< Zephaniah 2 >
1 Come together, make everyone come together, O nation without shame;
၁အရှက် မ ရှိသော အမျိုးသား တို့၊ ကိုယ်ကို စစ်ကြော ကြလော့။
2 Before the Lord sends you violently away in flight like the waste from the grain; before the burning wrath of the Lord comes on you, before the day of the Lord's wrath comes on you.
၂အမိန့် တော်အတိုင်း မစီရင် ၊ သင်တို့အချိန် သည် ဖွဲ ကဲ့သို့ မလွန် ၊ ထာဝရဘုရား ၏ပြင်းစွာ သော အမျက် တော်သည် သင် တို့အပေါ် သို့မ ရောက် ၊ ထာဝရဘုရား ၏ အမျက် တော်နေ့ သည် သင် တို့အပေါ် သို့ မ ရောက် မီ ကိုယ် ကို စစ်ကြောကြလော့။
3 Make search for the Lord, all you quiet ones of the earth, who have done what is right in his eyes; make search for righteousness and a quiet heart: it may be that you will be safely covered in the day of the Lord's wrath.
၃တရား တော်အတိုင်း ကျင့် ၍ စိတ်နှိမ့်ချ သော ပြည် သူပြည်သားအပေါင်း တို့၊ ထာဝရဘုရား ကို ရှာ ကြ လော့။ ဖြောင့်မတ် ခြင်းနှင့် စိတ်နှိမ့်ချ ခြင်းကိုလည်း ရှာ ကြလော့။ ထာဝရဘုရား အမျက် ထွက်တော်မူသောနေ့ ၌ သင်တို့သည် ပုန်းရှောင် ရာကို တွေ့ကောင်းတွေ့ကြ လိမ့်မည်။
4 For Gaza will be given up and Ashkelon will become waste: they will send Ashdod out in the middle of the day, and Ekron will be uprooted.
၄အကယ် စင်စစ်ဂါဇ မြို့သည် စွန့်ပစ် ရာ၊ အာရှကေလုန် မြို့သည် သုတ်သင် ပယ်ရှင်းရာ ဖြစ် လိမ့်မည်။ အာဇုတ် မြို့သားတို့ကို မွန်းတည့် အချိန်၌ နှင်ထုတ် ၍ ၊ ဧကြုန် မြို့ကိုလည်း ဖြိုဖျက် ကြလိမ့်မည်။
5 Sorrow to the people living by the sea, the nation of the Cherethites! The word of the Lord is against you, O Canaan, the land of the Philistines; I will send destruction on you till there is no one living in you.
၅အို ပင်လယ် ကမ်းနား မှာ နေ သောခေရသိ အမျိုးသား တို့၊ သင် တို့တဘက် ၌ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ရှိ၏။ အို ဖိလိတ္တိ လူနေရာ ခါနာန် ပြည်၊ သင် ၌ အဘယ်သူ မျှမနေ စေခြင်းငှါငါသုတ်သင် မည်။
6 And the land by the sea will be grass-land, with houses for keepers of sheep and walled places for flocks.
၆ပင်လယ် ကမ်းနား အရပ်သည် ကျက်စား ရာ၊ သိုးထိန်း မှီခို ရာ၊ သိုး ခြံ လုပ်စရာဘို့ ဖြစ် လိမ့်မည်။
7 The land by the sea will be for the rest of the children of Judah; by the sea they will give their flocks food: in the houses of Ashkelon they will take their rest in the evening; for the Lord their God will take them in hand and their fate will be changed.
၇ပင်လယ်ကမ်း သည်လည်း ကျန် ကြွင်းသော ယုဒ အမျိုးသား တို့အဘို့ ဖြစ် ၍၊ သူတို့သည် ထိုအရပ် ၌ ကျက်စား ကြလိမ့်မည်။ ည အချိန်၌ လည်း အာရှကေလုန် မြို့ရာအိမ် တို့၌ အိပ် ကြလိမ့်မည်။ သူ တို့၏ ဘုရား သခင်ထာဝရဘုရား သည် သူ တို့ကို အကြည့် အရှုကြွလာ၍ ၊ သိမ်း သွားခြင်းဘေးကို ပယ်ရှင်း တော်မူလိမ့်မည်။
8 My ears have been open to the bitter words of Moab and the words of shame of the children of Ammon, which they have said against my people, lifting themselves up against the limit of their land.
၈မောဘ အမျိုးသားနှင့် အမ္မုန် အမျိုးသား တို့သည် ငါ ၏လူမျိုး ကို ကဲ့ရဲ့ အပြစ်တင်၍ ၊ ငါ၏လူနေရာ တဘက် ၌ ဝါကြွား သော စကားကို ငါကြား ပြီ။
9 For this cause, by my life, says the Lord of armies, the God of Israel, truly Moab will become like Sodom and the children of Ammon like Gomorrah, given up to waste plants and salt pools and unpeopled for ever: the rest of my people will take their property, the overflow of my nation will take their heritage.
၉သို့ဖြစ်၍ ၊ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည် ကား၊ မောဘ ပြည် နှင့် အမ္မုန် ပြည် သည်၊ သောဒုံ မြို့နှင့် ဂေါမောရ မြို့ ကဲ့သို့ ဆူး ပင်ပေါက်သောအရပ် ၊ ဆား ချက်ဘို့ မြေတူးရာအရပ် ၊ အစဉ် အမြဲပျက်စီး ရာအရပ် ဖြစ် ၍ ၊ ကျန် ကြွင်းသော ငါ ၏လူ ၊ ငါ ၏အမျိုးသား တို့သည် လုယူ သိမ်းစား ကြလိမ့်မည်။
10 This will be their fate because of their pride, because they have said evil, lifting themselves up against the people of the Lord of armies.
၁၀ထိုသူတို့သည် မာနကြီး သောသူဖြစ် ၍၊ ကဲ့ရဲ့ လျက် ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ လူမျိုး တဘက် ၌ ဝါကြွား သောကြောင့်ထိုသို့သော အပြစ်ကိုခံရကြလိမ့်မည်။
11 The Lord will let himself be seen by them: for he will make all the gods of the earth feeble; and men will go down before him in worship, everyone from his place, even all the sea-lands of the nations.
၁၁ထာဝရဘုရား သည် သူ တို့တဘက် ၌ ကြောက်မက် ဘွယ်ဖြစ်၍၊ လောကီ ဘုရား ရှိသမျှ တို့ကို အငတ် ထား တော်မူလိမ့်မည်။ တပါးအမျိုးသား နေရာ ကျွန်း ရှိသမျှ တို့ သည် အသီး အသီးမိမိ တို့အရပ် ၌ ရှိခိုး ကြလိမ့်မည်။
12 And you Ethiopians will be put to death by my sword.
၁၂အို ကုရှ ပြည်သားတို့၊ သင် တို့သည်လည်း ငါ့ ထား ဖြင့် အသေ ခံရကြလိမ့်မည်။
13 And his hand will be stretched out against the north, for the destruction of Assyria; and he will make Nineveh unpeopled and dry like the waste land.
၁၃မြောက် မျက်နှာကို လည်း တိုက် ၍ အာရှုရိ ပြည် ကို ဖျက်ဆီး တော်မူမည်။ နိနေဝေ မြို့ကို လူဆိတ်ညံ ရာအရပ် ၊ လွင်ပြင် ကဲ့သို့ သွေ့ခြောက် သော အရပ်ဖြစ် စေတော်မူမည်။
14 And herds will take their rest in the middle of her, all the beasts of the valley: the pelican and the porcupine will make their living-places on the tops of its pillars; the owl will be crying in the window; the raven will be seen on the doorstep.
၁၄မြို့ အလယ် ၌ သိုး စုများနှင့် တပါး အမျိုး သားရဲ အပေါင်း တို့ သည် အိပ် ကြလိမ့်မည်။ ဝံပို နှင့် ဖြူ တို့သည် တံခါး ထုပ်၌ နေရာ ကျ၍ ပြတင်းပေါက် ၌ မြည် ကြ လိမ့်မည်။ တံခါး ခုံတို့သည် လူဆိတ်ညံ လျက်၊ အာရဇ် သစ်သား၌ အပြောက် ပယ်ရှင်း လျက် ရှိလိမ့်မည်။
15 This is the town which was full of joy, living without fear of danger, saying in her heart, I am, and there is no other: how has she been made waste, a place for beasts to take their rest in! everyone who goes by her will make hisses, waving his hand.
၁၅ထို မြို့ က၊ ငါ ရှိ၏။ ငါမှတပါး အဘယ် သူမျှမရှိ ဟု ဆို လျက်၊ သောက နှင့် ကင်းလွတ်၍ ဝမ်းမြောက် လျက် နေဘူးသော မြို့ဖြစ်ပါသည်တကား။ ယခုမှာ သုတ်သင် ပယ်ရှင်းရာ၊ သားရဲ အိပ် ရာအရပ်ဖြစ် ပါသည်တကား။ ရှောက် သွားသော သူအပေါင်း တို့သည် ကဲ့ရဲ့ သံ ကို ပြု၍ လက် ဖျားခါ ကြလိမ့်မည်။