< Ezekiel 10 >
1 Then looking, I saw that on the arch which was over the head of the winged ones there was seen over them what seemed like a sapphire stone, having the form of a king's seat.
၁တဖန် ငါကြည့်ရှု ၍ ၊ ခေရုဗိမ် ၏ခေါင်း တို့ အထက် မိုဃ်း မျက်နှာကြက်၌ နီလာ ကျောက် ကဲ့သို့ ၊ ရာဇ ပလ္လင် ၏ သဏ္ဌာန် အရောင် သည် ထင်ရှား ၏။
2 And he said to the man clothed in linen, Go in between the wheels, under the winged ones, and get your two hands full of burning coals from between the winged ones and send them in a shower over the town. And he went in before my eyes.
၂ပိတ် အဝတ်ကိုဝတ် သောသူ အား လည်း ၊ ရထား ဘီး တို့အကြား မှာ ခေရုဗိမ် အောက် သို့ ဝင် လော့။ ခေရုဗိမ် အကြား မှာရှိသော မီးခဲ တို့ကို လက် နှစ်ဘက်နှင့် ကျုံးပြီးလျှင် ၊ မြို့ အပေါ် မှာ ဖြန့်ကြဲ လော့ဟု မိန့်တော်မူသည် အတိုင်း၊ ထိုသူသည် ငါ့ မျက်မှောက် ၌ သွား ၏။
3 Now the winged ones were stationed on the right side of the house when the man went in; and the inner square was full of the cloud.
၃ဝင် သောအခါ ခေရုဗိမ် တို့သည် အိမ် တော် လက်ျာ ဘက်မှာ ရပ် ၍ ၊ အတွင်း တန်တိုင်း သည် မိုဃ်းတိမ် နှင့် ပြည့် ၏။
4 And the glory of the Lord went up from the winged ones and came to rest over the doorstep of the house; and the house was full of the cloud and the open square was full of the shining of the Lord's glory.
၄ထာဝရဘုရား ၏ ဘုန်း တော်သည် ခေရုဗိမ် အပေါ် က အိမ် တော်တံခါး ခုံအထက်သို့ တက် ရွှေ့၍ ၊ အိမ် တော်သည် မိုဃ်းတိမ် နှင့် ပြည့် ၏။ တန်တိုင်း သည် လည်း ၊ ထာဝရဘုရား ၏ ဘုန်း တော်အရောင် နှင့်ပြည့် ၏။
5 And the sound of the wings of the winged ones was clear even in the outer square, like the voice of the Ruler of all.
၅အနန္တ တန်ခိုးရှင်ဘုရားသခင် မိန့် မြွက်တော်မူသော အသံ ကဲ့သို့ ခေရုဗိမ် အတောင် တို့၏ အသံ ကို ကြား ရ၏။
6 And when he gave orders to the man clothed in linen, saying, Take fire from between the wheels, from between the winged ones, then he went in and took his place at the side of a wheel.
၆ပိတ် အဝတ်ကိုဝတ် သောသူ အားလည်း၊ ရထား ဘီး အကြား ထဲက မီး ကိုယူ လော့ဟု မိန့် တော်မူသောအခါ ၊ ထိုသူသည်ဝင် ၍ ဘီး တို့အနား ၌ ရပ် နေ၏။
7 And stretching out his hand to the fire which was between the winged ones, he took some of it and went out.
၇ခေရုဗိမ် တပါးသည် ခေရုဗိမ် စုထဲက လက် ကို ဆန့် ၍ ၊ ခေရုဗိမ် အကြား မှာရှိသော မီး ကိုယူ ပြီးလျှင် ၊ ပိတ် အဝတ်ကို ဝတ် သောသူလက် ၌ ထည့် ၏။ ထိုသူလည်း ခံယူ ၍ ထွက်သွား ၏။
8 And I saw the form of a man's hands among the winged ones under their wings.
၈ခေရုဗိမ် အတောင် အောက် ၌ လူ လက် ကိုလည်း ငါမြင် ၏။
9 And looking, I saw four wheels by the side of the winged ones, one wheel by the side of a winged one and another wheel by the side of another: and the wheels were like the colour of a beryl stone to the eye.
၉ငါကြည့်ရှု ၍ ၊ ခေရုဗိမ် တို့အနား မှာ ရထားဘီး တခု စီရှိ၏။ ဘီး တို့သည် ကျောက် မျက်ရွဲ၏ အဆင်း အရောင် ရှိ၏။
10 In form the four of them were all the same, they seemed like a wheel inside a wheel.
၁၀ဘီး လေး ခုတို့သည်ပုံသဏ္ဌာန် တညီ တည်းရှိ၍၊ ဘီး တခုထဲ ၌ ဘီး တခုတပ်သကဲ့သို့ ရှိ ကြ၏။
11 When they were moving, they went on their four sides without turning; they went after the head in the direction in which it was looking; they went without turning.
၁၁သွား သောအခါ ဘီး လေး မျက်နှာ တညီတည်း နေ၍၊ မ လှည့် ဘဲ သွား တတ်ကြ၏။ ခေါင်း မျက်နှာ ပြုသော ဘက် သို့လိုက် ၍ မ လှည့် ဘဲ သွား ကြ၏။
12 And the edges of the four wheels were full of eyes round about.
၁၂ဘီး လေး ခုနှင့်တကွခေရုဗိမ်လေးပါးတို့သည် ကျော ၊ လက် ၊ အတောင် မှစ၍ တကိုယ်လုံး ၌ မျက်စိ နှင့်ပြည့် ကြ၏။
13 As for the wheels, they were named in my hearing, the circling wheels.
၁၃ထို ဘီး တို့ကို စကြာ ဟူသောအမည်ဖြင့် သမုတ် သည်ကို ငါ ကြား ၏။
14 And every one had four faces: the first face was the face of a winged one, and the second was the face of a man, and the third the face of a lion, and the fourth the face of an eagle.
၁၄ခေရုဗိမ် တို့သည် မျက်နှာ လေး ခုစီရှိ၍၊ ပဌမ မျက်နှာ သည်ခေရုဗိမ်မျက်နှာ ၊ ဒုတိယ မျက်နှာ သည် လူ မျက်နှာ ၊ တတိယ မျက်နှာသည် ခြင်္သေ့ မျက်နှာ ၊ စတုတ္ထ မျက်နှာသည် ရွှေလင်းတ မျက်နှာ ဖြစ်၏။
15 And the winged ones went up on high: this is the living being which I saw by the river Chebar.
၁၅ထိုခေရုဗိမ် တို့သည် ချီကြွ လျက် ရှိကြ၏။ ဤ သည်ကား၊ ခေဗာ မြစ် နား မှာ ငါမြင် ဘူးသော သတ္တဝါ ပေတည်း။
16 And when the winged ones went, the wheels went by their side: and when their wings were lifted to take them up from the earth, the wheels were not turned from their side.
၁၆ခေရုဗိမ် တို့သည် သွား သောအခါ ဘီး တို့သည် ထက်ကြပ်လိုက် ကြ၏။ ခေရုဗိမ် တို့သည် မြေကြီး မှ တက် အံ့သောငှါ အတောင် တို့ကို ဖြန့် သောအခါ ၊ ဘီး တို့ သည် မ ကွာ ဘဲလိုက်ကြ၏။
17 When they were at rest in their place, these were at rest; when they were lifted up, these went up with them: for the spirit of life was in them.
၁၇သူ တို့ရပ် သောအခါ ဘီးတို့သည်ရပ် ကြ၏။ သူ တို့သည် မြေကြီး နှင့် ကွာ ၍ တက် သောအခါ ၊ ဘီးတို့သည်လည်း ထက်ကြပ်လိုက်၍ တက် ကြ၏။ အကြောင်း မူကား၊ သတ္တဝါ ၏ ဝိညာဉ် သည် ဘီးတို့၌ရှိ၏။
18 Then the glory of the Lord went out from the doorstep of the house, and came to rest over the winged ones.
၁၈ထိုအခါ ထာဝရဘုရား ၏ ဘုန်း တော်သည် အိမ် တော်တံခါး ခုံမှ ရွှေ့ ၍ ခေရုဗိမ် အပေါ် မှာ တည် လေ ၏။
19 And the winged ones, lifting up their wings, went up from the earth before my eyes, with the wheels by their side: and they came to rest at the east doorway of the Lord's house; and the glory of the God of Israel was over them on high.
၁၉ထိုခေရုဗိမ် တို့သည် ငါ့ မျက်မှောက် ၌ အတောင် တို့ကို ဖြန့် ပြီးလျှင် ၊ မြေကြီး နှင့် ကွာ၍ တက် ကြ၏။ ပြင်သို့ ထွက် သောအခါ ဘီး တို့သည် လိုက်ကြ၏။ ထာဝရဘုရား ၏ အိမ် တော်ရှေ့ တံခါးဝမှာ ရပ် ၍ ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ဘုန်း တော်သည် သူ တို့အပေါ် မှာ တည်လျက် ရှိ၏။
20 This is the living being which I saw under the God of Israel by the river Chebar; and it was clear to me that they were the winged ones.
၂၀ဤ သည်ကား၊ ခေဗာ မြစ် နား မှာ ဣသရေလ အမျိုး၏ ဘုရားသခင့် အောက် ၌ ငါမြင် ဘူးသော သတ္တဝါ ပေတည်း။ ခေရုဗိမ် ဖြစ်သည်ကို လည်း ငါသိ ၏။
21 Every one had four faces and every one had four wings; and hands like a man's hands were under their wings.
၂၁သူ တို့သည် မျက်နှာ လေး ခုစီ ၊ အတောင် လေး လုံး စီ ရှိ၍၊ အတောင် အောက် ၌ လူ လက် သဏ္ဌာန် ရှိ၏။
22 As for the form of their faces, they were the faces whose form I saw by the river Chebar; when they went, every one of them went straight forward.
၂၂မျက်နှာ ပုံ ကား ၊ ခေဗာ မြစ် နား မှာ ငါမြင် ဘူး သော မျက်နှာ နှင့်တူ၏။ ကိုယ် အဆင်း အရောင်လည်း တူ၏။ ထို သူလေးပါးတို့သည် တည့်တည့် သွား တတ်ကြ၏။