< Jeremiah 32 >
1 The word which came to Jeremiah from the Lord in the tenth year of Zedekiah, king of Judah, which was the eighteenth year of Nebuchadrezzar.
၁နေဗုခဒ်နေဇာ နန်းစံတဆယ် ရှစ် နှစ် ၊ ယုဒ ရှင်ဘုရင် ဇေဒကိ နန်းစံဆယ် နှစ် တွင် ၊ ထာဝရဘုရား ထံ တော်မှ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာ၏။
2 Now at that time the king of Babylon's army was round Jerusalem, shutting it in: and Jeremiah the prophet was shut up in the place of the armed watchmen, in the house of the king of Judah.
၂ထိုအခါ ဗာဗုလုန် ရှင်ဘုရင် ၏ စစ်သူရဲ တို့သည် ယေရုရှလင် မြို့ကို ဝိုင်း ထားကြပြီ။ ပရောဖက် ယေရမိ သည် ယုဒ ရှင်ဘုရင် ၏ နန်းတော် ထောင် ဝင်း ထဲမှာ အချုပ် ခံလျက်နေ ရ၏။
3 For Zedekiah, king of Judah, had had him shut up, saying, Why have you, as a prophet, been saying, The Lord has said, See, I will give this town into the hands of the king of Babylon, and he will take it;
၃အကြောင်းမူကား၊ ယုဒ ရှင်ဘုရင် ဇေဒကိ သည် ခေါ်၍၊ ထာဝရဘုရား က၊ ဤ မြို့ ကို ဗာဗုလုန် ရှင်ဘုရင် လက် သို့ ငါ အပ် ၍ ၊ သူသည် သိမ်း ယူလိမ့်မည်။
4 And Zedekiah, king of Judah, will not get away from the hands of the Chaldaeans, but will certainly be given up into the hands of the king of Babylon, and will have talk with him, mouth to mouth, and see him, eye to eye.
၄ယုဒ ရှင်ဘုရင် ဇေဒကိ သည် ခါလဒဲ လူတို့ လက် နှင့် မ လွတ် ၊ ဗာဗုလုန် ရှင်ဘုရင် လက် သို့ ဆက်ဆက် ရောက် လိမ့်မည်။ မျက်နှာချင်းဆိုင်၍ စကားပြော လျက် ၊ တယောက်ကို တယောက်ကြည့်ရှုလျက် တွေ့ ရလိမ့်မည်။
5 And he will take Zedekiah away to Babylon, where he will be till I have pity on him, says the Lord: though you are fighting with the Chaldaeans, things will not go well for you?
၅ဇေဒကိ ကိုလည်း ဗာဗုလုန် မြို့သို့ ဆောင်သွား လိမ့်မည်။ ငါ အကြည့် အရှုမ လာမှီတိုင်အောင်၊ ထို မြို့၌ နေ ရလိမ့်မည်။ သင်တို့သည် ခါလဒဲ လူတို့ကို စစ်တိုက် ၍ မ နိုင် ရကြဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို၊ သင် သည် အဘယ်ကြောင့်ပရောဖက်ပြု၍ ဟောသနည်းဟု ဆို၍ ထောင်ထဲမှာ လှောင်ထားသတည်း။
6 And Jeremiah said, The word of the Lord came to me, saying,
၆ထိုအခါ ယေရမိ က၊ ငါ့ ဆီသို့ ရောက် လာသောထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား၊
7 See, Hanamel, the son of Shallum, your father's brother, will come to you and say, Give the price and get for yourself my property in Anathoth: for you have the right of the nearest relation.
၇သင် ၏ဘ ထွေး ရှလ္လုံ သား ဟာနမေလ သည် သင့် ထံ သို့လာ ၍၊ အာနသုတ် မြို့မှာ ရှိသော ကျွန်ုပ် လယ် ကို သင် သည် ရွေး ပိုင်သောကြောင့် ၊ ဝယ် ပါဟု ပြောဆို လိမ့်မည်အကြောင်းကို ထာဝရဘုရား မိန့်တော်မူသည်နှင့်အညီ ၊
8 So Hanamel, the son of my father's brother, came to me, as the Lord had said, to the place of the armed watchmen, and said to me, Give the price and get my property which is in Anathoth in the land of Benjamin: for you have the nearest relation's right to the heritage; so get it for yourself. Then it was clear to me that this was the word of the Lord.
၈ငါ့ ဘထွေး သား ဟာနမေလ သည် ငါ ရှိရာထောင်ဝင်းထဲသို့ လာ ၍ ၊ ဗင်္ယာမိန် ခရိုင် ၊ အာနသုတ် မြို့၌ ရှိသော ကျွန်ုပ် လယ် ကို ဝယ် ပါလော့။ သင် သည် အမွေခံ ပိုင်သော အခွင့် နှင့် ရွေး ပိုင်သော အခွင့်ရှိသည် ဖြစ်၍၊ ကိုယ် အဘို့ ဝယ် ပါဟု ငါ့ အား ပြောဆို ၏။ ထိုအခါ ထာဝရ ဘုရား စီရင်တော်မူသောအမှု ဖြစ်ကြောင်း ကို ငါသိ သောကြောင့် ၊
9 So I got for a price the property in Anathoth from Hanamel, the son of my father's brother, and gave him the money, seventeen shekels of silver;
၉အာနသုတ် မြို့၌ ရှိသော ငါ့ ဘထွေး သား ဟာနမေလ ၏လယ် ကို ငါဝယ် ၍ လယ်ဘိုးငွေ တဆယ် ခုနစ် ကျပ် ကို ချိန် ပေးလေ၏။
10 And I put it in writing, stamping it with my stamp, and I took witnesses and put the money into the scales.
၁၀စာချုပ်ကိုလည်း စီရင် ၍ တံဆိပ် ခတ်ပြီးမှ ၊ သက်သေ တို့ကိုခေါ် ၍ ငွေ ကို ချိန်ခွင် နှင့် ချိန် ပေး၏။
11 So I took the paper witnessing the business, one copy rolled up and stamped, and one copy open:
၁၁ဓမ္မသတ် ထုံးစံအတိုင်း တံဆိပ် ခတ်သော စာချုပ် တစောင်နှင့် ဖွင့် ထားသောလက်ခံ တစောင်ကို ယူ ၍ ၊
12 And I gave the paper to Baruch, the son of Neriah, the son of Mahseiah, before the eyes of Hanamel, the son of my father's brother, and of the witnesses who had put their names to the paper, and before all the Jews who were seated in the place of the armed watchmen.
၁၂ဘထွေး သား ဟာနမေလ အစ ရှိသော၊ စာချုပ် ၌ အမည်ပါ သောသက်သေ များ၊ ထောင် ဝင်း ထဲ မှာ ထိုင် နေသော ယုဒ လူများအပေါင်း တို့ရှေ့ တွင်၊ မာသေယ သား ဖြစ်သော နေရိ ၏သား ဗာရုတ် ၌ အပ် လျက်၊
13 And I gave orders to Baruch in front of them, saying,
၁၃ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊
14 This is what the Lord of armies, the God of Israel, has said: Take these papers, the witness of this business, the one which is rolled up and stamped, and the one which is open; and put them in a vessel of earth so that they may be kept for a long time.
၁၄တံဆိပ် ခတ်သော ဤ စာချုပ် တစောင်နှင့် ဖွင့် ထားသော ဤ လက်ခံ တစောင်ကို ယူ၍၊ ကာလ ကြာမြင့် စွာ တည် နေစေခြင်းငှါ မြေ အိုး ၌ ထား လော့။
15 For the Lord of armies, the God of Israel, has said, There will again be trading in houses and fields and vine-gardens in this land.
၁၅ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ ပြည် ၌ အိမ် ၊ လယ် ယာ၊ စပျစ် ဥယျာဉ်တို့ကို ပိုင် ရကြ လေဦး မည်ဟု မိန့် တော်မူကြောင်းကို ပြန်ပြောသဖြင့်၊ ထိုသူ တို့ရှေ့ မှာ ဗာရုတ် ကိုမှာ ထားလေ၏။
16 Now after I had given the paper to Baruch, the son of Neriah, I made my prayer to the Lord, saying,
၁၆ထိုသို့ နေရိ သား ဗာရုတ် ၌ စာချုပ် ကို အပ် ပြီးမှ ၊ ထာဝရဘုရား အား ငါဆုတောင်း သော ပဌနာ စကား ဟူမူကား၊
17 Ah Lord God! see, you have made the heaven and the earth by your great power and by your outstretched arm, and there is nothing you are not able to do:
၁၇အို အရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် မဟာ တန်ခိုး နှင့် လက်ရုံး တော်ကိုဆန့် ၍၊ ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူပြီ။ ကိုယ်တော် မ တတ်နိုင် သော အရာ တစုံတခု မျှ မ ရှိပါ။
18 You have mercy on thousands, and send punishment for the evil-doing of the fathers on their children after them: the great, the strong God, the Lord of armies is his name:
၁၈ကိုယ်တော်သည် လူအထောင် အသောင်းတို့အား ကရုဏာ ကျေးဇူးပြု လျက်၊ အဘ တို့၏အပြစ် ကို နောက် ဖြစ်သောသား တို့၏ ခေါင်း ပေါ် သို့ သက်ရောက် စေတော်မူ ၏။ အလွန်ကြီးမြတ် သောဘုရား ၊ မဟာတန်ခိုး တော်နှင့် ပြည့်စုံသော ဘုရားဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ဟူသောဘွဲ့ နာမရှိတော်မူ၏။
19 Great in wisdom and strong in act: whose eyes are open on all the ways of the sons of men, giving to everyone the reward of his ways and the fruit of his doings:
၁၉ထူးဆန်း သော အကြံ ကိုကြံ၍ ၊ ထူးဆန်း သော အမှု ကို စီရင်တော်မူလျက်၊ လူ အသီး အသီးတို့ ကျင့်ကြံ ပြုမူ သည် အတိုင်း အကျိုးအပြစ်ကိုပေး ခြင်းငှါ ၊ လူ သား များ သွားလာသောလမ်း အလုံးစုံ တို့ကို အစဉ်ကြည့်ရှု လျက်နေတော်မူ၏။
20 You have done signs and wonders in the land of Egypt, and even to this day, in Israel and among other men; and have made a name for yourself as at this day;
၂၀အဲဂုတ္တု ပြည် ၊ ဣသရေလ ပြည်အစရှိသော လူ အမျိုးမျိုးတို့၌ နိမိတ် လက္ခဏာအံ့ဘွယ် သော အမှုတို့ကို ယနေ့ တိုင်အောင် ပြ တော်မူသဖြင့် ၊ ယခု ကဲ့သို့ အစဉ် ကျော်စောသော သိတင်းရှိ တော်မူ၏။
21 And have taken your people Israel out of the land of Egypt with signs and with wonders and with a strong hand and an outstretched arm, causing great fear;
၂၁နိမိတ် လက္ခဏာ အံ့ဘွယ် သောအမှုတို့ကို ပြလျက်၊ အားကြီး သော လက် ၊ ဆန့် တော်မူသောလက်ရုံး ၊ အလွန် ကြောက်မက် ဘွယ်သော အခြင်းအရာနှင့် တကွ၊ ကိုယ်တော် ၏ ဣသရေလလူ တို့ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်တော်မူ၍၊
22 And have given them this land, which you gave your word to their fathers to give them, a land flowing with milk and honey;
၂၂ငါပေး မည်ဟု ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော ပြည် တည်းဟူသော၊ နို့ နှင့် ပျားရည် စီးသော ဤ ပြည် ကိုပေး သနားတော်မူသဖြင့်၊
23 And they came in and took it for their heritage, but they did not give ear to your voice, and were not ruled by your law; they have done nothing of all you gave them orders to do: so you have made all this evil come on them:
၂၃သူတို့သည် ဝင် ၍ သိမ်းယူ ကြသော်လည်း ၊ အမိန့် တော်ကို နား မထောင်၊ တရား တော်လမ်းသို့ မ လိုက် ၊ မှာ ထားတော်မူသော အကျင့် တစုံတခုကိုမျှ မ ကျင့် ဘဲ နေသောကြောင့် ၊ ယခုခံရသမျှသော ဘေးဥပဒ် တို့ကို သူ တို့အပေါ်သို့ ရောက် စေတော်မူပြီ။
24 See, they have made earthworks against the town to take it; and the town is given into the hands of the Chaldaeans who are fighting against it, because of the sword and need of food and disease: and what you have said has taken place, and truly you see it.
၂၄ပြအိုး မြေရိုးတို့ကိုကြည့်ရှုတော်မူပါ။ မြို့ တော်ကို တိုက် ယူခြင်းငှါ ရောက် ကြပါပြီ။ ထား ဘေး၊ မွတ်သိပ် ခြင်း ဘေး၊ ကာလနာ ဘေးတို့ဖြင့် တိုက် သော ခါလဒဲ လူတို့ လက် သို့ မြို့ တော်ကို အပ် တော်မူပြီ။ မိန့် တော်မူသော စကားပြည့်စုံ ကြောင်းကိုလည်း ကိုယ်တော် တိုင် မြင် တော်မူ၏။
25 And you have said to me, Give the money to get yourself a property, and have the business witnessed; though the town is given into the hands of the Chaldaeans.
၂၅ထိုမြို့ တော်သည် ခါလဒဲ လူတို့လက် သို့ ရောက် သော်လည်း၊ အိုအရှင် ထာဝရဘုရား ၊ ထိုလယ် ကို ငွေ နှင့် ဝယ် ၍ ၊ သက်သေ တို့ကို ခေါ် ထား ရမည်အကြောင်းမိန့် တော်မူပါပြီတကားဟု လျှောက်လေ ၏။
26 And the word of the Lord came to Jeremiah, saying,
၂၆ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ယေရမိ သို့ ရောက် လာသည်ကား၊
27 See, I am the Lord, the God of all flesh: is there anything so hard that I am unable to do it?
၂၇ငါ ထာဝရဘုရား သည် ခပ်သိမ်း သော သတ္တဝါ တို့ကို အစိုးရသောဘုရား သခင်ဖြစ်၏။ ငါ မ တတ်နိုင် သော အရာ တစုံတခု ရှိလိမ့်မည်လော။
28 So this is what the Lord has said: See, I am giving this town into the hands of the Chaldaeans and into the hands of Nebuchadrezzar, the king of Babylon, and he will take it:
၂၈သို့ဖြစ်၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ မြို့ ကို ခါလဒဲ လူတို့ လက် သို့ ၎င်း ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ လက် သို့ ၎င်း ငါ အပ် ၍၊ သူသည် သိမ်းယူ လိမ့်မည်။
29 And the Chaldaeans, who are fighting against this town, will come and put the town on fire, burning it together with the houses, on the roofs of which perfumes have been burned to the Baal, and drink offerings have been drained out to other gods, moving me to wrath.
၂၉ဤ မြို့ ကို တိုက် သော ခါလဒဲ လူတို့သည်ဝင် ၍ မီးရှို့ ကြလိမ့်မည်။ ငါ့ အမျက် ကိုနှိုးဆော်ခြင်းငှါ ဗာလ ဘုရားအဘို့ အိမ်မိုး ပေါ် မှာ နံ့သာပေါင်းကိုမီးရှို ၍ ၊ အခြား တပါးသော ဘုရား တို့အဘို့ သွန်းလောင်း ရာပူဇော် သက္ကာ ကိုပြုရာ အိမ် များနှင့် တကွ၊ တမြို့ လုံးကို မီးလောင် စေကြ လိမ့်မည်။
30 For the children of Israel and the children of Judah have done nothing but evil in my eyes from their earliest years: the children of Israel have only made me angry with the work of their hands, says the Lord.
၃၀အကြောင်း မူကား၊ ဣသရေလ အမျိုးသား တို့နှင့် ယုဒ အမျိုးသား တို့သည်၊ ငယ် သော အရွယ်မှစ၍ ငါ့ ရှေ့ မှာ ဒုစရိုက် ကိုသာ ပြု ကြပြီ။ မိမိ တို့ ပြု လေရာရာ၌ ငါ့ အမျက် ကို နှိုးဆော်ခြင်းငှါ သာ ပြုကြပြီ။
31 For this town has been to me a cause of wrath and of burning passion from the day of its building till this day, so that I put it away from before my face:
၃၁ဣသရေလ အမျိုး နှင့် ယုဒ အမျိုး ၏ရှင်ဘုရင် ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ ယုဒ ပြည်သူ ယေရုရှလင် မြို့သား တို့သည် ငါ့ အမျက် ကိုနှိုးဆော်ခြင်းငှါ ပြု လေသမျှ သောဒုစရိုက် ကြောင့် ၊
32 Because of all the evil of the children of Israel and of the children of Judah, which they have done to make me angry, they and their kings, their princes, their priests, and their prophets, and the men of Judah and the people of Jerusalem.
၃၂ဤ မြို့ ကို ငါ့ ထံမှ ငါပယ်ရှား မည်အကြောင်း ၊ မြို့ တည် သော နေ့ မှစ၍ ယနေ့ တိုင်အောင် ၊ ငါ့ အမျက် ထွက်၍၊ အမျက် အရှိန်အားကြီး စေသောမြို့ဖြစ်၏။
33 And they have been turning their backs and not their faces to me: and though I was their teacher, getting up early and teaching them, their ears were not open to teaching.
၃၃သူတို့သည် ငါ့ ကို မျက်နှာ မ ပြုဘဲ ကျောခိုင်း ကြပြီ။ ငါသည် စောစောထ ၍ အထပ်ထပ်ဆုံးမ သွန်သင် သော်လည်း ၊ ငါ၏ဩဝါဒ ကို ခံ လိုသောငှါ နား မ ထောင်ကြ။
34 But they put their disgusting images into the house which is named by my name, making it unclean.
၃၄ငါ ၏နာမ ဖြင့် သမုတ် သော ဗိမာန် ကို ညစ်ညှုး စေခြင်းငှါ ၊ စက်ဆုပ် ရွံရှာဘွယ်သော အရာတို့ကို သွင်း ထားကြပြီတကား၊
35 And they put up the high places of the Baal in the valley of the son of Hinnom, making their sons and their daughters go through the fire to Molech; which I did not give them orders to do, and it never came into my mind that they would do this disgusting thing, causing Judah to be turned out of the way.
၃၅သူ တို့သား သမီး တို့ကို မောလုပ် ဘုရားအား ပူဇော် ခြင်းငှါ ၊ ဟိန္နုံ သား၏ချိုင့်၌ ရှိသော ဗာလ ဘုရား၏ ကုန်း တို့ကို တည် လုပ်ကြပြီ။ ယုဒ အမျိုးအပေါ်သို့ အပြစ် ရောက်စေခြင်းငှါ ၊ ထို မျှလောက် စက်ဆုပ် ရွံရှာဘွယ် သောအမှုကို ငါမ မှာ ထား၊ ငါ အလျှင်းအလို မ ရှိဘဲ ပြု ကြပြီ ဟု ထာဝရဘုရား မိန့်တော်မူ၏။
36 And now the Lord, the God of Israel, has said of this town, about which you say, It is given into the hands of the king of Babylon by the sword and by need of food and by disease:
၃၆သို့ရာတွင် ၊ ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေး အားဖြင့် ဗာဗုလုန် ရှင်ဘုရင် လက် သို့ ရောက် မည်ဟု သင် တို့ဆို တတ်သော ဤ မြို့ ကို ရည်မှတ် ၍၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊
37 See, I will get them together from all the countries where I have sent them in my wrath and in the heat of my passion and in my bitter feeling; and I will let them come back into this place where they may take their rest safely.
၃၇ငါ သည် အမျက် ဟုန်းဟုန်းထွက်၍ ၊ အမျက် အရှိန်အားကြီး သည်နှင့်၊ သူ တို့ကိုနှင်ထုတ် ရာ တိုင်း ပြည် ရှိသမျှ တို့မှ ၊ တဖန်စုသိမ်း ၍ ဤ အရပ် သို့ ဆောင် ခဲ့ပြီးလျှင် ၊ ငြိမ်ဝပ် စွာ နေ စေမည်။
38 And they will be my people, and I will be their God:
၃၈သူတို့သည် ငါ ၏ လူ ဖြစ် ကြလိမ့်မည်။ ငါ သည် လည်း သူ တို့၏ ဘုရား သခင်ဖြစ် မည်။
39 And I will give them one heart and one way, so that they may go on in the worship of me for ever, for their good and the good of their children after them:
၃၉ကိုယ် အကျိုး အလိုငှါ ၎င်း ၊ နောက် ဖြစ်လတံ့သော သား သမီးတို့၏ အကျိုးအလိုငှါ ၎င်း ၊ ငါ့ ကိုအစဉ် ကြောက်ရွံ့ စေခြင်းငှါ တညီတညွတ်တည်းကျင့်ကြံ နိုင်သော သဘော ကို ငါပေး မည်။
40 And I will make an eternal agreement with them, that I will never give them up, but ever do them good; and I will put the fear of me in their hearts, so that they will not go away from me.
၄၀သူ တို့ကို မ စွန့်ပစ် ဘဲ အစဉ်ကျေးဇူး ပြုခြင်းငှါ ၊ သူ တို့၌ ထာဝရ ပဋိညာဉ် ကို ငါထား မည်။ သူတို့သည်လည်း ငါ့ ထံ မှ မ ထွက်မသွား မည်အကြောင်း၊ ငါ့ ကိုကြောက်ရွံ့ သော သဘော နှင့် ပြည့်စုံ စေမည်။
41 And truly, I will take pleasure in doing them good, and all my heart and soul will be given to planting them in this land in good faith.
၄၁သူ တို့အား ကျေးဇူး ပြုခြင်း အမှု၌ ငါသည် အားရ ဝမ်းမြောက်၍ ၊ ငါ့ စိတ် နှလုံးနှင့် နံဝိညာဉ် အကြွင်းမဲ့ ပါ လျက်၊ သူ တို့ကို ဤ ပြည် ၌ ဆက်ဆက်နေရာ ချမည်။
42 For the Lord has said: As I have made all this great evil come on this people, so I will send on them all the good which I said about them.
၄၂ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ လူမျိုး အပေါ် မှာ ကြီး စွာသော ဤ ဘေးဥပဒ် အပေါင်း ကို ရောက် စေသည် နည်းတူ ၊ ငါ ဂတိ ထားသော ကောင်းကျိုး အပေါင်း ကိုလည်း ငါ ရောက် စေမည်။
43 And there will be trading in fields in this land of which you say, It is a waste, without man or beast; it is given into the hands of the Chaldaeans.
၄၃လူ မရှိ ၊ တိရစ္ဆာန် မရှိ ဆိတ်ညံ ပြီ၊ ခါလဒဲ လူတို့ လက် သို့ ရောက် လေပြီဟု သင် တို့ဆို တတ်သော ဤ ပြည် ၌ ၊ နောက်တဖန် လယ်ယာ တို့ကို ရောင်းဝယ် ကြလိမ့်မည်။
44 Men will get fields for money, and put the business in writing, stamping the papers and having them witnessed, in the land of Benjamin and in the country round Jerusalem and in the towns of Judah and in the towns of the hill-country and in the towns of the lowland and in the towns of the South: for I will let their fate be changed, says the Lord.
၄၄ဗင်္ယာမိန် ပြည် ၌ ၎င်း ၊ ယေရုရှလင် မြို့ ပတ်ဝန်းကျင် အရပ်တို့၌ ၎င်း ၊ ယုဒ ပြည်တွင်ရှိသောမြို့ တို့၌ ၎င်း ၊ တောင် ပေါ်မြို့ ၊ ချိုင့် ထဲမြို့ ၊ တောင် ဘက်မြို့ တို့၌ ၎င်း ၊ လူတို့သည် လယ်ယာ တို့ကို ငွေ နှင့်ဝယ် ခြင်း၊ စာချုပ် ကို စီရင် ခြင်း၊ တံဆိပ် ခတ်ခြင်း၊ သက်သေ တို့ကိုခေါ် ထားခြင်း အမှုများကို ပြုမြဲပြုကြလိမ့်မည်။ အကြောင်း မူကား၊ သိမ်းသွား ခြင်းကို ခံရသောသူ တို့ကို တဖန် ငါဆောင် ခဲ့ဦးမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။