< Exodus 37 >
1 And Bezalel made the ark of hard wood, two and a half cubits long, a cubit and a half wide and a cubit and a half high;
၁တဖန် ဗေဇလေလ သည်၊ အလျား နှစ်တောင် ထွာ ၊ အနံ တတောင် ထွာ၊ စောက် တတောင် ထွာ ရှိသောသေတ္တာ ကို အကာရှ သား နှင့်လုပ် ၍ ၊
2 Plating it inside and out with the best gold, and putting an edge of gold all round it.
၂သေတ္တာအတွင်း အပြင် ကို ရွှေ စင် နှင့်မွမ်းမံ လေ၏။ သေတ္တာပေါ်နားပတ်လည် ၌ကွပ် သောရွှေ တန်ဆာကိုလည်း လုပ် လေ၏။
3 And he made four gold rings for its four angles, two on one side and two on the other,
၃ရွှေ လေး ကွင်း ကို သွန်း ၍၊ သေတ္တာ လေး ထောင့်၌ တ မျက်နှာ နှစ် ကွင်း စီတပ်လေ၏။
4 And rods of the same wood plated with gold.
၄အကာရှ သား ထမ်းဘိုး ကို လုပ် ၍ ရွှေ နှင့်မွမ်းမံ ပြီးမှ ၊
5 These rods he put in the rings at the sides of the ark, for lifting it.
၅သေတ္တာ ထမ်း စရာဘို့ တဘက်တချက် ရွှေကွင်း ၌ လျှိုထား လေ၏။
6 And he made the cover all of gold, two and a half cubits long and a cubit and a half wide.
၆အလျား နှစ်တောင် ထွာ ၊ အနံ တတောင် ထွာ ရှိသောသေတ္တာအဖုံး ကိုလည်း ၊ ရွှေ စင် နှင့်လုပ် လေ၏။
7 And he made two winged ones, hammered out of one bit of gold, for the two ends of the cover;
၇ရွှေ ခေရုဗိမ် နှစ် ပါးကိုလည်း ၊ သေတ္တာအဖုံး တွင် အလျားတဘက်တချက် ၌ ထု လုပ် လေ၏။
8 Placing one at one end and one at the other; the winged ones were part of the cover.
၈ထိုသို့ ခေရုဗိမ် နှစ် ပါးကို၊ သေတ္တာဖုံး ကိုယ်ထဲက ထုတ်၍၊ သေတ္တာဖုံးအပေါ်၌ တဘက်တပါးစီ လုပ် ပြီးလျှင် ၊
9 And their wings were stretched out over the cover; the faces of the winged ones were opposite one another and facing the cover.
၉ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာ ချင်း ဆိုင် ၍၊ သေတ္တာဖုံး ကို ရှု လျက်၊ မိမိ အတောင် ကို ဖြန့် ၍ သေတ္တာဖုံး ကို မိုး လျက် ရှိ ၏။
10 And he made the table of hard wood, two cubits long, a cubit wide and a cubit and a half high;
၁၀အလျား နှစ်တောင် ၊ အနံ တတောင် ၊ အမြင့် တတောင် ထွာ ရှိသော စားပွဲ ကိုလည်း ၊ အကာရှ သား နှင့် လုပ် ၍ ၊
11 Plating it with the best gold and putting a gold edge all round it.
၁၁ရွှေ စင် နှင့် မွမ်းမံ လေ၏။ စားပွဲအပေါ်နားပတ်လည် ၌ ကွပ် သော ရွှေ တန်ဆာကို၎င်း၊
12 And he made a frame all round it about as wide as a man's hand, edged with gold all round.
၁၂အနံ တလက်ဝါး ရှိသောခါးပန်း ကို၎င်း၊ ခါးပန်း အပေါ်နားပတ်လည်၌ ကွပ် သော ရွှေ တန်ဆာကို၎င်း လုပ် လေ၏။
13 And he made four gold rings, and put the rings at the angles of its four feet.
၁၃ရွှေ လေး ကွင်း ကိုလည်း သွန်း ၍ ခြေထောက် လေး ခုအထက်၊ စားပွဲလေး ထောင့် ၌ တပ် လေ၏။
14 The rings were fixed under the frame to take the rods with which the table was to be lifted.
၁၄ထိုရွှေကွင်း တို့သည် ခါးပန်း ပေါ်မှာရှိ၍၊ စားပွဲ ထမ်း စရာ ထမ်းဘိုး နေရာ ဖြစ် ၏။
15 The rods for lifting the table he made of hard wood plated with gold.
၁၅စားပွဲ ထမ်း စရာ အကာရှ သား ထမ်းဘိုး ကို လုပ် ၍ ရွှေ နှင့် မွမ်းမံ လေ၏။
16 And all the table-vessels, the plates and spoons and basins and the cups for liquids, he made of the best gold.
၁၆စားပွဲ တန်ဆာ တည်းဟူသောလင်ပန်း ၊ ဇွန်း ၊ အင်တုံ ၊ လောင်း စရာ ဖလား များကိုလည်း ရွှေ စင် နှင့် လုပ် လေ၏။
17 Then he made the support for the lights, all of the best gold; its base and its pillar were of hammered gold; its cups and buds and flowers were all made out of the same metal:
၁၇မီးခုံ ကိုလည်း ရွှေ စင် နှင့်လုပ် ၍၊ မီးခုံ တိုင်အစရှိသော အလက် များ၊ ခွက် များ၊ ဘူးသီး များ၊ ကြာပွင့် များတို့ကို တစပ်တည်းထု လေ၏။
18 It had six branches coming out from its sides, three from one side and three from the other;
၁၈မီးခုံ တိုင် တဘက် တချက် သုံး လက်စီ ထွက် ၍၊ အလက် ခြောက် လက်ရှိ၏။
19 Every branch having three cups made like almond flowers, every cup with a bud and a flower on all the branches;
၁၉မီးခုံ တိုင်ထဲက ထွက် သော အလက် သုံးလက်တွင်၊ တလက်တလက်၌ဘူး ၊ ကြာပွင့် နှင့်တကွ ဗာတံ သီးနှင့် ပုံတူသော ခွက် သုံး ခွက်ရှိ၏။
20 And on its pillar, four cups like almond flowers, every one with its bud and its flower;
၂၀မီးခုံ တိုင်၌ လည်း ဘူး ၊ ကြာပွင့် နှင့်တကွ ဗာတံ သီးနှင့်ပုံတူသော ခွက် လေး ခွက်ရှိ၏။
21 And under every two branches a bud, made with the branch, for all six branches of it.
၂၁မီးခုံ တိုင်ထဲက ထွက် သော အလက် ခြောက် လက်ရှိသည်အတိုင်း ၊ အလက် နှစ်ဘက် အောက် ၌လည်း ဘူးသီး တလုံးစီရှိ၏။
22 The buds and the branches were made of the same metal, all together one complete work of the best hammered gold.
၂၂ဘူး များ၊ အလက် များတို့ကို တကိုယ်တစပ်တည်း ဖြစ် စေ၍ မီးခုံ တကိုယ် လုံးကို ရွှေ စင် နှင့် ထု လုပ်လေ၏။
23 And he made the seven vessels for the lights, and all the necessary instruments for it, of gold.
၂၃မီးခွက် ခုနစ် လုံး၊ မီးညှပ် နှင့် မီးညှပ်ခံစရာခွက် များကိုလည်း ရွှေ စင် နှင့် လုပ် လေ၏။
24 A talent of the best gold was used for the making of it and its vessels.
၂၄မီးခုံနှင့် မီးခုံတန်ဆာ ရှိသမျှ တို့ကို ရွှေ စင် အခွက် တဆယ်နှင့် လုပ် သတည်း။
25 And he made the altar for the burning of spices, using the same hard wood; it was square, a cubit long and a cubit wide and two cubits high; the horns made of the same.
၂၅တနည်းကား၊ နံ့သာ ပေါင်းကို မီးရှို့စရာ ယဇ် ပလ္လင်ကို အကာရှ သားနှင့် လုပ် လေ၏။ ထိုပလ္လင်သည် အလျား တတောင် ၊ အနံ တတောင် ၊ စတုရန်း လေးထောင့်ဖြစ်၍အမြင့် နှစ်တောင် ရှိလေ၏။ ဦးချို တို့ကိုလည်း အကာရှ သားဖြင့် ပြီး စေ၏။
26 The top and the sides and the horns were all plated with the best gold; and he put an edge of gold all round it.
၂၆ပလ္လင်ထိပ်၊ နံရံ၊ ဦးချို တို့ကို ရွှေ စင် နှင့် မွမ်းမံ ၍၊ အပေါ် နားပတ်လည် ၌ကွပ် သော ရွှေ တန်ဆာကို လုပ် လေ၏။
27 And he made two gold rings, placing them on the two opposite sides under the edge, to take the rods for lifting it.
၂၇ရွှေတန်ဆာအောက် ပလ္လင်တဘက် တချက်ထောင့်၌ ရွှေ ကွင်း နှစ် ကွင်းကိုလုပ် ၍ ပလ္လင် ထမ်း စာရာ ထမ်းဘိုး နေရာ ဖြစ်၏။
28 The rods he made of the same hard wood, plating them with gold.
၂၈ထမ်းဘိုး တို့ကို အကာရှ သား နှင့်လုပ် ၍ ရွှေ နှင့်မွမ်းမံ လေ၏။
29 And he made the holy oil and the perfume of sweet spices for burning, after the art of the perfume-maker.
၂၉ဆေးသမားအတတ် နှင့်ဆေးပေါင်းကိုဘော် တတ်သည်အတိုင်း၊ သန့်ရှင်း သော လိမ်း ရန်နံ့သာဆီ ကို ၎င်း၊ နံ့သာ မျိုးနှင့်ဘော်သော မီးရှို့ရာနံ့သာ ပေါင်းစင် ကို၎င်းလုပ် လေ၏။