< Matthew 13 >

1 On that day Jesus went out of the house and was seated by the seaside.
ထို နေ့ ၌ ယေရှု သည် အိမ် ကထွက် ၍ အိုင် နား မှာထိုင် နေတော်မူသည်တွင်၊
2 And great numbers of people came together to him, so that he got into a boat; and the people took up their position by the sea.
များစွာ သောလူ အပေါင်းတို့သည် ကိုယ်တော် ကိုဝန်းရံ ၍စုဝေးလျက်ရှိကြသောကြောင့် ၊ လှေ ထဲသို့ ဝင် ၍ ထိုင် တော်မူ၏။ ပရိသတ် အပေါင်း တို့သည် ကုန်း ပေါ်မှာ ရပ် နေကြ၏။
3 And he gave them teaching in the form of a story, saying, A man went out to put seed in the earth;
ထိုအခါ ဥပမာ စကားများ တို့ကို မြွက်ဆို တော်မူသည်မှာ၊ မျိုးစေ့ ကြဲသောသူ သည် မျိုးစေ့ ကိုကြဲခြင်းငှာထွက်သွား ၏။
4 And while he did so, some seeds were dropped by the wayside, and the birds came and took them for food:
အစေ့ကိုကြဲ သည်တွင် အချို့ သောအစေ့ တို့သည် လမ်း ၌ ကျ သဖြင့် ငှက် တို့သည်လာ ၍ ကောက်စား ကြ၏။
5 And some of the seed went among the stones, where it had not much earth, and straight away it came up because the earth was not deep:
အချို့ သောအစေ့တို့သည် မြေ နည်း ၍ ကျောက် ပေါများသောအရပ်၌ ကျ သဖြင့် ၊ မြေ တိမ် သောကြောင့် ချက်ခြင်း အပင်ပေါက် သော်လည်း ၊
6 And when the sun was high, it was burned; and because it had no root it became dry and dead.
နေ ထွက် သောအခါ ပူလောင် သည်ဖြစ်၍ အမြစ် မ စွဲ သောကြောင့် ညှိုးနွမ်း ပျက်စီးခြင်းသို့ ရောက်ကြ၏။
7 And some seeds went among thorns, and the thorns came up and they had no room for growth:
အချို့ သောအစေ့တို့သည် ဆူးပင် တို့တွင် ကျ သဖြင့် ၊ ဆူးပင် တို့သည်ကြီးပွား ၍ ညှဉ်းဆဲ ကြ၏။
8 And some, falling on good earth, gave fruit, some a hundred, some sixty, some thirty times as much.
အချို့ သောအစေ့တို့သည် ကောင်း သောမြေ ၌ ကျ သဖြင့်၊ အဆသုံးဆယ် ၊ အဆခြောက်ဆယ် ၊ အဆ တရာ ပွားများ၍ အသီး သီး ကြ၏။
9 He who has ears, let him give ear.
ကြားစရာနား ရှိ သောသူ မည်သည်ကားကြား ပါစေဟု မိန့်တော်မူ၏။
10 And the disciples came and said to him, Why do you say things to them in the form of stories?
၁၀တပည့် တော်တို့သည် ချဉ်းကပ် လျက် ၊ ကိုယ်တော်သည် အဘယ်ကြောင့် ဥပမာ ကိုဆောင်၍ ဤလူ တို့အား ဟောပြော တော်မူသနည်းဟု မေးလျှောက် ကြလျှင်၊
11 And he said to them in answer, To you is given the knowledge of the secrets of the kingdom of heaven, but to them it is not given.
၁၁ကိုယ်တော်က၊ သင် တို့သည် ကောင်းကင် နိုင်ငံ တော်၏နက်နဲ သော အရာတို့ကိုသိ ရသော အခွင့် ရှိကြ၏။ ထို သူတို့မူကား အခွင့် မ ရှိကြ၊
12 Because whoever has, to him will be given, and he will have more; but from him who has not, even what he has will be taken away.
၁၂အကြင်သူ သည် ရ တတ်၏။ ထိုသူ၌ ကြွယ်ဝ ပြည့်စုံစေခြင်းငှာပေး ဦးမည်။ အကြင်သူ သည် ဆင်းရဲ ၏။ ထိုသူ ၌ ရှိ သမျှ ကိုပင် နှုတ် လိမ့်မည်။
13 For this reason I put things into the form of stories; because they see without seeing, and give ear without hearing, and the sense is not clear to them.
၁၃ထိုကြောင့် သူ တို့သည် မြင် လျက်မ မြင် ၊ ကြား လျက်မ ကြား ၊ အနက်ကိုလည်း နား မ လည်သောကြောင့် ဥပမာ ကိုဆောင် ၍ ငါဟောပြော ၏။
14 And for them the words of Isaiah have come true, Though you give ear, you will not get knowledge; and seeing, you will see, but the sense will not be clear to you:
၁၄ဟေရှာယ ဟော ဘူးသောအနာဂတ် စကားဟူမူကား၊ သင်တို့သည် ကြား လျက်ပင် အနက်ကိုနား မ လည် ဘဲ ကြား ကြလိမ့်မည်။ မြင် လျက်ပင် အာရုံ မ ပြုဘဲမြင် ကြလိမ့်မည်။
15 For the heart of this people has become fat and their ears are slow in hearing and their eyes are shut; for fear that they might see with their eyes and give hearing with their ears and become wise in their hearts and be turned again to me, so that I might make them well.
၁၅အကြောင်းမူကား ၊ ဤ လူမျိုး သည် မျက်စိ မ မြင် ၊ နား မကြား ၊ စိတ် နှလုံးမသိ ၊ အကျင့်မပြောင်းလဲ ၊ သူ တို့ အနာ ရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင်၊ သူတို့စိတ် နှလုံးသည်မိုက် လျက်၊ နား သည်ထိုင်း လျက် ၊ ကိုယ် မျက်စိ ကိုပိတ် လျက်ရှိကြ၏ဟူသောစကားသည် ဤလူ တို့၌ ပြည့်စုံ ခြင်းသို့ရောက်သတည်း။
16 But a blessing be on your eyes, because they see; and on your ears, because they are open.
၁၆သင် တို့မျက်စိ သည်မြင် သောကြောင့် မင်္ဂလာ ရှိ၏။ သင် တို့နား သည်လည်း ကြား သောကြောင့် မင်္ဂလာရှိ၏။
17 For truly, I say to you that prophets and upright men had a desire to see the things which you see, and saw them not; and to have knowledge of the words which have come to your ears, and they had it not.
၁၇ငါအမှန် ဆို သည်ကား၊ သင်တို့ မြင် ရသောအရာ တို့ကိုပရောဖက် များ နှင့် ဖြောင့်မတ် သော သူများတို့သည် မြင် ခြင်းငှာအလိုရှိ သော်လည်း မ မြင် ရကြ။ သင်တို့ကြား ရသောအရာ တို့ကို ကြား ခြင်းငှာအလိုရှိသော်လည်းမ ကြား ရကြ။
18 Give ear, then, to the story of the man who put the seed in the earth.
၁၈မျိုးစေ့ ကြဲသောသူ ၏ဥပမာ အနက်အဓိပ္ပါယ်ကို နားထောင် ကြလော့။
19 When the word of the kingdom comes to anyone, and the sense of it is not clear to him, then the Evil One comes, and quickly takes away that which was put in his heart. He is the seed dropped by the wayside.
၁၉လမ်း ၌ အစေ့ ကိုကြဲ ခြင်းအကြောင်းအရာကား၊ နိုင်ငံ တော်၏ တရား စကားကိုကြား ၍ နှလုံး မ သွင်းသည် ရှိသော်၊ နတ်ဆိုး လာ ၍ နှလုံး ၌ ကြဲ သောအစေ့ကို နှုတ်ယူ တတ်သည်ဟု ဆိုလိုသတည်း။
20 And that which went on the stones, this is he who, hearing the word, straight away takes it with joy;
၂၀ကျောက် ပေါသောအရပ်၌ အစေ့ ကိုကြဲ ခြင်းအကြောင်းအရာကား၊ တရားစကား ကိုကြား ၍ ဝမ်းမြောက် သောစိတ်နှင့် ချက်ခြင်း ခံယူ သော်လည်း၊
21 But having no root in himself, he goes on for a time; and when trouble comes or pain, because of the word, he quickly becomes full of doubts.
၂၁စိတ်နှလုံး၌ အမြစ် မ စွဲ ခဏ သာတည် သဖြင့် ၊ တရား စကားကြောင့် အမှုအခင်း နှင့် ညှဉ်းဆဲ ခြင်းကို ခံရ သောအခါချက်ခြင်း ဖောက်ပြန် တတ်သည်ဟု ဆိုလိုသတည်း။
22 And that which was dropped among the thorns, this is he who has the word; and the cares of this life, and the deceits of wealth, put a stop to the growth of the word and it gives no fruit. (aiōn g165)
၂၂ဆူးပင် တို့တွင် အစေ့ ကိုကြဲ ခြင်းအကြောင်းအရာကား တရား စကားကိုကြား ၍ လောကီ အမှု၌ စိုးရိမ် ခြင်းနှင့် စည်းစိမ် ဥစ္စာ၏လှည့်စား ခြင်းသည် တရားစကား ကို လွှမ်းမိုး ညှဉ်းဆဲတတ်သောကြောင့် အသီး မသီးနိုင်ဟု ဆိုလိုသတည်း။ (aiōn g165)
23 And the seed which was put in good earth, this is he who gives ear to the word, and gets the sense of it; who gives fruit, some a hundred, some sixty, some thirty times as much.
၂၃ကောင်း သောမြေ ၌ အစေ့ ကိုကြဲ ခြင်းအကြောင်းအရာကား ၊ တရားစကား ကိုကြား ၍ နှလုံး သွင်းသဖြင့်၊ အဆသုံးဆယ် ၊ အဆခြောက်ဆယ် ၊ အဆတရာ ပွားများ ၍ အသီးသီး တတ်သည်ဟု ဆိုလိုသတည်းဟု မိန့်တော်မူ၏။
24 And he gave them another story, saying, The kingdom of heaven is like a man who put good seed in his field:
၂၄အခြား သော ဥပမာ စကားကိုမိန့်မြွက် တော်မူသည်ကား၊ ကောင်းကင် နိုင်ငံ တော်သည် ကောင်း သောမျိုးစေ့ ကို လယ် ၌ ကြဲ သောသူ နှင့်တူ ၏။
25 But while men were sleeping, one who had hate for him came and put evil seeds among the grain, and went away.
၂၅လူ တို့သည် အိပ်ပျော် သောအခါ သူ ၏ရန်သူ သည်လာ ၍ကောင်းသောစပါး နှင့် လက္ခဏာတူသော တော မျိုးစေ့ကို စပါးအထဲ ၌ကြဲ ၍ သွား လေ၏။
26 But when the green stem came up and gave fruit, the evil plants were seen at the same time.
၂၆အပင် ပေါက် ၍ အသီးအနှံ ထွက် သောအခါ ၊ တောပင် များလည်း ထင်ရှား လျှင် ၊
27 And the servants of the master of the house came and said to him, Sir, did you not put good seed in your field? how then has it evil plants?
၂၇ကျွန် တို့သည် အိမ်ရှင် ထံသို့သွား ၍ သခင် ၊ ကောင်း သောမျိုးစေ့ ကို လယ် ၌ ကြဲ တော်မူသည် မ ဟုတ်လော။ တောပင် တို့သည် အဘယ် ကဖြစ် သနည်းဟု လျှောက် ကြလျှင်၊
28 And he said, Someone has done this in hate. And the servants say to him, Is it your pleasure that we go and take them up?
၂၈အိမ်ရှင် က ဤ အမှုကား ရန်သူ ပြု သောအမှုတည်းဟု ဆို ၏။ အကျွန်ုပ်တို့သည်သွား ၍ တောပင် တို့ကို ရွေးနှုတ် စေခြင်းငှာအလို တော်ရှိသလောဟု လျှောက် ကြလျှင် ၊
29 But he says, No, for fear that by chance while you take up the evil plants, you may be rooting up the grain with them.
၂၉အိမ်ရှင် က ထိုသို့ငါအလိုမ ရှိ။ တောပင် တို့ကိုရွေးနှုတ် လျှင်စပါး ပင်တို့ကိုရောနှော ၍ နှုတ် မိမည် စိုးရိမ်စရာအကြောင်းရှိ၏။
30 Let them come up together till the getting in of the grain; and then I will say to the workers, Take up first the evil plants, and put them together for burning: but put the grain into my store-house.
၃၀စပါး ရိတ်သည်ကာလတိုင်အောင် အပင်နှစ် မျိုးတို့သည် အတူ ကြီးပွားပါလေစေ။ စပါး ရိတ်သည်ကာလ ရောက် လျှင် ၊ တောပင် တို့ကို ရှေးဦးစွာ ရွေးနှုတ် ၍ မီးရှို့ ခြင်းငှာ စည်းနှောင် ကြလော့။ စပါး ကိုကား ကျီ ၌ စုသိမ်း သွင်းထားကြလော့ဟု ရိတ် သောသူတို့အား ငါစီရင်မည်ဟု အိမ်ရှင်ဆို သည် ဟု မိန့် တော်မူ၏။
31 He put another story before them, saying, The kingdom of heaven is like a grain of mustard seed which a man took and put in his field:
၃၁အခြား သောဥပမာ စကားကို မိန့်မြွက် တော်မူသည်ကား၊ ကောင်းကင် နိုင်ငံ တော်သည် လယ် ၌ စိုက် သော မုန်ညင်း စေ့ နှင့်တူ ၏။
32 Which is smaller than all seeds; but when it has come up it is greater than the plants, and becomes a tree, so that the birds of heaven come and make their resting-places in its branches.
၃၂မုန်ညင်းစေ့သည် အစေ့ တကာ တို့ထက် ငယ် သော်လည်း၊ ကြီးပွား သောအခါ မြက်ပင် တကာတို့ထက် ကြီး သဖြင့် မိုဃ်း ကောင်းကင်ငှက် တို့သည်လာ ၍ အကိုင်းအခက် တို့၌ နားနေ မှီခိုလောက်သောအပင် ဖြစ် တတ် သည် ဟု မိန့်တော်မူ၏။
33 Another story he gave to them: The kingdom of heaven is like leaven, which a woman took, and put in three measures of meal, till it was all leavened.
၃၃အခြား သောဥပမာ စကားကို မိန့်မြွက် တော်မူသည်ကား၊ ကောင်းကင် နိုင်ငံ တော်သည် တဆေး နှင့်တူ ၏။ မိန်းမ သည် တဆေးကိုယူ ၍ မုန့်ညက် သုံး တင်း ၌ ထည့် သဖြင့်၊ မုန့်ညက်ရှိသမျှ ကို ဖောင်းကြွ စေတတ်သည် ဟု မိန့်တော်မူ၏။
34 All these things Jesus said to the people in the form of stories; and without a story he said nothing to them:
၃၄ယေရှု သည် ဤ ဥပမာ များတို့ကိုဆောင်၍ ပရိသတ် များတို့အား ဟောပြော တော်မူ၏။ ဥပမာ ကင်း ၍ ဟောပြော တော်မ မူ၊
35 That it might come true which was said by the prophet, Opening my mouth, I will give out stories; I will give knowledge of things kept secret from before all time.
၃၅ထိုသို့သော အားဖြင့် ပရောဖက် စကား ဟူမူကား၊ ငါသည်နှုတ် ကိုဖွင့် ၍ ဥပမာ များကိုမြွက်ဆို အံ့။ ကမ္ဘာ ဦး မှစ၍ ထိမ်ဝှက် သောအရာတို့ကိုဘော်ပြ ပေအံ့ဟု ဟောဘူးသောစကားသည် ပြည့်စုံ ခြင်းသို့ ရောက် သတည်း။
36 Then he went away from the people, and went into the house; and his disciples came to him, saying, Make clear to us the story of the evil plants in the field.
၃၆ထိုနောက်မှ ယေရှုသည် လူ အစုအဝေးများကိုလွှတ် ၍ အိမ် သို့ ဝင် တော်မူပြီးမှ၊ တပည့် တော်တို့သည် ချဉ်းကပ် ၍ ၊ လယ် ၌ကြဲသောတော မျိုးစေ့၏ ဥပမာ အနက်အဓိပ္ပါယ်ကို အကျွန်ုပ် တို့အား ဘော်ပြ တော်မူပါဟု လျှောက် ကြလျှင်၊
37 And he made answer and said, He who puts the good seed in the earth is the Son of man;
၃၇ကိုယ်တော် က၊ ကောင်း သောမျိုးစေ့ကို ကြဲ သောသူ သည်လူ သား ဖြစ် ၏။
38 And the field is the world; and the good seed is the sons of the kingdom; and the evil seeds are the sons of the Evil One;
၃၈လယ် ကား ဤလောက ဖြစ် ၏။ ကောင်း သောအစေ့ ကား နိုင်ငံ တော်သား ဖြစ် ၏။ တော မျိုးစေ့ကား နတ်ဆိုး သား ဖြစ် ၏။
39 And he who put them in the earth is Satan; and the getting in of the grain is the end of the world; and those who get it in are the angels. (aiōn g165)
၃၉တော မျိုးစေ့ကိုကြဲ သောရန်သူ ကား မာရ်နတ် ဖြစ် ၏။ စပါး ရိတ်သောကာလကား ဤကမ္ဘာကုန် သော ကာလ ဖြစ် ၏။ စပါးရိတ် သောသူကား ကောင်းကင်တမန် ဖြစ် ၏။ (aiōn g165)
40 As then the evil plants are got together and burned with fire, so will it be in the end of the world. (aiōn g165)
၄၀တောပင် တို့ကိုရွေးနှုတ် ၍ မီး ရှို့ သကဲ့သို့ ဤကမ္ဘာ အဆုံး ၌ ဖြစ် လတံ့။ (aiōn g165)
41 The Son of man will send out his angels, and they will take out of his kingdom everything which is a cause of error, and all those who do wrong,
၄၁လူ သား သည် မိမိ ကောင်းကင်တမန် တို့ကိုစေလွှတ် ပြီးလျှင် ၊ မှားယွင်း စေသောသူ တို့နှင့် မတရား သော အမှုကို ပြု သောသူ ရှိသမျှ တို့ကို နိုင်ငံ တော်ထဲက ရွေးနှုတ် ၍၊
42 And will put them into the fire; there will be weeping and cries of sorrow.
၄၂ငိုကြွေး ခြင်း၊ အံသွား ခဲကြိတ် ခြင်းရှိ ရာမီး ဖို ၌ ချ ကြလတံ့။
43 Then will the upright be shining as the sun in the kingdom of their Father. He who has ears, let him give ear.
၄၃ထိုအခါ ဖြောင့်မတ် သောသူ တို့သည် နေ ထွန်းလင်းသကဲ့သို့ မိမိ တို့အဘ ၏ နိုင်ငံ တော်၌ ထွန်းလင်း ကြ လတံ့။ ကြားစရာနား ရှိ သောသူ မည်သည်ကား ကြား ပါစေ။
44 The kingdom of heaven is like a secret store of wealth in a field, which a man came across and put back again; and in his joy he goes and gives all he has, to get that field.
၄၄တနည်းကား၊ ကောင်းကင် နိုင်ငံ တော်သည် လယ် ၌ ဝှက်ထား သောဘဏ္ဍာ နှင့်တူ ၏။ ထိုဘဏ္ဍာ ကိုတွေ့ သောသူ သည် တစ်ဖန် ဖုံးအုပ် ၍၊ ဝမ်းမြောက် သောစိတ်နှင့် သွား ပြီးလျှင် ၊ ရ တတ်သမျှ ကိုရောင်း ၍ ထို လယ် ကိုဝယ် တတ်၏။
45 Again, the kingdom of heaven is like a trader searching for beautiful jewels.
၄၅တနည်း ကား၊ ကောင်းကင် နိုင်ငံ တော်သည် မြတ် သောပုလဲ တို့ကိုရှာ သော ကုန်သည် နှင့်တူ ၏။
46 And having come across one jewel of great price, he went and gave all he had in exchange for it.
၄၆ထိုကုန်သည်သည် အလွန်အဘိုး ထိုက်သောပုလဲ ကိုတွေ့ သောအခါ ၊ သွား ၍ မိမိ၌ရ တတ်သမျှ ကို ရောင်း ပြီးလျှင်ထိုပုလဲ ကိုဝယ် လေ၏။
47 Again, the kingdom of heaven is like a net, which was put into the sea and took in every sort of fish:
၄၇တနည်း ကား၊ ကောင်းကင် နိုင်ငံ တော်သည် ပင်လယ် ၌ ချ ၍ အမျိုးမျိုး သောငါးတို့ကို အုပ်မိ သောပိုက်ကွန် နှင့်တူ ၏။
48 When it was full, they took it up on the sands; and seated there they put the good into vessels, but the bad they put away.
၄၈ငါးနှင့်အပြည့် ရှိသောအခါ တံငါတို့သည် ကုန်း ပေါ်သို့ ဆွဲတင် ၍ထိုင် လျက် ၊ ကောင်း သောငါးကို ခြင်း ထဲသို့ ရွေးချယ် ထည့်ထား၍ ၊ မကောင်း သောငါးကို ပြင် သို့ပစ် လိုက်ကြ၏။
49 So will it be in the end of the world: the angels will come and take out the bad from the good, (aiōn g165)
၄၉ထိုနည်းတူ ကမ္ဘာ အဆုံး ၌ ကောင်းကင်တမန် တို့သည် ဆင်းလာ ပြီးလျှင် ၊ ဖြောင့်မတ် သောသူ တို့အထဲ မှ ဆိုး သောသူ တို့ကို နှုတ်ယူ ခွဲထား၍၊ (aiōn g165)
50 And will put them into the fire: there will be weeping and cries of sorrow.
၅၀ငိုးကြွေး ခြင်း၊ အံသွား ခဲကြိတ် ခြင်းရှိ ရာ မီး ဖို ၌ ချ ကြလတံ့။
51 Are all these things now clear to you? They say to him, Yes.
၅၁ဤ အရာအလုံးစုံ တို့ကို သင်တို့သည် နားလည် ကြသလောဟု မေးတော်မူလျှင်၊ နားလည် ပါပြီသခင်ဟု တပည့်တော်တို့သည် လျှောက် ကြ၏။
52 And he said to them, For this reason every scribe who has become a disciple of the kingdom of heaven is like the owner of a house, who gives out from his store things new and old.
၅၂ကိုယ်တော် ကလည်း ၊ သို့ဖြစ်၍ ကောင်းကင် နိုင်ငံ တော်၏ အကြောင်းအရာကို သင် ပြီးသောကျမ်း ဆရာ မည်သည်ကား၊ မိမိဘဏ္ဍာ ထဲက အထူးထူးအပြားပြားသော အသစ် ဟောင်း တို့ကို ထုတ်ဘော် သောအိမ်ရှင် နှင့်တူ သည် ဟု မိန့် တော်မူ၏။
53 And when Jesus had come to the end of these stories he went away from there.
၅၃ထို ဥပမာ စကားများကို အကုန်အစင် မိန့်မြွက်တော်မူပြီးလျှင် ထို အရပ်မှကြွသွား တော်မူ၏။
54 And coming into his country, he gave them teaching in their Synagogue, so that they were greatly surprised and said, Where did this man get this wisdom and these works of power?
၅၄ထိုနောက်မှမိမိ မြို့ သို့ ရောက် တော်မူ၍ တရားစရပ် ၌ ဆုံးမ ဩဝါဒပေးလေ၏။ မြို့သားတို့သည် မိန်းမော တွေဝေခြင်းရှိကြသဖြင့် ၊ ဤ သူသည် ဤ ပညာ ကို၎င်း ၊ ဤတန်ခိုး ကို၎င်း အဘယ်မှာ ရသနည်း။
55 Is not this the woodworker's son? is not his mother named Mary? and his brothers James and Joseph and Simon and Judas?
၅၅သူသည် လက်သမား သား မ ဟုတ် လော။ သူ့ အမိ ကား မာရိ အမည် ရှိသည်မ ဟုတ်လော။ သူ့ ညီ ကား၊ ယာကုပ် ၊ ယောသေ ၊ ရှိမုန် ၊ ယုဒ ဟုဆိုကြသည်မဟုတ်လော။
56 And his sisters, are they not all with us? from where, then, has he all these things?
၅၆သူ့ နှမ များတို့သည်လည်း ငါ တို့နှင့် အနီးအပါးနေ ကြသည်မ ဟုတ်လော။ သို့ဖြစ်လျှင် ဤ သူသည် အရာ များကို အဘယ်မှာ ရသနည်းဟု ပြောဆို လျက်၊
57 And they were bitter against him. But Jesus said to them, A prophet is nowhere without honour but in his country and among his family.
၅၇စေတနာစိတ်ပျက် ကြ၏။ ယေရှု ကလည်း ၊ ပရောဖက် သည် မိမိ မြို့ ၊ မိမိ အိမ် မှတစ်ပါး အခြားသောအရပ် ၌ အသရေရှိသည် ဟု ထိုသူ တို့အား မိန့် တော်မူ၏။
58 And the works of power which he did there were small in number because they had no faith.
၅၈မြို့သား များတို့သည် မယုံကြည် ကြသောကြောင့် ၊ ထို အရပ်၌ များစွာ သောတန်ခိုး ကိုပြ တော်မ မူ။

< Matthew 13 >