< Exodus 16 >
1 And they went on their way from Elim, and all the children of Israel came into the waste land of Sin, which is between Elim and Sinai, on the fifteenth day of the second month after they went out of the land of Egypt.
၁တဖန် ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့သည်၊ ဧလိမ် အရပ်မှ ထွက်၍ ခရီးသွား ကြ၏။ အဲဂုတ္တု ပြည် မှ ထွက်သွား သောနောက်၊ ဒုတိယ လ ဆယ် ငါး ရက် နေ့တွင် ၊ ဧလိမ် အရပ်နှင့် သိနာ တောင် စပ်ကြား မှာ သိန် တော သို့ ရောက် ကြ၏။
2 And all the children of Israel were crying out against Moses and Aaron in the waste land:
၂ထိုတော ၌ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့က၊
3 And the children of Israel said to them, It would have been better for the Lord to have put us to death in the land of Egypt, where we were seated by the flesh-pots and had bread enough for our needs; for you have taken us out to this waste of sand, to put all this people to death through need of food.
၃ငါတို့သည် အဲဂုတ္တု ပြည် ၌ အမဲသား ချက်သော အိုး ကင်းနား မှာ ထိုင် ၍ ဝ စွာစား ရသောအခါ ၊ ထာဝရဘုရား ၏ လက် တော်ဖြင့် သေ လျှင် သာ၍ကောင်း၏။ ယခု မူကား၊ ဤ စည်းဝေး လျက်ရှိသောလူအပေါင်း တို့ကို ငတ်မွတ် ခြင်းအားဖြင့် သတ် လိုသောငှာ ၊ ဤ တော အရပ်သို့ ဆောင် ခဲ့ပြီတကားဟု မောရှေ နှင့် အာရုန် ကို အပြစ်တင် ၍ မြည်တမ်းလျက်ဆို ကြ၏။
4 Then the Lord said to Moses, See, I will send down bread from heaven for you; and the people will go out every day and get enough for the day's needs; so that I may put them to the test to see if they will keep my laws or not.
၄ထိုအခါ ထာဝရဘုရား က ကြည့်ရှု လော့။ ငါ သည် သင် တို့အဘို့ မိုဃ်းကောင်းကင် က မုန့် မိုဃ်း ကို ရွာစေမည်။ လူ တို့သည် နေ့တိုင်းထွက် ၍ တနေ့ စားလောက်အောင် သိမ်း ယူရကြမည်။ ငါ ၏တရား အတိုင်း ကျင့် မည်လော၊ မ ကျင့်လောဟု ထို သို့သောအားဖြင့် သူ တို့ကို ငါစုံစမ်း မည်။
5 And on the sixth day they are to make ready what they get in, and it will be twice as much as they get on the other days.
၅နေ့ တိုင်းသိမ်းယူ သော အရာ ထက် ၊ ခြောက် ရက်မြောက်သောနေ့ ၌ နှစ်ဆ ကို သိမ်းယူ ၍ ပြင် ရကြမည်ဟု မောရှေ အား မိန့် တော်မူ၏။
6 And Moses and Aaron said to all the children of Israel, This evening it will be clear to you that it is the Lord who has taken you out of the land of Egypt:
၆မောရှေ နှင့် အာရုန် တို့ကလည်း ၊ ထာဝရဘုရား သည် သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် တော်မူသည် ဟု ယနေ့ညဦး ယံ၌ သင်တို့သိ ကြလိမ့်မည်။
7 And in the morning you will see the glory of the Lord; for your angry words against the Lord have come to his ears: and what are we that you are crying out against us?
၇နံနက် ယံ၌ လည်း ၊ ထာဝရဘုရား ၏ ဘုန်း တော်ကို မြင် ရကြလိမ့်မည်။ ထာဝရဘုရား ကို အပြစ်တင်လျက် မြည်တမ်း ကြသောအသံကိုကြား တော်မူပြီ။ ငါ တို့ကို အပြစ်တင်လျက် မြည်တမ်း စေခြင်းငှာ ၊ ငါ တို့သည် အဘယ်သို့ သောသူဖြစ် သနည်းဟု ဣသရေလ အမျိုးသား အပေါင်း တို့အား ဆို လေ၏။
8 And Moses said, The Lord will give you meat for your food at evening, and in the morning bread in full measure; for your outcry against the Lord has come to his ears: for what are we? your outcry is not against us but against the Lord.
၈တဖန် လည်းမောရှေ က၊ ထာဝရဘုရား သည် ညဦး ယံ၌ သင် တို့စား စရာအမဲသား ကို၎င်း ၊ နံနက် ယံ၌ ဝ လောက်အောင် မုန့် ကို၎င်းပေး တော်မူသောအခါ ၊ ဤစကားပြည့်စုံလိမ့်မည်။ သင် တို့သည် အပြစ်တင်လျက် မြည်တမ်း ကြသော အသံကို ထာဝရဘုရား ကြား တော်မူပြီ။ ငါ တို့သည် အဘယ်သို့ သောသူဖြစ် သနည်း။ သင် တို့သည် အပြစ်တင်လျက် မြည်တမ်း ကြသော စကားသည်၊ ငါ တို့ကို မ ထိ မခိုက်၊ ထာဝရဘုရား ကို ထိခိုက် သည်ဟု ဆို လေ၏။
9 And Moses said to Aaron, Say to all the people of Israel, Come near before the Lord for he has given ear to your outcry.
၉တဖန် သင် တို့သည် အပြစ်တင်လျက်၊ မြည်တမ်း သောအသံကို ထာဝရဘုရား ကြား တော်မူသည် ဖြစ်၍ ၊ အထံ တော်သို့ ချဉ်းကပ် ကြလော့ဟု ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့အား ဆင့်ဆို လော့ဟု အာရုန် ကို မှာ ထားသည်အတိုင်း ၊
10 And while Aaron was talking to the children of Israel, their eyes were turned in the direction of the waste land, and they saw the glory of the Lord shining in the cloud.
၁၀အာရုန် သည် ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့အား ဆင့်ဆို သောအခါ၊ သူတို့သည် တော သို့ မြော် ကြည့်၍ ၊ မိုဃ်းတိမ် ၌ ထင်ရှား သော ထာဝရဘုရား ၏ ဘုန်း တော်ကို မြင် ရကြ၏။
11 And the Lord said to Moses,
၁၁ထာဝရဘုရား ကလည်း ၊ ဣသရေလ အမျိုးသား တို့သည် အပြစ်တင်လျက် မြည်တမ်း သောအသံကို ငါကြား ရပြီ။
12 The outcry of the children of Israel has come to my ears: say to them now, At nightfall you will have meat for your food, and in the morning bread in full measure; and you will see that I am the Lord your God.
၁၂ညဦး ယံ၌ သင်တို့သည် အမဲသား ကို စား ရကြလိမ့်မည်။ နံနက် ယံ၌ လည်း မုန့် နှင့် ဝ ရကြလိမ့်မည်။ ငါ သည် သင် တို့၏ဘုရား သခင်ထာဝရဘုရား ဖြစ်ကြောင်းကို သိ ကြလိမ့်မည်ဟု သူ တို့ကို ပြော လော့ဟု မောရှေ အား မိန့် တော်မူ၏။
13 And it came about that in the evening little birds came up and the place was covered with them: and in the morning there was dew all round about the tents.
၁၃ညဦး ယံ၌ ငုံး ငှက်တို့သည် တပ် ကိုအနှံ့အပြားတက် လာကြ၏။ နံနက် ယံ၌ လည်း တပ် ပတ်လည် အရပ်ရပ်တွင် နှင်း ကျ လျက်ရှိ၏။
14 And when the dew was gone, on the face of the earth was a small round thing, like small drops of ice on the earth.
၁၄နှင်း တက် ပြီးသောအခါ ၊ နှင်းခဲ ကဲ့သို့ သေးသေး လုံးလုံး အရာသည် မြေ မျက်နှာပေါ် မှာ ရှိရစ်လေ၏။
15 And when the children of Israel saw it, they said to one another, What is it? for they had no idea what it was. And Moses said to them, It is the bread which the Lord has given you for your food.
၁၅ထို အရာကို ဣသရေလ အမျိုးသား တို့သည် မြင် သောအခါ ၊ အဘယ် အရာနည်းဟု မ သိ သောကြောင့် ၊ တ ယောက်ကို တယောက်မေး ကြ၏။ မောရှေ ကလည်း ၊ ဤ အရာသည်သင် တို့စားစရာ ဘို့ ထာဝရဘုရား ပေး သနားတော်မူသော မုန့် ဖြစ်၏။
16 This is what the Lord has said, Let every man take up as much as he has need of; at the rate of one omer for every person, let every man take as much as is needed for his family.
၁၆လူတိုင်း မိမိ တဲ ၌ ရှိသော သူ အရေအတွက် နှင့်အညီ၊ လူအသီးအသီး စား လောက်အောင် တယောက်တဩမဲ စီ သိမ်းယူ ကြလော့ဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို ပြန်ပြော လေ၏။
17 And the children of Israel did so, and some took more and some less.
၁၇ဣသရေလ အမျိုးသား တို့သည် ထိုသို့ ပြု ၍ ၊ အနည်း အများ အလိုက် သိမ်းယူ ကြ၏။
18 And when it was measured, he who had taken up much had nothing over, and he who had little had enough; every man had taken what he was able to make use of.
၁၈ဩမဲ တောင်းနှင့် ခြင် ကြသောအခါ ၊ များ များရသောသူမ ပို ၊ နည်းနည်း ရသောသူ မ လို ၊ အသီးအသီး တို့သည် စား လောက်အောင် သိမ်း ယူကြ၏။
19 And Moses said to them, Let nothing be kept till the morning.
၁၉မောရှေ ကလည်း ၊ နံနက် တိုင်အောင် အဘယ်သူမျှ မ ကျန် စေနှင့်ဟု ဆို သော်လည်း ၊
20 But they gave no attention to Moses, and some of them kept it till the morning and there were worms in it and it had an evil smell: and Moses was angry with them.
၂၀အချို့တို့သည် မောရှေ စကားကို နား မ ထောင်ဘဲ၊ နံနက် တိုင်အောင် ကျန် စေသဖြင့် ၊ ပိုး ဖြစ် ၍ နံ လေသော် ၊ မောရှေ သည် အမျက် ထွက်၏။
21 And they took it up morning by morning, every man as he had need: and when the sun was high it was gone.
၂၁ထိုသူ အသီးအသီးတို့သည် နေ့ တိုင်း မိမိ တို့စား လောက် သမျှကို သိမ်းယူ ကြ၏။ နေ ပူ သောအခါ အရေ ဖြစ်လေ၏။
22 And on the sixth day they took up twice as much of the bread, two omers for every person: and all the rulers of the people gave Moses word of it.
၂၂ခြောက် ရက်မြောက်သောနေ့ ၌ ၊ မုန့် နှစ်ဆ တည်းဟူသောတယောက်နှစ် ဩမဲ စီ သိမ်း ရကြ၏။ ထိုအကြောင်းကို ပရိသတ် အုပ် အပေါင်း တို့သည် မောရှေ အား ကြားပြော လေ၏။
23 And he said, This is what the Lord has said, Tomorrow is a day of rest, a holy Sabbath to the Lord: what has to be cooked may be cooked; and what is over, put on one side to be kept till the morning.
၂၃သူကလည်း၊ နက်ဖြန် နေ့သည် ထာဝရဘုရား ရှေ့ ၌ သန့်ရှင်း သောဥပုသ် နေ့၊ ငြိမ်ဝပ် စွာနေရသောနေ့ဖြစ်၏။ မုန့်ကို ပေါင်း ချင်သည်အတိုင်း ပေါင်း ကြလော့။ ပြုတ် ချင်သည်အတိုင်း ပြုတ် ကြလော့။ ကျန် သောအရာ ကို နံနက် တိုင်အောင် စောင့် ၍ သို ထားကြလော့ဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို ပြန်ပြော လေ၏။
24 And they kept it till the morning as Moses had said: and no smell came from it, and it had no worms.
၂၄မောရှေ မှာ ထားသည်အတိုင်း ၊ နံနက် တိုင်အောင် သို ထားကြ၏။ နံ ခြင်းနှင့် ကင်းလွတ် ၏။ ပိုး လည်း မ ရှိ။
25 And Moses said, Make your meal today of what you have, for this day is a Sabbath to the Lord: today you will not get any in the fields.
၂၅မောရှေ ကလည်း ၊ ကျန်သောအရာကို ယနေ့ စား ကြလော့။ ယနေ့ သည် ထာဝရဘုရား ၏ ဥပုသ် နေ့ဖြစ်၏။ ယနေ့ တွင် ထိုအရာကို တော ၌ မ တွေ့ ရ။
26 For six days you will get it, but on the seventh day, the Sabbath, there will not be any.
၂၆ခြောက် ရက် ပတ်လုံးသိမ်းယူ ရကြ၏။ ဥပုသ် နေ့တည်းဟူသောခုနစ် ရက်မြောက်သောနေ့ တွင် မ ရှိ မတွေ့ရဟု ဆို လေ၏။
27 But still on the seventh day some of the people went out to get it, and there was not any.
၂၇ခုနစ် ရက်မြောက်သောနေ့ ၌ ၊ အချို့ တို့သည် သိမ်းယူ ခြင်းငှာ ထွက်သွား ရာတွင်၊ ရှာ၍ မ တွေ့ ရကြ။
28 And the Lord said to Moses, How long will you go against my orders and my laws?
၂၈ထာဝရဘုရား ကလည်း၊သင်တို့သည်ငါ့ ပညတ် တရား များတို့ကိုအဘယ် မျှကာလ ပတ်လုံးငြင်းပယ် ကြလိမ့်မည်နည်း။
29 See, because the Lord has given you the Sabbath, he gives you on the sixth day bread enough for two days; let every man keep where he is; let no man go out of his place on the seventh day.
၂၉ထာဝရဘုရား သည် ဥပုသ် နေ့ကို သင် တို့အား ပေး တော်မူပြီ။ ထိုကြောင့် ခြောက် ရက်မြောက်သောနေ့ ၌ နှစ်ရက် အတွက်မုန့် ကိုပေး တော်မူ၏။ လူ တိုင်းမိမိ နေရာ ၌နေ စေ၊ ခုနစ် ရက်မြောက်သောနေ့ ၌ မိမိ နေရာ မှ အဘယ်သူမျှ မ သွား စေနှင့်ဟု မောရှေ အား မိန့် တော်မူ၏။
30 So the people took their rest on the seventh day.
၃၀ထိုကြောင့် လူ များတို့သည်ခုနစ် ရက်မြောက်သောနေ့ ၌ ငြိမ်ဝပ် စွာနေကြ၏။
31 And this bread was named manna by Israel: it was white, like a grain seed, and its taste was like cakes made with honey.
၃၁ဣသရေလ အမျိုးသား တို့သည် ထို စားစရာကို မန္န ဟုခေါ်ဝေါ် ကြ၏။ နံနံ စေ့ ကဲ့သို့ ဖြစ်၍ ဖြူ သောအဆင်းရှိ၏။ ပျားရည် နှင့် ရောသောမုန့်ကြွပ် နှင့် အရသာ တူ ၏။
32 And Moses said, This is the order which the Lord has given: Let one omer of it be kept for future generations, so that they may see the bread which I gave you for your food in the waste land, when I took you out from the land of Egypt.
၃၂မောရှေ ကလည်း ၊ သင် တို့ကိုအဲဂုတ္တု ပြည် မှ ငါ နှုတ်ဆောင် သောအခါ ၊ တော ၌ သင် တို့အား ကျွေး သော မုန့် ကို၊ သင် တို့အမျိုး အစဉ်အဆက်တို့သည်မြင် စေခြင်းငှာ ၊ သူတို့အဘို့သို ထားရသောဩမဲ တဩမဲကိုဖြည့် ကြလော့ဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို ပြန်ပြော လေ၏။
33 And Moses said to Aaron, Take a pot and put one omer of manna in it, and put it away before the Lord, to be kept for future generations.
၃၃တဖန် အာရုန် ကို လည်း၊ အိုး တလုံး ကိုယူ ၍ မန္န တဩမဲ ကိုအပြည့် ထည့် ပြီးလျှင်၊ သင် တို့လူမျိုး အစဉ်အဆက်ဘို့ စောင့် စေခြင်းငှာ ၊ ထာဝရ ဘုရားရှေ့တော်၌ သို ထားလော့ဟုဆို ၍၊
34 So Aaron put it away in front of the holy chest to be kept, as the Lord gave orders to Moses.
၃၄မောရှေ ကို ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ထိုမန္နကိုအာရုန် စောင့် စေခြင်းငှာ ၊ သက်သေ တော်ရှေ့ မှာသို ထားလေ၏။
35 And the children of Israel had manna for their food for forty years, till they came to a land with people in it, till they came to the edge of the land of Canaan.
၃၅ဣသရေလ အမျိုးသား တို့သည်၊ လူနေ ရာပြည် သို့ မ ရောက် မှီတိုင်အောင်၊ အနှစ် လေးဆယ် ပတ်လုံးမန္န ကိုစား ကြ၏။ ခါနာန် ပြည် နယ်နိမိတ် သို့ မ ရောက် မှီတိုင်အောင် မန္န ကိုစား ကြ၏။
36 Now an omer is the tenth part of an ephah.
၃၆ဩမဲ မူကား ၊ ဧဖာ ဆယ်စု တစုဖြစ်သတည်း။