< Genesis 2 >

1 And the heaven and the earth and all things in them were complete.
ထိုသို့ ကောင်းကင် မြေကြီး နှင့်တကွ ခပ်သိမ်း သော တန်ဆာ တို့သည် ပြီးစီး လျက်ရှိကြ၏။
2 And on the seventh day God came to the end of all his work; and on the seventh day he took his rest from all the work which he had done.
သတ္တမ နေ့ ရက်ရောက်လျှင်၊ ဘုရား သခင်သည် ဖန်ဆင်း သောအမှု ကို လက်စသတ် တော်မူခဲ့ပြီးသည် ဖြစ်၍ ၊ ဖန်ဆင်း သမျှ သောအမူ အရာတို့သည် ပြီးစီးပြီးမှ၊ ထို သတ္တမ နေ့ ၌ ငြိမ်ဝပ် စွာနေတော်မူ၏။
3 And God gave his blessing to the seventh day and made it holy: because on that day he took his rest from all the work which he had made and done.
ထို သတ္တမ နေ့ ကို ဘုရား သခင်သည် ကောင်းကြီး ပေး၍ သန့်ရှင်း စေတော်မူ၏။ အကြောင်းမူကား ၊ ဖန်ဆင်း ပြုပြင်တော်မူသောထိုအမှု အရာအလုံးစုံ တို့သည် ပြီးစီးသောကြောင့်ထိုနေ့ရက်၌ ငြိမ်ဝပ် စွာနေ တော်မူ၏။
4 These are the generations of the heaven and the earth when they were made.
ဤ အကြောင်းအရာကား၊ ထာဝရ အရှင်ဘုရား သခင်သည် ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူသောနေ့ ၊ ဖန်ဆင်း ရာကာလ ၌ ကောင်းကင် နှင့် မြေကြီး ၏ မူလ အတ္ထုပတ္တိပေတည်း။
5 In the day when the Lord God made earth and heaven there were no plants of the field on the earth, and no grass had come up: for the Lord God had not sent rain on the earth and there was no man to do work on the land.
မြေ ၌ လယ် ယာပျိုး ပင်မ ပေါက်မှီ၊ လယ် ယာ၌ စပါးပင်မ ကြီးပွားမှီ၊ အပင် ရှိ သမျှတို့ကိုဖန်ဆင်း တော်မူ၏။ ထိုအခါ ထာဝရ အရှင်ဘုရား သခင်သည် မြေ ပေါ် ၌ မိုဃ်းကိုရွာ စေတော်မ မူသေး။ မြေ ၌လုပ် သော လူ လည်း မ ရှိသေးသည်ဖြစ်၍၊
6 But a mist went up from the earth, watering all the face of the land.
မြေ မှ အခိုး အငွေ့ထွက် သဖြင့် မြေ တပြင်လုံးကို စို စေလေ၏။
7 And the Lord God made man from the dust of the earth, breathing into him the breath of life: and man became a living soul.
ထိုနောက် ၊ ထာဝရ အရှင်ဘုရား သခင်သည် မြေ မှုန့်ဖြင့် လူ ကို ဖန်ဆင်း ၍၊ သူ ၏နှာခေါင်း ထဲသို့ ဇီဝ အသက် ကို မှုတ် တော်မူလျှင် ၊ လူ သည် အသက်ရှင် သော သတ္တဝါ ဖြစ် လေ၏။
8 And the Lord God made a garden in the east, in Eden; and there he put the man whom he had made.
ထာဝရ အရှင် ဘုရား သခင်သည်လည်း အရှေ့ မျက်နှာ၊ ဧဒင် အရပ်၌ ဥယျာဉ် ကို စိုက်ပျိုး ပြီးလျှင်၊ ဖန်ဆင်း တော်မူသောလူ ကို ထို ဥယျာဉ်၌ နေရာ ချတော်မူ၏။
9 And out of the earth the Lord made every tree to come, delighting the eye and good for food; and in the middle of the garden, the tree of life and the tree of the knowledge of good and evil.
ထို မြေ ထဲက အဆင်း လှ၍၊ စားဘွယ် ကောင်း သော အပင် အမျိုးမျိုး ကို ထာဝရ အရှင်ဘုရား သခင်ပေါက် စေတော်မူ၏။ ထိုဥယျာဉ် အလယ် ၌ အသက် ပင် လည်း ရှိ၏။ ကောင်း မ ကောင်းကို သိကျွမ်း ရာအပင် လည်း ရှိ၏။
10 And a river went out of Eden giving water to the garden; and from there it was parted and became four streams.
၁၀ထို ဥယျာဉ်ကို စို စေလိုသော ငှာ မြစ် တမြစ်သည် ဧဒင် အရပ်ထဲက စီးထွက် သဖြင့် ၊ ဥယျာဉ် ပြင်မှာ လေးဖြာကွဲ ၍ မြစ်မ လေး သွယ်ဖြစ် လေ၏။
11 The name of the first is Pishon, which goes round about all the land of Havilah where there is gold.
၁၁ပဌမ မြစ်ကား ဖိရုန် အမည် ရှိ၏။ ထို မြစ်သည် ရွှေ ရှိသော ဟာဝိလ ပြည် နား တရှောက်လုံး ကို စီးသွား လေ၏။
12 And the gold of that land is good: there is bdellium and the onyx stone.
၁၂ထို ပြည် မှဖြစ်သောရွှေ သည် ကောင်း လှ၏။
13 And the name of the second river is Gihon: this river goes round all the land of Cush.
၁၃ဗဓေလသစ်စေး နှင့် ရှဟံ ကျောက် လည်းရှိ၏။ ဒုတိယ မြစ်ကား ဂိဟုန် အမည် ရှိ၏။ ထိုမြစ် သည် ကုရှ ပြည် နား တရှောက်လုံး ကို စီးသွားလေ၏။
14 And the name of the third river is Tigris, which goes to the east of Assyria. And the fourth river is Euphrates.
၁၄တတိယ မြစ် ကား ဟိဒကေလ အမည် ရှိ၏။ ထို မြစ်သည် အာရှုရိ တိုင်း အရှေ့ သို့ စီးသွား လေ၏။ စတုတ္ထ မြစ် ကား ဥဖရတ် အမည်ရှိ၏။
15 And the Lord God took the man and put him in the garden of Eden to do work in it and take care of it.
၁၅ထိုအခါ ထာဝရ အရှင်ဘုရား သခင်သည် လူ ကိုယူ ၍ ဧဒင် ဥယျာဉ် ကို ပြုစုစောင့်ရှောက် စေခြင်းငှါထား တော်မူ၏။
16 And the Lord God gave the man orders, saying, You may freely take of the fruit of every tree of the garden:
၁၆ထာဝရ အရှင်ဘုရား သခင်ကလည်း ၊ ကောင်း မ ကောင်းကို သိကျွမ်း ရာအပင်မှတပါး၊ ထိုဥယျာဉ် ၌ ရှိသမျှ သော အပင် တို့၏အသီးကို သင်သည် စား ရသောအခွင့်ရှိ၏။
17 But of the fruit of the tree of the knowledge of good and evil you may not take; for on the day when you take of it, death will certainly come to you.
၁၇ထို အပင် ၏ အသီးကိုကား မ စား ရ။ စား သောနေ့ တွင် ဧကန်အမှန်သေ ရမည်ဟု လူ ကို ပညတ် ထားတော်မူ၏။
18 And the Lord God said, It is not good for the man to be by himself: I will make one like himself as a help to him
၁၈ထာဝရ အရှင်ဘုရား သခင်ကလည်း ၊ ယောက်ျား သည် တ ယောက်တည်းမ နေ ကောင်း ၊ သူ နှင့်တော် သော အထောက် အမကို သူ ဘို့ ငါလုပ် ဦးမည်ဟု အကြံ ရှိတော်မူ၏။
19 And from the earth the Lord God made every beast of the field and every bird of the air, and took them to the man to see what names he would give them: and whatever name he gave to any living thing, that was its name.
၁၉ထာဝရ အရှင်ဘုရား သခင်သည် မြေ တိရစ္ဆာန် တို့နှင့်၊ မိုဃ်းကောင်းကင် ငှက် အပေါင်း တို့ကို မြေ ဖြင့်ဖန်ဆင်း တော်မူပြီးလျှင်၊ လူသည် အဘယ်သို့ ခေါ်ဝေါ် သမုတ်မည်ကို သိ ခြင်းငှာ ၊ လူ ရှိရာသို့ ဆောင် ခဲ့တော်မူ၏။ လူ သည် လည်း အသက်ရှင် သော သတ္တဝါ အပေါင်း တို့ကို ခေါ်ဝေါ် သမုတ်သည့်အတိုင်း ၊ နာမည် အသီးအသီးရှိကြ၏။
20 And the man gave names to all cattle and to the birds of the air and to every beast of the field; but Adam had no one like himself as a help.
၂၀ထိုသို့ လူ သည် သားယဉ် အပေါင်း တို့ကို ၎င်း ၊ မိုဃ်းကောင်းကင် ငှက် အပေါင်းတို့ကို ၎င်း ၊ သားရဲ အပေါင်း တို့ကို ၎င်း၊ အမည်ပေး ၍မှည့်လေ၏။ သို့သော်လည်း လူ နှင့် တော် သော အထောက် အမ မ ပေါ် မရှိသေး၊
21 And the Lord God sent a deep sleep on the man, and took one of the bones from his side while he was sleeping, joining up the flesh again in its place:
၂၁ထိုအခါ ထာဝရ အရှင်ဘုရား သခင်သည် လူ ကို ကြီး သောအိပ်ခြင်းဖြင့် အိပ်စေတော်မူ၍၊ လူ သည် အိပ်ပျော် စဉ် ၊ နံရိုး တ ချောင်းကို ဘုရားသခင်ထုတ် ပြီးလျှင်၊ ထို အရိုးအစား အသား ကို စေ့စပ် စေတော်မူ၏။
22 And the bone which the Lord God had taken from the man he made into a woman, and took her to the man.
၂၂ထာဝရ အရှင်ဘုရား သခင်သည် လူ ထဲက ထုတ် သော နံရိုး ဖြင့် လူမိန်းမ ကိုဖန်ဆင်း၍ လူ ရှိရာသို့ ဆောင် ခဲ့ တော်မူ၏။
23 And the man said, This is now bone of my bone and flesh of my flesh: let her name be Woman because she was taken out of Man.
၂၃လူ ကလည်း ၊ ယခု ဤ သူသည်ငါ့ အရိုး ထဲက အရိုး ၊ ငါ့ အသား ထဲက အသား ဖြစ်၏။ လူ ထဲက ထုတ် သောကြောင့် သူ့ ကိုလူမိန်းမ ဟု ခေါ်ဝေါ် အပ်သည်ဟု ဆိုလေ၏။
24 For this cause will a man go away from his father and his mother and be joined to his wife; and they will be one flesh.
၂၄ထို အကြောင်းကြောင့် ယောက်ျား သည် ကိုယ် မိဘ ကို စွန့် ၍ ၊ ကိုယ့် ခင်ပွန်း ၌မှီဝဲ သဖြင့် ၊ ထိုသူတို့သည် တသား တကိုယ်တည်း ဖြစ် ရလိမ့်မည်။
25 And the man and his wife were without clothing, and they had no sense of shame.
၂၅ထို သူလင်မယား နှစ် ဦးတို့သည် အဝတ် မဝတ်ဘဲ နေ၍၊ ရှက်ကြောက် ခြင်းနှင့် ကင်းလွတ် ကြ၏။

< Genesis 2 >