< Ezra 8 >
1 Now these are the heads of families who were listed of those who went up with me from Babylon, when Artaxerxes was king.
၁အာတဇေရဇ် မင်းကြီး လက်ထက် ၌ ၊ ငါ နှင့်အတူ ဗာဗုလုန် မြို့မှ ထွက်သွား သောသူ အဆွေအမျိုးသူကြီး တို့၏ သားစဉ်မြေးဆက်စာရင်း ဟူမူကား။
2 Of the sons of Phinehas, Gershom; of the sons of Ithamar, Daniel; of the sons of David, Hattush;
၂ဖိနဟတ် အမျိုး ဂေရရှုံ ၊ ဣသမာ အမျိုး ဒံယေလ ၊ ဒါဝိဒ် အမျိုး ဟတ္တုတ်၊
3 Of the sons of Shecaniah; of the sons of Parosh, Zechariah; and with him were listed a hundred and fifty males.
၃ရှေခနိ အမျိုး ဖာရုတ် အနွယ် ထဲက ဇာခရိ နှင့် စာရင်း ဝင်သူ ယောက်ျား ပေါင်းတရာ ငါး ကျိပ်။
4 Of the sons of Pahath-moab, Eliehoenai, the son of Zerahiah; and with him two hundred males.
၄ပါဟတ်မောဘ အမျိုး ၊ ဇေရာယ သား ဧလျောနဲ နှင့် ယောက်ျား ပေါင်းနှစ် ရာ၊
5 Of the sons of Shecaniah, the son of Jahaziel; and with him three hundred males.
၅ရှေခနိ အမျိုး ယဟာဇေလ သား နှင့် ယောက်ျား ပေါင်းသုံး ရာ၊
6 And of the sons of Adin, Ebed, the son of Jonathan; and with him fifty males.
၆အာဒိန် အမျိုး ယောနသန် သား ဧဗက် နှင့် ယောက်ျား ပေါင်းငါး ကျိပ်၊
7 And of the sons of Elam, Jeshaiah; the son of Athaliah; and with him seventy males.
၇ဧလံ အမျိုး ၊ အာသလိ သား ယေရှာယ နှင့် ယောက်ျား ပေါင်းခုနစ် ကျိပ်၊
8 And of the sons of Shephatiah, Zebadiah, the son of Michael; and with him eighty males.
၈ရှေဖတိ အမျိုး မိက္ခေလ သား ဇေဗဒိ နှင့် ယောက်ျား ပေါင်းရှစ် ကျိပ်၊
9 Of the sons of Joab, Obadiah, the son of Jehiel; and with him two hundred and eighteen males.
၉ယွာဘ အမျိုး ယေဟေလ သား ဩဗဒိ နှင့် ယောက်ျား ပေါင်းနှစ် ရာတကျိပ် ရှစ် ယောက်၊
10 And of the sons of Shelomith, the son of Josiphiah; and with him a hundred and sixty males.
၁၀ရှေလောမိတ် အမျိုး ၊ ယောသိဖိ သား နှင့် ယောက်ျား ပေါင်းတရာ ခြောက် ကျိပ်၊
11 And of the sons of Bebai, Zechariah, the son of Bebai; and with him twenty-eight males.
၁၁ဗေဗဲ အမျိုး ၊ ဗေဗဲ သား ဇာခရိ နှင့် ယောက်ျား ပေါင်းနှစ် ကျိပ် ရှစ် ယောက်၊
12 And of the sons of Azgad, Johanan, the son of Hakkatan; and with him a hundred and ten males.
၁၂အာဇဂဒ် အမျိုး ၊ ဟက္ကတန် သား ယောဟနန် နှင့် ယောက်ျား ပေါင်းတရာ တကျိပ်၊
13 And of the sons of Adonikam, the last, whose names were Eliphelet, Jeuel, and Shemaiah; and with them sixty males.
၁၃အဒေါနိကံ အမျိုးသား တို့တွင် ၊ နောက်ကျ သောသူ၊ ဧလိဖလက် ၊ ယေယေလ ၊ ရှေမာယ နှင့် ယောက်ျား ပေါင်းခြောက် ကျိပ်၊
14 And of the sons of Bigvai, Uthai and Zabbud; and with them seventy males.
၁၄ဗိဂဝဲ အမျိုးသား ဥသဲ ၊ ဇဗ္ဗုဒ် နှင့် ယောက်ျား ပေါင်းခုနစ် ကျိပ်တည်း။
15 And I made them come together by the river flowing to Ahava; and we were there in tents for three days: and after viewing the people and the priests I saw that no sons of Levi were there.
၁၅ထိုလူများတို့ကို အဟာဝ မြို့သို့ စီး သော မြစ် နား မှာ ငါစုဝေး စေ၍ ၊ သုံး ရက် ပတ်လုံးတဲ ၌ နေကြ၏။ လူ များ နှင့် ယဇ် ပုရောဟိတ်များတို့ကို ငါစစ်ဆေး ၍ ၊ လေဝိ သား တယောက်ကိုမျှ မ တွေ့ သောအခါ၊
16 Then I sent for Eliezer and Ariel and Shemaiah and Elnathan Jarib and Elnathan and Nathan and Zechariah and Meshullam, all responsible men; and for Joiarib and Elnathan, who were wise men.
၁၆လူကြီးဧလျေဇာ ၊ အရေလ ၊ ရှေမာယ ၊ နာသန် ၊ ဇာခရိ ၊ မေရှုလံ ၊ ပညာရှိယာရိပ် ၊ ဧလနာသန် တို့ကို ခေါ် ၍၊
17 And I sent them to Iddo the chief at the place Casiphia, and gave them orders what to say to Iddo and his brothers the Nethinim at the place Casiphia, so that they might come back to us with men to do the work of the house of our God.
၁၇ကသိဖိ မြို့သူကြီး ဣဒေါ ထံ သို့ မှာစာနှင့် စေလွှတ် လျက် ၊ ဣဒေါနှင့် ကသိဖိမြို့မှာ နေသောသူ ၏ ညီအစ်ကို ဘုရား ကျွန်တို့သည်၊ ငါ တို့ဘုရား သခင့် အိမ် တော်အမှု စောင့်များကို ပေး စေခြင်းငှါ ၊ သူတို့အား အဘယ်သို့ပြောဆိုရမည်ကို ငါမှာလိုက်၏။
18 And by the help of our God they got for us Ish-sechel, one of the sons of Mahli, the son of Levi, the son of Israel; and Sherebiah with his sons and brothers, eighteen;
၁၈ထိုသူတို့သည် ငါ တို့၏ဘုရား သခင့်တန်ခိုးကျေးဇူးတော်ကြောင့် ၊ ဣသရေလ သား လေဝိ ၏သား မဟာလိ အမျိုးသား ၊ ပညာရှိ တယောက် ၊ ရှေရဘိ နှင့် သူ ၏ပေါက်ဘော် တကျိပ် ရှစ် ယောက်၊
19 And Hashabiah, and with him Jeshaiah of the sons of Merari, his brothers and their sons, twenty;
၁၉ဟာရှဘိ နှင့် မေရာရိ အမျိုး ယေရှာယ နှင့် သူ ၏ ပေါက်ဘော် နှစ် ကျိပ်၊
20 And of the Nethinim, to whom David and the captains had given the work of helping the Levites, two hundred and twenty Nethinim, all of them specially named.
၂၀လေဝိ သားအမှု ကိုဆောင်ရွက်စေခြင်းငှါ ၊ ဒါဝိဒ် နှင့် မှူး တော်မတ် တော်ခန့် ထားသော ဘုရား ကျွန်များ၊ စာရင်းဝင်သည်အတိုင်း၊ နှစ် ရာနှစ် ကျိပ်တို့ကို ခေါ်ခဲ့ ကြ၏။
21 Then I gave orders for a time of going without food, there by the river Ahava, so that we might make ourselves low before our God in prayer, requesting from him a straight way for us and for our little ones and for all our substance.
၂၁ထိုအခါ ဥစ္စာ များမှစ၍သူငယ် များနှင့်တကွ ၊ ငါ တို့သွားစရာ မှန် သောလမ်း ကို ဘုရား သခင်၌ရှာ ၍ ၊ ရှေ့ တော်မှာ ခြိုးခြံ စွာကျင့် ခြင်းငှါ ၊ အဟာဝ မြစ် နားတွင် ၊ အစာ ရှောင်ရာအချိန်ကို ငါကြော်ငြာ ၏။
22 For I would not, for shame, make request to the king for a band of armed men and horsemen to give us help against those who might make attacks on us on the way: for we had said to the king, The hand of our God is on his servants for good, but his power and his wrath are against all those who are turned away from him.
၂၂အကြောင်း မူကား၊ ကျွန်တော်တို့ ဘုရား သခင်ကို ရှာ သောသူအပေါင်း တို့သည်၊ တန်ခိုးကျေးဇူးတော်ကိုခံ ရကြလိမ့်မည်။ ကိုယ်တော် ကို စွန့် သောသူအပေါင်း တို့ကို၊ တန်ခိုးတော်ဆီးတား၍ အမျက် တော်သက်ရောက်လိမ့်မည်ဟု ငါတို့သည်ရှင်ဘုရင် အား လျှောက် ထားသောကြောင့် ၊ လမ်း တွင် ရန်သူ လက်နှင့်လွတ်စေခြင်းငှါ လိုက်၍ပို့ ရသောစစ် သူရဲ၊ မြင်းစီး သူရဲ၊ တတပ်ကိုရှင်ဘုရင် ၌ မ တောင်း ဝံ့၊ ရှက်ကြ၏။
23 So we went without food, requesting our God for this: and his ear was open to our prayer.
၂၃ထိုအမှုကြောင့်၊ ငါတို့သည်အစာ ရှောင်၍ ၊ ငါ တို့ ဘုရား သခင်ကို ဆုတောင်း လျက်နေကြ၏။ ဘုရားသခင်လည်း နားထောင် တော်မူ၏။
24 So I put on one side twelve of the chiefs of the priests, Sherebiah, Hashabiah, and ten of their brothers with them,
၂၄ထိုအခါ ယဇ်ပုရောဟိတ် အကြီး တကျိပ် နှစ် ပါး၊ ရှေရဘိ ၊ ဟာရှဘိ နှင့် သူ တို့ညီအစ်ကို တကျိပ် ကို ငါရွေး ထားပြီးလျှင်၊
25 And gave to them by weight the silver and the gold and the vessels, all the offering for the house of our God which the king and his wise men and his captains and all Israel there present had given:
၂၅ရှင်ဘုရင် မှစ၍အတွင်းဝန် ၊ မှူး တော်မတ်တော်၊ စည်းဝေးသော ဣသရေလ အမျိုးသားအပေါင်း တို့သည်၊ ငါ တို့၏ဘုရား သခင့် အိမ် တော်အဘို့ လှူ သောပူဇော် သက္ကာ၊ ရွှေ ၊ ငွေ ၊ တန်ဆာ တည်းဟူသော၊
26 Measuring into their hands six hundred and fifty talents of silver, and silver vessels, a hundred talents' weight, and a hundred talents of gold,
၂၆ငွေ အခွက် ခြောက် ထောင် ငါး ပိဿာ၊ ငွေ တန်ဆာ အခွက် တထောင် ၊ ရွှေ အခွက် တထောင်၊
27 And twenty gold basins, of a thousand darics, and two vessels of the best bright brass, equal in value to gold.
၂၇ရွှေ ဒင်္ဂါးတထောင် အချိန်ရှိသောရွှေ အင်တုံ နှစ် ဆယ်၊ ရွှေ နှင့် အမျှမြတ် သော ရွှေကြေးဝါ စစ် ဖလား နှစ် လုံးတို့ကို ငါချိန် ၍ အပ် လျက်၊
28 And I said to them, You are holy to the Lord and the vessels are holy: and the silver and the gold are an offering freely given to the Lord, the God of your fathers.
၂၈သင် တို့သည် ထာဝရဘုရား အဘို့ သန့်ရှင်း ကြ၏။ ဤတန်ဆာ တို့သည်လည်း သန့်ရှင်း သောတန်ဆာဖြစ်ကြ၏။ ဤငွေ နှင့် ဤရွှေ သည်လည်း ၊ ဘိုးဘေး တို့၏ ဘုရား သခင်ထာဝရဘုရား အား ကြည်ညို သောစိတ် နှင့် လှူသောရွှေငွေဖြစ်၏။
29 Take care of them and keep them, till you put them on the scales before the chiefs of the priests and the Levites and the chiefs of the families of Israel, in Jerusalem, in the rooms of the house of the Lord.
၂၉ယေရုရှလင် မြို့၊ ထာဝရဘုရား ၏အိမ် တော် အခန်း တို့တွင် ယဇ်ပုရောဟိတ် အကြီး ၊ လေဝိ သား၊ ဣသရေလ အဆွေအမျိုးသူကြီး တို့ရှေ့ မှာ မချိန် မှီတိုင်အောင် ကြည့်ရှု စောင့်ရှောက် ကြလော့ဟု မှာထား၏။
30 So the priests and the Levites took the weight of silver and gold and the vessels, to take them to Jerusalem into the house of our God.
၃၀ထိုသို့ချိန် သော ရွှေ ၊ ငွေ တန်ဆာ တို့ကို ယေရုရှလင် မြို့၊ ငါ တို့၏ဘုရား သခင်အိမ် တော်သို့ ပို့ဆောင် ခြင်းငှာ ယဇ်ပုရောဟိတ် နှင့် လေဝိ သားတို့သည်ခံယူ ကြ၏။
31 Then we went away from the river of Ahava on the twelfth day of the first month, to go to Jerusalem; and the hand of our God was on us, and he gave us salvation from our haters and those who were waiting to make an attack on us by the way.
၃၁ပဌမ လ တဆယ် နှစ် ရက်နေ့တွင် ၊ ငါတို့သည် အဟာဝ မြစ် မှ ထွက် ၍ ၊ ယေရုရှလင် မြို့သို့ ခရီးသွား ကြ၏။ လမ်း နား ၌ ချောင်း ၍နေသောရန်သူ လက် မှ ၊ ငါ တို့၏ ဘုရား သခင့်တန်ခိုးတော်ကြောင့် လွတ် လျက်၊
32 And we came to Jerusalem and were there for three days.
၃၂ယေရုရှလင် မြို့သို့ ရောက် ၍ သုံး ရက် နေ ကြ၏။
33 And on the fourth day, the silver and the gold and the vessels were measured out by weight in the house of our God into the hands of Meremoth, the son of Uriah, the priest; and with him was Eleazar, the son of Phinehas; and with them were Jozabad, the son of Jeshua, and Noadiah, the son of Binnui, the Levites;
၃၃စတုတ္ထ နေ့ တွင် ငါ တို့ ဘုရား သခင်၏ အိမ် တော်၌ ၊ ဖိနဟတ် သား ဧလာဇာ နှင့် လေဝိ အမျိုးယောရှု သား ယောဇဗဒ် ၊ ဗိနွိ သား နောဒိ တို့သည် ဝိုင်း၍ကြည့်ရှုလျက်၊
34 All was handed over by number and by weight: and the weight was put on record at that time.
၃၄ဥရိ သား ယဇ်ပုရောဟိတ် မေရမုတ် သည် ထိုရွှေ ငွေ တန်ဆာ ရှိသမျှတို့ကို ရေတွက် ချိန်တွယ် ၍ တနေ့ ခြင်း တွင် အချိန် ပေါင်း ကို မှတ်သား လေ၏။
35 And those who had been prisoners, who had come back from a strange land, made burned offerings to the God of Israel, twelve oxen for all Israel, ninety-six male sheep, seventy-seven lambs, twelve he-goats for a sin-offering: all this was a burned offering to the Lord.
၃၅သိမ်း သွားခြင်းကိုခံရသောလူစုထဲက ထွက် လာ သောသူတို့ သည်လည်း၊ ဣသရေလ အမျိုးများတို့အဘို့ နွား တဆယ် နှစ် ကောင်၊ သိုး ထီးကိုး ဆယ်ခြောက် ကောင်၊ သိုး သငယ်ခုနစ် ဆယ်ခုနစ် ကောင်၊ အပြစ် ဖြေရာယဇ်ဘို့ ဆိတ် တဆယ် နှစ် ကောင်တို့ကို၊ ဣသရေလ အမျိုး၏ ဘုရား သခင် ထာဝရဘုရား အား မီး ရှို့ရာယဇ်ကို ပူဇော် ကြ၏။
36 And they gave the king's orders to the king's captains and the rulers across the river, and they gave the people and the house of God the help which was needed.
၃၆ရှင်ဘုရင် အမိန့် တော်အမှာတော်တို့ကို ကိုယ်စား တော်မင်း၊ မြစ် အနောက် ဘက် မြို့ဝန် တို့၌အပ် ၍ ၊ သူတို့ သည် ဣသရေလအမျိုး နှင့် ဘုရား သခင့် အိမ် တော်ကို ပြုစု ကြ၏။