< Isaiah 49 >

1 Give ear, O sea-lands, to me; and take note, you peoples from far: I have been marked out by the Lord from the first; when I was still in my mother's body, he had my name in mind:
တကျွန်း တနိုင်ငံအရပ်တို့၊ ငါ့ စကားကို ကြားကြလော့။ ဝေးစွာသော လူမျိုးတို့၊ စေ့စေ့နားထောင်ကြလော့။ ငါဘွားစကပင် ထာဝရဘုရားသည် ငါ့ကို ခေါ်တော်မူ၏။ အမိဝမ်းထဲမှစ၍ ငါ၏နာမကို မှတ်တော်မူ၏။
2 And he has made my mouth like a sharp sword, in the shade of his hand he has kept me; and he has made me like a polished arrow, keeping me in his secret place;
ငါ့ နှုတ် ကို ထက် သော ထား ကဲ့သို့ ဖြစ် စေ၍ ၊ လက် တော်အရိပ် ၌ ဖုံး ထားတော်မူ၏။ ငါ့ ကိုလည်း ဦးသစ် သော စည်းသွားဖြစ် စေ၍၊ မိမိ မြှား ထောင့်ထဲမှာ ဝှက် ထားတော်မူ၏။
3 And he said to me, You are my servant, Israel, in whom my glory will be seen;
အိုဣသရေလ ၊ သင် သည် ငါ ၏ ကျွန် ဖြစ်၏။ သင့် အားဖြင့် ငါ့ဘုန်း သည် ထင်ရှားလိမ့်မည်ဟု ငါ့ အား မိန့် တော်မူပြီ။
4 And I said, I have undergone weariness for nothing, I have given my strength for no purpose or profit: but still the Lord will take up my cause, and my God will give me my reward.
ငါ ကလည်း၊ အကျိုး မရှိဘဲ ငါလုပ် ဆောင်ရပြီ။ အချည်းနှီး သက်သက်ငါ့ ခွန်အား ကုန် ရပြီ။ သို့သော်လည်း ၊ ငါ့ အမှု သည် ထာဝရဘုရား ရှေ့တော်၌ရှိ၏။ ငါ ခံရသောအခ လည်း ငါ၏ဘုရားသခင်လက်တော်၌ရှိသည်ဟု ဆို၏။
5 And now, says the Lord, who made me his servant when I was still in my mother's body, so that I might make Jacob come back to him, and so that Israel might come together to him: and I was honoured in the eyes of the Lord, and my God became my strength.
ငါသည် ထာဝရဘုရား ရှေ့ တော်၌ အသရေထင်ရှား ၍ ၊ ငါ ၏ဘုရား သခင်သည် ငါ့ ကို ခိုင်ခံ့ စေ တော်မူသည်အကြောင်းနှင့်တကွ၊ ဣသရေလ အမျိုးသည် အထံ တော်၌ စုဝေး စေခြင်းကို မခံသော်လည်း၊ ငါသည် ယာကုပ် အမျိုးကို အထံ တော်သို့ တဖန် ဆောင် ခဲ့ရသောကျွန် ဖြစ် စေမည်အကြောင်း၊ ငါ့ ကို အမိဝမ်း ထဲ မှစ၍ဖန်ဆင်း တော်မူသောထာဝရဘုရား မိန့် တော်မူသည် ကား၊
6 It is not enough for one who is my servant to put the tribes of Jacob again in their place, and to get back those of Israel who have been sent away: my purpose is to give you as a light to the nations, so that you may be my salvation to the end of the earth.
သင်သည် ယာကုပ် ၏ အမျိုးအနွယ် တို့ကို ချီးမြှောက် ခြင်း၊ ဘေးလွတ် သော ဣသရေလ သားတို့ကို အရင်ကဲ့သို့ဖြစ်စေခြင်းအလိုငှါသာ၊ ငါ့အမှုကို ဆောင်ရွက် သောအမှုသည် သာမညအမှုဖြစ်၏။ ထိုအမှုမက၊ သင်သည် မြေကြီးစွန်းတိုင်အောင်ငါ ၏ ကယ်တင်ခြင်းကို ပြု စိမ့်သောငှါ ၊ သင့် ကို တပါးအမျိုးသား တို့ လင်း စရာဘို့ ငါခန့် ထားသည်ဟု မိန့် တော်မူ၏။
7 The Lord who takes up Israel's cause, even his Holy One, says to him whom men make sport of, who is hated by the nations, a servant of rulers: Kings will see and get up from their places, and chiefs will give worship: because of the Lord who keeps faith; even the Holy One of Israel who has taken you for himself.
ဣသရေလ အမျိုးကို ရွေးနှုတ်တော်မူ၍၊ ထို အမျိုး၏ သန့်ရှင်း သော ထာဝရဘုရား သည်၊ အဘယ်သူမျှ မနှစ်သက် ၊ တပြည် လုံး ရွံရှာ ဘွယ်ဖြစ်၍၊ မင်း ထံ၌ ကျွန် ခံရသောသူအား မိန့် တော်မူသည်ကား ၊ သစ္စာ ရှိတော်မူ သော ထာဝရဘုရား ၊ သင့် ကို ရွေးကောက် တော်မူသောဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရား၏ ကျေးဇူးတော်ကြောင့် ၊ ရှင် ဘုရင်တို့သည် မြင် ၍ ထ ကြလိမ့်မည်။ မင်းသား တို့သည်လည်း ကိုးကွယ် ကြလိမ့်မည်။
8 This is the word of the Lord: I have given ear to you at a good time, and I have been your helper in a day of salvation: and I will keep you safe, and will make you a glory for the people, putting the land in order, and giving them the heritages which now are waste;
ထာဝရဘုရား မိန့် တော်မူသည်ကား ၊ နှစ်သက် ဘွယ်သော အချိန် ၌ သင် ၏စကားကို ငါနားထောင် ပြီ။ ကယ်တင် ရာကာလ ၌ သင့် ကို မစ ပြီ။ သင့် ကိုလည်း ငါ စောင့်ရှောက် ၍ ၊ သင်သည် ပြည် တော်ကို ပြုပြင် လျက်၊ ဆိတ်ညံ သော အမွေ ခံရာအရပ်တို့ကို အမွေ ပေးစေမည် အကြောင်း၊
9 Saying to those who are in chains, Go free; to those who are in the dark, Come out into the light. They will get food by the way wherever they go, and have grass-lands on all the dry mountain-tops.
ထွက် ကြလော့ဟု ချုပ်ထား သောသူတို့ အား ၎င်း၊ ပေါ် လာကြလော့ဟု မှောင်မိုက် ထဲမှာ နေသောသူ တို့အား ၎င်း ပြော စေမည်အကြောင်း ၊ လူမျိုးအား ပဋိညာဉ်တရား ကို ပြုစရာဘို့ သင့်ကို ခန့်ထားမည်။ သို့ဖြစ်၍၊ ထိုသူတို့ သည် လမ်း ခရီးတို့အနား မှာ စား ရ၍ ၊ မြင့် သော အရပ်ရပ်တို့၌ ကျက်စား ရာကို တွေ့ရကြလိမ့်မည်။
10 They will not be in need of food or drink, or be troubled by the heat or the sun: for he who has mercy on them will be their guide, taking them by the springs of water.
၁၀သူတို့သည် ရေစာကို မ ငတ် မ မွတ် ရ။ အပူ ကို လည်း မ ခံ ရကြ။ နေ ရောင်ခြည်မထိရ။ အကြောင်း မူကား၊ သူ တို့ကို သနား သောသူသည် သူ တို့ကို ပို့ဆောင် ၍ ၊ စမ်း ရေ တွင်းအနား သို့ လမ်းပြ လိမ့်မည်။
11 And I will make all my mountains a way, and my highways will be lifted up.
၁၁ငါ ၏တောင် ရှိသမျှ တို့ကို သွားရာလမ်း ဖြစ်စေမည်။ ငါ ၏မြေတန်တား များကိုလည်း ငါဖို့ မည်။
12 See, these are coming from far; and these from the north and the west; and these from the land of Sinim.
၁၂ကြည့် ရှုလော့။ ဤ သူတို့သည် ဝေး သောအရပ်မှ လာ ကြလိမ့်မည်။ ကြည့် ရှုလော့။ ထို သူတို့သည် မြောက် မျက်နှာနှင့် အနောက် မျက်နှာမှ ၎င်း၊ ထို သူတို့သည်လည်း ၊ သိနိမ် ပြည် မှ ၎င်း လာကြလိမ့်မည်ဟု မိန့်တော်မူ၏။
13 Let your voice be loud in song, O heavens; and be glad, O earth; make sounds of joy, O mountains, for the Lord has given comfort to his people, and will have mercy on his crushed ones.
၁၃အို မိုဃ်းကောင်းကင် တို့၊ သီချင်းဆို ကြလော့။ အိုမြေကြီး ၊ ဝမ်းမြောက် ခြင်းရှိလော့။ အိုတောင် များတို့၊ ရွှင်လန်းစွာ သီချင်း ဆို ကြလော့။ အကြောင်း မူကား၊ ထာဝရဘုရား သည် မိမိ လူ တို့ကို နှစ်သိမ့် စေတော်မူ၏။ ဆင်းရဲ ခံရသောမိမိ လူတို့ကို ကယ်မသနား တော်မူ၏။
14 But Zion said, The Lord has given me up, I have gone from his memory.
၁၄ဇိအုန် ကလည်း ၊ ထာဝရဘုရား သည် ငါ့ ကို စွန့်ပစ် တော်မူပြီ။ ဘုရား ရှင်သည် ငါ့ ကို မေ့လျော့ တော်မူပြီဟု ဆို လေသော်၊
15 Will a woman give up the child at her breast, will she be without pity for the fruit of her body? yes, these may, but I will not let you go out of my memory.
၁၅မိန်းမ သည် မိမိဘွား သော သား ကို မသနား သည်တိုင်အောင်၊ မိမိ နို့စို့ သူငယ်ကို မေ့လျော့ နိုင်သလော။ အကယ်၍မေ့လျော့ သော်လည်း ၊ သင့် ကို ငါ မ မေ့လျော့။
16 See, your name is marked on my hands; your walls are ever before me.
၁၆ငါသည် ကိုယ်လက်ဝါး ၌ သင့် ကို စာထိုး ပြီ။ သင် ၏ မြို့ရိုး သည် ငါ့ ရှေ့ မှာ အစဉ် ရှိ၏။
17 Your builders are coming quickly; your haters and those who made you waste will go out of you.
၁၇သင် ၏သားသမီး တို့သည် အလျင်အမြန် ပြုကြ လိမ့်မည်။ သင့် ကို လုယူဖျက်ဆီး သောသူတို့ သည် သင့် ထံမှ ထွက်သွား ကြလိမ့်မည်။
18 Let your eyes be lifted up round about, and see: they are all coming together to you. By my life, says the Lord, truly you will put them all on you as an ornament, and be clothed with them like a bride.
၁၈အရပ်ရပ် သို့ မျှော် ကြည့်လော့။ ဤသူ အပေါင်း တို့သည် စုဝေး ၍ သင့် ထံသို့ လာ ကြ၏။ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက် ရှင်သည်ဖြစ်၍၊ သင် သည် တင့်တယ်သော အဝတ် ကို ဝတ် သကဲ့သို့ ၊ ဤသူ အပေါင်း တို့ကို ဝတ်လိမ့်မည်။ မင်္ဂလာဆောင်သတို့သမီး ပြုသည် နည်းတူ တန်ဆာဆင် လိမ့်မည်။
19 For though the waste places of your land have been given to destruction, now you will not be wide enough for your people, and those who made you waste will be far away.
၁၉သင် ၌ သုတ်သင် ပယ်ရှင်းသော အရပ်၊ ပျက်စီး သော ပြည် သည် နေ သူများသောကြောင့် ကျဉ်း ကြ လိမ့်မည်။ သင့် ကို ကိုက်စား သောသူတို့ သည်လည်း ဝေး ကြ လိမ့်မည်။
20 The children to whom you gave birth in other lands will say in your ears, The place is not wide enough for me: make room for me to have a resting-place.
၂၀သင်၏သားများဆုံးပြီးမှ၊ တဖန်ရပြန် သော သား တို့က၊ နေရာ မ လောက်ပါ။ နေ စရာ အရပ်ကိုပေး ပါ ဟု သင့် အား တောင်း ကြလေဦးမည်။
21 Then you will say in your heart, Who has given me all these children? when my children had been taken from me, and I was no longer able to have others, who took care of these? when I was by myself, where then were these?
၂၁သင်ကလည်း ၊ ဤ သူတို့ကို ငါ့ အား အဘယ်သူ ဖြစ်ဘွား စေသနည်း။ ငါ သည် သား ဆုံးသောသူ၊ ဆိတ်ညံ လျက်နေရသောသူ၊ နှင်ထုတ် ခြင်းကိုခံ ရသဖြင့် ၊ အဝေးသို့ လည်ရသောသူဖြစ်၍ ၊ ဤ သူတို့ကို အဘယ်သူ မွေးစား သနည်း။ ငါ သည် တယောက် တည်း နေ ရသည်ဖြစ်၍၊ ဤ သူ တို့သည် အဘယ်မှာ ရှိကြသနည်းဟု အောက်မေ့ လိမ့်မည်။
22 This is the word of the Lord God: See, I will make a sign with my hand to the nations, and put up my flag for the peoples; and they will take up your sons on their beasts, and your daughters on their backs.
၂၂အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကြည့် ရှုလော့။ ငါသည် အတိုင်းတိုင်းအပြည်ပြည်၌နေသော လူမျိုးတို့အား လက် ကို ချီ ၍ အလံ ကို ထူ သဖြင့် ၊ သူတို့သည် သင် ၏သားသမီး တို့ကို လက် နှင့် ပွေ့လျက်၊ ပခုံး ပေါ် မှာ ထမ်းလျက်ဆောင် ခဲ့ကြလိမ့်မည်။
23 And kings will take care of you, and queens will give you their milk: they will go down on their faces before you, kissing the dust of your feet; and you will be certain that I am the Lord, and that those who put their hope in me will not be shamed.
၂၃ရှင် ဘုရင်တို့သည် သင် ၏ ဘထွေး ၊ မိဖုရား တို့ သည် သင့် ကို မွေးစား သော အမိဖြစ် ကြလိမ့်မည်။ သင့် ရှေ့ မှာ ဦးညွှတ်ပြပ်ဝပ် ၍၊ သင် ၏ခြေ ၌ မြေမှုန့် ကို လျက် ကြလိမ့်မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်းကို ၎င်း၊ ငါ့ ကို မြော်လင့် သောသူတို့သည် ရှက် ကြောက်ခြင်းမ ရှိ ကြောင်းကို ၎င်းသင်သိ လိမ့်မည်။
24 Will the goods of war be taken from the strong man, or the prisoners of the cruel one be let go?
၂၄လုယူရာ ဥစ္စာကို အားကြီး သောသူ ၏ လက်မှ ယူ ရမည်လော။ တရား သော သူသိမ်း သွားသော လူတို့ကို နှုတ် ရမည်လော။
25 But the Lord says, Even the prisoners of the strong will be taken from him, and the cruel made to let go his goods: for I will take up your cause against your haters, and I will keep your children safe.
၂၅ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အကယ် စင်စစ် အားကြီး သောသူ သိမ်း သွားသော လူတို့ကို ယူ ရမည်။ ကြောက်မက် ဘွယ်သောသူ လုယူရာဥစ္စာ ကို နှုတ် ရ လိမ့်မည်။ အကြောင်း မူကား၊ သင် နှင့် ရန်တွေ့ သောသူကို ငါ သည် ရန်တွေ့ ၍ ၊ သင် ၏သား တို့ကို ကယ်တင် မည်။
26 And the flesh of your attackers will be taken by themselves for food; and they will take their blood for drink, as if it was sweet wine: and all men will see that I the Lord am your saviour, even he who takes up your cause, the Strong One of Jacob.
၂၆သင့် ကို ညှဉ်းဆဲ သောသူတို့ ကို သူ တို့၏အသား နှင့် ငါကျွေး မည်။ ချိုသော စပျစ်ရည် ကို သောက်သကဲ့သို့ ၊ သူတို့သည် မိမိ အသွေး ကိုဝစွာ သောက် ရကြမည်။ သို့ဖြစ်၍ ၊ ငါ ထာဝရဘုရား သည် သင့် ကို ကယ်တင် သော အရှင်၊ သင့် ကို ရွေးနှုတ် သောသခင်၊ ယာကုပ် အမျိုး၌ တန်ခိုးကြီး သော ဘုရားဖြစ်ကြောင်းကို လူ အပေါင်း တို့ သည် သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။

< Isaiah 49 >