< Ezekiel 17 >
1 And the word of the Lord came to me, saying,
၁တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊
2 Son of man, give out a dark saying, and make a comparison for the children of Israel,
၂အချင်းလူသား ၊ သင်သည်ဣသရေလ အမျိုး အား စကားထာ ဝှက်၍ ပုံ ပြောလျက် ၊
3 And say, This is what the Lord has said: A great eagle with great wings, full of long feathers of different colours, came to Lebanon, and took the top of the cedar:
၃ထာဝရဘုရား မိန့် တော်မူသောစကားကို ဆင့်ဆို ရမည်မှာ ၊ ထူးခြားသော အဆင်း အရောင်၊ များပြားသော အမွေး နှင့်ပြည့်စုံ ၍၊ ရှည်လျား ကြီးမား သော အတောင် ရှိသောရွှေလင်းတ ကြီး သည် လေဗနုန် တောင် သို့ လာ ၍၊ အာရဇ် ပင်၏အဖျား ကိုကိုင် လျက် ၊
4 Biting off the highest of its young branches, he took it to the land of Canaan, and put it in a town of traders.
၄အမြင့်ဆုံး သော အညွန့် တို့ကို ချိုး ဆိတ်၍ ကုန်သွယ် ရာပြည် သို့ ချီဆောင် ပြီးလျှင်၊ ကုန်သည် မြို့ ၌ စိုက် လေ၏။
5 And he took some of the seed of the land, planting it in fertile earth, placing it by great waters; he put it in like a willow-tree.
၅မျိုးစေ့ ကို လည်း ယူ ၍ ရေ များ ရာလယ်ကွက် ၌ ပျိုး လျက် ၊ မိုဃ်းမခ ပင်ကဲ့သို့ထား လေ၏။
6 And its growth went on and it became a vine, low and widely stretching, whose branches were turned to him and its roots were under him: so it became a vine, putting out branches and young leaves.
၆အရပ် နိမ့် လျက်ရှည်လျား စွာနွယ်သော စပျစ် နွယ်ပင်ပေါက် ၍ ၊ မိမိ အခက် အလက်တို့ကို ရွှေ လင်းတရှိရာ သို့ ညွှတ် လျက် ၊ သူ့ အောက် သို့ အမြစ် ထိုး သဖြင့် ၊ အကိုင်း အခက် အလက်အညွန့်တို့နှင့် ပြည့်စုံ သော စပျစ် နွယ်ပင် ဖြစ် လေ၏။
7 And there was another eagle with great wings and thick feathers: and now this vine, pushing out its roots to him, sent out its branches in his direction from the bed where it was planted, so that he might give it water.
၇အမွေး ထူထပ် ၍ ကြီးစွာ သော အတောင် ရှိသောရွှေလင်းတ ကြီး တကောင် ရှိ ၏။ စပျစ် ပင်သည်မိမိ စိုက် ရာ ချောင်းမြောင်း နား မှာ ထိုရွှေလင်းတ၏ကျေးဇူးကြောင့်၊ ရေ ကိုရအံ့သောငှါ သူ ရှိရာသို့ အမြစ် သွယ်ဝိုက် ၍ အကိုင်း လည်း ထိုး လေ၏။
8 He had it planted in a good field by great waters so that it might put out branches and have fruit and be a strong vine.
၈အခက် အလက်နှင့် ပြည့်စုံ ၍ အသီး ကိုသီး သဖြင့် ၊ သန်မြန် သော စပျစ် နွယ်ပင်ဖြစ် စေခြင်းငှါ ရေ များ ရာအရပ် ၊ မြေကောင်း သောလယ်ကွက် ၌ ထို အပင်ကို စိုက် လေပြီ။
9 Say, This is what the Lord has said: Will it do well? will he not have its roots pulled up and its branches cut off, so that all its young leaves may become dry and it may be pulled up by its roots?
၉သို့ဖြစ်၍၊ အရှင် ထာဝရ ဘုရား၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ ထိုအပင်သည် ကောင်းစားရမည်လော။ ညှိုးနွမ်း စေခြင်းငှါအမြစ် ကို နှုတ် ၍ အသီး ကိုဆွတ် ရမည် မ ဟုတ်လော ။ ပေါက် လေ သမျှသော အရွက် တို့သည် ညှိုးနွမ်း ရကြလိမ့်မည်။ အမြစ် နှင့်တကွ သုတ်သင်ပယ်ရှင်းခြင်း အမှုကိုပြီးစေခြင်းငှါကြီး သော တန်ခိုး ၊ များပြား သော အလုံး အရင်းကို အလိုမ ရှိ။
10 And if it is planted will it do well? will it not become quite dry at the touch of the east wind, drying up in the bed where it was planted?
၁၀စိုက် လျက်ရှိ၍ ကောင်းစား ရမည်လော ။ အရှေ့ လေတိုက် သောအခါ အကုန်အစင် ညှိုးနွမ်းရမည် မ ဟုတ်လော ။ ကြီးပွါး သော လယ်ကွက် ၌ ညှိုးနွမ်း ရ လိမ့်မည်ဟု မိန့်တော်မူ၏။
11 Then the word of the Lord came to me, saying,
၁၁တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊
12 Say now to this uncontrolled people, Are these things not clear to you? Say to them, See, the king of Babylon came to Jerusalem and took its king and its rulers away with him to Babylon;
၁၂ပုန်ကန် တတ်သော အမျိုး အား သင်ပြော ရမည်မှာ၊ ဤ စကားအဘယ်သို့ ဆိုလို သည်ကို နားလည် ကြ သလော ။ ဗာဗုလုန် ရှင် ဘုရင်သည် ယေရုရှလင် မြို့သို့ ရောက် ၍ ၊ ယေရုရှလင် ရှင်ဘုရင် နှင့် မှူး တော် မတ်တော် တို့ကို ဗာဗုလုန် မြို့သို့ သိမ်းသွား ပြီ။
13 And he took one of the sons of the king and made an agreement with him; and he put him under an oath, and took away the great men of the land:
၁၃ဆွေ တော်မျိုးတော်ထဲက တယောက်ကိုယူ ၍ ပဋိညာဉ် ဖွဲ့ လျက် သစ္စာ တိုက် လေပြီ။
14 So that the kingdom might be made low with no power of lifting itself up, but might keep his agreement to be his servants.
၁၄ထိုနိုင်ငံ သည် ယုတ်ညံ့ ၍ နောက်တဖန်မ ထ မကြွ ဘဲ၊ သစ္စာ တော်ကို စောင့် သောအားဖြင့် သာ တည် စေခြင်းငှါ ၊ အားကြီးသောနိုင်ငံသားတို့ကိုလည်း သိမ်းသွား ပြီ။
15 But he went against his authority in sending representatives to Egypt to get from them horses and a great army. Will he do well? will he be safe who does such things? if the agreement is broken will he be safe?
၁၅သို့ရာတွင် ၊ မြင်း များ၊ လူ များ တို့ကို တောင်းခြင်းငှါ သံတမန် ကို အဲဂုတ္တု ပြည်သို့ စေလွတ် ၍ ပုန်ကန် လေပြီ။ ထိုသို့ ပြု သောသူသည် ကောင်းစား ရမည်လော ။ ဘေး လွတ်ရမည်လော ။ သစ္စာ ဖျက် ပြီး မှလွတ် ရမည်လော။
16 By my life, says the Lord, truly in the place of the king who made him king, whose oath he put on one side and let his agreement with him be broken, even in Babylon he will come to his death.
၁၆အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက်ရှင် သည်အတိုင်း၊ အကယ် စင်စစ်ရှင် ဘုရင်အရာ၌ ခန့်ထားသော ရှင်ဘုရင် ၏သစ္စာ ကို မ ရိုမသေပြု၍ ပဋိညာဉ် ကိုဖျက် သောကြောင့် ၊ ထိုရှင် ဘုရင်နေရာ ဗာဗုလုန် မြို့အလယ် ၌ သေ ရလိမ့်မည်။
17 And Pharaoh with his strong army and great forces will be no help to him in the war, when they put up earthworks and make strong walls for the cutting off of lives:
၁၇ဖာရော ဘုရင်သည်လည်း လူ များ တို့ကို သတ် ခြင်းငှါ ၊ အားကြီး သော ဗိုလ် ပါအလုံးအရင်းများနှင့်အတူ မြေရိုး တို့ကိုဖို့ ၍ ရဲတိုက် တို့ကို ဆောက် သော်လည်း ၊ သူ့အဘို့စစ်တိုက် ၍ မနိုင်ရာ။
18 For he put his oath on one side in letting the agreement be broken; and though he had given his hand to it, he did all these things; he will not get away safe.
၁၈အကြောင်း မူကား၊ ယေရုရှလင် မင်းသည် လက် ချင်းရိုက် ပြီးမှ၊ သစ္စာ တော်ကိုမ ရိုမသေပြု၍ ပဋိညာဉ် ကိုဖျက် လျက် ၊ ဤ အမှုအလုံးစုံ တို့ကို ပြု သောကြောင့် ဘေးမှမ လွတ် ရ။
19 And so the Lord has said, By my life, truly, for my oath which he put on one side, and my agreement which has been broken, I will send punishment on his head.
၁၉ထိုကြောင့် ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ငါ အသက် ရှင်သည်အတိုင်း အကယ်စင်စစ်ငါ ၏သစ္စာ ကို မ ရိုမသေပြု၍ ငါ ၏ပဋိညာဉ် ကို ဖျက် သော အပြစ် ကို သူ၏ခေါင်းပေါ်သို့ ငါသက်ရောက်စေမည်။
20 My net will be stretched out over him, and he will be taken in my cords, and I will send him to Babylon, and there I will be his judge for the wrong which he has done against me.
၂၀ငါ သည် ပိုက်ကွန် နှင့် အုပ် ၍ ၊ ငါ ၏ကျော့ကွင်း နှင့် ကျော့ ပြီးလျှင် ၊ ဗာဗုလုန် မြို့သို့ ဆောင် သွားမည်။ ငါ့ ကို ပြစ်မှား သောအပြစ် ကြောင့် ထို မြို့ ၌ ငါစစ်ကြော စီရင် မည်။
21 All his best fighting-men will be put to the sword, and the rest will be sent away to every wind: and you will be certain that I the Lord have said it.
၂၁သူ့ ထံမှပြေး သော သူများနှင့် သူရဲ များအပေါင်း တို့သည် ထား ဖြင့် ဆုံး ခြင်းသို့ရောက်၍ ၊ ကျန်ကြွင်း သောသူတို့ သည် အရပ်ရပ် သို့ ကွဲပြား ကြလိမ့်မည်။ ငါ ထာဝရ ဘုရား မိန့် တော်မူသည် ကို သင်တို့သိရ ကြလိမ့်မည်ဟု မိန့်တော်မူ၏။
22 This is what the Lord has said: Further, I will take the highest top of the cedar and put it in the earth; cutting off from the highest of his young branches a soft one, I will have it planted on a high and great mountain;
၂၂တဖန် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ မြင့် သော အာရဇ် ပင်၌ အမြင့်ဆုံး သော အညွန့် ကို ငါ ယူ ၍ စိုက် မည်။ အညွန့်ဖျားတို့တွင် နု သော အညွန့်ကိုဆိတ် ၍ ၊ မြင့်မြတ် သော တောင် ပေါ် မှာ ငါ စိုက်ပျိုး မည်။
23 It will be planted on the high mountain of Israel: it will put out branches and have fruit and be a fair cedar: under it all birds of every sort will make their living-place, resting in the shade of its branches.
၂၃အမြင့်ဆုံး သော ဣသရေလ တောင် ပေါ် မှာ ငါ စိုက်ပျိုး ပြီးမှ ၊ အခက် အလက်နှင့်ပြည့်စုံ ၍ အသီး ကို သီး သဖြင့် ၊ ကောင်းမွန် သော စပျစ် နွယ်ပင်ဖြစ် လိမ့်မည်။ ထိုအပင်အောက်၌၎င်း ၊ အခက် အလက်အရိပ် ၌ ၎င်း ၊ ငှက် မျိုးအပေါင်း တို့သည် နေရာ ကျကြလိမ့်မည်။
24 And it will be clear to all the trees of the field that I the Lord have made low the high tree and made high the low tree, drying up the green tree and making the dry tree full of growth; I the Lord have said it and have done it.
၂၄ငါ ထာဝရဘုရား သည်မြင့် သော အပင် ကိုနှိမ့် ၍ ၊ နိမ့် သောအပင် ကိုချီးမြှောက် ကြောင်း၊ စိမ်းလန်း သော အပင် ကို သွေ့ခြောက် စေ၍ ၊ သွေ့ ခြောက်သောအပင် ကို စိမ်းလန်း စေကြောင်းများကို၊ တော သစ်ပင် ရှိသမျှ တို့သည် သိရ ကြလိမ့်မည်။ ငါ ထာဝရဘုရား သည် စကား တော် ရှိသည်အတိုင်း ပြု မည်ဟုမိန့်တော်မူ၏။