< Zephaniah 3 >
1 Sorrow to her who is uncontrolled and unclean, the cruel town!
၁ဆန့်ကျင် ဘက်ပြု၍ ညစ်ညူး လျက် ညှဉ်းဆဲ တတ်သော မြို့ သည် အ မင်္ဂလာရှိ၏။
2 She gave no attention to the voice, she had no use for teaching, she put no faith in the Lord, she did not come near to her God.
၂နှုတ်ကပတ်တော်အသံ ကို နား မ ထောင်၊ ဆုံးမ တော်မူခြင်း ကိုမ ခံ ၊ ထာဝရဘုရား ကို မ ခိုလှုံ ၊ မိမိ ဘုရား သခင့်ထံ တော်သို့ မ ချဉ်းကပ် ၊
3 Her rulers are like loud-voiced lions in her; her judges are wolves of the evening, crushing up the bones before the morning.
၃မြို့ အလယ် ၌ မင်း များတို့သည် ဟောက် သော ခြင်္သေ့ ဖြစ်ကြ၏။ တရားသူကြီး တို့သည် နံနက် တိုင်အောင် အဘယ်အရာကိုမျှမ ချန် မထား၊ ညဉ့် ၌ လှည့်လည်တတ် သောတောခွေး ဖြစ်ကြ၏။
4 Her prophets are good-for-nothing persons, full of deceit: her priests have made the holy place unclean and have gone violently against the law.
၄ပရောဖက် တို့သည် လျှပ်ပေါ် သောသူ၊ သစ္စာ ပျက်သောသူ ဖြစ်ကြ၏။ ယဇ် ပုရောဟိတ်တို့သည် သန့်ရှင်း ရာဌာနတော်ကို ညစ်ညူး စေ၍ တရား တော်ကိုလည်း ရှုတ်ချ ကြ၏။
5 The Lord in her is upright; he will not do evil; every morning he lets his righteousness be seen, he is unchanging; but the evil-doer has no sense of shame.
၅သို့သော်လည်း၊ ထာဝရဘုရား သည် မြို့ အလယ် ၌ တရားသဖြင့် ပြုတော်မူ၏။ မ တရားသော အမှုကို ပြု တော်မ မူ။ နံနက် အစဉ်အတိုင်းမိမိ ဖြောင့်မတ် ကြောင်း ကို မချွတ်မယွင်း ဘော်ပြ တော်မူ၏။ သို့သော်လည်း ၊အဓမ္မ လူတို့သည် ရှက်ကြောက် ခြင်းမ ရှိ ကြ။
6 I have had the nations cut off, their towers are broken down; I have made their streets a waste so that no one goes through them: destruction has overtaken their towns, so that there is no man living in them.
၆လူ အမျိုးမျိုးတို့ကို ငါပယ် ဖြတ်၍ သူ တို့ရဲတိုက် များကို ဖျက်ဆီး လေပြီ။ လမ်း တို့၌ အဘယ်သူ မျှမသွား မလာစေခြင်းငှါ လူဆိတ်ညံ စေပြီ။ မြို့ တို့ကိုလည်း လူ တစုံတယောက်မျှ မနေ စေခြင်းငှါ ဖျက်ဆီး လေပြီ။
7 I said, Certainly you will go in fear of me, and come under my training, so that whatever I may send on her may not be cut off before her eyes: but they got up early and made all their works evil.
၇ထိုအခါ ငါက၊ အကယ်စင်စစ်ဤမျှလောက်ငါဆုံးမ ပြီးမှ သင်သည် ကိုယ် နေရာ ကို မ ပယ်ရှင်း စေ ခြင်းငှါ၊ ငါ့ ကို ကြောက်ရွံ့ ၍ နည်းခံ လိမ့်မည်ဟု ဆို သော်လည်း၊ သူတို့သည် ကြိုးစား ၍ မှားယွင်း သောအကျင့် ကိုသာ ကျင့်ကြ၏။
8 For this reason, go on waiting for me, says the Lord, till the day when I come up as a witness: for my purpose is to send for the nations and to get the kingdoms together, so that I may let loose on them my passion, even all my burning wrath: for all the earth will be burned up in the fire of my bitter passion.
၈သို့သော်လည်း၊ ထာဝရဘုရား မိန့် တော်မူသည် ကား၊ ဘမ်းဆီး လုယက်ခြင်းငှါ ငါ မထ မှီတိုင်အောင်ငါ့ ကို ငံ့လင့် ကြလော့။ တိုင်း နိုင်ငံပြည်သား အမျိုးမျိုးတို့ကို စုဝေး စေ၍၊ ငါ့ အမျက် ၊ ငါ့ ဒေါသ အရှိန် ကို အကုန်အစင် သွန်းလောင်း မည်ဟု ငါ အကြံ ရှိ၏။ ငါ့ ဒေါသ မီး သည် မြေ တပြင်လုံး ကို လောင် ရလိမ့်မည်။
9 For then I will give the people a clean language, so that they may all make prayer to the Lord and be his servants with one mind.
၉အကယ် စင်စစ်လူမျိုး အပေါင်း တို့သည် ထာဝရဘုရား ၏အမှုတော်ကို တညီတညွတ် တည်းဆောင်ရွက် မည် အကြောင်း၊ နာမ တော်ကို ပဌနာ ပြုစေခြင်းငှါ သန့်ရှင်း သော ဘာသာ စကားကို သူ တို့အား ငါပြန် ပေးမည်။
10 From over the rivers of Ethiopia, and from the sides of the north, they will come to me with an offering.
၁၀ကုရှ ပြည်၏မြစ် တို့တဘက် ၊ အရပ်ရပ်၌ ကွဲပြား လျက်နေသောငါ ၏လူမျိုးသတို့သမီး ၊ ငါ့ ကို တောင်းပန် သောသူတို့ သည် ငါ့ အဘို့ ပူဇော် သက္ကာကို ဆောင် ခဲ့ကြ လိမ့်မည်။
11 In that day you will have no shame on account of all the things in which you did evil against me: for then I will take away from among you those who were lifted up in pride, and you will no longer be lifted up with pride in my holy mountain.
၁၁ငါ့ ကို ပြစ်မှား သောအပြစ် များကြောင့် ထိုအခါ သင်သည် အရှက်ကွဲ ခြင်းကို မ ခံရ။ သင် ၏ ဂုဏ်အသရေကြောင့် ဝါကြွား သောသူတို့ ကို သင့် အလယ် ၌ ငါပယ်ရှား မည်။ သင်သည်လည်း ငါ ၏သန့်ရှင်း သော တောင် ကို အမှီပြု ၍ နောက် တဖန်မာန မ ထောင်လွှားရ။
12 But I will still have among you a quiet and poor people, and they will put their faith in the name of the Lord.
၁၂နှိမ့်ချ ဆင်းရဲ သော အမျိုး ကို သင့် အလယ် ၌ ငါချန် ထားမည်။ ထိုသူတို့သည် ထာဝရဘုရား ၏ နာမ တော် ကို ခိုလှုံ ကြလိမ့်မည်။
13 The rest of Israel will do no evil and say no false words; the tongue of deceit will not be seen in their mouth: for they will take their food and their rest, and no one will be a cause of fear to them.
၁၃ကျန် ကြွင်းသော ဣသရေလ အမျိုးသားတို့သည် မ တရားသောအမှုကို မ ပြု ရကြ။ မုသာ မ ပြော ရကြ။ သူ တို့ နှုတ် ၌ လှည့်စား တတ်သော လျှာ မ ရှိ ရ။ အဘယ်သူမျှမ ကြောက် စေဘဲ စားသောက် လျက် ၊ အိပ် လျက်နေရကြ လိမ့်မည်။
14 Make melody, O daughter of Zion; give a loud cry, O Israel; be glad and let your heart be full of joy, O daughter of Jerusalem.
၁၄အိုဇိအုန် သတို့သမီး ၊ သီချင်းဆို လော့။ အို ဣသရေလ အမျိုး၊ ကြွေးကြော် လော့။ အိုယေရုရှလင် သတို့သမီး ၊ စိတ်နှလုံး အကြွင်းမဲ့ ဝမ်းမြောက် ရွှင်လန်းလော့။
15 The Lord has taken away those who were judging you, he has sent your haters far away: the King of Israel, even the Lord, is among you: you will have no more fear of evil.
၁၅ထာဝရဘုရား သည် သင် ၏အပြစ် ဒဏ်တို့ကို ပပျောက် စေ၍၊ သင် ၏ရန်သူ တို့ကို ပယ်ရှား တော်မူပြီ။ ဣသရေလ အမျိုး၏ ရှင် ဘုရင်ထာဝရဘုရား သည် သင့် အလယ် ၌ ရှိတော်မူ၏။ သင်သည် နောက် တဖန်ဘေးဥပဒ် နှင့်မ တွေ့ မကြုံရ။
16 In that day it will be said to Jerusalem, Have no fear: O Zion, let not your hands be feeble.
၁၆မ စိုးရိမ် နှင့်ဟု၊ ယေရုရှလင် မြို့အား ၎င်း ၊ လက် အား မ လျှော့ စေနှင့်ဟု၊ ဇိအုန် တောင်အား၎င်း ထိုအခါ ဆို ရ၏။
17 The Lord your God is among you, as a strong saviour: he will be glad over you with joy, he will make his love new again, he will make a song of joy over you as in the time of a holy feast.
၁၇သင် ၏ဘုရား သခင်ထာဝရဘုရား သည် သင့် အလယ် ၌ ရှိ၍၊ တန်ခိုး ကြီးသောဘုရားသည် သင့်ကို ကယ်တင် တော်မူ လိမ့်မည်။ သင် ၌ အားရ ၍ ဝမ်းမြောက် တော်မူလိမ့်မည်။ ချစ်ခြင်း မေတ္တာ၌ ကျိန်းဝပ် ၍၊ သီချင်း ဆို ခြင်းနှင့်တကွ သင် ၌ ဝမ်းမြောက် တော်မူလိမ့်မည်။
18 I will take away your troubles, lifting up your shame from off you.
၁၈ကဲ့ရဲ့ ခြင်းဝန် ကို သင် ထမ်း ရာအကြောင်းတည်းဟူသော၊ သင် နှင့် ဝေး၍ ဓမ္မ ပွဲကို မခံရဘဲ ညှိုးငယ် လျက် ရှိသောသူတို့ ကို ငါစုဝေး စေမည်။
19 See, at that time I will put an end to all who have been troubling you: I will give salvation to her whose steps are uncertain, and get together her who has been sent in flight; and I will make them a cause of praise and an honoured name in all the earth, when I let their fate be changed.
၁၉သင့် ကို ညှဉ်းဆဲ သောသူအပေါင်း တို့ကို ထိုအခါ ငါ စီရင် မည်။ နာ သောသူကို ချမ်းသာ ပေးမည်။ နှင်ထုတ် ခြင်းကိုခံရသော သူကို သင်း ဖွဲ့စေမည်။ အရှက်ကွဲ ခြင်းကိုခံရရာ ပြည် အရပ် ရပ် တို့၌ ချီးမွမ်း ခြင်းဂုဏ် အသရေကို ပေး မည်။
20 At that time I will make you come in, at that time I will get you together: for I will make you a name and a praise among all the peoples of the earth when I let your fate be changed before your eyes, says the Lord.
၂၀ထို ကာလ ၌ သင် တို့ကို တဖန် ငါဆောင် ခဲ့၍ စုဝေး စေသဖြင့် ၊ သိမ်း သွားခြင်းကို ခံရသောသူတို့ကို သင် တို့ မျက်မှောက် ၌ တဖန် ဆောင် ခဲ့ပြန်သောအခါ ၊ မြေကြီး သား အမျိုးမျိုး တို့တွင် ချီးမွမ်း ခြင်းဂုဏ် အသရေကို သင် တို့အား ပေး မည်ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။