< Exodus 26 >
1 And you are to make a House for me, with ten curtains of the best linen, blue and purple and red, worked with designs of winged ones by a good workman.
၁``ငါစံတော်မူရာတဲတော်ကို ချည်ချော၊ သိုးမွေး အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်တို့နှင့်ရက် သောကန့်လန့်ကာဆယ်ခုဖြင့်ပြုလုပ်လော့။ ထို ကန့်လန့်ကာများတွင် ခေရုဗိမ်ရုပ်များပန်း ပေါက်ဖော်ထားရမည်။-
2 Every curtain is to be twenty-eight cubits long and four cubits wide, all of the same measure.
၂ကန့်လန့်ကာများသည်အလျားတစ်ဆယ့် လေးကိုက်၊ အနံနှစ်ကိုက်စီရှိစေရမည်။-
3 Five curtains are to be joined together, and the other five are to be joined together.
၃ကန့်လန့်ကာငါးထည်ကိုစပ်၍ချုပ်ရမည်။ အခြားငါးထည်ကိုလည်းထိုအတိုင်းချုပ် ရမည်။-
4 And you are to put twists of blue cord on the edge of the outside curtain of the first group of five, and on the edge of the outside curtain of the second group of five;
၄ကန့်လန့်ကာတစ်စုံစီ၏အပြင်ဘက်နားများ တွင် တပ်ရန်ပိတ်အပြာကွင်းများကိုပြုလုပ် ရမည်။-
5 Fifty twists on one curtain and fifty on the other, the twists to be opposite one another.
၅ငါးထည်စပ်ပထမကန့်လန့်ကာရှိရှေ့ဆုံး အထည်တွင်ကွင်းငါးဆယ်ကိုလည်းကောင်း၊ ဒုတိယငါးထည်စပ်ကန့်လန့်ကာရှိနောက် ဆုံးအထည်တွင် ကွင်းငါးဆယ်ကိုလည်း ကောင်းကွင်းဆိုင်မီအောင်တပ်ထားရမည်။-
6 Then make fifty gold hooks, joining the curtains together by the hooks, and in this way the House will be made.
၆ကန့်လန့်ကာနှစ်စုံကိုတစ်ခုတည်းဖြစ်စေရန် ဆက်ရမည့်ရွှေချိတ်ငါးဆယ်ကိုပြုလုပ်လော့။
7 And you are to make curtains of goats' hair for a tent over the House, eleven curtains.
၇``တဲတော်အမိုးအတွက်အထည်တစ်ဆယ့် တစ်ထည်ကို ဆိတ်မွေးနှင့်ရက်လုပ်လော့။-
8 Every curtain is to be thirty cubits long and four cubits wide, all of the same measure.
၈တစ်ထည်လျှင်အလျားတစ်ဆယ့်ငါးကိုက်၊ အနံနှစ်ကိုက်စီရှိစေရမည်။-
9 Five of these curtains are to be joined together, and the other six are to be joined together, the sixth being folded over to make a hanging in front of the tent.
၉အထည်ငါးထည်ကိုတစ်စပ်၊ အခြားခြောက် ထည်ကိုတစ်စပ်ချုပ်ရမည်။ ဆဋ္ဌမအထည် ကိုတဲတော်ဦး၌ခေါက်တင်ထားရမည်။-
10 And you are to put fifty twists of cord on the edge of the outside curtain of one group, and fifty twists on the edge of the outside curtain of the other group.
၁၀ပထမအစပ်၏နောက်ဆုံးအထည်နားတွင် ကွင်းငါးဆယ်ကိုလည်းကောင်း၊ ဒုတိယအစပ် ၏အနားတွင်ကွင်းငါးဆယ်ကိုလည်းကောင်း တပ်ထားရမည်။-
11 Then make fifty brass hooks and put the hooks into the twists, joining the tent together to make it one.
၁၁ထိုအထည်နှစ်စပ်ကိုပေါင်း၍တဲတော်၏ အမိုးဖြစ်စေရန် ကြေးဝါချိတ်ငါးဆယ်ကို ပြုလုပ်ပြီးလျှင်ကွင်းများတွင်ချိတ်ဆက် ပေးလော့။-
12 And the folded part which is over of the curtains of the tent, the half-curtain which is folded back, will be hanging down over the back of the House.
၁၂ပိုနေသည့်အထည်တစ်ဝက်ကိုတဲတော်နောက် မှာတွဲကျစေရမည်။-
13 And the cubit which is over of the ten curtains at the sides will be hanging over the two sides of the House as a cover.
၁၃အထည်အလျားတစ်ဘက်တစ်ချက်တွင်ပို ထွက်နေသည့်ကိုက်တစ်ဝက်ကို တဲတော်၏ ဘေးဘက်၌တွဲကျစေရမည်။
14 And then you are to make a cover for the tent, of sheepskins coloured red, and a cover of leather over that.
၁၄``အမိုးနှစ်ထပ်ထပ်မံ၍ပြုလုပ်ရမည်။ တစ် ထပ်ကိုအနီရောင်ဆိုးသောသိုးထီးသားရေ ဖြင့်ပြုလုပ်ရမည်။ အပေါ်ဆုံးအထပ်ကို သားရေချောဖြင့်ပြုလုပ်ရမည်။
15 And you are to make upright boards of hard wood for the House.
၁၅``တဲတော်အတွင်းဘောင်ခွေများကို အကာရှ သစ်သားဖြင့်ပြုလုပ်ရမည်။-
16 Every board is to be ten cubits high and a cubit and a half wide.
၁၆ဘောင်ခွေများသည်အလျားတစ်ဆယ့်ငါးပေ၊ အနံနှစ်ဆယ့်ခုနစ်လက်မစီရှိ၍၊-
17 Every board is to be joined to the one nearest to it by two tongues, and so for every board in the House.
၁၇ဘောင်ခွေချင်းဆက်စပ်ထားရန်စရွေးဖော်ထား ရမည်။ တဲတော်အတွက်ဘောင်ခွေအားလုံးတွင် စရွေးဖော်ထားရမည်။-
18 These are the boards needed for the house; twenty boards for the south side,
၁၈တဲတော်တောင်ဘက်အတွက်ဘောင်ခွေနှစ်ဆယ် ကိုပြုလုပ်ရမည်။-
19 With forty silver bases under the twenty boards, two bases under every board to take its tongues.
၁၉ဘောင်ခွေတစ်ခုစီအောက်ရှိခြေထောက်နှစ်ခု စီအတွက် ငွေဖိနပ်နှစ်ခုကျဖြင့်ငွေဖိနပ် လေးဆယ်ကိုပြုလုပ်ရမည်။-
20 And twenty boards for the second side of the house on the north,
၂၀တဲတော်မြောက်ဘက်အတွက်ဘောင်ခွေနှစ် ဆယ်နှင့်၊-
21 With their forty silver bases, two under every board.
၂၁ဘောင်ခွေတစ်ခုစီအောက်တွင်ငွေဖိနပ်နှစ်ခု ကျဖြင့် ငွေဖိနပ်လေးဆယ်ကိုပြုလုပ်ရမည်။-
22 And six boards for the back of the House on the west,
၂၂တဲတော်၏အနောက်ဘက်အတွက်ဘောင်ခွေ ခြောက်ခုပြုလုပ်ရမည်။-
23 With two boards for the angles of the House at the back.
၂၃တဲတော်အနောက်ဘက်ထောင့်များအတွက် ဘောင်ခွေနှစ်ခုပြုလုပ်ရမည်။-
24 The two are to be joined together at the base and at the top to one ring, forming the two angles.
၂၄ဤထောင့်ဘောင်ခွေတို့ကိုအောက်ခြေမှအထက် အထိကွင်းဖြင့်ထိန်းချုပ်ထားရမည်။ ထောင့်နှစ် ထောင့်အတွက်ဘောင်ခွေနှစ်ခုကိုထိုနည်း အတိုင်းပြုလုပ်ရမည်။-
25 So there are to be eight boards, with their sixteen silver bases, two bases under every board.
၂၅သို့ဖြစ်၍ဘောင်ခွေရှစ်ခုနှင့်တစ်ခုစီအတွက် ငွေ ဖိနပ်နှစ်ခုကျဖြင့်ငွေဖိနပ်တစ်ဆယ့်ခြောက်ခု ရှိရမည်။
26 And make rods of the same wood, five for the boards on the one side,
၂၆``တဲတော်အတွက်ကန့်လန့်ကျင် စုစုပေါင်းတစ် ဆယ့်ငါးခုကိုအကာရှသစ်သားဖြင့်ပြုလုပ် လော့။ တဲတော်တောင်ဘက်ရှိဘောင်ခွေများ အတွက်ကန့်လန့်ကျင်ငါးခု၊-
27 And five for the boards on the other side of the House, and five for the west side of the House at the back.
၂၇မြောက်ဘက်ရှိဘောင်ခွေများအတွက်ငါးခုနှင့် အနောက်ဘက်ရှိဘောင်များအတွက်ငါးခုပြု လုပ်ရမည်။-
28 And the middle rod is to go through the rings of all the boards from end to end.
၂၈ဘောင်ခွေများ၏အလယ်ကိုဖြတ်သည့်ကန့်လန့် ကျင်တို့သည် တဲတော်အစွန်းတစ်ဘက်တစ်ချက် တွင်အဆုံးသတ်ရမည်။-
29 And the boards are to be plated with gold, having gold rings for the rods to go through: and the rods are to be plated with gold.
၂၉ဘောင်ခွေများကိုရွှေချရမည်။ ကန့်လန့်ကျင်များ ကိုလည်းရွှေချရမည်။ ကန့်လန့်ကျင်များကို လျှိုရန်ရွှေကွင်းများတပ်ထားရမည်။-
30 And you are to make the House from the design which you saw on the mountain.
၃၀သင့်အားတောင်ပေါ်မှာပြသောပုံစံအတိုင်း တဲတော်ကိုတည်ဆောက်ရမည်။
31 And you are to make a veil of the best linen, blue and purple and red, worked with designs of winged ones by a good workman:
၃၁``အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး နှင့်ချည်ချောဖြင့် ရက်သောကန့်လန့်ကာကိုပြု လုပ်လော့။ ကန့်လန့်ကာတွင်ခေရုဗိမ်ရုပ်များ ကိုပန်းဖော်ထားရမည်။-
32 Hanging it by gold hooks from four pillars of wood, plated with gold and fixed in silver bases.
၃၂ကန့်လန့်ကာကိုရွှေချိတ်များတပ်ထားသော အကာရှသစ်သားတိုင်လေးတိုင်အပေါ်တွင် ချိတ်ဆွဲထားရမည်။ တိုင်များကိုရွှေချ၍ ငွေဖိနပ်လေးခုတွင်စွပ်ထားရမည်။-
33 And you are to put up the veil under the hooks, and put inside it the ark of the law: the veil is to be a division between the holy place and the most holy.
၃၃ကန့်လန့်ကာကိုချိတ်ပြီးနောက်ကန့်လန့်ကာ နောက်တွင် ကျောက်ပြားနှစ်ပြားပါရှိသည့် ပဋိညာဉ်သေတ္တာကိုထားလော့။ ကန့်လန့်ကာ သည်သန့်ရှင်းရာဌာနနှင့်အသန့်ရှင်းဆုံး ဌာနတော်တို့ကိုပိုင်းခြားထားမည်။-
34 You are to put the cover on the ark of the law, inside the most holy place.
၃၄ပဋိညာဉ်သေတ္တာတွင်အဖုံးတပ်ထားရမည်။-
35 And outside the veil you are to put the table, and the support for the lights opposite the table on the south side of the House; and the table is to be on the north side.
၃၅စားပွဲနှင့်ဆီမီးခုံကိုကန့်လန့်ကာအပြင်ဘက် တွင်ထားရှိရမည်။ စားပွဲကိုမြောက်ဘက်တွင် လည်းကောင်း၊ ဆီမီးခုံကိုတောင်ဘက်တွင်လည်း ကောင်းတစ်ဘက်တစ်ချက်၌ထားရှိရမည်။
36 And you are to make a curtain for the doorway of the Tent, of the best linen with needlework of blue and purple and red.
၃၆``တဲတော်အဝင်ဝ၌ကာရန်အတွက်သိုးမွေး အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်နှင့်ချည်ချော ဖြင့်ရက်၍ ပန်းအလှဖော်ထားသောကန့်လန့်ကာ တစ်ခုကိုလည်းပြုလုပ်ရမည်။-
37 And make five pillars for the curtain, of hard wood plated with gold; their hooks are to be of gold and their bases of brass.
၃၇ဤကန့်လန့်ကာချိတ်ဆွဲရန်အတွက်အကာရှ သစ်သားတိုင်ငါးတိုင်ပြုလုပ်၍၊ ရွှေချိတ်များ တပ်ထားရမည်။ တိုင်များကိုရွှေချ၍တိုင် ဖိနပ်ငါးခုကိုကြေးဝါဖြင့်ပြုလုပ်ရမည်။