< Job 41 >
1 Is it possible for Leviathan to be pulled out with a fish-hook, or for a hook to be put through the bone of his mouth?
၁လဝိသန် ကိုငါးမျှား နှင့် ဆွဲယူ ၍ ၊ သူ ၏လျှာ ကို ကြိုး နှင့် နှိပ် နင်းမည်လော။
2 Will you put a cord into his nose, or take him away with a cord round his tongue?
၂သူ့ ကို နှာရှုတ် တပ် ၍ ၊ ပါးရိုး ၌သံကွင်း လျှို မည် လော။
3 Will he make prayers to you, or say soft words to you?
၃သူသည်သင့် ကို များ စွာ တောင်းပန် လိမ့်မည်လော။ ချော့မော့ သောစကားကို ပြော လိမ့်မည်လော။
4 Will he make an agreement with you, so that you may take him as a servant for ever?
၄သင် နှင့် ဝန်ခံခြင်း ပဋိညာဉ် ကို ပြု လိမ့်မည်လော။ သင်၏အမှု ကို အစဉ် ဆောင်ရွက်စေခြင်းငှါ သူ့ ကို ခန့်ထား မည်လော။
5 Will you make sport with him, as with a bird? or put him in chains for your young women?
၅ငှက် နှင့်ကစားသကဲ့သို့ သူ နှင့် ကစား မည်လော။ သင် ၏မိန်းမ ကလေးတို့အဘို့ သူ့ ကိုချည်နှောင် မည်လော။
6 Will the fishermen make profit out of him? will they have him cut up for the traders?
၆သင်၏အပေါင်း အဘော်တို့သည် သူ့ ကိုဝိုင်း၍ စားသောက် ပွဲခံကြလိမ့်မည်လော။ ကုန်သည် တို့တွင် ဝေ ကြလိမ့်မည်လော။
7 Will you put sharp-pointed irons into his skin, or fish-spears into his head?
၇သူ ၏အရေ ကို မှိန်း နှင့် ၎င်း ၊ သူ ၏ခေါင်း ကို ငါး ထိုးသောလှံ နှင့် ၎င်း၊ အနှံ့အပြား ထိုးဖောက်နိုင် သလော ။
8 Only put your hand on him, and see what a fight you will have; you will not do it again!
၈သူ့ အပေါ် မှာ လက် တင် ရုံမျှသာ ပြုပါ။ သူ့ကို တိုက် မည်အကြံကို နောက် တဖန်မ အောက်မေ့ ရ။
9 Truly, the hope of his attacker is false; he is overcome even on seeing him!
၉တိုက်သောသူသည်နိုင်မည်ဟု အချည်းနှီးထင်၏။ မြင် ကာမျှနှင့် စိတ်မပျက်သလော။
10 He is so cruel that no one is ready to go against him. Who then is able to keep his place before me?
၁၀သူ့ ကိုနှိုးဆော် ခြင်းငှါ အဘယ်သူမျှမ ရဲရင့်။ သို့ဖြစ်၍ ငါ့ ရှေ့ မှာ အဘယ်သူ ရပ် နိုင်သနည်း။
11 Who ever went against me, and got the better of me? There is no one under heaven!
၁၁ငါသည် ကျေးဇူး တုံ့ပြုရမည်အကြောင်း အဘယ်သူ သည် ငါ ၌ ကျေးဇူး ပြုဘူးသနည်း။ မိုဃ်း ကောင်းကင်အောက် ၌ ရှိရှိသမျှ တို့သည် ငါ ၏ ဥစ္စာဖြစ်ကြ၏။
12 I will not keep quiet about the parts of his body, or about his power, and the strength of his frame.
၁၂လဝိသန်၏အင်္ဂါများ၊ ခွန်အား ၊ တင့်တယ် သော တန်ဆာ တို့ကို ငါသည်ဝှက် ၍မ ထား။
13 Who has ever taken off his outer skin? who may come inside his inner coat of iron?
၁၃သူ ၏အဝတ် ကို အဘယ်သူ လှန် နိုင်သနည်း။ နှစ် ထပ်ရှိ သောပါးရိုး ကို အဘယ်သူ ချဉ်းကပ် လိမ့်မည်နည်း။
14 Who has made open the doors of his face? Fear is round about his teeth.
၁၄သူ ၏မျက်နှာ တံခါး ကို အဘယ်သူ ဖွင့် လိမ့်မည်နည်း။ သူ ၏ သွား တန်းတို့သည် ကြောက်မက် ဘွယ် ဖြစ်ကြ၏။
15 His back is made of lines of plates, joined tight together, one against the other, like a stamp.
၁၅လုံခြုံ စွာ တံဆိပ် ခတ်သကဲ့သို့တချပ်နှင့် တချပ် ပူးကပ်သောအကြေး များနှင့် ဝါကြွား တတ်၏။
16 One is so near to the other that no air may come between them.
၁၆လေ မျှမ ဝင် နိုင်အောင် တချပ် နှင့်တချပ် ပူးကပ် လျက်ရှိကြ၏။
17 They take a grip of one another; they are joined together, so that they may not be parted.
၁၇တချပ် နှင့်တချပ် မ ခွါ နိုင်အောင် တခဲနက် ရှက်တင် လျက်ရှိကြ၏။
18 His sneezings give out flames, and his eyes are like the eyes of the dawn.
၁၈သူ ချေဆတ် သောအခါ အလင်း တောက် တတ်၏။ သူ့ မျက်စိ သည် နံနက် မျက်တောင် ခတ်သကဲ့သို့ ဖြစ်၏။
19 Out of his mouth go burning lights, and flames of fire are jumping up.
၁၉ပစပ် ထဲက မီးရူး ထွက်၍ မီးပွါး တို့လည်း လွင့် ကြ၏။
20 Smoke comes out of his nose, like a pot boiling on the fire.
၂၀ကြွက်ကြွက်ဆူ သော အိုးကင်း ထဲက အခိုးအငွေ့တက်သကဲ့သို့ သူ့ နှာခေါင်း ထဲက အခိုးအငွေ့ တက် တတ် ၏။
21 His breath puts fire to coals, and a flame goes out of his mouth.
၂၁အသက် ရှူသောအခါ မီးခဲ တောက် ၍ ပစပ် ထဲက မီးလျှံ ထွက် တတ်၏။
22 Strength is in his neck, and fear goes dancing before him.
၂၂လည်ပင်း ၌ တန်ခိုး နေ တတ်၏။ သူ့ ရှေ့ မှာ ကြောက်လန့် ခြင်းသည် ကခုန် တတ်၏။
23 The plates of his flesh are joined together, fixed, and not to be moved.
၂၃အသား အကြောတို့သည် တခဲနက် ဖြစ်၍မ ရွေ့ နိုင်အောင် ခိုင်မာ လျက် ရှိကြ၏။
24 His heart is as strong as a stone, hard as the lower crushing-stone.
၂၄နှလုံး သည် ကျောက် ကဲ့သို့ မာ ၏။ အောက် ကြိတ်ဆုံ ကျောက်ကဲ့သို့ မာ ၏။
25 When he gets ready for the fight, the strong are overcome with fear.
၂၅သူ ထ သောအခါ ခွန်အား ကြီးသောသူတို့သည် ကြောက်လန့် ကြ၏။ ကြောက်လန့်အားကြီးသောကြောင့်အရူးကဲ့သို့ဖြစ်ကြ၏။
26 The sword may come near him but is not able to go through him; the spear, or the arrow, or the sharp-pointed iron.
၂၆သူ့ကိုတိုက်လျှင်ထား မ ခိုင် တတ်။ လှံ ၊ မြှား ၊ သံချပ် မခိုင်တတ်။
27 Iron is to him as dry grass, and brass as soft wood.
၂၇သံ ကို ကောက်ရိုး ကဲ့သို့ ၎င်း၊ ကြေးဝါ ကို သစ် ဆွေး ကဲ့သို့ ၎င်း မှတ် တတ်၏။
28 The arrow is not able to put him to flight: stones are no more to him than dry stems.
၂၈လေး နှင့်ပစ်၍ သူ့ ကိုမ ပြေး စေနိုင်။ လောက်လွှဲ နှင့်ပစ်သောကျောက်ခဲ တို့သည် သူ ၌ အမှိုက် ကဲ့သို့ ဖြစ် ကြ၏။
29 A thick stick is no better than a leaf of grass, and he makes sport of the onrush of the spear.
၂၉ဒုတ် ကြီးကို ဖွဲ ကဲ့သို့ မှတ် ၍ ၊ လှံ နှင့်ရွယ်သောအခါ ရယ် တတ်၏။
30 Under him are sharp edges of broken pots: as if he was pulling a grain-crushing instrument over the wet earth.
၃၀သူ့ အောက် မှာ ထက် သောအိုး စောင်းခြမ်းများရှိ၏။ ရွံ့ ပေါ် မှာ ထွန်သွား များကို ဖြန့် တတ်၏။
31 The deep is boiling like a pot of spices, and the sea like a perfume-vessel.
၃၁အိုးကင်း ဆူသကဲ့သို့ ပင်လယ်ကိုဆူ စေတတ်၏။ သမုဒ္ဒရာ ကို ဘယောင်းချက် ကဲ့သို့ ဖြစ် စေတတ်၏။
32 After him his way is shining, so that the deep seems white.
၃၂သူ လွန် သွားသောလမ်း သည် ထွန်းတောက် သဖြင့်၊ ပင်လယ် သည် ဆံပင် ဖြူယောင်ဆောင် တတ်၏။
33 On earth there is not another like him, who is made without fear.
၃၃မြေ ပေါ် မှာသူ နှင့်ခိုင်းနိုင်သော တိရစ္ဆာန်မ ရှိ။ ပကတိအားဖြင့်ကြောက် တတ်သောသဘောနှင့်ကင်းလွတ် ၏။
34 Everything which is high goes in fear of him; he is king over all the sons of pride.
၃၄ကြီး မြင့်သောအရာရှိသမျှ တို့ကို မထီမဲ့မြင်ပြုတတ် ၏။ မာန ထောင်လွှားသောသူအပေါင်း တို့အပေါ် ၌ မင်း ဖြစ်သည်ဟု မိန့်တော်မူ၏။