< Jeremiah 37 >

1 And Zedekiah, the son of Josiah, became king in place of Coniah, the son of Jehoiakim, whom Nebuchadrezzar, king of Babylon, made king in the land of Judah.
ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ယုဒ ရှင်ဘုရင်အရာ၌ ခန့်ထားသော ယောယကိမ် သား ခေါနိ အရာ ၌၊ ယောရှိ မင်းကြီး၏ သား ဇေဒကိ မင်းကြီး သည် နန်းထိုင် လေ၏။
2 But he and his servants and the people of the land did not give ear to the words of the Lord which he said by Jeremiah the prophet.
ထာဝရဘုရား သည် ယေရမိ အားဖြင့် မိန့် တော်မူ သော စကား တော်တို့ကို၊ ထိုမင်းကြီး အစ ရှိသော ကျွန် များ၊ ပြည်သူ ပြည်သားများတို့သည် နား မ ထောင်ဘဲ နေကြ၏။
3 And Zedekiah the king sent Jehucal, the son of Shelemiah, and Zephaniah, the son of Maaseiah the priest, to the prophet Jeremiah, saying, Make prayer now to the Lord our God for us.
တရံရောအခါဇေဒကိ မင်းကြီး သည်၊ ရှေလမိ သား ယေဟုကလ နှင့် ယဇ်ပုရောဟိတ် မာသေယ သား ဇေဖနိ တို့ကို ပရောဖက် ယေရမိ ထံ သို့ စေလွှတ် ၍ ၊ ငါ တို့ အဘို့ ငါ တို့ဘုရား သခင်ထာဝရဘုရား အား ဆုတောင်း ပါလော့ဟု မှာ လိုက်၏။
4 (Now Jeremiah was going about among the people, for they had not put him in prison.
ထို အခါ ယေရမိ သည် ထောင် ထဲသို့ မ ရောက် သေး။ လူ များ တို့နှင့် ပေါင်းဘော် လျက် နေသေး၏။
5 And Pharaoh's army had come out from Egypt: and the Chaldaeans, who were attacking Jerusalem, hearing news of them, went away from Jerusalem.)
ယေရုရှလင် မြို့ကို ဝိုင်း သော ခါလဒဲ လူတို့သည်၊ အဲဂုတ္တု ပြည်မှ ဖာရော ဘုရင်၏ ဗိုလ်ခြေ များစစ်ချီ ၍ လာကြောင်းကို ကြား လျှင် ၊ ထို မြို့မှ ထွက်သွား ကြပြီ။
6 Then the word of the Lord came to the prophet Jeremiah, saying,
ထိုအခါ ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ပရောဖက် ယေရမိ သို့ ရောက် ၍၊
7 The Lord, the God of Israel, has said: This is what you are to say to the king of Judah who sent you to get directions from me: See, Pharaoh's army, which has come out to your help, will go back to Egypt, to their land.
ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ့ ကိုမေး လျှောက် စေခြင်းငှါ ၊ သင့်ကိုမှာ လိုက်သော ယုဒ ရှင်ဘုရင် အား ဤသို့ ပြန်ပြော လော့။ သင် တို့ကို စစ်ကူ ခြင်းငှါ လာ သော ဖာရော ဘုရင်၏ ဗိုလ်ခြေ တို့သည်သူ တို့နေရင်း အဲဂုတ္တု ပြည် သို့ ပြန် သွားကြ လိမ့်မည်။
8 And the Chaldaeans will come back again and make war against this town and they will take it and put it on fire.
ခါလဒဲ လူတို့သည် လာ ပြန်၍ ၊ ဤ မြို့ ကို တိုက် ယူ ပြီးလျှင် မီးရှို့ ကြလိမ့်မည်။
9 The Lord has said, Have no false hopes, saying to yourselves, The Chaldaeans will go away from us: for they will not go away.
ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အကယ်စင်စစ် ခါလဒဲ လူတို့သည် ငါ တို့ထံ မှ ထွက်သွား ကြလိမ့်မည်ဟု ဆို၍ ကိုယ် ကိုကိုယ်မ လှည့်စား ကြနှင့်။ သူတို့သည် ထွက်၍ မ သွား ရကြ။
10 For even if you had overcome all the army of the Chaldaeans fighting against you, and there were only wounded men among them, still they would get up, every man in his tent, and put this town on fire.
၁၀ထိုမျှမက၊ သင် တို့ကို စစ် တိုက်သော ခါလဒဲ စစ်သူရဲ အပေါင်း တို့ကို သင်တို့သည်လုပ်ကြံ သဖြင့် ၊ သူ တို့ တွင် ဒဏ်ချက်ထိ သော သူ သက်သက်ကျန်ကြွင်း သော်လည်း ၊ သူတို့သည် အသီးအသီးမိမိ တို့တဲ ၌ ထ ၍ ၊ ဤ မြို့ ကို မီးရှို့ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
11 And it came about that when the Chaldaean army outside Jerusalem had gone away for fear of Pharaoh's army,
၁၁ခါလဒဲ စစ်သူရဲ တို့သည် ဖာရော ဘုရင်၏ဗိုလ်ခြေ တို့ကို ကြောက်ရွံ့၍၊ ယေရုရှလင် မြို့မှ ဆုတ် သွားကြသောအခါ ၊
12 Jeremiah went out of Jerusalem to go into the land of Benjamin, with the purpose of taking up his heritage there among the people.
၁၂ယေရမိ သည်မိမိအမျိုး ၌ မိမိအမွေဥစ္စာကို ခံ အံ့သောငှါ ၊ ဗင်္ယာမိန် ပြည် သို့သွား မည်ဟု အကြံရှိ၍ ယေရုရှလင် မြို့မှ ထွက်သွား လေ၏။
13 But when he was at the Benjamin door, a captain of the watch named Irijah, the son of Shelemiah, the son of Hananiah, who was stationed there, put his hand on Jeremiah the prophet, saying, You are going to give yourself up to the Chaldaeans.
၁၃ဗင်္ယာမိန် တံခါးဝ သို့ ရောက်သောအခါ၊ ဟာနနိ သား ဖြစ်သော ရှေလမိ ၏ သား ကင်း မှူး ဣရိယ က၊ သင် သည်ခါလဒဲ လူတို့ဘက်သို့ ကူး သွားပါသည် တကား ဟုဆို လျက်၊ ပရောဖက် ယေရမိ ကိုဘမ်းဆီး လေ၏။
14 Then Jeremiah said, That is not true; I am not going to the Chaldaeans. But he would not give ear to him: so Irijah made him prisoner and took him to the rulers.
၁၄ယေရမိ ကလည်း ၊ မဟုတ် ပါ။ ခါလဒဲ လူတို့ ဘက်သို့ ငါ မ ကူး မသွားပါဟုဆိုသော်လည်း ၊ ဣရိယ သည် နား မ ထောင်ဘဲ၊ ယေရမိ ကို ယူ ၍ မင်း များထံသို့ ပို့ဆောင် လေ၏။
15 And the rulers were angry with Jeremiah, and gave him blows and put him in prison in the house of Jonathan the scribe: for they had made that the prison.
၁၅မင်း များတို့သည် အမျက် ထွက်၍ ယေရမိ ကို ရိုက် ပြီးမှ ၊ စာရေး တော်ယောနသန် ၏အိမ် ၌ လှောင် ထားကြ၏။ ထိုအိမ် ကို လှောင် အိမ် လုပ် နှင့်သတည်း။
16 So Jeremiah came into the hole of the prison, under the arches, and was there for a long time.
၁၆ယေရမိ သည် အိမ် အောက်မြေတွင်း ၊ လှောင် အိမ်ထဲသို့ ရောက် ၍ ၊ နေ့ရက် များ စွာနေ ရသောနောက် ၊
17 Then King Zedekiah sent and got him out: and the king, questioning him secretly in his house, said, Is there any word from the Lord? And Jeremiah said, There is. Then he said, You will be given up into the hands of the king of Babylon.
၁၇ဇေဒကိ မင်းကြီး သည် လူကိုစေလွှတ် ၍ ယေရမိ ကိုနှုတ် ပြီးမှ ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ရှိ သလောဟု နန်းတော် ၌ တိတ်ဆိတ် စွာ မေးမြန်း လျှင် ၊ ယေရမိ က၊ နှုတ်ကပတ်တော်ရှိ ပါ၏။ ကိုယ်တော်သည် ဗာဗုလုန် ရှင်ဘုရင် လက် သို့ ရောက် ပါလိမ့်မည်ဟု ပြန်လျှောက် ၏။
18 Then Jeremiah said to King Zedekiah, What has been my sin against you or against your servants or against this people, that you have put me in prison?
၁၈တဖန် ယေရမိ က၊ အကျွန်ုပ်သည် ကိုယ်တော် ကို ပြစ်မှား သလော ။ ကိုယ်တော် ၏ကျွန် တို့ကို ပြစ်မှားသလော။ ဤ လူမျိုး ကို ပြစ်မှားသလော။ အဘယ်မည် သောအပြစ်ကြောင့် အကျွန်ုပ် ကို လှောင် ထားကြသနည်း။
19 Where now are your prophets who said to you, The king of Babylon will not come against you and against this land?
၁၉ဗာဗုလုန် ရှင် ဘုရင်သည် သင် တို့နှင့် ဤ ပြည် ကို မ တိုက် မလာရဟု ဟောပြော သော သင် တို့၏ ပရောဖက် တို့သည် ယခုအဘယ် မှာ ရှိကြသနည်း။
20 And now be pleased to give ear, O my lord the king; let my prayer for help come before you, and do not make me go back to the house of Jonathan the scribe, for fear that I may come to my death there.
၂၀သို့ဖြစ်၍၊ အကျွန်ုပ် သခင် အရှင်မင်းကြီး ၊ နားထောင် တော်မူပါ။ အကျွန်ုပ် တောင်းပန် သောစကားကို နားခံ တော်မူပါ။ အကျွန်ုပ်ကို သေ စေခြင်းငှါ ၊ စာရေး တော်ယောနသန် အိမ် သို့ ပြန် စေတော်မ မူပါနှင့်ဟု ဇေဒကိ မင်းကြီး ကို လျှောက်ဆို ၏။
21 Then by the order of Zedekiah the king, Jeremiah was put into the place of the armed watchmen, and they gave him every day a cake of bread from the street of the bread-makers, till all the bread in the town was used up. So Jeremiah was kept in the place of the armed watchmen.
၂၁ထိုအခါ ဇေဒကိ မင်းကြီး အမိန့် တော်ရှိ၍ ၊ ယေရမိ ကို ထောင် ဝင်း ၌ ထား ကြ၏။ မြို့ တွင် မုန့် မ ကုန် မှီ တိုင်အောင်၊ မုန့် သည် တန်းမှ မုန့် တလုံးကို နေ့ တိုင်း အစဉ်ပေး ရ၏။ ထိုသို့ ယေရမိ သည် ထောင် ဝင်း ထဲမှာ နေ လေ၏။

< Jeremiah 37 >