၄၁ဟိတ္တိ အမျိုးဥရိယ ၊ အာလဲ ၏သား ဇာဗဒ်၊
42 Adina son of Saeza, a chief of Ruben, and thirty with him,
၄၂ရုဗင် အမျိုးသားသုံး ကျိပ်ကို အုပ်သောဗိုလ် ၊ ရှိဇ ၏သား အဒိန၊
43 Anan the son of Moocha, and Josaphat the Matthanite,
၄၃မာခါ ၏သား ဟာနန် ၊ မိသနိ အမျိုး ယောရှဖတ်၊
44 Ozia the Astarothite, Samatha and Jeiel sons of Chotham the Ararite,
၄၄အာရှတယောသိ အမျိုးဩဇိ ၊ အာရော် အမျိုး ဟောသန် ၏သား ရှာမ နှင့် ယေဟေလ၊
45 Jediel the son of Sameri, and Jozae his brother the Thosaite,
၄၅တိဇိ အမျိုးရှိမရိ ၏သား ယေဒျေလ နှင့် သူ ၏ညီ ယောဟ၊
46 Eliel the Maoite, and Jaribi, and Josia his son, Ellaam, and Jethama the Moabite,
၄၆မဟာဝိ အမျိုးဧလျေလ ၊ ဧလနန် ၏သား ယေရိဗဲ နှင့် ယောရှဝိ ၊ မောဘ အမျိုးဣသမ နှင့်တကွ၊
47 Daliel, and Obeth, and Jessiel of Mesobia.
၄၇ဧလျေလ ၊ ဩဗက် ၊ မေဇောဗိတ် အမျိုး ယာသေလ တည်း။