< Deuteronomy 27 >

1 Then Moses and the responsible men of Israel gave the people these orders: Keep all the orders which I have given you this day;
ထို့​နောက်​မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​ခေါင်း​ဆောင်​များ​က လူ​အ​ပေါင်း​တို့ အား``သင်​တို့​အား​ငါ​ယ​နေ့​ပေး​မည့်​ညွှန် ကြား​ချက်​ရှိ​သ​မျှ​တို့​ကို​လိုက်​နာ​ကြ လော့။-
2 And on the day when you go over Jordan into the land which the Lord your God is giving you, put up great stones, coating them with building-paste,
ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ပြီး​လျှင် သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ မည့်​ပြည်​သို့​ဝင်​ရောက်​သော​နေ့​တွင် ကျောက် တုံး​ကြီး​များ​ကို​စိုက်​ထူ​၍​အင်္ဂ​တေ​လိမ်း ကျံ​ရ​မည်။-
3 And writing on them all the words of this law, after you have gone over; so that you may take the heritage which the Lord your God is giving you, a land flowing with milk and honey, as the Lord, the God of your fathers, has said.
ထို​ကျောက်​တုံး​များ​ပေါ်​တွင် ဤ​ပညတ်​များ နှင့်​သွန်​သင်​ချက်​ရှိ​သ​မျှ​တို့​ကို​ရေး​ထား ရ​မည်။ သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က​တိ​တော်​ရှိ​သည့်​အ​တိုင်း ယော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း​သို့​သင်​တို့​ကူး ပြီး​နောက် အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သော ပြည်​သို့​ရောက်​ရှိ​ကြ​သော​အ​ခါ၊-
4 And when you have gone over Jordan, you are to put up these stones, as I have said to you today, in Mount Ebal, and have them coated with building-paste.
သင်​တို့​အား​ငါ​ယ​နေ့​ညွှန်​ကြား​သည့်​အ​တိုင်း ထို​ကျောက်​တုံး​များ​ကို​ဧ​ဗ​လ​တောင်​ပေါ် တွင်​စိုက်​ထူ​၍​အင်္ဂ​တေ​လိမ်း​ကျံ​ရ​မည်။-
5 There you are to make an altar to the Lord your God, of stones on which no iron instrument has been used.
သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​တွက် ယဇ်​ပလ္လင်​ကို​မ​ခုတ်​မ​ထစ်​သော​ကျောက် ဖြင့်​တည်​ရ​မည်​ဖြစ်​သော​ကြောင့် ထို​အ​ရပ် တွင်​သံ​တန်​ဆာ​ပ​လာ​ဖြင့်​မ​ခုတ်​ထစ်​သော ကျောက်​ဖြင့်​ယဇ်​ပလ္လင်​ကို​တည်​ရ​မည်။-
6 You are to make the altar of the Lord your God of uncut stones; offering on it burned offerings to the Lord your God:
7 And you are to make your peace-offerings, feasting there with joy before the Lord your God.
ထို​ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ရာ​ယဇ်​များ​ကို ပူ​ဇော်​ရ​မည်။-
8 And put on the stones all the words of this law, writing them very clearly.
မိတ်​သ​ဟာ​ယ​ယဇ်​များ​ကို​လည်း​ပူ​ဇော်​၍ စား​ရ​ကြ​မည်။ သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ရှေ့​တော်​၌​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ကြ​လော့။ အင်္ဂ​တေ​လိမ်း​ကျံ​ထား​သော​ကျောက် တုံး​များ​ပေါ်​တွင်​ဘု​ရား​သ​ခင်​၏​ပ​ညတ် တော်​အား​လုံး​ကို သေ​ချာ​စွာ​ရေး​သား ထား​လော့'' ဟု​ပြော​ဆို​၏။
9 Then Moses and the priests, the Levites, said to all Israel, Be quiet and give ear, O Israel; today you have become the people of the Lord your God.
ထို့​နောက်​မော​ရှေ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​ယဇ် ပု​ရော​ဟိတ်​တို့​က ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​အား``ဣ​သ​ရေ​လ​အ​မျိုး​သား တို့၊ ငါ​ပြော​သ​မျှ​ကို​အ​လေး​ဂ​ရု​ပြု​၍ နား​ထောင်​ကြ​လော့။ ယ​နေ့​သင်​တို့​သည် သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ လူ​မျိုး​တော်​ဖြစ်​လာ​ကြ​ပြီ။-
10 For this cause you are to give ear to the voice of the Lord your God, and do his orders and his laws which I give you this day.
၁၀သို့​ဖြစ်​၍​ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင် လျက် သင်​တို့​အား​ငါ​တို့​ယ​နေ့​ဆင့်​ဆို​သော ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို​စောင့်​ထိန်း​ကြ လော့'' ဟု​မှာ​ကြား​ကြ​၏။
11 That same day Moses said to the people,
၁၁ထို့​နောက်​မော​ရှေ​က​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား၊-
12 These are to take their places on Mount Gerizim for blessing the people when you have gone over Jordan: Simeon and Levi and Judah and Issachar and Joseph and Benjamin;
၁၂``သင်​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ပြီး နောက် လူ​တို့​အ​ပေါ်​ကောင်း​ချီး​မင်္ဂ​လာ​ရွတ် ဆို​သော​အ​ခါ​၌ ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊ ဣ​သ​ခါ၊ ယော​သပ်​နှင့်​ဗင်္ယာ​မိန်​အ​နွယ်​တို့​သည်​ဂေ ရ​ဇိမ်​တောင်​ပေါ်​တွင်​ရပ်​နေ​ရ​ကြ​မည်။-
13 And these are to be on Mount Ebal for the curse: Reuben, Gad, and Asher, and Zebulun, Dan, and Naphtali.
၁၃အ​မင်္ဂ​လာ​ရွတ်​ဆို​သော​အ​ခါ​၌ ရု​ဗင်၊ ဂဒ်၊ အာ​ရှာ၊ ဇာ​ဗု​လုန်၊ ဒန်​နှင့်​န​ဿ​လိ​အ​နွယ် တို့​သည်​ဧ​ဗ​လ​တောင်​ပေါ်​တွင်​ရပ်​နေ​ရ ကြ​မည်။-
14 Then the Levites are to say in a loud voice to all the men of Israel,
၁၄လေဝိ​အ​နွယ်​ဝင်​တို့​က​အ​သံ​ကျယ်​စွာ​ဖြင့်၊
15 Cursed is the man who makes any image of wood or stone or metal, disgusting to the Lord, the work of man's hands, and puts it up in secret. And let all the people say, So be it.
၁၅`` `ကျောက်​ရုပ်​တု၊ သစ်​သား​ရုပ်​တု​သို့​မ​ဟုတ် သတ္တု​ရုပ်​တု​ကို​ထု​လုပ်​၍ တိတ်​တ​ဆိတ်​ဝတ် ပြု​ကိုး​ကွယ်​သူ​သည် ဘု​ရား​သ​ခင်​ကျိန်​ခြင်း ကို​ခံ​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​ရုပ်​တု ကိုး​ကွယ်​မူ​ကို​ရွံ​ရှာ​တော်​မူ​၏' ဟု​ကျိန်​ဆို လိုက်​သော​အ​ခါ၊ ``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ​ရ ကြ​မည်။
16 Cursed is he who does not give honour to his father or mother. And let all the people say, So be it.
၁၆`` `ဖ​ခင်​သို့​မ​ဟုတ်​မိ​ခင်​၏​အ​သ​ရေ​ကို ရှုတ်​ချ​သော​သူ​သည်၊ ဘု​ရား​သ​ခင်​၏​ကျိန် ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို​သော အ​ခါ၊ ``လူ​အ​ပေါင်း​တို့​က`အာမင်' ဟု​ဝန်​ခံ​ရ​ကြ မည်။
17 Cursed is he who takes his neighbour's landmark from its place. And let all the people say, So be it.
၁၇`` `ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​၏​မြေ​မှတ် တိုင်​ကို​ရွှေ့​သော​သူ​သည်၊ ဘု​ရား​သ​ခင်​၏​ကျိန် ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို​သော အ​ခါ ``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ​ရ​ကြ မည်။
18 Cursed is he by whom the blind are turned out of the way. And let all the people say, So be it.
၁၈`` `မျက်​မ​မြင်​တစ်​ဦး​အား​လမ်း​လွဲ​စေ​သူ သည် ဘု​ရား​သ​ခင်​၏​ကျိန်​ခြင်း​ကို ခံ​စေ သ​တည်း' ဟု​ကျိန်​ဆို​သော​အ​ခါ၊ ``လူ​အ​ပေါင်း​တို့​က`အာမင်' ဟု​ဝန်​ခံ​ရ​ကြ မည်။
19 Cursed is he who gives a wrong decision in the cause of a man from a strange land, or of one without a father, or of a widow. And let all the people say, So be it.
၁၉`` `လူ​မျိုး​ခြား​များ၊ မိ​ဘ​မဲ့​က​လေး​များ နှင့်​မု​ဆိုး​မ​များ​ရ​ထိုက်​သော​အ​ခွင့်​အ​ရေး ကို​ဆုံး​ရှုံး​စေ​သော​သူ​သည် ဘု​ရား​သ​ခင်​၏ ကျိန်​ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို သော​အ​ခါ။ ``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ​ရ​ကြ မည်။
20 Cursed is he who has sex relations with his father's wife, for he has put shame on his father. And let all the people say, So be it.
၂၀`` `ဖ​ခင်​၏​မ​ယား​တစ်​ဦး​ဦး​နှင့်​ဖောက်​ပြန်​၍ ဖ​ခင်​အား​အ​ရှက်​ခွဲ​သူ​သည် ဘု​ရား​သ​ခင်​၏ ကျိန်​ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို​သော အ​ခါ``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ ရ​ကြ​မည်။
21 Cursed is he who has sex relations with any sort of beast. And let all the people say, So be it.
၂၁`` `တိ​ရစ္ဆာန်​နှင့်​ကာ​မ​စပ်​ယှက်​သော​သူ​သည် ဘု​ရား​သ​ခင်​၏​ကျိန်​ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို​သော​အ​ခါ၊ ``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ​ရ ကြ​မည်။
22 Cursed is he who has sex relations with his sister, the daughter of his father or of his mother. And let all the people say, So be it.
၂၂`` `မောင်​နှ​မ​ချင်း​နှင့်​ဖြစ်​စေ၊ မိ​တူ​ဖ​ကွဲ​မောင်​နှ မ​ချင်း​နှင့်​ဖြစ်​စေ၊ ဖ​တူ​မိ​ကွဲ​မောင်​နှ​မ​ချင်း နှင့်​ဖြစ်​စေ၊ ကာ​မ​စပ်​ယှက်​သူ​သည် ဘု​ရား​သ​ခင် ၏​ကျိန်​ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို သော​အ​ခါ၊ ``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ​ရ​ကြ မည်။
23 Cursed is he who has sex relations with his mother-in-law. And let all the people say, So be it.
၂၃`` `မိ​မိ​ယောက္ခ​မ​နှင့်​ကာ​မ​စပ်​ယှက်​သူ​သည် ဘု​ရား​သ​ခင်​၏​ကျိန်​ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု ကျိန်​ဆို​သော​အ​ခါ``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ​ရ​ကြ​မည်။
24 Cursed is he who takes his neighbour's life secretly. And let all the people say, So be it.
၂၄`` `လူ​တစ်​ယောက်​အား​လျှို့​ဝှက်​စွာ​သတ်​သူ​သည် ဘု​ရား​သ​ခင်​၏​ကျိန်​ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို​သော​အ​ခါ``လူ​အ​ပေါင်း​တို့ က`အာ​မင်' ဟု​ဝန်​ခံ​ရ​ကြ​မည်။
25 Cursed is he who for a reward puts to death one who has done no wrong. And let all the people say, So be it.
၂၅`` `အပြစ်​မဲ့​သူ​အား​သတ်​သူ​သည် ဘု​ရား​သ​ခင် ၏​ကျိန်​ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို​သော အခါ၊ ``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ​ရ​ကြ မည်။
26 Cursed is he who does not take this law to heart to do it. And let all the people say, So be it.
၂၆`` `ဘု​ရား​သ​ခင်​၏​ပ​ညတ်​များ​နှင့်​သွန်​သင် ချက်​ရှိ​သ​မျှ​တို့​ကို​မ​လိုက်​နာ​သော​သူ​သည် ဘု​ရား​သ​ခင်​၏​ကျိန်​ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို​သော​အ​ခါ၊ ``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ​ရ​ကြ​မည်။

< Deuteronomy 27 >